Home Parenting Child Care ကလေးဘဝ ခင်မင်ပေါင်းသင်းတတ်ခြင်းရဲ့ ရေရှည်အကျိုးကျေးဇူးများ

ကလေးဘဝ ခင်မင်ပေါင်းသင်းတတ်ခြင်းရဲ့ ရေရှည်အကျိုးကျေးဇူးများ

0
ကလေးဘဝ ခင်မင်ပေါင်းသင်းတတ်ခြင်းရဲ့ ရေရှည်အကျိုးကျေးဇူးများ

ကလေးဘဝ ခင်မင်ရင်းနှီးမှုရဲ့ အကျိုးကျေးဇူးတွေက မရေမတွက်နိုင်လောက်အောင် များပြားပါတယ်။ လူ့အသိုင်းအဝိုင်းမှာနေတဲ့ လူတွေဖြစ်တဲ့အတွက် သက်တမ်းတစ်လျှောက်လုံး လူပေါင်းများစွာနဲ့ relationship ပေါင်းများစွာကို တည်ဆောက်သွားရမှာ ဖြစ်ပါတယ်။ သူငယ်ချင်းခင်မင်မှုကလည်း ထို relationship များထဲမှ တစ်ခုဖြစ်ပါတယ်။ ခင်မင်ရင်းနှီးမှုက တန်ဖိုးထားမှုနှင့် စိတ်ဝင်စားတွေ မျှဝေခြင်းကြောင့်ဖြစ်သလို အပြန်အလှန်နားလည်မှု၊ ယုံကြည်မှုမှတဆင့် အလိုအလျောက်ဖြစ်ပေါ်လာနိုင်ပါတယ်။ ဒီဆောင်းပါးလေးကနေ ကလေးဘဝ ခင်မင်ရင်းနှီးမှုရဲ့ ရေရှည်အကျိုးကျေးဇူးတွေအကြောင်းကို မျှဝေပေးချင်ပါတယ်။

ငယ်ရွယ်စဉ်ကလေးဘဝထဲက လည်ပင်းဖက်ကြီးပြင်းလာတဲ့ကလေးတွေ၊ ရွယ်တူချင်း၊ ဆွေမျိုးသားချင်းတွေနဲ့ ရင်းနှီးဖော်ရွေစွာ အပြန်အလှန်ဆက်သွယ်တတ်ဖို့ သင်ယူတဲ့ကလေးတွေဟာ များစွာသော အားသာချက်တွေ ရရှိပါတယ်။ သူတို့ ဘယ်လိုပူးပေါင်းလုပ်ဆောင်ရမယ်၊ သင့်တော်တဲ့ communication skillကို ဘယ်လိုတိုးတတ်အောင် လုပ်ရမယ်ဆိုတာ သူတို့လေ့လာနိုင်မှာ သေချာပါတယ်။

ကလေးတွေမှာ ပင်ကိုယ်သဘာဝအားဖြင့် စာနာစိတ်ပါရှိလာကြပြီး ၂နှစ်သားလောက်မှာ အခြားသူတွေနဲ့ စတင်ပတ်သတ်လာကြပါတယ်။ အသက် ၆နှစ််မပြည့်သေးခင် မူကြိုအရွယ်မှာတည်းက ကလေးတွေဟာ best friend ဆိုတဲ့ အယူအဆကို စတင်ဖော်ထုတ်လာကြပါတယ်။ ဒါက အတန်းဖော်တွေနဲ့ လေ့လာခြင်း၊ ကစားခြင်းမှ ရရှိသော ပူပေါင်းမှုနှင့် ရင်းနှီးမှုကြောင့် ဖြစ်ပါတယ်။

ကလေးဘဝခင်မင်ရင်းနှီးမှုရဲ့ ထင်ရှားသော အကျိုးကျေးဇူးတွေမှာ အောက်ပါတို့ပါဝင်ပါတယ်။

  • ကလေးတွေကို ပွင့်လင်းသူတစ်ယောက်ဖြစ်လာစေပြီး လူမှုရေးအသိစိတ် ပိုရှိလာစေဖို့ ကူညီပေးပါတယ်။
  • သူတို့ရဲ့ ကိုယ့်ကိုယ်ကို တန်ဖိုးထားမှုကို ပိုခိုင်မာလာစေပါတယ်။
  • သူတို့ကို ဝေမျှဖို့၊ ပူးပေါင်းဆောင်ရွက်ဖို့နှင့် အခြားသူတွေအပေါ် လေးစားဖို့ သင်ယူခွင့်ပြုစေပါတယ်။

ကလေးငယ်တွေမှာ လူမှုပေါင်းသင်းဆက်ဆံရေးကို ဘယ်လိုမြှင့်တင်ပေးမလဲ?

