ကလေးဘဝအဝလွန်ခြင်းကို ကာကွယ်နိုင်မယ့် နည်းလမ်း (၃) ချက်

0
102
- Advertisement -

ကလေးရဲ့ အလေးချိန်မှာ ပြဿနာတစ်ခုခုရှိနေတယ်လို့ သင်ထင်တယ်ဆိုရင် စာရင်းတစ်ခုထုတ်ပါ။ ပြီးရင် သင့်ကလေးရဲ့ အစားအသောက်အချိန်ဇယားကို ပြောင်းလဲပါ။

ကလေးဘဝမှာ ကျန်းမာသောဘဝနေထိုင်မှုတွေကို ဖွံ့ဖြိုးလာစေဖို့ နှင့် အစောပိုင်းကာလမှာကတည်းက ကောင်းမွန်သောအစားအသောက်ဆိုင်ရာ အမူအကျင့်တွေကို စွဲမြဲစေဖို့ ဆိုတာ အရေးကြီးသောအခွင့်အရေးတစ်ခုဖြစ်ပါတယ်။ ကလေးဘဝမှာ အဝလွန်ခြင်းက တစ်နေ့ထက်တစ်နေ့ ပိုများပြားလာနေတဲ့ ပြင်းထန်သောကျန်းမာရေးပြဿနာတစ်ခုဖြစ်လာနေပါတယ်။ ဒါ့ကြောင့် ကလေးတွေ အဝလွန်လာခြင်းရဲ့ အဓိကအကြောင်းရင်းက ဘာတွေဖြစ်နိုင်မလဲဆိုတာ မျှဝေပေးချင်ပါတယ်။

ဒီနေ့လုပ်လိုက်တဲ့အပြောင်းအလဲတွေဟာ မနက်ဖြန်ဖြစ်လာမယ့်ရောဂါတွေကို ကာကွယ်နိုင်ပါလိမ့်မယ်။ မေမေတို့ရဲ့ ကလေးတွေကို ကျန်းမာသော ကိုယ်အလေးချိန်တွေကို ပိုင်ဆိုင်စေချင်တယ်ဆိုရင် မေမေတို့အနေနဲ့ မေမေတို့ကလေးတွေ လှုပ်ရှားလိုက်တဲ့ ကိုယ်လက်လှုပ်ရှားမှုကြောင့် လောင်ကျွမ်းသွားတဲ့ ကယ်လိုရီတွေနှင့်မျှတသော ကယ်လိုရီတွေကို ကျွေးမွေးဖို့လိုအပ်ပါတယ်။

- Advertisement -

အလွန်အကျွံဝနေတဲ့ ကလေးတစ်ယောက်အတွက် တိုးလာတဲ့အလေးချိန်တွေကို လျှော့ချဖို့က အဓိကအရေးကြီးဆုံးဖြစ်ပါတယ်။ တစ်ချိန်တည်းမှာ ကျန်းမာသော ကြီးထွားမှုနှင့် ဖွံ့ဖြိုးမှုတွေဖြစ်နေဖို့ ပိုအရေးကြီးပါတယ်။

မေမေတို့ကလေးက အလေးချိန်တွေတိုးလာပြီလို့ စသတိထားမိလာပြီဆိုရင် ကလေးအထူးကုဆရာဝန်ဆီ သွားဖို့အချိန်ရောက်လာပါပြီ။ အလေးချိန်တိုးလာခြင်းဟာ မေမေတို့ကလေးရဲ့ အခွင့်အရေးတွေကို လျော့နည်းစေပြီး ဖျားနာခြင်းကနေ အနာဂတ်မှာ ပန်းနာရင်ကျပ်၊ ဆီးချို၊ သွေးဖိအားတွေမြင့်တက်ခြင်းနှင့် နှလုံးသွေးကြောနဲ့ဆိုင်သော ရုပ်ပိုင်းဆိုင်ရာရောဂါတွေဖြစ်စေနိုင်ပြီး စိတ်ကျရောဂါတွေနဲ့ ကိုယ့်ကိုယ်ကိုယ်လေးစားမှုနိမ့်ကျခြင်းဆိုတဲ့ စိတ်ပိုင်းဆိုင်ရာပြဿနာတွေလည်း ဖြစ်လာနိုင်ပါတယ်။

