ကလေးတွေအနေနဲ့ ဖွံ့ဖြိုးတိုးတက်မှုနဲ့ ပတ်သက်ပြီးတော့ မိမိကိုယ်ကို ထိန်းချုပ်နိုင်စွမ်းက မရှိမဖြစ်လိုအပ်တဲ့ အရာတစ်ခုပါ။ ဒါကြောင့် နေ့စဥ်ဘ၀မှာ အရေးကြီးတဲ့ ကိစ္စဖြစ်တဲ့အတွက် သူတို့လေးတွေကို ကူညီပေးဖို့ အရေးကြီးပါတယ်။ကလေးတွေအတွက် self-controlဆိုတာ သူတို့ရဲ့ အပြုအမူတွေကို စနစ်တကျ လမ်းညွှန်နိုင်ခြင်း၊ သူတို့ရဲ့ စိတ်ခံစားမှုတွေ၊ ခံစားချက်တွေနှင့် အတွေးတွေကို စီမံခန့်ခွဲခြင်းပါ။ မွေးကင်းစအဆင့်မှာတော့ကလေးတွေအနေနဲ့ ဒီစွမ်းရည်က မဖွံ့ဖြိုးသေးပါဘူး။ ဒါကြောင့်မို့လို့ ၎င်းကို လေ့လာဖို့၊ လုပ်ဆောင်ဖို့၊ လေ့ကျင့်ခန်းတစ်ချို့ကို လေ့ကျင့်ပေးဖို့ လိုအပ်ပါတယ်။ဖေဖေမေမေတို့ ဦးနှောက်မခြောက်ရစေဖို့ သားသားမီးမီးလေးတွေအတွက် self-controlတိုးတက်စေနိုင်တဲ့ လေ့ကျင့်ခန်းနည်းလမ်းလေးတွေကို မျှ၀ေပေးချင်ပါတယ်။
stoplight နည်းစနစ်
ဒီနည်းစနစ်ဟာဆိုရင် ကလေးတွေအတွက် သူတို့ရဲ့ အနုတ်လက္ခဏာအပြုအမူများ၊ လှုံ့ဆော်မှုများ ၊ ခံစားမှုတွေကို နားလည်နိုင်ခြင်းနှင့် ကောင်းမွန်စွာ ပြန်လည်ဖြေရှင်းပေးနိုင်ဖို့ တစ်ခုတည်းသောလမ်းဖြစ်ပါတယ်။ ဒီနည်းလမ်းဟာဆိုရင် ကလေးတွေကို သူတို့ကို ဒေါသထွက်စေတဲ့ (သို့) စိတ်ရှုပ်ထွေးစေတဲ့ ကွဲပြားခြားနားတဲ့ အခြေနေတွေကြားမှာ မှန်ကန် ဖြေရှင်းနည်းတွေ ချမှတ်နိုင်အောင် ကူညီပေးပါတယ်။ဆိုလိုချင်တာက ကလေးတွေဟာ အဲ့သလို အခြေအနေမျိုးတွေကြုံလာရပြီဆိုရင် stoplight ရဲ့အရောင်တွေကို မှတ်မိနိုင်ပါတယ်။ အောက်မှာ ပေးထားတဲ့ အရောင်တစ်ခုစီဟာ လုပ်ဆောင်ချက်တစ်ခုစီနဲ့ ကိုက်ညီပါတယ်။
အနီရောင်- အရာရာကို ငြိမ်သက်စေပြီးနက်ရှိုင်းစွာ ရှူရှိူက်မိစေဖို့ အချိန်ခဏလောက်ယူပါ။
အ၀ါရောင်- ဖြစ်နိုင်ခြေရှိတဲ့ တစ်ခြားနည်းလမ်းကို စဥ်းစားပါ။
