Home Parenting Parent Guide ကလေးဘဝ စိတ်ဒဏ်ရာများကြောင့် ရလာနိုင်တဲ့ ဆိုးကျိုးများ

ကလေးဘဝ စိတ်ဒဏ်ရာများကြောင့် ရလာနိုင်တဲ့ ဆိုးကျိုးများ

0
1091

လူတွေဟာ သူတို့ရဲ့အတိတ်တွေ ဖြတ်သန်းခဲ့တဲ့အချိန်တွေတိုင်းမှာ ဒဏ်ရာတွေ နောင်တတွေဆိုတာ ရှိတတ်ကြပါတယ်။ ဒဏ်ရာတွေကို ခံနိုင်ရည်ရှိတဲ့အချိန်မှာ ရရင် မြန်မြန်ကုစားပစ်နိုင်ပေမယ့် နုနယ်တဲ့နှလုံးသား သိမ်မွေ့တဲ့အရွယ်မှာ ရခဲ့တဲ့ ဒဏ်ရာတွေကတေ့ာ အသက်တွေကြီးလာတဲ့အထိအရိပ်လိုလိုက်လာတတ်ပါတယ်။ ခုပြောပြချင်တာက ရုပ်ပိုင်းဆိုင်ရာဒဏ်ရာထက် ကလေးဘဝက ရခဲ့တဲ့ စိတ်ဒဏ်ရာတွေအကြောင်းပါ။

ကလေးဘဝက စိတ်ဒဏ်ရာရခဲ့သူအချို့က သူတို့စိတ်ဒဏ်ရာရခဲ့တယ်ဆိုတာတောင် သူတို့ကိုယ်သူတို့မသိပဲ ဘဝမှာ အဆင်မပြေစွာနေထိုင်တတ်ကြရပါတယ်။ ကလေးဘဝကစိတ်ဒဏ်ရာရခဲ့သူတွေဖြစ်တတ်တာက တည်ငြိမ်အေးချမ်းတဲ့Relation ship တစ်ခုကိုမရရှိနိုင်တာ၊ အလုပ်မှာအဆင်မပြေမှုတွေဖြစ်နေတာ၊ ပေါင်းသင်းဆက်ဆံရေးမှာ ညံဖျင်းတာ အဆင်မပြေမှုတွေ ပူလောင်မှုတွေ စိတ်ဓါတ်ကျလွယ်မှုတွေစတာတွေဖြစ်နေတတ်ပါတယ်။

ဒါတွေက သူတို့ကိုယ်တိုင်တောင်သတိမထားမိတဲ့ ကလေးဘဝက ရခဲ့တဲ့ စိတ်ဒဏ်ရာတွေကြောင့်ပါပဲ။ ဒါကြောင့် အဲ့ဒီ စိတ်ဒဏ်ရာတွေကို လျစ်လျူမရှုပဲ ကုစားပစ်ဖို့လိုတယ်ဆိုတာ ဒီဆောင်းပါးမှာ အကြံပေးလိုက်ပါမယ်။

