
”ခက်ခဲသောကလေးဘဝ” ဆိုတဲ့အယူအဆကို လူတွေက ကြောက်မယ်ဖွယ်ကောင်းသောအရာအဖြစ်မှတ်ယူကြတယ်။ စိတ်ပညာရှင်အများစုက စိတ်ပိုင်းဆိုင်စိတ်ဒဏ်ရာများ၊ မိမိကိုယ်ကိုယုံကြည်မှုကင်းမဲ့ခြင်းနှင့် အခြားမနှစ်မြို့ဖွယ်ကောင်းတဲ့ ခက်ခဲသော ကလေးဘဝရဲ့ ဆိုးကျိုးတွေကိုသာ အာရုံစိုက်ပါတယ်။ သို့ပေမယ့် သိပ္ပံပညာရှင်အုပ်စုတစ်စုက ဒီခေါင်းစဥ်ကို အခြားရှုထောင့်မှကြည့်ရှုဖို့ ဆုံးဖြတ်ခဲ့ကြတယ်။ သူတို့ရဲ့ သုတေသနရလဒ်တွေအရ ကြီးပြင်းလာသောအခါ ခက်ခဲသောအချိန်တွေရှိသူတွေက ကောင်းမွန်သောပတ်ဝန်းကျင်မှာ ကြီးပြင်းလာသူတွေထက် အားသာချက်တွေများစွာရှိကြောင်း ပြသခဲ့ပါတယ်။
သိပ္ပံပညာရှင်တွေတွေ့ရှိသော နိဂုံးတွေကို ဂရုတစိုက်လေ့လာခဲ့ပြီး ၎င်းတို့ရဲ့ကလေးဘဝက ခက်ခဲတယ်လို့ ထင်မှတ်နေသူတွေကို အမှန်တကယ်မဆိုးရွားကြောင်း အားပေးချင်ပါတယ်။ သင်က သင့်အားသာချက်တွေကို သိပြီး ၎င်းကို ဘယ်လိုအသုံးပြုရမယ်ဆိုတာ သိနိုင်ပြီး ထာဝရသားကောင်အဖြစ်မဟုတ်ဘဲ အောင်မြင်သောသူတစ်ဦးအနေနဲ့ နေထိုင်ရနိုင်ပါတယ်။

၁။ အနုပညာစွမ်းရည်ကောင်းမွန်ခြင်း
ကျွန်မတို့အားလုံးက ခက်ခဲသောကလေးဘဝကို ပိုင်ဆိုင်ထားသူတွေဟာ သူတို့ရဲ့အနုပညာစွမ်းရည်တွေကြောင့် ကျော်ကြားလာကြကြောင်း ပုံပြင်တွေကို မကြာခဏကြားဖူးကြပါလိမ့်မယ်။ ကယ်လီဖိုးနီးယားကပညာရှင်တွေက ဒီဆက်စပ်မှုအကြောင်း ပိုမိုလေ့လာဖို့ဆုံးဖြတ်ခဲ့ပါတယ်။ အနုပညာရှင်များ၊ သရုပ်ဆောင်များ၊ အကပညာရှင်များ၊ ဒီဇိုင်နာများနှင့် အဆိုတော်များ စတဲ့အနုပညာနယ်ပယ်လူ ၂၃၄ ယောက်ကို သူတို့ရဲ့ကလေးဘဝများစွာကို စစ်တမ်းကောက်ယူခဲ့ပါတယ်။ သူတို့ရဲ့ကလေးငယ်ဘဝမှာ ဘယ်လောက်ခက်ခဲတယ်ဆိုတာနဲ့ပတ်သက်ပြီး အုပ်စု(၃)ခု ခွဲခြားခဲ့ပါတယ်။ လူတွေဟာ စိုးရိမ်ပူပန်မှုနှင့် အရှက်တကွဲအကျိုးနည်းမှုတွေကို တစ်ခြားလူတွေထက် ပိုမိုခံစားခဲ့ကြရတဲ့ အုပ်စုကို တတိယအုပ်စုအဖြစ် သတ်မှတ်ခဲ့ကြပါတယ်။