အစိမ်းရောင်-အရေးယူပါ။ အကောင်းဆုံးဖြေရှင်းချက်ကို အကျိုးသက်ရောက်စေပါ။
သင်တွေ့မြင်တဲ့ အတိုင်းပဲ ကလေးငယ်တွေ နားလည်ဖို့ ရိုးရှင်းပြီး လွယ်ကူပါတယ်။ ဒီနည်းလမ်းလေးကို လက်တွေ့ကျင့်သုံးမယ်ဆိုရင် ကလေးတွေရဲ့ စိတ်မသက်မသာဖြစ်စေတဲ့၊ ဆိုးရွားတဲ့ အပြုအမူတွေကို မပြုလုပ်ခင် ဖြစ်ပေါ်လာတဲ့ ခံစားချက်တွေကို ခွဲခြားသိမြင်နိုင်ဖို့ စိတ်အေးအေးထားတတ်ဖို့ သင်ယူကြပါတယ်။ တစ်နည်းအားဖြင့် သူတို့ဟာ သူတို့ရဲ့ ပြဿနာတွေကို စိတ်ကျေနပ်ဖွယ်အကောင်းဆုံးနည်းဖြင့် ဖြေရှင်းနိုင်ပြီး သင့်လျော်စွာ ဆောင်ရွက်နိုင်ပါတယ်။နောက်ဆုံးအနေနဲ့ ကလေးတွေနဲ့အတူ ဂိမ်းကစားနိုင်ပြီး ဒီနည်းလမ်းအပေါ် နားလည်မှုနှုန်းကို စမ်းသပ်နိုင်ပါတယ်။ သူတို့ရဲ့ တုန့်ပြန်မှုကို ကြည့်ရှုဖို့အတွက် လိုအပ်ပါလိမ့်မယ်။ ကွဲပြားခြားနားသွားတဲ့ အလားအလာအခြေနေတွေကို ဆွေးနွေးနိုင်ပါတယ်။

အမှားကို ဖော်ထုတ်ပါ
ဒီလေ့ကျင့်ခန်းမှာတော့ ကလေးတွေရဲ့ ဘယ်လိုအပြုအမူမျိုးကို မဆို လက်ခံနိုင်ကြောင်းနှင့် မသင့်လျော်တဲ့ အပြုအမူတွေအပေါ်မှာ သူတို့ရဲ့ ဗဟုသုတကို အခြေခံပြီးတော့ သူတို့ရဲ့အပြုအမူကို ထိန်းညှိပေးခြင်းပါ။ လေ့ကျင့်ခန်းကို လက်တွေ့ပြုလုပ်ဖို့ အကောင်းအဆိုးနှစ်မျိုးလုံးရဲ့ အပြုအမူအမျိုးမျိုးကိုပုံဖော်တဲ့ရုပ်ပုံတွေကို လိုက်နာသင့်ပါတယ်။ကလေးငယ်တွေဟာ သူတို့တွေ့ရတဲ့ ရုပ်ပုံအဓိပ္ပာယ်ကို ဖော်ပြသင့်ပါတယ်။ အဓိပ္ပာယ်ဖွင့်ဖို့ သူတို့အတွက်ခက်ခဲနေတယ်ဆိုရင် သင့်အနေနဲ့ ကူညီပေးနိုင်တယ်။ နောက်ဆုံးအနေနဲ့ သူတို့ကို ရုပ်ပုံတွေကို ပြောပြပေးထားတဲ့ အတိုင်း ခွဲ၀ေဖို့ တောင်းဆိုပါ။
ပိုစတာဘုတ်ရဲ့ အစိမ်းရောင်အပိုင်းမှာ သူတို့လက်ခံနိုင်တဲ့ အပြုအမူတွေကို ထားပါ။
ပိုစတာဘုတ်ပြားရဲ့ အနီရောင်ဘက်မှာတော့ သူတို့လက်မခံနိုင်တဲ့ အပြုအမူတွေကို ထားပါ။

If….then လေ့ကျင့်ခန်းလုပ်ပ