သင့်မှာစိတ်ခံစားမှုကင်းတဲ့ ချစ်ခင်မှုကို မပြတတ်တဲ့ မိဘတွေရှိခဲ့ဖူးတယ်

အမှားလေးတစ်ခုခုလုပ်မိတာနဲ့အပြစ်ပေးမယ် သင့်ကိုသူတို့ချစ်တယ်ဆိုတာကို ထုတ်မပြခဲ့ဘူး။ အခြားသူတွေရှေ့မှာ ကြင်နာတဲ့ပုံဆက်ဆံပေမယ့် မျက်နာထားကို အမြဲတင်းထားပြီး ကြောက်အောင်လုပ်ထားမယ်။ သူတို့နဲ့မသက်ဆိုင်သလို သင့်ကိုထောက်ပံ့ပေးတာ အားပေးထောက်ခံတာမျိုးတွေမရှိဘူး။ ဘာလို့လဲဆိုတော့ သူတို့ကိုယ်တိုင်Relationshipက မတည်ငြိမ်ဘူး အဆင်မပြေဘူး။ အမြဲစိတ်ဖိစီးမှုတွေဖြစ်နေမယ်။ ဒါကြောင့်သင်ကို လိုအပ်တဲ့ ချစ်ခြင်းမေတ္တာနဲ့ဂရုစိုက်မှုတွေကို မပြသခဲ့ဘူး။ တခါတရံမှာ ” မင်းကိုလိုချင်လို့ရခဲ့တာမဟုတ်ဘူး။ မင်းဟာငါတို့အတွက်အမှားတစ်ခုပဲ”ဆိုတဲ့ကံမကောင်းတဲ့ ကလေးတစ်ယောက်ပုံစံနဲ့ဆက်ဆံခဲ့လိမ့်မယ်။ ဒါတွေကို သင်က မေ့ခဲ့ပီလို့ကိုယ့်ကိုကိုယ်ထင်နေပေမယ့် သင့်စိတ်ထဲမှာ ဒါတွေကပုန်းအောင်းတိုက်ခိုက်နေတယ်။ ဒါကြောင့် အဲ့ဒီအရာကို သေချာပြန်ဖော်ထုတ်ပီး တိုက်ထုတ်ပါ။ သင်ဟာအမှားတစ်ခုမဟုတ်ပါဘူး။ “ငါဟာထိုက်တန်မှုများစွာနဲ့လောကကြီးထဲရှင်သန်နေတယ်”လို့ ညအိပ်ရာဝင်ခါနီးတိုင်းပြောပါ။
သင်ဟာ အရာအားလုံးကို လုပ်နိုင်ပါတယ်။

သင့်မှာကလေးတစ်ယောက်အနေနဲ့မနိုင်ဝန်တွေထမ်းခဲ့ရတယ်

ပြောရရင် သင်ဟာ ကျန်းမာရေးချုချာတဲ့မိဘတွေနဲ့နေခဲ့ရပြီး အချိန်ပြည့် သူတို့ကိုစောင့်ရှောက်နေရတယ်။ ဒါမှမဟုတ် အလုပ်မအားတဲ့မိဘတွေက သင်တို့ကို ပစ်ထားခဲ့ပြီး သင်ဟာ အိမ်ကိစ္စတွေ ညီတွေ ညီမတွေရဲ့ တာဝန်တွေကိုယူခဲ့ရတယ်။ သင့်အရွယ်နဲ့မလိုက်အောင် မနိုင်ဝန်တွေထမ်းခဲ့ရတယ်။ ဒါဟာလည်း သင်ကိုယ်တိုင် မသိခဲ့တဲ့ စိတ်ဒဏ်ရာတစ်ခုဖြစ်နေနိုင်ပါတယ်။ ဒါတွေက အသက်ကြီးလာတဲ့အချိန်ထိလိုက်လာတတ်ပြီး သင့်ကိုဝန်ထုပ်ဝန်ပိုးတစ်ခုလို မကြာခန စိတ်ဖိစီးစေနေနိုင်ပါတယ်။ ဒီတော့ ခုသင်လုပ်ရမှာက ” ဒါတွေက အတွေ့အကြုံကောင်းတွေ ငါ့ဘဝကို ငါရပ်တည်ဖို့ လှေကားထစ်တွေ”လို့ အမြဲတွေးပါ။ စိတ်က စွမ်းအားကြီးပါတယ်။

