ကလေးများအတွက် မိသားစုထမင်း၀ိုင်းရဲ့ အားသာချက်၃ခု

0
112
- Advertisement -

ဒီနေ့ခေတ်ကာလမှာ လူတိုင်းဟာအမြဲတမ်းအလုပ်များနေသလို ဖြစ်နေကြပါတယ်။ မိသားစုတစ်စုအနေနဲ့ အတူတကွရှင်သန်နေထိုင်ပြီးဘ၀ကို ဖြတ်သန်းခြင်းဆိုတဲ့ အယူအဆတွေအပေါ်မှာ မိဘတွေတော်တော်များများက ဂရုမစိုက်ကြတဲ့အနေအထားမျိုးဖြစ်နေပါပြီ။ သင့်မှာ ဒါကို ဦးစားမပေးနိုင်ရတဲ့ အကြောင်းပြချက်များစွာရှိနေမယ်ဆိုတာ ကျွန်တော်တို့နားလည်ပါတယ်။ ဒါပေမယ့် ကလေးတွေအတွက် အကျိုးသက်ရောက်မှုများစွာရှိနေပါတယ်။


ဘယ်လောက်ထိအကျိုးကျေးဇူးများတယ်ဆိုတာ သင့်အနေနဲ့ သံသယရှိနေတယ်ဆိုရင် အချိန်ယူလေ့လာဖို့ တိုက်တွန်းချင်ပါတယ်။ ဒါ့ကြောင့် သင့်မိသားစုနှင့်အတူ တစ်နေ့လျှင် အနည်းဆုံးတစ်ကြိမ်အစာစားခြင်း(ထမင်းလက်ဆုံစားခြင်း) ကလေးတွေအတွက် အလွန်အရေးကြီးတယ်ဆိုတာ သင့်ကို သတိရစေချင်ပါတယ်။

၁။ စကားပြောဆိုဖို့ အခွင့်အလမ်းတစ်ခု

- Advertisement -

ဒီနေ့ခေတ်ကာလမှာ ကလေးတွေဟာ လူမှုမီဒီယာတွေရဲ့ ဆွဲဆောင်မှုမှာ လွယ်လွယ်ကူကူနစ်မြှပ်သွားတတ်ကြပါတယ်။ ဒါ့ကြောင့် သင့်ကလေးတွေကို အနားယူတဲ့အချိန် သီးသန့်ထားဖို့ လိုအပ်လာပါပြီ။ မိသားစုအစာစားချိန်မှာ ဘယ်လိုနည်းပညာပစ္စည်းကိုမှ မိသားစု၀င်တွေမှာ မရှိပါစေနဲ့။ တစ်ဦးနှင့်တစ်ဦးစကားပြောဆိုဖို့ အချိန်ကာလရောက်ပါပြီ။ သင့်ကလေးနဲ့ပတ်သက်တဲ့ လက်ရှိအခြေအနေအဖြစ်အပျက်တွေကို ထုတ်ဖော်ပြောဆိုနိုင်ပါတယ်။

သူတို့ရဲ့ တစ်နေ့တာဖွံ့ဖြိုးတိုးတက်မှုတွေနဲ့ ပတ်သက်ပြီး မေးမြန်းနိုင်ပါတယ်။ ဒီလိုမှမဟုတ်ဘူးဆိုရင်လည်း သင့်ရဲ့ စိတ်၀င်စားဖွယ်အစိတ်အပိုင်းတွေကို မျှ၀ေနိုင်ပါတယ်။ မိသားစုအတွင်းမှာ သင့်ကလေးကို စကားပြောဆိုဖို့ အခွင့်အလမ်းလည်းဖြစ်ပါတယ်။ နောက်ထပ်အကျိုးဆက်တွေကတော့ သူတို့လေးတွေရဲ့ ၀ေါဟာရအသုံးအနှုန်းတွေကို ချဲ့ထွင်ဖို့ နှင့် စကားပြောခြင်း ၊ နားထောင်ခြင်းစွမ်းရည်တွေကိုလည်း တည်ဆောက်နိုင်ဖို့ ကူညီပေးပါလိမ့်မယ်။

