ကလေးမယူခင် လူတိုင်းကိုင်တွယ်ဖြေရှင်းဖို့လိုမယ့် စိတ်ပိုင်းဆိုင်ရာ ပြဿနာ (၇)ခု

0
37
- Advertisement -

လေ့လာမှုတစ်ခုအရ Self-esteem, အသက်မွေးဝမ်းကျောင်းနှင့် အိမ်ထောင်ဖက်အကြား စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေက မွေးလာမယ့်ကလေးကို များစွာ သက်ရောက်စေနိုင်ပါတယ်။ ဒါ့ကြောင့် ကလေးမယူခင် သင့်ခေါင်းထဲမှာ ဒီခံစားချက်တွေရှိရင် အရင်ဆုံး ကိုင်တွယ်ဖြေရှင်းဖို့ လိုပါတယ်။

ဒီနေ့မှာ အဓိကစိတ်ပိုင်းဆိုင်ရာပြဿနာအချို့ကို ခွဲခြမ်းစိတ်ဖြာပြီး မိဘတစ်ယောက် မဖြစ်လာခင် ကိုင်တွယ်တာ ပိုကောင်းမယ့် ပြဿနာတွေကို မျှဝေပေးသွားပါမယ်။

၁။ ကလေးတွေရှိပြီးသားဖြစ်ပေမယ့် ဒီထက်ပိုပြီး လိုချင်ဆဲဖြစ်တာ

အမျိုးသမီးတစ်ယောက်က သူမရဲ့ ကလေးစွဲလမ်းမှုအကြောင်းကို အသေးစိတ်မျှဝေခဲ့ပါတယ်။ သူမမှာ ကလေး၅ယောက်ရှိပြီး ထပ်မွေးဖို့ အသက်လွန်နေသော်လည်း ကလေးထပ်ယူမယ့်အကြောင်းစဉ်းစားတာကို မရပ်တန့်နိုင်ခဲ့ပါဘူး။ ဒါက ကလေးဘဝတုန်းက မပျော်ရွင်ခဲ့ရတဲ့ အကြောင်းရင်း ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။ ကလေးတွေကို ပိုပိုပြီး လိုချင်တာက အမြဲတမ်းမကောင်းဘဲ အထူးကုဆရာဝန်နဲ့ ပြသရမယ့် ပြဿနာတစ်ခု ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

၂။ ကလေးယူခြင်းက သင့်အိမ်ထောင်ရေးကို ကယ်တင်နိုင်လိမ့်မယ်လို့ မျှော်လင့်ထားတာ

စုံတွဲ ၆၇ရာခိုင်နှုန်းက ပထမကလေးမွေးဖွားပြီးနောက်မှာ သူတို့ရဲ့ အိမ်ထောင်ရေးကျေနပ်မှု လျော့နည်းကြောင်း အစီရင်ခံခဲ့ကြပါတယ်။ အနိမ့်ဆုံးအားဖြင့် အမျိုးသမီးတွေအတွက် ကလေးမွေးဖွားပြီး ၆လနှင့် အမျိုးသားတွေအတွက် ၉လအကြားမှာ ဖြစ်ပေါ်လာတတ်ပါတယ်။ ဒါ့ကြောင့် ဒီနည်းလမ်းနဲ့ အိမ်ထောင်ရေးကို ထိန်းသိမ်းဖို့ စီစဉ်နေရင် စိတ်ကူးကောင်းမဟုတ်ပါဘူး။

၃။ သင့်သက်မွေးအလုပ်က သင့်အဓိက ဦးစားပေးဖြစ်တာ

မိဘတစ်ယောက်ရဲ့အလုပ်စွဲလမ်းမှုက မိဘတွေကိုသာမက သူတို့ရဲ့ကလေးတွေကိုပါ ဆိုးကျိုးသက်ရောက်ပါတယ်။ များသောအားဖြင့် ကလေးတွေဟာ စိတ်ခံစားမှု လျစ်လျူရှုခံရတာတွေ ဖြစ်လာပါတယ်။ ရလဒ်ကတော့ ကလေးတွေဟာ အပြစ်ရှိသလို ခံစားရနိုင်ပြီး self-esteem နိမ့်ကျလာပါတယ်။

၄။ သင်ဟာ ကိုယ့်ဘဝကိုယ် မကျေနပ်တာ

မီချီဂန်ပြည်နယ်တက္ကသိုလ်ရဲ့ အဆိုအရ ကလေးငယ်တွေဟာ မိဘတွေကို ပုံတူကူးယူခြင်းဖြင့် သင်ယူကြပါတယ်။ ဆိုလိုတာက သင့်ကလေးက သင်နဲ့ အရမ်းတူပါလိမ့်မယ်။ ဒါ့ကြောင့် သူတို့ရှေ့မှာ ပန်းတိုင်တွေ၊ လိုအင်ဆန္ဒတွေရှိတဲ့ မိမိကိုယ်ကို ယုံကြည်မှုရှိသူအဖြစ် ထင်ရှားဖို့ အရေးကြီးပါတယ်။ ဒီလိုမှမဟုတ်ရင် သူတို့ဘဝမှာ မိဘရဲ့ မသေချာမရေရာမှုကို တုပနိုင်ပြီး အနာဂတ်မှာ သူတို့ရဲ့ ရည်မှန်းချက်တွေ ပြည့်မီအောင် လုပ်ဆောင်ခြင်းမှ တားဆီးနိုင််ပါတယ်။

