ကလေးဘဝမှာ မိဘတွေလျစ်လျူရှုခံရခြင်းရဲ့ ဘဝတစ်လျှောက်လုံးစာ သက်ရောက်မှုများ

0
425
- Advertisement -

သင်ဟာ ကလေးတစ်ယောက်အနေနဲ့ စိတ်ခံစားမှုတွေ (သို့) ကိုယ်ခန္ဓာနာကျင်မှုတွေနဲ့ ပတ်သက်ပြီး လျစ်လျူရှုခံရဘူးဆိုရင် ၎င်းက တစ်ဘဝလုံးကုသနေရပါလိမ့်မယ်။

တကယ်တော့ ကလေးဘဝနာကျင်မှုတွေ၊ စိတ်ဒဏ်ရာတွေဆိုတာ မျက်နှာပေါ်က ဝက်ခြံတွေလိုပါပဲ။ ဝက်ခြံတွေကို ကုတ်ခြစ်ဖဲ့ဆွမိမယ်ဆိုရင် အမည်းစက်တွေကျန်ခဲ့ပြီး ဒီအတိုင်းဂရုမစိုက်ဘဲပစ်ထားမိမယ်ဆိုရင် နောက်ထပ်ဆိုးရွားတဲ့ ဝက်ခြံတွေထပ်ထွက်လာပါလိမ့်မယ်။ လျစ်လျူရှုခံရတဲ့ကလေးတွေဟာ သူတို့ဘာကြောင့်လျစ်လျူရှုခံရတယ်ဆိုတာ နားမလည်ကြပါဘူး။ နာကျင်မှုတွေ၊ အထီးကျန်မှုတွေအတွက် သူတို့ရဲ့ အပြစ်တွေလို့ပဲ ထင်နေကြပါလိမ့်မယ်။ သူတို့ဟာ အရမ်းထိလွယ်ရှလွယ်သူတွေဖြစ်လာကြပြီး တစ်ဖက်မှာလည်း အင်မတန်အတ္တရှိပြီး တစ်ကိုယ်ကောင်းဆန်သူတွေဖြစ်လာကြပါတယ်။

စာနာမှုနည်းပါးတဲ့ မိဘတွေဟာ သူတို့ရဲ့ ကလေးတွေကို မကြာခဏလျစ်လျူရှုကြပါတယ်။ ဒါ့အပြင် ဒီလိုမိဘတွေဟာ သူတို့ကလေးရဲ့ နောက်ထပ်တွဲဆိုးကျိုးတွေနဲ့ ပတ်သက်ပြီး ဘယ်တော့မှ ဂရုစိုက်လေ့မရှိပါဘူး။ ဒီလိုမိဘတွေရဲ့ သားသမီးတွေဟာ သူတို့ရဲ့ ကိုယ်ပိုင်တန်ဖိုးတွေကို လုံးဝနားမလည်ဘဲ ရှင်သန်လာကြပါတယ်။

- Advertisement -

နောက်တစ်ချက်အနေနဲ့ အလွဲသုံးစားမှုနှင့် လျစ်လျူရှုခြင်းကဲ့သို့သော စိတ်ဒဏ်ရာအတွေ့အကြုံတွေဟာ ကလေးတွေရဲ့ ဦးနှောက်ဖွံ့ဖြိုးတိုးတက်မှုအပေါ် ဆိုးကျိုးတွေသက်ရောက်စေနိုင်ပါတယ်။ ကလေးဟာ တဖြည်းဖြည်းရင့်ကျက်လာတာနဲ့အမျှ ကလေးရဲ့ဖွံ့ဖြိုးဆဲဦးနှောက်ဟာ ကလေးရဲ့ ပတ်ဝန်းကျင်ရဲ့ ပြောင်းလဲခြင်းကို ခံကြရပါတယ်။