၂။ အတူတကွနေထိုင်ဖို့ အခွင့်အရေးတစ်ခု

အတူတူအစာစားခြင်းနှင့်အတူ လုံခြုံမှုနှင့် ညီညွတ်မှုကို ခံစားရစေပါတယ်။ လေ့လာတွေ့ရှိချက်တွေအရ ကလေးတွေဟာ တစ်ဦးနဲ့တစ်ဦး ပိုအချိန်ပေးတယ်ဆိုရင် မိဘတွေချမှတ်ထားတဲ့ စည်းမျဥ်းစည်းကမ်းများ နှင့် မျှော်လင့်ချက်များကို လိုက်နာဖို့ ပိုအခွင့်အလမ်းများပါတယ်။ ဒါဟာ ကလေးများရဲ့ ကိုယ့်ကိုယ်ကို လေးစားမှုကို တိုးပွားစေပြီး သူတို့ဟာ ဘယ်လိုလူတွေဖြစ်တယ်ဆိုတာမျိုး ခံစားရစေပါတယ်။ သင်ကိုယ်တိုင်က ဘယ်လိုလူတစ်ယောက်ဖြစ်ကြောင်းနှင့် မိဘတစ်ဦးအနေနဲ့ သင်တန်ဖိုးထားတဲ့အရာတွေကို သင့်ကလေးကို သိစေခြင်းဖြင့် သင့်ကို ပိုမိုနားလည်ဖို့ ကူညီပေးပါလိမ့်မယ်။

၃။ ပိုကောင်းတဲ့အစားအသောက်တွေကို မြှင့်တင်ပေးနိုင်ခြင်း

တကယ်လို့ သင့်အနေနဲ့ သင့်ကလေးတွေကို အာဟာရတန်ဖိုးတွေကို သင်ကြားပေးချင်တယ်ဆိုရင် မိသားစုထမင်း၀ိုင်းက အကောင်းဆုံးရွေးချယ်စရာနေရာတစ်ခုဖြစ်ပါတယ်။ သူတို့က သင့်အနေနဲ့ မှန်ကန်သောအစာစားခြင်းနှင့် သူတို့အတွက်သင့်လျော်တဲ့ ရွေးချယ်မှုတွေကို စောင့်ကြည့်နေပါလိမ့်မယ်။ ဖြစ်နိုင်ရင် အစားအစာပြင်ဆင်နေတဲ့အချိန်မှာ သူတို့ကို သင်နဲ့အတူ ပူးပေါင်းဖို့အထိ အားပေးပါ။ မိဘများက မိမိတို့ရဲ့ကလေးတွေကြောင့် ပိုမိုကောင်းမွန်သော ရွေးချယ်မှုတွေကို ပြုလုပ်ဖို့ စိတ်အားထက်သန်တတ်ကြတာကြောင့် အတူတကွစားသောက်ကြတဲ့အခါ တတ်နိုင်သမျှ အကောင်းဆုံးဖြစ်အောင် ဖန်တီးတတ်ကြပါတယ်။


အလုပ်များလွန်းသော သင့်အတွက် သင့်အိမ်မှာ မိသားစုထမင်းအမြဲစားဖို့ မဖြစ်နိုင်ပါဘူး။ သို့သော် အနည်းဆုံးတစ်ပတ်လျှင် လေးကြိမ် (သို့)ငါးကြိမ်အထိဖြစ်သင့်ပါတယ်။ အကျိုးကျေးဇူးတွေကို ရေရှည်မှာ အမှန်တကယ်ရရှိလာပါလိမ့်မယ်။

Chit_May_May

Nyein_Thu

sources-mambee

LEAVE A REPLY

Please enter your comment!
Please enter your name here