ကလေးဘဝ ကလေးငယ်တိုင်းကြုံတွေ့ရလေ့ရှိသော စိန်ခေါ်မှု (၅) ခု

0
137
- Advertisement -

ငယ်ရွယ်ခြင်းနှင့် ကမ္ဘာကြီးဆီကို အသစ်အဆန်းတွေအဖြစ် ရောက်ရှိလာရခြင်းဟာ သူတို့အတွက် စိန်ခေါ်မှုတွေပါပဲ။ သို့ပေမယ့် သူတို့ဘယ်နေရာမှာ ရှင်သန်လာတယ်၊ သူတို့ဘယ်လိုပုံစံလေးတွေဖြစ်တယ်၊ သူတို့မိဘတွေက ဘယ်သူတွေဖြစ်တယ်ဆိုတာက သူတို့အချင်းချင်းကြားက စိန်ခေါ်မှုတွေကို ကွဲပြားသွားစေပါတယ်။ သို့ပေမယ့် ဘယ်လိုအခြေအနေပဲဖြစ်ဖြစ် ကလေးငယ်တွေကြုံတွေ့ရတဲ့ တူညီတဲ့ စိန်ခေါ်မှုတွေကို မျှဝေပေးချင်ပါတယ်။

၁။ အတွေ့အကြုံကင်းမဲ့ခြင်း

ကလေးတွေဟာ သူတို့ဖြစ်ပျက်သမျှ အရာရာတိုင်းဟာ အဆိုးရွားဆုံးဖြစ်ပျက်နေတယ်လို့ ယုံကြည်ကြပါတယ်။ သူတို့မှာ အတွေ့အကြုံတွေမရှိသေးတာကြောင့် ပြဿနာတွေရဲ့ အစစ်အမှန်ကို နားလည်ဖို့ ခက်ခဲပါတယ်။ တကယ်တော့ ကလေးငယ်လေးတွေ အပြစ်ကင်းစင်တာဟာ အင်မတန်ချစ်စရာကောင်းတဲ့အပြုအမူလေးတွေဖြစ်ပေမယ့်လည်း အတွေ့အကြုံကင်းမဲ့ခြင်းဟာ သူတို့ရဲ့ အရာရာတိုင်းအပေါ်မှာ တိတိကျကျသိမြင်နိုင်စွမ်းမရှိတာတွေ ဖြစ်လေ့ရှိပါတယ်။

၂။ အသိပညာကင်းမဲ့ခြင်း

ဆယ်ကျောက်သက်လူငယ်လေးတွေဟာ ခံစားချက်တွေရဲ့ စိန်ခေါ်မှုတွေကို မကြာခဏဆိုသလို ကြုံတွေ့ရလေ့ရှိပါတယ်။ သို့ပေမယ့် ကောင်းကောင်းကိုင်တွယ်နိုင်စွမ်းမရှိပါဘူး။ ဥပမာအနေနဲ့ Jennie ဟာ သူမရဲ့ ပြင်းထန်ပေါက်ကွဲချင်နေတဲ့ ဒေါသကို ကောင်းကောင်းကိုင်တွယ်နိုင်စွမ်းမရှိဘူး။ ဘယ်လိုကိုင်တွယ်ရမယ်ဆိုတာလည်း မသိဘူး။ ဒါ့ကြောင့်မို့ သူမဟာ သူမရဲ့ အတန်းထဲက ထိုင်ခုံတွေကို လွှင့်ပစ်တာတွေ၊ ရိုက်ချိုးတာတွေပြုလုပ်ပြီး သူမဒေါသတွေကို ဖြေရှင်းခဲ့ပါတယ်။ ကျေးဇူးတင်စရာကောင်းတာက ဘယ်သူ့ကိုမှ မထိခိုက်မနာကျင်စေခဲ့ပါဘူး။ ဒါပေမယ့် ကျောင်းအုပ်ကြီးရုံးခန်းကို ရောက်သွားခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ Jennie ဟာ ပြဿနာတွေကို ဘယ်လိုကိုင်တွယ်ရမယ်ဆိုတာ သင်ယူနိုင်ခဲ့ပါတယ်။ Jennie ကြောင့် အဲ့ဒီ့အတန်းမှာ နောက်ထပ် ထိုင်ခုံပျံတွေမမြင်ရတော့ပါဘူး။

