၁၂နှစ်အောက် ကလေး၃ရာခိုင်နှုန်းခန့်ဟာ ကလေးဘ၀စိတ်ကျရောဂါကို ခံစားနေရပါတယ်။ ကလေးများ စိတ်ဓာတ်ကျခြင်းအကြောင်းရင်းကို သိရှိနိုင်ဖို့အတွက် ကျွမ်းကျင်သူတွေက ကလေးရဲ့ လက်တွေ့ဘ၀နှင့် မိသားစု သမိုင်းကို အကဲဖြတ်ကြပါလိမ့်မယ်။ များသောအားဖြင့် စိတ်ဓာတ်ကျလေ့ရှိတဲ့ ကလေးတွေဟာ စိတ်ကျရောဂါ ခံစားနေရတဲ့သူတွေ ဖြစ်ကြပါတယ်။ ဒီအခြေအနေနဲ့ ပတ်သက်ပြီးတော့ အကြောင်းပြချက်တွေများစွာ ရှိနေပါတယ်။ ဘ၀ရဲ့ အစောပိုင်းကာလတွေမှာ ဖြစ်ပျက်ခြင်း ဒါမှမဟုတ် မြီးကောင်ပေါက်အရွယ်မှာ ပြခြင်းလည်း ဖြစ်နိုင်ပါတယ်။ ကလေးစိတ်ကျရောဂါလက္ခဏာအမျိုးမျိုးရှိပါတယ်။ တစ်ခုချင်းစီမှာ ပြဿနာကို ချဥ်းကပ်ဖို့ နည်းလမ်းအမျိုးမျိုးရှိပြီးတော့ ကလေးရဲ့ စိတ်ကို ပိုမိုကောင်းမွန်တဲ့စိတ် ပြန်လည်ရရှိဖို့ ဖြစ်ပါတယ်။ ကျွမ်းကျင်သူတွေက ကလေးတစ်ဦးချင်းရဲ့ ပြသတဲ့ လက္ခဏာတွေကို ခွဲခြားစိတ်ဖြာခြင်းဖြင့် ရောဂါကို ရှာဖွေတွေ့ရှိကြပြီး ထိရောက်တဲ့ ကုသမှုပေးဖို့ အကြံပြုပါလိမ့်မယ်။မကြာခဏစိတ်ဓာတ်ကျတတ်တဲ့ ကလေးတွေက နာတာရှည်ရောဂါကို မခံစားရပါဘူး။ မကြာခဏ ဆေးထိုးဆေးတိုက် ဖို့လည်း မလိုအပ်ပါဘူး။ဒီကနေ့မှာLifestyle Myanmarကနေပြီးတော့ ကလေးဘ၀စိတ်ကျရောဂါလက္ခဏာတွေကို မျှ၀ေပေးချင်ပါတယ်။

ဖြစ်ခါစ သိမ်မွေ့တဲ့ အဆင့်- စိတ်ဓာတ်ကျတဲ့ ကလေးတွေအတွက် သတိပေးချက် လက္ခဏာတစ်ခုမှာ သူတို့ဟာ စွမ်းအင်နည်းပါးကြပါတယ်။ သူတို့ကလေးတွေဟာ အချိန်အများစုမှာ ငြီးငွေ့နေတတ်ကြပြီးတော့ သူတို့ရဲ့ နေ့စဥ်လှုပ်ရှားမှုတွေနဲ့ ဂိမ်းတွေအပေါ်မှာ အာရုံစိုက်မှုနည်းပါးသွားတယ်။ ပြီးတော့မကြာခဏ ဗိုက်နာတာနှင့်ခေါင်းကိုက်တာတွေ ဖြစ်တတ်ပါတယ်။
စိတ်ခံစားမှုအဆင့်-စိတ်ကျရောဂါရဲ့ အဓိက ညွှန်ပြချက်တစ်ခုက စိတ်ဓာတ်ကျတဲ့ စိတ်ခံစားမှုအခြေအနေဖြစ်ပါတယ်။ ကလေးတစ်ယောက်ဟာ အမြဲတမ်း၀မ်းနည်းနေတဲ့ ပုံပေါက်လျှင် ဒါမှမဟုတ် ရုတ်တရက်စိတ်အပြောင်းအလဲများရှိနေလျှင် မိဘတွေအနေနဲ့ စိုးရိမ်သင့်ပါတယ်။
မကြခဏငိုခြင်းနှင့်အတူ အမျက်ဒေါသထွက်ခြင်း။ သူတို့ အမြဲကြိုက်ခဲ့တဲ့ အရာတွေအပါ်မှာ လျစ်လျူရှုတာကလည်းပဲ တစ်ခုခုမှားယွင်းနေကြောင်း လက္ခဏာတစ်ခုဖြစ်ပါတယ်။
Motor အဆင့်- ဒီအဆင့်မှာတော့ hyper(သို့) hypo-Activity ပါ၀င်ပါတယ်။ ကလေးတစ်ယောက်ဟာ အိပ်ပျော်ဖို့ရန်ခက်ခဲပြီးတော့ အိမ်မက်ဆိုးတွေနဲ့ မငြိမ်မသက်ဖြစ်နေတာမျိုး၊ လုံး၀မလှုပ်မရှားဘဲ ဖြစ်နေတာမျိုးတွေရှိနေပြီဆိုရင် ဒါဟာ စိတ်ကျရောဂါကို ဦးတည်နေတဲ့ လက္ခဏာတွေဖြစ်ပါတယ်။
