growth mindset ဆိုတာ ကိုယ့်ကိုယ်ကို တိုးတတ်မြင့်မားစေသော စိတ်ဓါတ်ကို ပြောတာပါ။ ယှဉ်ပြိုင်နေရတဲ့ လူ့အဖွဲ့အစည်းတစ်ခုမှာ သင်ဟာ ကိုယ့်ဘဝနဲ့ ပတ်သတ်ပြီး စိတ်ရှုပ်ထွေးနိုင်ပါတယ်။ ဒါပေမယ့် growth mindset မှာ အရှုံးပေးခြင်း၊ ဘယ်တော့မှ အောင်မြင်မှာ မဟုတ်ဘူးလို့ စဉ်းစားနေခြင်းအတွက် နေရာမရှိပါဘူး။ growth mindset က ကျွန်တော်တို့ဘဝရဲ့ အတားအဆီးများနှင့် စိန်ခေါ်မှုကြားမှ ကျွန်တော်တို့ လိုချင်တဲ့အရာတွေကို ကြိုးစားလုပ်ကိုင်ဖို့နှင့် ပိုကောင်းအောင် လုပ်ဆောင်ဖို့ သင်ပေးပါတယ်။

growth mindset ကကျွန်တော်တို့ကို ဘယ်လိုအကျိုးသက်ရောက်သလဲ?
growth mindset ကိုသင်ကြားပေးဖို့ ဆိုတာက ပညာရေး၊ အလုပ်၊ အားကစား စတဲ့ကဏ္ဍတွေများစွာမှာ ကျွန်တော်တို့ရဲ့ ကုန်ထုတ်စွမ်းအားကို လှုံ့ဆော်ဖို့ ဆိုလိုပါတယ်၊ growth mindset ရှိတဲ့ကလေးဟာ ဝေဖန်မှုကို လက်ခံဖို့ သင်ယူပါလိမ့်မယ်၊ ဒီသဘောထားက သူတို့ကို အတွေ့အကြုံမှ သင််ယူဖို့၊ သူတို့လိုအပ်နေတဲ့ ဘယ်အရာကိုမဆို တိုးတတ်စေတဲ့ နည်းဗျူဟာတွေကို တီထွင်ဖို့ ကူညီပါလိမ့်မယ်။ သူတို့ဟာ အမှားတွေ လုပ်မိပေမယ့် ကြိုးစားအားထုတ်မှုနှင့်အတူ ပိုကောင်းတဲ့ နည်းလမ်းကို ရှာနိုင်ကြောင်း သူတို့သိလာပါတယ်။

growth mindset ဖွံ့ဖြိုးတိုးတတ်စေဖို့ နည်းလမ်းများ
- ကလေးအား စိန်ခေါ်မှုများကို မရှောင်ရှားဘဲ ရင်ဆိုင်ဖို့ သင်ပေးပါ။ သူတို့ ကျရှုံးနိုင်တယ်ဆိုတာ နားလည်အောင် ကူညီပါ။ အကယ်၍ သူတို့ဟာ အတန်းဖော်တစ်ယောက်နဲ့ ပြဿနာရှိရင် သူတို့ရဲ့အတန်းဖော်နဲ့ စကားစပြောဖို့ အားပေးပါ။
- သူတို့ကို မဆုတ်မနစ် ကြိုးစားဖို့ အားပေးပါ။ growth mindset ရှိသူတစ်ယောက်ဟာ အလွယ်တကူ အရှုံးမပေးပါဘူး။ ဥပမာ- သင့်ကလေးဟာ သင်္ချာကို နားလည်ဖို့ ပြဿနာတွေရှိပါက ဒါဟာ သူတို့ရဲ့ အမှားမဟုတ်ကြောင်း၊ အားစိုက်ထုတ်မှု များစွာလိုကြောင်း သူတို့ကို သိပါစေ။
- သူတို့ရဲ့ အားသာချက်ကို ဝေဖန်မှုမှာသုံးဖို့ ပြသပါ။ ပုံသေ အတွေးအခေါ်ရှိတဲ့သူဟာ ဝေဖန်မှုတွေကို အပြုသဘောဆောင်နေရင်တောင် လျစ်လျူရှုလေ့ရှိပါတယ်၊။ သင့်ကလေးကို ဝေဖန်မှုကနေ လေ့လာဖို့နှင့် ဝေဖန်မှုတွေကို အသုံးချတတ်စေဖို့ ကူညီပေးပါ။

