ကလေးများအတွက် တည်ငြိမ်အေးချမ်းမှုရဲ့ တန်ဖိုးကြီးသော အရေးပါမှု

0
334
- Advertisement -

တည်ငြိမ်အေးချမ်းမှုကို တန်ဖိုးတစ်ခုအဖြစ် မြှင့်တင်ခြင်းက ကလေးတွေကို ဘဝပြဿနာတွေနှင့် အခြေအနေတွေကို ပိုမိုအပြုသဘောဆောင်သော နည်းလမ်းနဲ့ ဖြေရှင်းဖို့နှင့် ကူညီဖို့နည်းလမ်းဖြစ်ပါတယ်။ တည်ငြိမ်အေးချမ်းမှုကို တန်ဖိုးအဖြစ်သတ်မှတ်ခြင်းက ကလေးတွေနှင့် လူကြီးတွေအတွက် အလွန်အသုံးဝင်ပါတယ်။ ဒီစရိုက်လက္ခဏာနှင့် စွမ်းရည်တွေက နေ့စဥ်စိန်ခေါ်မှုတွေကို ရင်ဆိုင်ဖြေရှင်းရာမှာ ကျွန်တော်တို့ကို သန်မာစွာနှင့် အေးဆေးတည်ငြိမ်စွာပြုမူဖြေရှင်းနိုင်ဖို့ ကူညီပေးပါတယ်။

တည်ငြိမ်အေးချမ်းမှုဆိုတာ ဘာလဲ

တည်ငြိမ်အေးချမ်းမှုက အေးဆေးတည်ငြိမ်တတ်သူ (သို့) သက်တောင့်သက်သာရှိသောလူတွေရဲ့ လက္ခဏာဖြစ်ပါတယ်။ ဒီအရည်အသွေးက တစ်စုံတစ်ဦးရဲ့ ကိုယ်ရည်ကိုယ်သွေးနှင့်သက်ဆိုင်ပါတယ်။ အခြားတစ်ဖက်မှာလည်း တည်ငြိမ်အေးချမ်းမှုက လူတွေရဲ့ ဖွံ့ဖြိုးတိုးတက်မှုနှင့် လေ့ကျင့်နိုင်တဲ့ စွမ်းရည်ကိုလည်း ရည်ညွှန်းပါတယ်။ ဥပမာအားဖြင့် တစ်ယောက်ယောက်က အခြေအနေအမျိုးမျိုးမှာ အေးဆေးတည်ငြိမ်စွာလုပ်ဆောင်နိုင်ပါတယ်။ တည်ငြိမ်အေးချမ်းမှုရှိခြင်း (သို့) တည်ငြိမ်အေးချမ်းသောလူတစ်ဦးဖြစ်ခြင်းက ကျွန်တော်တို့ကို စိတ်မသက်မသာဖြစ်စေခြင်း၊နေ့စဥ်တစ်သက်တာမှာဖြစ်စေ၊ ခက်ခဲသောအချိန်မှာဖြစ်စေ ငြိမ်သက်တည်ငြိမ်ခြင်းက အလွန်အသုံးဝင်နိုင်ပါတယ်။

၁။ တည်ငြိမ်အေးချမ်းမှုနှင့် မိမိကိုယ်ကိုထိန်းသိမ်းတတ်မှု

ကျွန်တော်တို့ရဲ့ နေ့စဥ်ဘဝတွေမှာဆုံးဖြတ်ချက်တွေ ချမှတ်ဖို့နှင့် လျင်မြန်စွာလုပ်ဆောင်ဖို့လိုအပ်တဲ့အခြေအနေတွေများစွာ ရှိပါတယ်။ အလုပ်၊ မိသားစုနှင့် ကိုယ်ရေးကိုယ်တာအခြေအနေတွေမှာလည်း ဖြစ်နိုင်ပါတယ်။ ကျွန်တော်တို့ပြောခဲ့သလိုပဲ သင့်အနေနဲ့ သူတို့ကိုမတူညီသောနည်းလမ်းတွေနဲ့ ရင်ဆိုင်ရနိုင်ပါတယ်။

