ကလေးဘဝအဝလွန်ခြင်းနှင့် ဆက်စပ်နေသော ရောဂါ(၈)မျိုး

0
120
- Advertisement -

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ရဲ့ဒေသဆိုင်ရာရုံး(RTVE) မှထုတ်ပြန်သော အချက်အလက်များအရ ကလေးငယ် ၁၈.၅ ရာခိုင်နှုန်းဟာ အဝလွန်ခြင်းကို ခံစားကြရတယ်လို့ ခန့်မှန်းထားပါတယ်။ သို့သော် အဝလွန်ခြင်းထက် ကလေးဘဝ အဝလွန်တာနဲ့ ဆက်စပ်နေတဲ့ ရောဂါများစွာရှိတယ်ဆိုတာ သင်သိပါသလား?

အဝလွန်တယ်ဆိုတာ ခန္ဓာကိုယ်ထဲမှာ အဆီစုဆောင်းခြင်းကို ရည်ညွှန်းပါတယ်။ ဒါ့ကြောင့် ကလေးဟာ သူ့ရဲ့အသက်၊ အရပ်အမြင့်နှင့်အညီ ကျန်းမာတဲ့ ကိုယ်အလေးအချိန်ထက် ပိုများနေတာဖြစ်ပါတယ်။ တကယ်လို့ သင့်ကလေးဟာ အဝလွန်နေသူ (သို့) ဝိတ်အရမ်းများနေတယ်လို့ သံသယရှိပါက ကလေးအထူးကုနှင့် သွားပြသင့်ပါတယ်။

၁။ ဆီးချိုရောဂါ အမျိုးအစား ၂

- Advertisement -

ဆီးချိုရောဂါ အမျိုးအစား ၂ဟာ ဆီးချိုရောဂါအမျိုးအစားတစ်ခုဖြစ်ပါတယ်။ ဒါက မွေးရာပါ မဟုတ်ပါဘူး။ ကျွန်မတို့ အစာစားတဲ့အခါတိုင်း ပန်ကရိယသည် စားသုံးလိုက်တဲ့ သကြားနှင့် ဂလူးကို့စ်ကို ခွဲထုတ်ဖို့ အင်ဆူလင်ကို ထုတ်လွှတ်လိုက်ပါတယ်။ ဆဲလ်တွေကို အာဟာရတွေပေးပါတယ်။

အစားအသောက်ကို အလွန်အကျွံစားတဲ့အခါမှာ ပန်ကရိယက အလုပ်အများကြီးလုပ်ရတာကြောင့် ပြဿနာတွေပေါ်လာပါတယ်။ အချိန်ကြာလာတာနှင့်အမျှ အင်ဆူလင်ထုတ်လုပ်တဲ့ ဆဲလ်တွေ သေဆုံးနိုင်ပြီး ထိုအမျိုးအစားက ဆီးချိုအမျိုးအစား ၂ကို ဖြစ်လာစေပါတယ်။ Endocrine Society ဂျာနယ်တွင် ၂၀၁၇ခုနှစ်မှ ထုတ်ဝေသော လေ့လာမှုအရ အဝလွန်ခြင်းနှင့် ကလေးတွေမှာ ဆီးချိုရောဂါအမျိုးအစား ၂ဖြစ်ပွားမှုအကြား ရှင်းလင်းသော ဆက်နွယ်မှုရှိပါတယ်။

၂။ သွေးတိုး

လေ့လာမှုများအရ ကိုယ်အလေးချိန်တတ်ခြင်းက ကလေးတွေမှာ သွေးတိုးရောဂါကို ဖြစ်ပေါ်စေနိုင်တဲ့ သွေးပေါင်ချိန်ကို တိုးလာစေပါတယ်။တိဒါက တင်းမာမှုကို တိုးလာစေတာက နာတာရှည် နှလုံးရောဂါဆိုင်ရာ ပြဿနာများကို ဖြစ်ပေါ်စေနိုင်ပါတယ်။ ဒီအကြောင်းကြောင့် ဆရာဝန်တွေက များသောအားဖြင့် လေ့ကျင့်ခန်းအစီအစဉ်များနှင့် ကိုယ်အလေးချိန်ဖို့အတွက် ကျန်းမာပြီး မျှတသော အစားအစာကို အကြံပြုကြပါတယ်။