- သင့်ကလေးအား အခြားသူများရဲ့ အောင်မြင်မှုမှ လှုံ့ဆော်ဖို့ အားပေးပါ။ အခြားသူတွေရဲ့ အောင်မြင်မှုကြောင့် ခြိမ်းခြောက်ခံနေရတယ်လို့ ခံစားရမယ့်အစား သူတို့ကို စိတ်အားတတ်စေပါတယ်။
Chit_MayMay
LM_Nandar
Source- youaremom
ကေလးဘဝတည္းက growth mindset ကို ဘယ္လိုဖြံ႕ၿဖိဳးေအာင္ လုပ္မလဲ?
growth mindset ဆိုတာ ကိုယ့္ကိုယ္ကို တိုးတတ္ျမင့္မားေစေသာ စိတ္ဓါတ္ကို ေျပာတာပါ။ ယွဥ္ၿပိဳင္ေနရတဲ့ လူ႔အဖြဲ႕အစည္းတစ္ခုမွာ သင္ဟာ ကိုယ့္ဘဝနဲ႔ ပတ္သတ္ၿပီး စိတ္ရႈပ္ေထြးႏိုင္ပါတယ္။ ဒါေပမယ့္ growth mindset မွာ အရႈံးေပးျခင္း၊ ဘယ္ေတာ့မွ ေအာင္ျမင္မွာ မဟုတ္ဘူးလို႔ စဥ္းစားေနျခင္းအတြက္ ေနရာမရွိပါဘူး။ growth mindset က ကြၽန္ေတာ္တို႔ဘဝရဲ႕ အတားအဆီးမ်ားႏွင့္ စိန္ေခၚမႈၾကားမွ ကြၽန္ေတာ္တို႔ လိုခ်င္တဲ့အရာေတြကို ႀကိဳးစားလုပ္ကိုင္ဖို႔ႏွင့္ ပိုေကာင္းေအာင္ လုပ္ေဆာင္ဖို႔ သင္ေပးပါတယ္။
growth mindset ကကြၽန္ေတာ္တို႔ကို ဘယ္လိုအက်ိဳးသက္ေရာက္သလဲ?
growth mindset ကိုသင္ၾကားေပးဖို႔ ဆိုတာက ပညာေရး၊ အလုပ္၊ အားကစား စတဲ့က႑ေတြမ်ားစြာမွာ ကြၽန္ေတာ္တို႔ရဲ႕ ကုန္ထုတ္စြမ္းအားကို လႈံ႕ေဆာ္ဖို႔ ဆိုလိုပါတယ္၊ growth mindset ရွိတဲ့ကေလးဟာ ေဝဖန္မႈကို လက္ခံဖို႔ သင္ယူပါလိမ့္မယ္၊ ဒီသေဘာထားက သူတို႔ကို အေတြ႕အႀကဳံမွ သင္္ယူဖို႔၊ သူတို႔လိုအပ္ေနတဲ့ ဘယ္အရာကိုမဆို တိုးတတ္ေစတဲ့ နည္းဗ်ဴဟာေတြကို တီထြင္ဖို႔ ကူညီပါလိမ့္မယ္။ သူတို႔ဟာ အမွားေတြ လုပ္မိေပမယ့္ ႀကိဳးစားအားထုတ္မႈႏွင့္အတူ ပိုေကာင္းတဲ့ နည္းလမ္းကို ရွာႏိုင္ေၾကာင္း သူတို႔သိလာပါတယ္။
growth mindset ဖြံ႕ၿဖိဳးတိုးတတ္ေစဖို႔ နည္းလမ္းမ်ား
- ကေလးအား စိန္ေခၚမႈမ်ားကို မေရွာင္ရွားဘဲ ရင္ဆိုင္ဖို႔ သင္ေပးပါ။ သူတို႔ က်ရႈံးႏိုင္တယ္ဆိုတာ နားလည္ေအာင္ ကူညီပါ။ အကယ္၍ သူတို႔ဟာ အတန္းေဖာ္တစ္ေယာက္နဲ႔ ျပႆနာရွိရင္ သူတို႔ရဲ႕အတန္းေဖာ္နဲ႔ စကားစေျပာဖို႔ အားေပးပါ။
- သူတို႔ကို မဆုတ္မနစ္ ႀကိဳးစားဖို႔ အားေပးပါ။ growth mindset ရွိသူတစ္ေယာက္ဟာ အလြယ္တကူ အရႈံးမေပးပါဘူး။ ဥပမာ- သင့္ကေလးဟာ သခ်ၤာကို နားလည္ဖို႔ ျပႆနာေတြရွိပါက ဒါဟာ သူတို႔ရဲ႕ အမွားမဟုတ္ေၾကာင္း၊ အားစိုက္ထုတ္မႈ မ်ားစြာလိုေၾကာင္း သူတို႔ကို သိပါေစ။
- သူတို႔ရဲ႕ အားသာခ်က္ကို ေဝဖန္မႈမွာသုံးဖို႔ ျပသပါ။ ပုံေသ အေတြးအေခၚရွိတဲ့သူဟာ ေဝဖန္မႈေတြကို အျပဳသေဘာေဆာင္ေနရင္ေတာင္ လ်စ္လ်ဴရႈေလ့ရွိပါတယ္၊။ သင့္ကေလးကို ေဝဖန္မႈကေန ေလ့လာဖို႔ႏွင့္ ေဝဖန္မႈေတြကို အသုံးခ်တတ္ေစဖို႔ ကူညီေပးပါ။
- သင့္ကေလးအား အျခားသူမ်ားရဲ႕ ေအာင္ျမင္မႈမွ လႈံ႕ေဆာ္ဖို႔ အားေပးပါ။ အျခားသူေတြရဲ႕ ေအာင္ျမင္မႈေၾကာင့္ ၿခိမ္းေျခာက္ခံေနရတယ္လို႔ ခံစားရမယ့္အစား သူတို႔ကို စိတ္အားတတ္ေစပါတယ္။
Chit_MayMay
LM_Nandar
Source- youaremom