တစ်ချိန်တည်းမှာ သူတို့ဟာ မိမိတို့ကိုယ်ကို လုံးလုံးလျားလျားစွန့်လွှတ်နိုင်ခဲ့ပြီး သူတို့ရဲ့ဖန်တီးမှုဖြစ်စဥ်တွေကို ဦးစွာထိုးဖောက်နိုင်ခဲ့ကြပါတယ်။ အနုပညာတွေက သူတို့ဘဝကို ပိုကောင်းအောင် ပြောင်းလဲဖို့ခွန်အားပေးနေပါတယ်။ စိတ်ပညာရှင် Ian Morgan Cron က ”စိတ်ခံစားမှုတွေက ရှုပ်ထွေးနေသောချုံဖုတ်တစ်ခုလို စိတ်ဝင်စားဖို့ကောင်းတယ်”လို့ ပြောကြားခဲ့တယ်။ သူက အပျက်သဘောဆောင်သော အတွေ့အကြုံမရှိသူတွေနှင့် ဆက်သွယ်ခြင်းမှလည်း အဖိုးတန်သောဘယ်လိုအရာကိုမှ မဆိုသင်ယူနိုင်မှာမဟုတ်ဘူးလို့ ထင်မြင်မိပါတယ်တဲ့။

၂။ အမြန်နည်းဗျူဟာကို ရွေးချယ်တတ်ခြင်း
သိပ္ပံပညာရှင်တွေရဲ့ လေ့လာတွေ့ရှိချက်အရ သိသာထင်ရှားတဲ့မငြိမ်မသက်ဖြစ်မှုတွေကို ငယ်ရွယ်စဥ်ကတည်းက ကြုံတွေ့ခဲ့ကြရသူတွေက မကြာခဏဆိုသလို ”မြန်ဆန်တဲ့ နည်းဗျူဟာ” အတွင်းမှာပဲနေထိုင်တတ်ကြပါတယ်တဲ့။ ဆိုလိုတာက သူတို့ကချက်ချင်းရနိုင်သော အကျိုးကျေးဇူးအမြတ်အစွန်းများတွေကိုသာ ပိုရွေးချယ်ကြပါတယ်။ ဆိုလိုတာက အချိန်ကြာမြင့်စွာ စောင့်ဆိုင်းခြင်းက သူတို့ကို ပိုမိုအကျိုးကျေးဇူးဖြစ်စေလိမ့်မယ်လို့ မတွေးဘဲ လက်ငင်းချက်ချင်းရနိုင်သော အကျိုးအမြတ်တွေကို ဆိုလိုပါတယ်။
ဒီအချက်ကို သက်သေပြနိုင်တဲ့ လူကြိုက်များတဲ့ စမ်းသပ်မှုတစ်ခုမှာ ”စတန်းဖို့ဒ် marshmallow စမ်းသပ်မှုဖြစ်ပါတယ်။ ဒီစမ်းသပ်မှုမှာ marshmallow တစ်ခုကို ကလေးတစ်ယောက်ရှေ့မှာထားတယ်။ သူတို့က (၁၅) မိနစ်စောင့်ပြီး marshmallow ကို မစားဘူးဆိုရင် သူတို့ကနောက်ထပ်တစ်ခုရလိမ့်မယ်လို့ ပြောတယ်။ အခုချိန်စားလိုက်ရင် ဘာမှမရတော့ဘူး။ တည်ငြိမ်သာယာသောပတ်ဝန်းကျင်မှာ ကြီးပြင်းလာသူတွေက ပုံမှန်ကလေးတစ်ဦးက ပညာရှိဆုံးဖြတ်ချက်တစ်ခုအဖြစ် ရှုမြင်တာကြောင့် စောင့်ဆိုင်းဖို့ အဆင်သင့်ရှိနေပါတယ်။ သို့ပေမယ့် ခန့်မှန်းရခက်သော အခြေအနေတွေမှာ ကြီးထွားနေသော ကလေးတစ်ဦးရဲ့ ရှုထောင့်မှကြည့်ရင် လူကြီးတွေက စိတ်ကိုမပြောင်းလဲသကဲသို့ အခြားသူတစ်ဦးဦးက မယူမချင်း (သို့) အခြားခန့်မှန်းရခက်သောမနှစ်မြို့ဖွယ်ဖြစ်ရပ်တွေမှာ ချက်ချင်းစားခြင်းဖြစ်ပါတယ်။ သို့ပေမယ့် သူတို့က အများအားဖြင့်မှန်ကြတာများပါတယ်။

၃။ အလိုက်သင့်ပြောင်းလဲနေထိုင်နိုင်မှု
ကလေးငယ်တစ်ဦးက ဆိုးရွားသောအခြေအနေတွေမှာ ကြီးပြင်းလာသူတို့ရဲ့ စိတ်က စိတ်ဖိစီးမှုတွေကို မြန်ဆန်စွာလိုက်လျောညီထွေဖြစ်အောင် လုပ်ဆောင်နိုင်ပါတယ်။ ရလဒ်အနေနဲ့ သူတို့က ကျွမ်းကျင်မှုတွေရရှိပြီး ပြောင်းလဲမှုတွေနှင့် အလွယ်တကူပြောင်းလဲနိုင်ရုံသာမက ဘယ်လိုအခြေအနေမှာမဆို အကောင်းဆုံးစီမံနိုင်ပါတယ်။ အရေးကြီးသောအရာတွေကို ခွဲခြားနိုင်ရုံသာမက အာရုံစိုက်နိုင်တဲ့ စွမ်းရည်လည်းရှိပါတယ်။
ဒါ့အပြင် ခန့်မှန်းရခက်သောအခြေအနေတွေမှာ ကြီးပြင်းလာသူတွေမှာ ကောင်းမွန်သောဖွံ့ဖြိုးတိုးတက်သော ဆက်စပ်တွေးခေါ်မှုရှိတယ်လို့လည်း ဆိုကြပါသေးတယ်။ ၎င်းတို့က ကွဲပြားခြားနားသောအရာဝတ္ထုတွေနှင့် အဖြစ်အပျက်တွေအကြား ဆက်စပ်မှုကို အလွယ်တကူမြင်တွေ့နိုင်ပြီးဖြစ်ရပ်အမျိုးမျိုးကို အမြဲတမ်းစဥ်းစားတွေးခေါ်နိုင်သူတွေဖြစ်ပါတယ်။
ဥပမာအနေနဲ့ ဂိမ်းကစားသူ (၂) ဦးက ကွန်ပျူတာဂိမ်းတစ်ခုရဲ့ မှားယွင်းသော ညွှန်ကြားချက်တွေကို ရရှိကြတယ်။ ကောင်းမွန်သောအခြေအနေတွေကို ကြီးပြင်းလာသူတွေက ညွှန်ကြားချက်တွေကိုအတိုင်း ဆက်လက်လုပ်ဆောင်ခဲ့ပြီး စည်းမျဥ်းစည်းကမ်းတွေကို အမြဲတမ်းမှန်တယ်လို့ ယူဆတာကြောင့် ပိုပြီးတော့ ရှုပ်ထွေးလာခဲ့ပါတယ်။ မတည်ငြိမ်သောပတ်ဝန်းကျင်တွေမှာ ကြီးပြင်းလာတဲ့ ဒုတိယလူက အန္တရာယ်တွေကို ရှောင်ရှားဖို့နှင့် ဖြေရှင်းချက်အသစ်တွေကို ရှာဖွေဖို့ ကြိုးစားကြတယ်။ အခြေအနေတစ်ခုအပေါ်မူတည်ပြီးတော့ စည်းမျဥ်းတွေပြောင်းလဲနိုင်တာကို သူတို့ကောင်းစွာ သတိပြုမိကြပါတယ်။