လေ့ကျင့်ခန်းတွေက ကလေးတွေအပေါ်မှာ ထင်ဟပ်စေဖို့ ကူညီပေးခြင်းဖြင့် ကလေးတွေအနေနဲ့ မိမိကိုယ်ကို ချူပ်တည်နိုင်စွမ်း တိုးပွားစေပါတယ်။ ဒီနေရာမှာ သူတို့တွေက ထင်မြင်ယူဆချက်ဆိုင်ရာ အခြေအနေတွေနဲ့ ရင်ဆိုင်လာရတဲ့ အခါ ဘယ်လိုရင်ဆိုင်ဖြေရှင်းရမလဲ ဆိုတာကို ပြုမူစဥ်းစားကြပါတယ်။ အဲ့သလိုပြုလုပ်ဖို့ ကလေးတွေအတွက်စာရွက်တစ်ရွက်စီ ပေးထားပါ။ ကော်လံနှစ်ဖက်ပါတဲ့ စားပွဲတစ်ခုကို အသုံးပြုပါ။ ပထမကော်လံထိပ်မှာ” If”ဆိုတဲ့ စကားလုံးကို ထားပြီးတော့ ဒုတိယကော်လံထိပ်မှာ ”then”ဆိုတဲ့ စကားလုံးကို ထားပါ။ ‘If’အောက်မှာရှိတဲ့ ကော်လံမှာ ကလေးအခြေနေတွေကို ကိုယ်စားပြုတဲ့ ရုပ်ပုံကို တင်ရပါလိမ့်မယ်။ ဥပမာအားဖြင့်
ပဋိပက္ခဖြစ်နေတဲ့ ရုပ်ပုံကို Ifကော်လံမှာထားပြီးရင် ” then”ကော်လံမှာ စိတ်ပျက်စရာတွေ၊ စိုးရိမ်ပူပန်မှုတွေနဲ့ စိတ်ဖိစီးမှုတွေဖြစ်နေတဲ့ ရုပ်ပုံကို ထားပါ။
အဲ့ဒီ့နောက်မှာ ကလေးတွေကို ကွဲပြားခြားနားတဲ့ ရုပ်ပုံတွေကို ကြည့်ရှုစေပါ။ မိခင်၊ ဖခင်၊ ဆရာနှင့် အသက်ရှူခြင်း၊ စကားပြောခြင်း၊ စဥ်းစားခြင်း စသည်ဖြင့်။ တုံ့ပြန်ဖို့ လိုအပ်တဲ့ ရုပ်ပုံတွေကို ကလေးတွေကို ရွေးချယ်စေပါ။ သူတို့ရွေးချယ်ပြီးသည်နှင့်တစ်ပြိုင်နက် ရွေးထားတဲ့ရုပ်ပုံတွေကို တစ်ခုချင်းစီ လုပ်ဆောင်သင့်တဲ့ အမိန့်ရကော်လံ”then”မှာ ထားစေပါ။” If”အပိုင်းမှာ ကလေးတွေဟာ မိမိရဲ့ အိမ်စာကို ပြီးဆုံးအောင်စီမံခန့်ခွဲလို့ မရတာကြောင့်မို့လို့ စိတ်ပျက်ခံစားနေရတဲ့ တစ်ယောက်ဆိုတာ ပြသပါလိမ့်မယ်။ “then”ကောလံမှာ အစီအစဥ်အတိုင်း စီစဥ်နိုင်ပါတယ်။ အဲ့သလိုနဲ့ သူတို့ရဲ့ အခြေအနေတွေကို သီအိုရီအရလွှမ်းမိုးဖို့ သင်ယူပြီး နောက်ပိုင်းမှာ အောင်မြင်စွာ နေရာချထားနိုင်ပါတယ်။
#Lifestyle_Myanmar
Nyein_Thu
sources-youaremom