
မိဘတွေရဲ့ ဂရုမစိုက်မှုကြောင့် ကလေးဘဝနှင့် နောင်လာမယ့်အဆင့်တွေမှာ ဆိုးကျိုးတွေသက်ရောက်စေနိုင်ပါတယ်။ ကလေးတွေအားလုံးဟာ ချစ်ခြင်းမေတ္တာနှင့် ဂရုစိုက်မှုကို ခံယူဖို့လိုအပ်ပါတယ်။ သို့ပေမယ့် ကလေးတိုင်းကတော့ ချစ်ခင်ကြင်နာမှုနဲ့ ဆက်ဆံခံခဲ့ရခြင်းဖြစ်ပါတယ်။ မိဘတွေဟာ များသောအားဖြင့် အလုပ်များကြပြီး အဆုံးမဲ့စိုးရိမ်ပူပန်မှုတွေသာ ရှိကြပါတယ်။
ကလေးဘဝမှာ ချစ်ခင်တွယ်တာမှု၊ အနာဂတ်ကျန်းမာရေးနှင့် လူကြီးဘဝပျော်ရွှင်မှုတို့အကြား ဆက်နွယ်မှုတွေရှိနေပါတယ်။ ဒါ့ကြောင့် လူကြီးတွေဟာ ၎င်းတို့ကလေးတွေကို ချစ်ခြင်းမေတ္တာပတ်ဝန်းကျင်တစ်ခုဖန်တီးဖို့အတွက် သူတို့ကိုယ်တိုင်အချစ်ခံခဲ့ရဖို့ အရေးကြီးပါတယ်။ ချစ်ရသူတွေနှင့် အချိန်ဖြုန်းခြင်းက ခံစားချက်တွေကို ထုတ်ဖော်ပြောဆိုဖို့နှင့် အပြုသဘောဆောင်တဲ့ မိသားစုအခြေအနေကို ဖန်တီးဖို့အလွန်ကောင်းတဲ့ အခွင့်အရေးတစ်ခုဖြစ်ပါတယ်။ ဒီကနေ့မှာတော့ ကလေးဘဝအတွက် ချစ်ခင်တွယ်တာမှုကို မခံယူခဲ့ရတဲ့ကလေးတစ်ယောက်ရဲ့ နောက်ဆက်တွဲအကျိုးဆက်တွေကို ရှင်းပြပေးမှာဖြစ်ပါတယ်။ သင့်ကလေတွေအတွက် ဒီအရေးကြီးသော လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးဖို့ ဂရုပြုပါ။

၁။ ခံစားချက်တွေကို ဖော်ထုတ်ဖို့ အလွန်ခက်ခဲတယ်
ကလေးဘဝမှာ ချစ်ခင်တွယ်တာမှုမခံရတဲ့အခါ ပေါ်ပေါက်လာတတ်တဲ့ ပထမအကျိုးဆက်ကတော့ ကလေးတွေဟာ သူတို့ရဲ့စိတ်လှုပ်ရှားမှုတွေကို ဖော်ထုတ်ဖို့အခက်အခဲရှိနိုင်ပါတယ်။ ဂရုမစိုက်မှုကြောင့် မိဘတွေဟာ မိမိတို့ရဲ့ကလေးတွေကို ခံစားချက်တွေကို ကျန်းမာသန်စွမ်းသောနည်းလမ်းဖြင့် ကိုင်တွယ်တတ်ဖို့ သင်ပြခဲ့ခြင်းမရှိကြောင်း ဖော်ပြခြင်းတစ်မျိုးဖြစ်ပါတယ်။
ရလဒ်အနေနဲ့ ကလေးတွေဟာ သူတို့ရဲ့အားသာချက်တွေနှင့် အားနည်းချက်တွေကို အသိအမှတ်မပြုနိုင်သလို သိနိုင်တော့မှာလည်း မဟုတ်ပါဘူး။ သူတို့ဟာ အတွင်းပိုင်းဗလာခံစားချက်တွေနဲ့တောင် အဆုံးသတ်သွားနိုင်ပါတယ်။
မွေးကင်းစကလေးတွေဟာ စိတ်လှုပ်ရှားမှုတွေကို စကားလုံးတွေနှင့် အမူအရာတွေမှတစ်ဆင့် အဓိပ္ပာယ်ဖွင့်ဖို့ သင်ယူကြောင်း ထည့်သွင်းစဥ်းစားရပါတယ်။ တကယ်လို့ သူတို့ကလိုအပ်တဲ့ ချစ်ခင်တွယ်တာမှုကို မရရှိဘူးဆိုရင် ၎င်းကသူတို့ခံစားရတဲ့ ခံစားချက်တွေကို အသိအမှတ်မပြုနိုင်ပါဘူး။