လူတွေက ပြဿနာတွေနှင့် အေးအေးဆေးဆေးနေဖို့ ကိုယ့်ကိုယ်ကိုချုပ်ထိန်းတတ်ပါတယ်။ ဆိုလိုတာက သူတို့ကစိတ်ခံစားမှုတွေကို ထိန်းချုပ်နိုင်ရုံသာမက စိတ်လှုပ်ရှားမှုတွေနှင့် တုံ့ပြန်မှုတွေကို စိတ်လိုလက်ရောက် ထိန်းညှိနိုင်စွမ်းလည်းရှိပါတယ်။ တည်ငြိမ်အေးချမ်းမှုနှင့် ကိုယ့်ကိုယ်ကိုချုပ်တည်းခြင်းအားဖြင့် သင့်ရဲ့အဓိပ္ပာယ်ရှိသော လုပ်ဆောင်မှုတွေကို သင်ရယူနိုင်ပါတယ်။ ဒါ့ကြောင့် အချိန်ဖြုန်းမနေပါနဲ့။ စိတ်ပျက်ခြင်း၊ စိုးရိမ်ခြင်း၊ တင်းမာခြင်းနှင့် စိတ်ဖိစီးမှုခံစားချက်တွေကို ရှောင်ပါ။ ပြဿနာတွေကနေ သင်ယူပါ။ စဥ်းစားခြင်းမရှိဘဲ လုပ်ဆောင်ခြင်းကြောင့် အခြားသူတွေကို မထိခိုက်ပါစေနှင့်။အပြုသဘောဆောင်တဲ့ ပုဂ္ဂိုလ်ရေးနှင့် ဆက်နွယ်သောဟန်ချက်ကို တိုးတက်အောင်ပြုလုပ်ပါ။ ပိုကြီးမြတ်သောအာရုံစူးစိုက်မှုကို ရရှိဖို့ကြိုးစားပါ။ သင့်ရဲ့စိတ်ကို တိုးတက်စေပါ။ အတွင်းငြိမ်သက်မှုကို ရယူပါ။ ”တည်ငြိမ်အေးချမ်းမှုဟာ မုန်တိုင်းကနေလွတ်မြောက်ခြင်းမဟုတ်ဘဲ မုန်တိုင်းအတွင်းမှာ အေးအေးဆေးဆေးရှိနေခြင်းဖြစ်တယ်”။

တည်ငြိမ်အေးချမ်းမှုဆိုတာ တန်ဖိုးတစ်ခု

ယနေ့ခေတ်မှာ ဘဝတွေဟာ အလွန်အလုပ်များနေကြတယ်။ မိသားစု၊ အလုပ်၊ လေ့လာမှု၊ ခရီး၊ ဆက်ဆံရေးနှင့် လူမှုရေးကွန်ရက်များစသည်ဖြင့်။ အခက်အခဲတွေနှင့် ပြဿနာတွေကြုံတွေ့ရချိန်မှာ အေးဆေးတည်ငြိမ်စွာနေထိုင်နိုင်ဖို့ သင်ယူခြင်းကအရေးကြီးပါတယ်။ အကြောင်းရင်းကတော့ ဘဝက အလွန်လျင်မြန်သောနှုန်းနဲ့ ဖြစ်ပွားနေပါတယ်။

ကျွန်တော်တို့ကလေးတွေအနေနဲ့ တည်ငြိမ်အေးချမ်းမှုကို တန်ဖိုးတစ်ခုအဖြစ်သင်ကြားဖို့လည်း အရေးကြီးပါတယ်။ ဆိုလိုတာက ခက်ခဲသောအခြေအနေတွေနှင့် ရင်ဆိုင်ကြုံတွေ့ရသောအခါ ၊ ခဏတာ တိတ်ဆိတ်ငြိမ်သက်မှုကို လိုအပ်ကြောင်း အံ့ဩဖွယ် (သို့) အန္တရာယ်ရှိသောအချိန်အချို့လည်းရှိပါတယ်။ ဒီအရာတွေအတွက် ကလေးတွေက လေ့လာဖို့လိုအပ်ပါတယ်။ ပြဿနာမရှင်းခင်မှာ အရင်ဦးဆုံးရှင်းလင်းစွာ တွေးတောဆင်ခြင်ပါ။ အန္တရာယ်များသော (သို့) ကြိုတင်မမြင်နိုင်သောအခြေအနေတွေကြားမှာ အေးဆေးတည်ငြိမ်စွာထားပါ။ အရာအားလုံးကို အမှန်တကယ်အရေးကြီးသော အကြောင်းအရာတွေကိုသာ စဥ်းစားပါ။ စိတ်ဖိစီးမှုအခြေအနေတွေမှာ အနားယူဖို့ အသက်ရှူခြင်းကိုထိန်းချုပ်ပါ။

စိတ်ရှည်ပါ။ အရာအားလုံးမှာ အချိန်တစ်ခုရှိပါတယ်။ ပြဿနာတွေက တစ်ခုထက်ပိုသောဖြေရှင်းချက်တွေရှိနိုင်ပြီးတော့ ၎င်းကအမြဲတမ်းချက်ချင်းဖြစ်လာနေမှာမဟုတ်ပါဘူး။ အရေးယူခြင်းမပြုမီ ကွဲပြားခြားနားသောရွေးချယ်စရာများနှင့် ဖြေရှင်းနည်းများကို ဆန်းစစ်ပါ။ ထင်မြင်ယူဆချက်တွေနှင့် အခြားရှုထောင့်တွေကို နားထောင်ပါ။ ဗဟုသုတ၊ အတွေ့အကြုံနှင့် အကြံဉာဏ်တွေအားလုံးက သူတို့ရဲ့အမြင်တွေကို ကျယ်ပြန့်စေပါတယ်။ ထိုနည်းဖြင့် သူတို့ကပြဿနာတွေနှင့် ပတ်သက်ပြီးတော့ ပိုမိုကောင်းမွန်သောဆုံးဖြတ်ချက်ချနိုင်ပါတယ်။

Chit_May_May

Nyein_Thu

Ref-youaremom

LEAVE A REPLY

Please enter your comment!
Please enter your name here