သိမြင်မှုအဆင့်- သူတို့ဟာ သေခြင်းနှင့် ပတ်သက်သောအတွေးများ၊ အာရုံစူးစိုက်မှုမရှိတော့ခြင်း၊ မှတ်ညဏ်ဆိုင်ရာ ပြဿနာများ အပါအ၀င် သူတို့ကိုယ်သူတို့ ”ငါမိုက်မဲတယ်” ” ငါရုပ်ဆိုးတယ်””ငါဟာမကောင်းဘူး”စတဲ့ ပြစ်တင်၀ေဖန်မှု ပြုလုပ်တတ်ကြပါတယ်။
ကလေးဘ၀စိတ်၀ေဒနာရဲ့အကြောင်းတရားများ
ကျွန်မတို့ဟာ ငယ်စဥ်ကလေးဘ၀စိတ်၀ေဒနာရှိတဲ့ ကလေးတွေဟာ အကြောင်းအမျိုးမျိုးကြောင့် လွှမ်းမိုးမှုရှိနိုင်တာကို တွေ့မြင်ကြရပါတယ်။ စိတ်၀ေဒနာခံစားနေရတဲ့ ကလေးတွေဟာစွန့်ပစ်ခံရတယ်လို့ ခံစားနေကြရတယ်။ သူတို့၀န်းကျင်မှာရှိတဲ့ သူတွေက သူတို့အပေါ်မှာ နားလည်ဂရုစိုက်တယ်(သို့) ချစ်တယ်လို့ မခံစားကြရပါဘူး။ ကလေးဘ၀မှာကတည်းက အချစ်မခံရတဲ့ ကလေးဟာ လူကြီးဘ၀ရောက်လာသည့်တိုင် အဲ့ဒီ့အစွဲအလမ်းတွေကနေပြီးတော့ မလွတ်မြောက်တတ်ကြပါဘူး။ မိဘတစ်ဦးဆုံးရှုံးမှု ၊ မိဘနှစ်ပါး ကွာရှင်း စတဲ့ အချက်အလက်တွေအောက်က ကြီးပြင်းလာတဲ့ ကလေးအတွက် စိတ်ကျရောဂါဖြစ်နိုင်ခြေရဲ့ အကြောင်းရင်းတွေဖြစ်ပါတယ်။
စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ဒါမှမဟုတ် လိင်ပိုင်းဆိုင်ရာအလွဲသုံးစားမှုတွေဟာ ကျွန်မတို့ထင်ထားတာထက် ပိုပြီးတော့ ၀မ်းနည်းစရာကောင်းပါတယ်။ ဘယ်လိုအလွဲသုံးစားမှုမျိုးကို မဆို ကလေးတစ်ယောက်အနေနဲ့ ပြောပြတတ်ဖို့ အရေးကြီးပါတယ်။ အနိုင်ကျင့်ခြင်းဆိုတာ အလွဲသုံးစားမှုအမျိုးအစားဖြစ်ပြီး ကလေးရဲ့ စိတ်အခြေအနေအပေါ် ဆိုးကျိုးများစွာသက်ရောက်နိုင်တယ်ဆိုတာ သတိရပေးပါ။ မိဘများ၊ ဆရာသမားများ အနေဖြင့် ကလေးတွေရဲ့ လုပ်နိုင်စွမ်းထက် ပိုပြီး ဖိအားတွေပေးတာဟာလည်း စိတ်ကျရောဂါကို ဦးဆောင်လမ်းပြနေတာနဲ့ အတူတူပါပဲ။
စိတ်ကျရောဂါလက္ခဏာတွေနဲ့အတူ ကလေးများအတွက်ကုသမှု
ကလေးငယ်တစ်ဦးရဲ့ စိတ်ပိုင်းဆိုင်ရာ ရောဂါတွေကို ရှာဖွေဖော်ထုတ်နိုင်ဖို့အတွက် ကျွန်မတို့အနေနဲ့ အနည်းဆုံးနှစ်ပတ်အတွင်းမှာ အလားတူအပြုအမူများကို လေ့လာတွေ့ရှိရကြောင်း ထောက်ပြနိုင်ဖို့ လိုပါတယ်။ ရောဂါမကြာခဏလုပ်ရိုးလုပ်စဥ်နှင့် အာရုံကြောလက်တွေ့နှစ်ခုစလုံးကို ခွဲခြမ်းစိတ်ဖြာဖို့ လိုပါတယ်။ တခြားနည်းလမ်းတွေကို သင့်အနေနဲ့ကြိုးစားကြည့်ပြီးမှသာ ဆေး၀ါးဖြင့် ကုသဖို့ရန် သုံးစွဲသင့်ပါတယ်။ ကိုယ်ခံပညာ သင်ခြင်း၊ ယောဂကျင့်ခြင်း နှင့် ရေကူးခြင်း တို့လိုမျိုး အားကစားအချို့တို့ဟာ စိတ်ကျရောဂါဆိုင်ရာ ပြဿနာတွေကို ဖြေရှင်းဖို့ အကောင်းဆုံးနည်းလမ်းတွေဖြစ်ပါတယ်။ဒီ့ထက် ပျော့ပျောင်းတဲ့နည်းလမ်းတွေကတော့ အနုပညာ၊ တေးဂီတနှင့် ပြဇာတ်ရုံတွေဟာ ကလေးတွေကို လွတ်မြောက်စေဖို့နှင့် သူတို့ရဲ့ အတွင်းအကျဆုံး ကြောက်ရွံ့မှုတွေကို ဖော်ထုတ်နိုင်ဖို့ ကူညီပေးနိုင်ပါတယ်။
Chit_May_May
Nyein_Thu
sources-youaremom