သင့်ကိုလျစ်လျူရှုထားခဲ့တယ် စွန့်ပစ်ခံထားရသလိုပဲ

သင့်ကိုကလေးတစ်ယောက်လို တောင်မဆက်ဆံခဲ့ဘူး။ သင်နဲ့အချိန်မပေးဘူး။ သင်ကတစ်ယောက်တည်း အခန်းထဲ အချိန်အကြာကြီး အောင်းနေခဲ့ရလိမ့်မယ်။ သင်ကိုယ်တိုင်ကလည်း သူတို့ကို ဘာဒုက္ခမှမပေးသလို သူတို့ကလည်း သင့်ကိုလျစ်လျူရှုထားခဲ့တယ်။ မိဘဆိုတာ ဘာလဲဆိုတာတောင် သင်သေချာမသိခဲ့ဘူး။ စည်းကမ်းဆိုတာမျိုးတွေတောင်မချမှတ်နိုင်လောက်တဲ့အိမ်တစ်ခုမှာ သင်ကျေနပ်တာတွေလုပ်ရင်းပဲနေထိုင်ခဲ့တယ်။ ဒါကလည်း သင်သတိမမူမိတဲ့ စိတ်ဒဏ်ရာတစ်ခုဖြစ်နိုင်ပါတယ်။
ဒါတွေက တစ်ယောက်တည်းနေတတ်ခြင်းဆိုတဲ့သွေးအေးမှုကို မွေးထုတ်ပေးလိုက်ပြီး သင်ဟာ စိတ္တဇဆန်ဆန်နေထိုင်မှုကိုစွဲလမ်းသွားစေပြီး လူပေါင်းမဆန့်တော့တဲ့ လူတစ်ယောက်လိုဖြစ်သွားစေပါတယ်။ ဒါကြောင့်အကြံပေးချင်တာ သူငယ်ချင်းတွေထားပါ။ ဘဝမှာအဓိပ္ပါယ်ရှိတာတွေအများကြီးကျန်သေးတာတွေးပါ။ ပတ်ဝန်းကျင်ကို တတ်နိုင်သလောက်ကူညီပေးဆပ်ပြီး လောကကြီးထဲရှင်သန်မယ်လို့ဆုံးဖြတ်ပါ။

သင့်ကိုနာမည်ပျက်တစ်ခု ဒါမှမဟုတ် နှုတ်နဲ့ထိခိုက်နာကျင်အောင်အလုပ်ခံခဲ့ရတယ်

သင်အိမ်မှာ အမှားတစ်ခုခုလုပ်မိလိုက်တိုင်း သင့်ကိုနာမည်ဆိုး သင်မကြိုက်တဲ့အရာတစ်ခုခု ကင်ပွန်းတပ်ခံရမယ်။ ဆိုလိုတာက ဘာလေးမှားမှား”နင်က တုံးကိုတုံးအလွန်းတယ်။ ညဏ်ကိုမမှီတာ”ဆိုတဲ့နာကျင်ခံခက်စကားမျိုးတွေပေါ့။ ဒါတွေက သင့်အားနည်းချက်ကို စွဲသွားအောင် လုပ်နေသလိုဆိုတာ သူတို့မသိကြပါဘူး။ ဒါကမိဘတွေမှ မဟုတ်ပဲ သူငယ်ချင်းတွေကြားထဲမှာလည်း ဖြစ်တတ်ပါတယ်။ သူတို့သတ်မှတ်တဲ့အတိုင်း စိတ်ဒဏ်ရာရပြီး အားငယ်စိတ်တွေဝင်သွားနိုင်ပါတယ်။ သင့်ကိုတခြားလူတွေနဲ့နှိုင်းယှဉ်တာမျိုးတွေ နှုတ်အားဖြင့်ရိုင်းရိုင်းစိုင်းစိုင်းပြောဆိုဆက်ဆံတာတွေ သင့်ကိုယ်ရည်ကိုယ်သွေး အမူအကျင့်အပေါ်လှောင်ပြောင်ခံ၇တာမျိုးတွေပေါ့။ ဒါတွေက သင့်ကိုထိခိုက်နာကျင်တယ်ဆိုတာမှန်ပေမယ့် “ဒါတွေကို သေချာပြန်တွေးပါ။ ဒဏ်ရာဟောင်းကို မသိမသာသိမ်းမထားပါနဲ့။ သေသေချာချာရှင်းရှင်းတွေ့ရင် သင့်ကိုသငိမေးပါ။ ငါကဘယ်လိုလူလဲ သူတို့ပြောသလို မဟုတ်ဘူးဆိုတာ သက်သေပြမယ်၊ ငါအရာအားလုံးလုပ်နိုင်တယ်ဆိုတာတွေးပါ။ ဆုံးဖြတ်ချက်ချပါ။ တကယ်လုပ်ပါ။ သင်စိတ်အားငယ်လာတိုင်း ကိုယ့်ထက်နိမ့်ကျတဲ့ဘဝတွေကို ကြည့်ပါ၊ လောကကြီးမှာ သင်တစ်ယောက်တည်း အဆင်မပြေနေတာမဟုတ်ပါဘူး။