၅။ ကိုယ့်ကိုယ်ကို ကလေးတစ်ယောက်လို ခံစားနေရဆဲ ဖြစ်နေတာ

လူကြီးတစ်ယောက်ဖြစ်ပေမယ့် ကလေးတစ်ယောက်လို ပြုမှုကျင့်ကြံတတ်သူတစ်ယောက်ကို” ကလေးကလားနိုင်တယ်”လို့ပြောကြပါတယ်။ မိဘအုပ်ထိန်းခြင်းမှာ ခံနိုင်ရည်ရှိဖို့နှင့် self-control ရှိဖို့လိုအပ်ပါတယ်။ ကလေးတွေဟာ ပတ်ဝန်းကျင််ရှိ လူတွေရဲ့ အပြုအမှုတွေကို ကူးယူလေ့ရှိပါတယ်။ ဒီအတွက် သူတို့မှာ စိတ်ပိုင်းဆိုင်ရာ တည်ငြိမ်သော လူတစ်ယောက်ရဲ့ စံနမူနာ လိုအပ်ပါတယ်။

၆။ သင်ဟာ စိတ်ဖိစီးမှု၊ စိုးရိမ်ပူပန်မှုတွေနှင့်အတူ ရုန်းကန်နေရတာ

ဒီလေ့လာမှုက မိဘတွေရဲ့ မကောင်းသော စိတ်ခံစားမှုတွေက သူတို့ကလေးတွေရဲ့ ဖွံ့ဖြိုးတိုးတတ်မှုကို မကောင်းသောနည်းဖြင့် သက်ရောက်စေနိုင်တယ်လို့ ဖော်ပြခဲ့ပါတယ်။ အထူးသဖြင့် ကလေးငယ်ဘဝရဲ့ ပထမနှစ်မှာ အထူးသြဇာလွှမ်းမိုးမှုရှိတယ်လို့ ကျွမ်းကျင်သူများက ယုံကြည်ကြပါတယ်။ ရလဒ်အနေနဲ့ ကလေးတွေဟာ မိဘတွေရဲ့ မကောင်းသော စိတ်ခံစားမှုနှင့် မကောင်းသော အပြုအမှုတွေကို ရရှိပါလိမ့်မယ်။ ဒီတော့စည်းမျဉ်းက ရိုးရှင်းပါတယ်။ သင့်ပျော်ရွင်မှုက သင့်ကလေးကို ပျော်ရွှင်စေပါလိမ့်မယ်။

၇။ သင်ဟာ ဘဝရဲ့ကဏ္ဍတိုင်းကို ပြည့်စုံဖို့ မျှော်လင့်နေတာ

အကောင်းဆုံးကို မရမကယူခြင်းက ကလေးဘဝမှာ ကောင်းကျိုးမပြုသော အတွေ့အကြုံတွေ၊ self-esteem နိမ့်ကျခြင်း၊ မထိုက်တန်သော ခံစားမှုနှင့် ကျရှုံးမှာကြောက်တဲ့စိတ်ကို မကြာခဏ ဖြစ်ပေါ်စေပါတယ်။ မိဘတွေအနေနဲ့ ဒီစိတ်ပိုင်းဆိုင်ရာပြဿနာကို ကိုယ့်ဘာသာ ထိန်းချုပ်သင့်ပါတယ်။ အကြောင်းက ဒီလိုမိဘတွေရဲ့ ကလေးတွေဟာ တစ်ခါတစ်ရံမှာ မိဘစကား မနာခံတာ၊ အိမ်စာမလုပ်ချင်တာတွေ ဖြစ်လာနိုင်လို့ပါ။ တစ်ခါတရံမှာ သင်ဟာ တစ်ခုခုကို အကြိမ်ပေါင််းများစွာ ထပ်ခါတလဲလဲလုပ်ရလိမ့်မှာ ဖြစ်ပြီး နံရံပေါ်က သူတို့ညစ်ပေထားတဲ့ အစားအသောက်တွေကို ဆေးရပါလိမ့်မယ်။ ဒါက အဆင်ပြေပါတယ်။

Chit_MayMay

LM_Nandar

Source-brightside

Chit Maymayမှ ရေးသားဖော်ပြနေတဲ့ ဆောင်းပါးများကို အခြားသော Media ၊ Website များနဲ့ Facebook Page များမှာ ခွင့်ပြုချက်မရှိဘဲ ပြန်လည်ကူးယူဖော်ပြခြင်း မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here