အဝလွန်ခြင်းကို ကာကွယ်နိုင်ဖို့ အကောင်းဆုံးအကြံ

၁။ ကျန်းမာသောစားသုံးခြင်းအလေ့အကျင့်ကို အားပေးခြင်း

  • မေမေတို့ရဲ့ ကလေးကို သစ်သီးဝလံတွေ၊ အသီးအရွက်တွေနှင့် ပရိုဓာတ်အတွက် ငါးနှင့်ကြက်သားတွေလို အဆီနည်းသော အစားအသောက်တွေကို နှစ်သက်လာအောင် လေ့ကျင့်ပေးပါ။
    -အချိုးကျအစားအသောက်တွေကို စားသောက်နိုင်ဖို့ ကူညီပါ။
  • မေမေတို့ရဲ့ ကလေးကို တစ်နေ့လုံးမှာ ရေများများသောက်ဖို့ အားပေးပါ။ ရေများများသောက်ပေးခြင်းကြောင့် သူတို့ကို ဗိုက်ပြည့်လွယ်စေပြီး မကျန်းမာသောအစားအစာတွေကို စားသုံးနိုင်ခြေ လျော့နည်းသွားပါလိမ့်မယ်။
  • သကြားပါဝင်သော အချိုရည်တွေကို အလွန်အကျွံသောက်သုံးခြင်းကို လျှော့ချပါ။

ကလေးဘဝမှာ အသေးစားပြောင်းလဲမှုတွေလုပ်တဲ့အခါ ဘဝတစ်လျှောက်လုံးကျန်းမာသောစားသောက်ခြင်းအမူအကျင့်တွေကို ပိုင်ဆိုင်ရစေဖို့ ကူညီနေတယ်ဆိုတာ မမေ့ပါနဲ့။

၂။ တက်ကြွနေမှုကို ထိန်းသိမ်းပါ

ကလေးတွေအဝလွန်ခြင်းကို ကာကွယ်ပေးနိုင်တဲ့ နောက်ထပ်တစ်နည်းကတော့ ရုပ်ပိုင်းဆိုင်ရာတက်ကြွမှုတွေပြုလုပ်စေခြင်းဖြစ်ပါတယ်။ အထိုင်များသော Lifestyle ကို ရှောင်ဖို့အရေးကြီးပါတယ်။ စာဖတ်ချိန်နှင့်အိမ်စာလုပ်ချိန်မှာ ဒီလိုပုံစံက ကောင်းတယ်ဆိုပေမယ့်လည်း တီဗွီကြည့်ချိန်တွေ၊ ဂိမ်းဆော့ချိန်တွေနှင့် အင်တာနက်အသုံးပြုချိန်တွေကို ကန့်သတ်ပါ။

မေမေတို့ရဲ့ ကလေးတွေကို ရုပ်ပိုင်းဆိုင်ရာလေ့ကျင့်ခန်းတွေ ပုံမှန်လုပ်ပေးမယ်ဆိုရင် အကျိုးကျေးဇူးတွေအနေနဲ့ – အရိုးတွေ ကြံ့ခိုင်သန်မာစေခြင်း၊ အလေးချိန်ထိန်းချုပ်ပေးနိုင်ခြင်းနှင့် ကိုယ့်ကိုယ်ကိုယ်လေးစားမှုတိုးစေခြင်း၊ ဖိစီးမှုတွေ၊ ပူပန်သောကတွေ လျော့ကျစေခြင်း….တို့ပဲ ဖြစ်ပါတယ်။

၃။ TV ကြည့်နေချိန်မှာ ထမင်းမစားပါစေနဲ့

နောက်ဆုံးအနေနဲ့ ကျွန်မတို့ အကြံပြုချင်တာက တီဗွီကြည့်နေချိန်မှာ ထမင်းမစားပါစေနဲ့။ ထမင်းစားနေချိန်မှာ TV မကြည့်ပါစေနဲ့။ မိသားစုနားချိန်တွေနဲ့ စကားမပြောဘဲ TV တွေကို အာရုံစိုက်ကြည့်နေချိန်မှာ သူတို့ရဲ့ အစာအိမ်ပြည့်နေတယ်ဆိုတာ သူတိ့ဘယ်တော့မှ သတိထားမိမှာမဟုတ်ပါဘူး။ အထူးသဖြင့် သူတို့ကြိုက်တဲ့ ရှိုးပွဲတွေဆိုရင် သူတို့ရဲ့အာရုံကို ပိုဖမ်းစားထာပါလိမ့်မယ်။ ဒါ့ကြောင့် TV ရှေ့ အစာစားခြင်းက ဆိုးရွားသောအစာချေစနစ်ဆီ ဦးတည်နေပြီး အစာအိမ်နာကျင်မှုတွေကို ဖြစ်စေနိုင်ပါတယ်။

Chit_May_May

Nyein_Thu

Ref-youaremom

LEAVE A REPLY

Please enter your comment!
Please enter your name here