ကလေးဘဝစိတ်ဒဏ်ရာဆိုးဝါးမှုလေ့လာတွေ့ရှိချက်များ

ကလေးဘဝစိတ်ဒဏ်ရာရခဲ့သူတွေက သူတို့ရှင်သန်နေတဲ့ဘဝတစ်လျောက်မှာ ကိုယ့်ကိုကိုယ်သတ်သေဖို့ ကြိုးစားတာ၊ အစာစားခြင်းမမှန်တာ၊ မူးယစ်ဆေးဝါးသုံးစွဲတာ၊ စိတ်ဖိစီးလွယ် စိတ်ဓါတ်ကျလွယ်တာမျိုးတွေဖြစ်တတ်ပါတယ်။ ဒီဒဏ်ရာတွေကြောင့် မိမိကိုယ်ကိုအပြစ်တင်တာ မုန်းတီးတာ လူပေါင်းမဆန့်တာမျိုုးတွေဖြစ်စေပြီးတော့ အောင်မြင်မှုရဖို့အတွက် ကျွန်တော်တို့စွမ်းရည်တွေပိတ်ဆို့ထားတတ်ပါတယ်။

အကြံပြုချက်များ

ကိုယ့်ကိုယ် စိတ်ဓါတ်ကျလွယ်နေတယ် အပြစ်မြင်နေတယ် မုန်းတီးလွန်းနေတယ် ဘာလုပ်လုပ် အဆင်မပြေဘူးလို့တွေးနေမိရင် စိတ်ညစ်စရာတွေကို စာအုပ်ပေါမှာတစ်ခုချင်းချရေးပါ။ ဘယ်အရာတွေက ခက်ခဲနေလဲ ပိတ်ဆို့နေလဲ ဘာကိုလိုချင်တာလဲဆိုတာ အဖြေရှာပါ။ အလွယ်ဆုံးအရာက စလုပ်ကြည့်ပါ။
အစားပုံမှန်စားပါ
အိပ်ရေးဝအောင်အိပ်ပါ
နံနက်ခင်းတိုင်း ရေတစ်ခွက်အပြည့်သောက်ပါ
ကိုယ့်ကိုချစ်တဲ့ခင်တဲ့သူငယ်ချင်းတွေနဲ့များများနေပါ
လေ့ကျင့်ခန်းတစ်ခုခု အားကစားတစ်ခုခု ပုံမှန်လုပ်ပါ
တစ်ရက်ကို အနည်းဆုံး ၁၀မိနစ်လောက်တရားထိုင်ပါ
ညအိပ်ရာဝင်ခါနီးတိုင်း” ဒီနေ့အကောင်းဆုံးတွေငါလုပ်ခဲ့တယ် ငါအကောင်းဆုံးကြိုးစားခဲ့တယ်”ဆိုတာပြောပါ
“ပြန်ပြင်လို့မရတေ့ာတဲ့အရာတွေကိုလက်ခံပါ”
“ပြောင်းလဲလို့ရသေးတဲ့အရာတွေအတွက် သတ္တိရှိပါ။”
မှန်ရှေ့မှာပြုံးပါ
လူတွေကိုကူညီပါ
လောကကြီးမှာ “အရေးကြီးဆုံးကဘယ်အရာမှ အရေးမကြီးဘူး”ဆိုတာသတိရပါ။
“ငါအကောင်းဆုံးအရာတွေကို တတ်နိုင်သလောက် အကောင်းဆုံးကြိုးစားသွားမယ်”..တချို့ကိစ္စတွေကတော့ကံကြမ္မာကဆုံးဖြတ်နိုင်တယ်ဆိုတာလက်ခံလိုက်ပါ..အဆင်ပြေကြပါစေခင်ဗျာ.မေမေတို့လည်း ကိုယ့်သားသမီးတွေကို အဲ့ဒီလို မလုပ်မိပါစေနဲ့နော်.

#Chit_May_May

#Mg_Htet

REF_Thought Catlog.Com

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here