၂။ ကျွမ်းကျင်မှုစွမ်းရည်ချို့တဲ့ခြင်း
မိဘတွေမပါဝင်သောကလေးတွေဟာ ယေဘုယျအားဖြင့် ဘဝရဲ့နေရာအားလုံးနီးပါးမှာ ညံ့ဖျင်းကြတယ်။ ဒီကလေးတွေဟာ သိမြင်မှု၊ တွယ်တာမှု၊ စိတ်ခံစားမှုဆိုင်ရာ စွမ်းရည်နှင့် လူမှုရေးဆိုင်ရာ ကျွမ်းကျင်မှုတွေမှာ ချို့တဲ့မှုတွေဖြစ်လေ့ရှိကြပါတယ်။
သူတို့ရဲ့ စောင့်ရှောက်သူတွေထံမှ စိတ်ခံစားမှုကင်းမဲ့မှုနှင့် ချစ်ခြင်းမေတ္တာမရှိခြင်းတို့ကြောင့် မွေးကင်းစကလေးတွေဟာ နောက်ပိုင်းမှာ သူတို့ဘဝမှာ တွယ်ကပ်မှု၊ တွယ်တာမှုတွေကို နောက်ထပ်ပြုလုပ်ဖို့ အခက်အခဲရှိနိုင်ပါတယ်။
အိမ်မှာ အကန့်အသတ်မရှိခြင်းက ကျောင်းနှင့် အခြားလူမှုရေးအခြေအနေတွေမှာ သင့်လျော်သောအပြုအမူတွေကို သင်ယူဖို့အခက်အခဲဖြစ်စေပါတယ်။ အကျိုးဆက်တွေအားဖြင့် ၎င်းတို့က အနာဂတ်မှာ အမူအကျင့်ဆိုင်ရာပြဿနာတွေဖြစ်လာစေဖို့ ပိုမိုလွယ်ကူစေပါတယ်။ မိဘတွေလုပ်ရမယ့်အရေးကြီးဆုံးအရာတွေထဲက တစ်ခုက ကလေးတွေကို သူတို့လိုအပ်သော ချစ်ခင်စုံမက်မှုတွေကို ပေးခြင်းဖြစ်ပါတယ်။

၃။ မိမိကိုယ်ကိုလေးစားမှုကင်းမဲ့ခြင်း
ကလေးဘဝမှာ ချစ်ခင်တွယ်တာမှုကင်းမဲ့ခြင်းက သူတို့နှင့် သူတို့ဆက်ဆံရေးအတွက် သူတို့အနာဂတ်မှာ သူတို့အတွက်အခက်ခဲဆုံးသော ဆက်ဆံရေးဖြစ်စေပါတယ်။ မိမိကိုယ်ကိုတန်ဖိုးထားမှုနှင့် ပြဿနာတွေက ဘဝကို သူတို့အနေနှင့်သူတို့ခံစားရသော ခံစားမှုနှင့် သူတို့ခံစားလိုတဲ့အရာတွေအကြား အမြဲတမ်းတိုက်ပွဲဖြစ်စေနိုင်ပါတယ်။ ရလဒ်တွေအနေနဲ့ ကလေးတွေဟာ သူတို့ကိုယ်တိုင်ထက် တစ်ခြားသူတွေကို ပိုမိုပြင်းထန်စွာ အကဲဖြတ်ခြင်းနှင့် သူတို့ကိုယ်တိုင်က ယုံကြည်မှုမြင့်မားလွန်းခြင်း(ဘဝမြင့်ခြင်း) အဆင့်သို့ ရောက်ရှိခြင်းကို ဖြစ်ပေါ်စေပါတယ်။

၄။ တစ်ခြားသူတွေကို မယုံခြင်း
နောက်ဆုံးအနေနဲ့ ကလေးဘဝမှာ ချစ်ခင်တွယ်တာမှုကင်းမဲ့ခြင်းကြောင့် ကလေးတွေဟာ အခြားလူတွေကို ယုံကြည်ဖို့အခက်တွေ့စေကြောင်း သင်သိထားသင့်ပါတယ်။ ဒီအခြေအနေတွေမှာ သူတို့ချစ်မြတ်နိုးရသူတွေက သူတို့ကိုမလွှဲမရှောင်စိတ်ထိခိုက်မယ်ကို သူတို့အမြဲတစေစိုးရိမ်နေတတ်ကြပါတယ်။
ကလေးတွေဟာ တည်ငြိမ်ပြီးကြိုဆိုတဲ့ ဝန်းကျင်မှာ မဟုတ်ဘူးဆိုရင် နောင်မှာ အခြားသူတွေကို ယုံကြည်ဖို့ အခက်တွေ့နိုင်ပါတယ်။ နောက်ပြီး ဒါက ရေရှည်ဆက်ဆံရေးကိုခက်ခဲစေပါတယ်။ ယုံကြည်မှုက အပြုသဘောဆောင်တဲ့ စိတ်ပိုင်းဆိုင်ရာ တွယ်ကပ်မှုအတွက် အရေးကြီးသော အစိတ်အပိုင်းဖြစ်ပါတယ်။ လူကြီးတွေအနေနဲ့ ချစ်ခင်တွယ်တာမှုနှင့် ကာကွယ်မှုကို မခံစားရတဲ့အခါ ၎င်းတို့က ထိခိုက်နစ်နာမှုတွေကို ရှောင်ရှားဖို့ ကာကွယ်ရေးယန္တရားကို ပိုမိုဖွံ့ဖြိုးတိုးတက်ဖို့ ပိုလွယ်ကူပါတယ်။

နိဂုံးချုပ်အနေနဲ့ ကလေးဘဝမှာ ချစ်ခင်တွယ်တာမှုကင်းမဲ့ခြင်းရဲ့ အကျိုးဆက်တွေမြောက်များစွာပေါ်ပေါက်လာကြောင်းသတိရပါ။ အကြောင်းကတော့ တစ်ချို့သော အချိန်တွေမှာ မိဘတွေဟာ ချစ်ခြင်းမေတ္တာကဲ့သို့သော ကလေးတွေကိုပေးသင့်တဲ့ အရေးကြီးဆုံးအရာကို မေ့လျော့လေ့ရှိပါတယ်။
Chit_May_May
Nyein_Thu
ref-youaremom