၃။ ရွေးချယ်မှုကင်းမဲ့ခြင်း

Copper ဟာ သူ့ရဲ့ ငယ်ဘဝအမှတ်တရတွေအကြောင်း ပြန်လည်ပြောပြတဲ့အခါ အဆိုးရွားဆုံးအမှတ်တရက ” ငါကျောင်းတက်တုန်းက ထောင်ကျနေခဲ့ရသလိုပဲ” လို့ ပြောခဲ့ပါတယ်။ သူ့ရဲ့ မိဘတွေကို ကျောင်းပြောင်းပေးဖို့ အိမ်ကို ပြန်ခေါ်သွားဖို့ တောင်းပန်ခဲ့ပေမယ့် မိဘတွေက ငြင်းဆန်ခဲ့ကြပါတယ်။ Copper လို ကလေးတွေဟာ သူတို့မှာ ရွေးချယ်ပိုင်ခွင့်တွေမရှိခဲ့သလို သူတို့ရဲ့ အသံတွေကိုလည်း ဘယ်သူကမှ ဂရုတစိုက်နားမထောင်ခဲ့ကြဘူး။ သူတို့အတွက် ဒီအချက်ဟာ စိန်ခေါ်မှုကြီးပါပဲ။

၄။ မှားယွင်းသော အမြင်များ

ကလေးတွေဟာ အတွေးအခေါ်တွေကို ဆက်စပ်နိုင်စွမ်းမရှိသေးပါဘူး။ အကြောင်းအရာတစ်ခုနဲ့ တစ်ခုကို ဘယ်လိုဆက်စပ်ရမယ်ဆိုတာ နားမလည်သေးပါဘူး။ ဥပမာ – အသက် (၅) နှစ်အရွယ် Maggie ဟာ သူမရဲ့ အဖွားသေဆုံးသွားခြင်းအတွက် ”အဖွားက ဘာအမှားတွေလုပ်ခဲ့တာလဲ” လို့ မေးတတ်ပါတယ်။ ဒီလိုအချိန်မှာ မိဘတွေက ”ဘာအမှားမှ မလုပ်ထားပါဘူး။ ဒါပေမယ့် သူမဟာ အချိန်အကြာကြီးအသက်ရှင်နေထိုင်ပြီးသွားပြီ။ ဒါကြောင့် သူမဟာ သူမရဲ့ ဝိညာဉ်အိမ်ကို ပြန်သွားရပါတယ်”လို့ ဖြေကြပါတယ်။ ဒါပေမယ့် Maggie သတိထားမိတာက လူတိုင်းဟာ ငိုနေကြတယ်။ ဒါ့ကြောင့် သူမရဲ့ အဖွားဟာ အမှားတွေကျူးလွန်မိတာကြောင့် သေဆုံးသွားတယ်လို့ပဲ မှတ်ယူလိုက်ပါတယ်။ ကျွန်တော်တို့သိတဲ့အတိုင်းပဲ ဘဝဟာဒီလိုမဟုတ်ပါဘူး။ မွေးဖွားလာတယ်၊ အသက်ရှင်နေထိုင်သွားတယ်၊ ပြီးတော့ နောက်ဆုံးသေဆုံးသွားကြတယ်။ ဒါဟာ ဘဝဖြစ်စဉ်ပါပဲ။ ဒါပေမယ့် ကလေးတွေအတွက်တော့ ဒီအရာက ရှုပ်ထွေးလွန်းနေပါသေးတယ်။

၅။ ယုတ္တိကျကျ မစဉ်းစားတတ်ခြင်း

အသက် ၈ နှစ်အရွယ်မတိုင်ခင် ကလေးတွေဟာ သူတို့ရဲ့ ကစားခြင်းနှင့် ဖန်တီးခြင်းတွေရဲ့ ဖွံ့ဖြိုးမှုအပိုင်းမှာ magical ပိုင်းဆိုင်ရာ အတွေးအခေါ်တွေအမြောက်အများရှိကြပါတယ်။ ဒီလိုအတွေးအခေါ်တွေနဲ့အတူ ကလေးတစ်ယောက်ရဲ့ ဖွံ့ဖြိုးနေတဲ့ ဦးနှောက်ဟာ စိတ်ကူးယဉ်ကမ္ဘာနှင့် လက်တွေ့ကမ္ဘာကို ကောင်းကောင်းမခွဲခြားနိုင်သေးပါဘူး။ သူတို့အတွေးတွေထဲက စူပါမင်းတွေဟာ တကယ့်လက်တွေ့ဘဝမှာလည်း အမှန်တကယ်ရှိနေမယ်လို့ ယုံကြည်နေကြပါတယ်။ ကလေးတွေတိုင်းမှာ ကြုံတွေ့ရတဲ့ စိန်ခေါ်မှုတစ်မျိုးပါပဲ။

လူတိုင်းဟာ သင်ယူဖို့ စိန်ခေါ်မှုတွေ၊ သင်ခန်းစာတွေရှိကြပါတယ်။ သူတို့မရှိဘဲ ကျွန်မတို့ဟာ ကျွန်မတို့ဘယ်လိုလူတွေဖြစ်တယ်ဆိုတာ ပုံပေါ်လာမှာမဟုတ်ပါဘူး။

Chit_May_May

Nyein_Thu

Ref- themindjournal

LEAVE A REPLY

Please enter your comment!
Please enter your name here