၄။ လက်ငင်းခြိမ်းခြောက်မှုကို အသိအမှတ်ပြုခြင်း
Norepinephrine ကအန္တရာယ်တွေကို ခွဲခြားသိမြင်စေတဲ့ ဟော်မုန်းတစ်ခုဖြစ်ပါတယ်။ ကျွန်တော်တို့မမျှော်လင့်သော (သို့) ကြောက်စရာကောင်းသော အရာတစ်ခုခုကြုံတွေ့ရသောအခါ ၎င်းကထုတ်လွှတ်ပါတယ်။ လက်တွေ့စိတ်ပညာရှင် Lan Robertson ရဲ့ သုတေသနအရ norepinephrineက အလယ်အလတ်ပမာဏက ဦးနှောက်ကို အကျိုးသက်ရောက်စေနိုင်တယ်လို့ဆိုပါတယ်။
၎င်းက မှတ်ဉာဏ်နှင့် သင်ယူနိုင်စွမ်းကို တိုးတက်စေနိုင်ပါတယ်။ ခက်ခဲသော ဘဝအခြေအနေတွေမှ ကြီးပြင်းလာသူတွေက အခြားသူတွေထက် အန္တရာယ်ကိုပိုမိုမြန်ဆန်စွာ အသိအမှတ်ပြုပြီးတော့ ချက်ချင်းရှောင်ဖို့ နည်းလမ်းတွေကို စတင်ရှာဖွေနိုင်ပါတယ်။ ဒါ့ကြောင့် အလယ်အလတ်စိတ်ဖိစီးမှုက ခန္ဓာကိုယ်အတွက်အသုံးဝင်ပါတယ်။ ဒါ့အပြင် ဆယ်ကျော်သက်မိန်းကလေးတွေက စိတ်ဖိစီးမှုတွေကြောင့် ပိုမိုမြန်ဆန်စွာရင့်ကျက်လာကြပါတယ်။

၅။ ကောင်းမွန်သော မှတ်ဉာဏ်နှင့် စာနာနားလည်နိုင်စွမ်းရှိခြင်း
တက္ကဆက်တက္ကသိုလ်မှ သိပ္ပံပညာရှင်တစ်ဦးဖြစ်သူ Chiraag Mittal က ခက်ခဲသောအခြေအနေတွေမှာ ကြီးပြင်းလာခဲ့သောကလေးငယ်တွေက ပိုမိုကောင်းမွန်သော အမှတ်တရတွေရှိတယ်လို့ ပြောကြားခဲ့ပါတယ်။ ကလေးတွေဟာ အများအားဖြင့် အပျက်သဘောဆောင်သော အဖြစ်အပျက်တွေနှင့် ၎င်းတို့ကို ဆိုးဆိုးရွားရွားပြုမူဆက်ဆံခံရတာတွေကို သတိရနေတတ်ပါတယ်။ ဒါဟာ သူတို့ကိုအနာဂတ်မှာ သူတို့ကိုယ်သူတို့ကာကွယ်စောင့်ရှောက်ဖို့ ကူညီပေးပါတယ်။
ဒါ့အပြင် ခက်ခဲသောကလေးဘဝကို ပိုင်ဆိုင်ခဲ့သူတွေအများစုက စာနာနားလည်မှုမြင့်မားပြီး အခြားသူတွေရဲ့ ခံစားချက်တွေနှင့် ခံစားချက်တွေကို ဖတ်ရှုနားလည်နိုင်ကြပါတယ်။ သူတို့က စိတ်ပညာရှင်ကောင်းများ ပြုလုပ်နိုင်ကြပြီး အခြားသူတစ်ဦးကို ကြည့်ရုံဖြင့် ဘာတွေဖြစ်နေတယ်ဆိုတာ နားလည်နိုင်ကြပါတယ်။
Chit_May_May
Nyein_Thu
ref- brightside