၃။ ကိုလက်စထရောမြင့်ခြင်း

သွေးလွှတ်ကြောတွေမှာ ချိုးတွေတည်ဆောက်လာခြင်းက သွေးလွှတ်ကြောကျဉ်းဖို့ ဦးတည်နိုင်ပါတယ်။ ဒီအခြေအနေရဲ့ အကြီးမားဆုံး ရှုပ်ထွေးေမှုက သွေးးလွှတ်ကြောတွေ ပိတ်ဆို့ခံရရင် နှလုံးရောဂါ၊ လေဖြတ်ခြင်းကိုတောင် ဖြစ်စေနိုင်ပါတယ်။

၄။ Self-esteem ပြဿနာနှင့် စိတ်ကျရောဂါ

ကလေးတွေဟာ အကြင်နာမဲ့နိုင်ပါတယ်။ အဝလွန်ကလေးတစ်ယောက်ဟာ သူ့ရဲ့ self-esteemကို ထိခိုက်စေသော မှတ်ချက်မျိုးစုံကို ခံရနိုင်ပါတယ်။ အဆိုးဆုံးကတော့ ပြင်းထန်သော စိတ်ကျဝေဒနာကို ဖြစ်စေပါတယ်။

၅။ ဇီဝဖြစ်စဉ်ရောဂါ

ဒီရောဂါဟာ ကိုယ်ခန္ဓာကို လုံးလုံးလျားလျား သက်ရောက်မှုရှိတဲ့ ကျန်းမာရေးပြဿနာအမျိုးမျိုးတွေနဲ့ ဝန်းရံနေပါတယ်။ ကလေးတွေမှာ သွေးတိုးရောဂါ၊ ကိုလက်စထရောကောင်း နိမ့်ခြင်း၊ triglycerides မြင့်ခြင်းနှင့် ကလူးကို့စ်ကိုသည်းမခံနိုင်ခြင်းတို့ကို ကြုံတွေ့ရပါတယ်။ ထို့အပြင် ဒီသည်းမခံနိုင်မှုက အချိန်ကြာလာတာနှင့်အမျှ ဆီးချိုရောဂါအမျိုးအစား ၂ကို ဖြစ်စေနိုင်ပါတယ်။

၆။ အရက်ကြောင့်မဟုတ်တဲ့ အသည်းအဆီဖုံးရောဂါ

ငယ်စဉ် ကလေးဘဝ အဝလွန်မှုနှင့် ဆက်နွယ်နေသော အခြားရောဂါတွေမှာ အရက်ကြောင့် မဟုတ်တဲ့ အသည်းအဆီဖုံးရောဂါဖြစ်ပါတယ်။ အသည်းဟာ ကောင်းစွာလည်ပတ်နို်ငခြင်းမရှိတာကြောင့် အသည်းထဲမှ ာအဆီ တဖြည်းဖြည်း စုဆောင်းမိတဲ့အခါ ဖြစ်ပျက်ပါတယ်။ အဓိကအန္တရာယ်က အသည်းဆဲလ် ပျက်စီးခြင်းဖြစ်နိုင်ပါတယ်။

၇။ အစားအသောက် မူမမှန်တဲ့ရောဂါ

ကလေးတွေမှာ အလွန်အမင်းဝခြင်း၊ အဝလွန်ခြင်းက self-esteem ကိုနိမ့်ကျစေသလို ကိုယ်အလေးချိန်ကျအောင် အလွန်အမင်းကြိုးပမ်းမှုတစ်ခုဖြစ်တဲ့ anorexia or bulimi ဆီသို့ ဦးတည်စေနိုင်ပါတယ်။

၈။ ပန်းနာရင်ကျပ်ရောဂါ

အချို့သော သုတေသနများအရ အဝလွန်မှုကြောင့် ဖြစ်ပေါ်သော ရောင်ရမ်းခြင်း ဖြစ်စဉ်တွေဟာ ကလေးတွေရဲ့ လေလမ်းကြောင်းပြတ်တောက်ခြင်းဖြင့် ပန်းနာရင်ကျပ်ရောဂါလက္ခဏာများ ဖြစ်ပေါ်စေနိုင်တယ်လို့ ဖော်ပြထားပါတယ်။

ဒါတွေက ကလေးဘဝ အဝလွန်ခြင်းနှင့် ဆက်စပ်နေသော အဓိကရောဂါများ ဖြစ်ကြပါတယ်။ အိပ်ပျော်စဉ် အသက်ရှူကျပ်ခြင်းနှင့် ဂဏှာမငြိမ်တဲ့ အိပ်စက်မှုပုံစံကလည်း အဝလွန်ခြင်းရဲ့ နောက်ထပ်ဖြစ်နိုင်ခြေ နှစ်ခုပါ။

Chit_MayMay

LM_Nandar

Source-steptohealth

LEAVE A REPLY

Please enter your comment!
Please enter your name here