ကလေးတွေမှာ အရမ်းတတ်ကြွတဲ့ စိတ်ကူးနိုင်စွမ်းတွေရှိမှာ သေချာပါတယ်။ သူတို့ဟာ တစ်ယောက်တည်းရှိနေရင်တောင် ပျော်စရာကောင်းအောင် manage လုပ်တတ်ကြပါတယ်။ ပျော်စရာတွေအပြင် ကလေးတွေဟာ သူငယ်ချင်းတွေမှတဆင့် လူကြီးဘဝမှာ အသုံးဝင်မယ့် လူ့အဖွဲ့အစည်းတစ်ခုရဲ့ အမှူအကျင့်အချို့ကို သင်ယူကြပါတယ်။ ထင်ရှားတဲ့ ကလေးဘဝ ခင်မင်ရင်းနှီးမှုရဲ့ အကျိုးကျေးဇူးများမှာ ခေါင်းဆောင်မှု၊ ပူးပေါင်းဆောင်ရွက်မှု၊ စည်းလုံးညီညွတ်မှု၊ ကွဲပြားခြားနားမှုများကို နားလည်ခြင်းနှင့် မတူကွဲပြားတဲ့ မူဘောင်အတွင်း ပေါင်းစည်းခြင်းအကြောင်း လေ့လာခြင်းတို့ ပါဝင်ပါတယ်။ ဒါ့ကြောင့် ကလေးတွေမှာ လူမှုဆက်ဆံရေးနှင့် ခင်မင်ရင်းနှီးမှုကို မြှင့်တင်ဖို့ မိဘတွေအတွက် အရေးကြီးပါတယ်။

ကလေးတွေကို ရွယ်တူသူငယ်ချင်းတွေနဲ့ ပိုပြီးခင်မင်ရင်းနှီးလာအောင် မိဘတွေ ဘယ်လိုပူးပေါင်းပေးနိုင်မလဲ?

  • ကလေးကို friendship နှင့်ပတ်သတ်ပြီး ပြောပြပါ။ ခင်မင်ရင်းနှီးမှုရဲ့ အရေးပါမှုနှင့် ရရှိနိုင်သော အကျိုးကျေးဇူး၊ ပျော်ရွင်မှုများစွာကို ရှင်းပြပေးပါ။
  • သူတို့ရဲ့ သူငယ်ချင်းတွအကြောင်း သင်ပြောပြတဲ့အခါ သူတို့ကို နားထောင်ခိုင်းပါ။ လမ်းညွှန်သူတစ်ယောက်အနေနဲ့ သူတို့ကို အတန်းဖော်တွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ၊ နားလည်ပေးဖို့ အားပေးပါ။
  • သူငယ်ချင်းတွေနဲ့ အချိန်ကုန်စေဖို့ အားပေးပါ။ သူတို့သူငယ်ချင်းတွေကို အိမ်မှာခေါ်ဆော့စေတာ၊ ပန်းခြံတစ်ခုမှာ မကြာခဏတွေ့ဆုံစေတာတာ ပြုလုပ်ပါ။ အတူတကွ အချိန်ဖြုန်းပေးခြင်းက သူတို့ကြားက နှောင်ကြိုးကို ခိုင်မြဲစေပါတယ်။
  • ဖြစ်လာနိုင်တဲ့ ပဋိပက္ခတွေ၊ အငြင်းပွားမှုကို ဖြေရှင်းတတ်အောင် သင်ပေးပါ။ ခွင့်လွှတ်ခြင်းနှင့် နားလည်ခြင်းကဲ့သို့သော အခြားအရေးကြီးတဲ့ အယူအဆများနှင့် တန်ဖိုးများကို သင်ကြားဖို့ ထိုအချိန်မှာ အခွင့်ကောင်းယူနိုင်ပါတယ်။

အနိုင်ကျင့်ခြင်းနှင့် ဖယ်ကျဉ်ခြင်းရဲ့ အမှားတွေအကြောင်း ပြောပြပေးပါ

နောက်ဆုံးအကြံပြုချက်အနေနဲ့ ကလေးတွေကို friendship အကြောင်း၊ မိတ်ဆွဖွဲ့ခြင်းအကြောင်း ပြောတဲ့အခါ ကလေးတွေနဲ့ ဆယ်ကျော်သက်တွေ ခံစားရလေ့ရှိတဲ့ အနိုင်ကျင့်ခြင်း၊ ဖယ်ထုတ်ခြင်းနှင့် ပစ်ပယ်ထားခြင်းရဲ့ ပြဿနာတွေကို ပြောပြပေးဖို့ လိုအပ်ပါတယ်။ ပစ်ပယ်ထားတာ၊ အနိုင်ကျင့်တာက နာကျင်စရာကောင်းပြီး အခြားသူတွေရဲ့ စိတ်ပိုင်းနှင့် ရုပ်ပိုင်းဆိုင်ရာကို ထိခိုက်စေကြောင်း ပြောပြပေးရပါမယ်။

Chit_MayMay

LM_Nandar

Source-youaremom

LEAVE A REPLY

Please enter your comment!
Please enter your name here