ငယ်ငယ်က စိတ်ခံစားမှုတွေကို လျစ်လျူရှုခံရတယ်ဆိုရင် ဘဝရဲ့ အစပိုင်းမှာ သက်ရောက်မှုရှိချင်မှ ရှိပါလိမ့်မယ်။ ဘဝရဲ့ နောက်ပိုင်းမှာတော့ တစ်ခြားလူတွေကို ယုံကြည်ဖို့ အင်မတန်ခက်ခဲပါလိမ့်မယ်။ ကြောက်ရွံ့ခြင်းတွေ အမြဲလိုလိုဖြစ်နေတတ်ပြီးတော့ အဖြစ်အပျက်တော်တော်များများမှာ ဘာကြောင့်ဆိုတဲ့ အကြောင်းအရာတွေကို နားမလည်နိုင်ဘဲဖြစ်နေတတ်ပါတယ်။

ကလေးတွေဟာ မိဘတွေဆီက ချစ်ခြင်းမေတ္တာကို ရရှိဖို့ကြိုးစားတဲ့အခါ စာနာမှုနည်းပါးသောမိဘတွေဟာ ကလေးတွေကို အရှက်တကွဲအကျိုးနည်းဖြစ်အောင် ပြုလုပ်တတ်ကြပါတယ်။ နောက်ဆုံးမှာတော့ ကလေးဟာ ချစ်ခြင်းမေတ္တာတွေပိုင်ဆိုင်ရဖို့ ကြိုးစားခြင်းတွေ ရပ်တန့်သွားနိုင်ပါတယ်။ နောက်ဆက်တွဲအထီးကျန်မှုတွေဟာ အရှက်ရခြင်း၊ လျစ်လျူရှုခံရခြင်းနှင့် သိမ်ငယ်ခြင်းတွေဟာ လွယ်လွယ်ကူကူနဲ့ နောက်ကလိုက်လာတတ်ပြီး တစ်ဘဝစာကိုယ်ပိုင်စိတ်ခံစားမှုတွေ ဖြစ်သွားနိုင်ပါတယ်။ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိခြင်း၊ ကိုယ့်ကိုယ်ကိုယ်တန်ဖိုးထားခြင်းတွေဟာလည်း မျှော်လင့်လိုမရနိုင်တော့တဲ့ ကိုယ်ရည်ကိုယ်သွေးတွေဖြစ်သွားနိုင်ပါတယ်။

သို့ပေမယ့် တကယ်လို့ ကလေးတွေကို ချစ်ခင်စွာဆက်ဆံပေးမယ်ဆိုရင် သူတို့ဟာ တစ်ခြားလူတွေကို ကူညီခြင်းနှင့် လေးစားခြင်း၊ စာနာမှုတွေကိုပြသနိုင်တဲ့ စွမ်းရည်တွေနဲ့ ကြီးပြင်းလာပါလိမ့်မယ်။

နောက်ဆုံးမှာ မျှဝေပေးချင်တာက သင်ဟာ စိတ်ခံစားမှုတွေလျစ်လျူရှုခံရပြီး ကြီးပြင်းလာသူဖြစ်နေတယ်ဆိုရင် (အရွယ်ရောက်ပြီးသူဖြစ်နေတယ်ဆိုရင်) သင်ဟာ ကိုယ့်ကိုယ်ကိုယ်တန်ဖိုးထားမှုတွေနဲ့ ထိုက်တန်မှုတွေကို ရှာဖွေနိုင်တယ်ဆိုတာ သတိရပါ။ သင့်ရဲ့ ဆိုဆိုးရွားရွားဆက်ဆံပြီး ဒဏ်ရာတွေပေးခဲ့တဲ့ မိဘတွေဆီကနေ အကြံဉာဏ်မတောင်းပါနဲ့ ။ သင့်ကိုယ်တိုင်သာ သတ်မှတ်ပါ။ မတူကွဲပြားသော ပျိုးထောင်နည်းနှင့် မိဘပုံစံကို သင့်ကလေးတွေအလှည့်ပြန်လည် ပြုစုပျိုးထောင်နိုင်ပါတယ်။ နာကျင်မှုတွေကြုံတွေ့ရတဲ့အခါ ရင်းနှီးသူတွေကို ရင်ဖွင့်ပါ။

Chit_May_May

Nyein_Thu

Ref-theminjournal

LEAVE A REPLY

Please enter your comment!
Please enter your name here