ကလေးများအတွက် လူမှုဆက်ဆံရေးတိုးတက်စေဖို့ အရေးပါသောလျှို့၀ှက်ချက် ၄ခု

ကလေးများအတွက် လူမှုဆက်ဆံရေးတိုးတက်စေဖို့ အရေးပါသောလျှို့၀ှက်ချက် ၄ခု

0
113
- Advertisement -

လူသဘောသဘာ၀ဆိုတာ တစ်နည်းအားဖြင့် လူမှုရေးဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ လူပတ်၀န်းကျင်လူမှုအဖွဲ့အစည်းမှာ နေထိုင်ပြီး အခြားသူများနှင့် အဆက်မပြတ်အပြန်အလှန်ဆက်သွယ်ကြပါတယ်။ အမှန်တကယ်မှာတော့ ကျွန်တော်တို့ဟာ ငယ်ငယ်ကလေးတည်းကအခြားသူများနှင့် အတူနေထိုင်ဖို့ သင်ယူကြပါတယ်။ အမြဲတမ်းလွယ်ကူနေတာတော့ မဟုတ်ပါဘူး။ ဒါ့ကြောင့် ကျွန်မတို့အနေနဲ့ ကလေးတွေအတွက် လူမှုရေးအရအရေးပါဆုံး သော့ချက်အချို့ မျှ၀ေပေးချင်ပါတယ်။
လူမှုရေးနှင့် ပတ်သက်ပြီးတော့ ကလေးတစ်ဦးရဲ့ ပထမဦးဆုံးအတွေ့အကြုံများဟာမိသားစုမှာ ဖြစ်ပျက်ကြောင်း သတိရဖို့ အရေးကြီးပါတယ်။

လူမှုဆက်ဆံရေးဆိုတာ ဘာလဲ

လူမှုရေးဆက်ဆံရေးဆိုတာ ကွဲပြားခြားနားသော အခြေအနေတွေကို မတူညီသောလူများနှင့် အပြန်အလှန်ထိတွေ့ဆက်ဆံနိုင်ဖို့ အတွက် ကျွမ်းကျင်မှုတွေကို ဆိုလိုပါတယ်။ ကျွန်တော်တို့ရဲ့ ယဥ်ကျေးမှုက မှန်ကန်တယ်လို့ ယူဆထားသော စံနှုန်းတွေကို တဖြည်းဖြည်းတိုးမြှင့်ပေးခြင်းဖြစ်ပါတယ်။

မိမိကိုယ်ကို လေးစားမှု

မိမိကိုယ်ကိုလေးစားမှုဆိုတဲ့ အယူအဆက လူတစ်ဦးရဲ့ မိမိကိုယ်ကို မြင်တဲ့အမြင်ကို ရည်ညွှန်းပါတယ်။ မိမိကိုယ်ကိုလက်ခံခြင်းနှင့် ကိုယ့်ကိုယ့်ကို တိုးတက်နိုင်တယ်လို့ ယုံကြည်တဲ့အပြုအမူများကို ပြုပြင်ဖို့ ကိုယ်ပိုင်၀ိသေသလက္ခဏာများကို သတိပြုခြင်းကမရှိမဖြစ်လိုအပ်သော အရည်အသွေးတစ်ခုဖြစ်ပါတယ်။ ကျွန်တော်တို့အားလုံးဟာ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိသော ကလေးငယ်များကို မိမိကိုယ်ကို လေးစားမှုရှိရန်ပျိုးထောင်ဖို့ လိုအပ်ပါတယ်။ ဒါ့အပြင် ချစ်ခြင်းမေတ္တာနှင့် မိမိကိုယ်ကို ထုတ်ဖော်ပြသနိုင်ဖို့ မရှိမဖြစ်လိုအပ်ပါတယ်။ ဒါတွေအားလုံးကို လူမှုဆက်ဆံရေးနှင့် အနီးကပ်ဆုံးဆက်စပ်ပါတယ်။ တကယ်လို့ ကလေးများက ကိုယ့်ကိုယ်ကို နားလည်နိုင်တယ်ဆိုရင် သူတစ်ပါးရဲ့ ရည်ရွယ်ချက်များ၊ လှုံ့ဆော်မှုများနှင့် အလိုဆန္ဒများကို နားလည်ဖို့ စွမ်းရည်တွေတိုးတက်နိုင်ပါတယ်။ ”မိမိကိုယ်ကို ယုံကြည်သောသူတစ်ယောက်သာဖြစ်မယ်ဆိုရင် တစ်ခြားသူတွေအပေါ်မှာ သစ္စာရှိနိုင်ပါတယ်”လို့ Erich Fromm က ပြောကြားခဲ့ပါတယ်။

သင်ယူခြင်းတန်ဖိုးများ

အပြုသဘောဆောင်သော တန်ဖိုးများကို သင်ယူပြီးတော့ ကြီးပြင်းဖို့ လိုအပ်ပါတယ်။ သင့်လျော်သောလူမှုရေးစွမ်းရည်များရရှိဖို့ မရှိမဖြစ် လိုအပ်သော အချက်နှစ်ချက်ရှိပါတယ်။
ပွင့်လင်းခိုင်မာပြောဆိုခြင်း- သင့်ရဲ့ ကိုယ်ပိုင်အတွေးအခေါ်များ၊ ခံစားချက်များနှင့် အတွေးများကို လေးစားပြတ်သားစွာ ဖော်ပြနိုင်စွမ်းကို ဆိုလိုတာဖြစ်ပါတယ်။ အခြားသူတွေကို စိတ်အနှောင့်အယှက်မဖြစ်စေဘဲ ငြင်းဆိုခြင်းနှင့် မတုန်မလှုပ်နေခြင်း စတဲ့ အပြုအမူနှစ်ခုစလုံးကို ရှောင်ကြဥ်ပြီးတော့ ပြောတာမျိုးဖြစ်ပါတယ်။
စာနာစိတ်ထားပြီးပြောဆိုခြင်း-တစ်ခြားသူတွေရဲ့ ရှုထောင့်မှ ပြဿနာတွေကို ပြုလုပ်တတ်ဖို့၊ သူတို့ရဲ့ ခံစားချက်ကို နားလည်ဖို့နှင့် ထိရောက်စွာ တုံ့ပြန်နိုင်တဲ့ စွမ်းရည်ကို ဆိုလိုတာြဖစ်ပါတယ်။ တနည်းအားဖြင့် အခြားသူတွေရဲ့ စိတ်ခံစားချက်ကို အသိအမှတ်ပြုခြင်းဖြစ်ပါတယ်။ စာနာခြင်းနှင့် လူမှုရေးကျွမ်းကျင်မှုများဟာ လူမှုရေးဆိုင်ရာ အသိညဏ်နှင့် စိတ်ခံစားမှုဆိုင်ရာ အသိညဏ်တွေမှာ ကျွမ်းကျင်မှုအပိုင်းဖြစ်ပါတယ်။

ဆက်သွယ်ရေး

ဆက်သွယ်ရေးဆိုတာ ကျန်းမာသောဆက်ဆံရေးရဲ့ အခြေခံဖြစ်ပါတယ်။ ဒါ့ကြောင့် မိဘတွေအနေနဲ့ အပြန်အလှန်ပြောဆိုဆွေးနွေးခြင်းနှင့် တွေးတောစဥ်းစားခြင်းများရှိသင့်ပါတယ်။ ဒါ့အပြင် ကလေးများအတွက် လူမှုရေးစံနှုန်းများ၊ စည်းမျဥ်းများနှင့် တန်ဖိုးများကို ရှင်းပြခြင်းက အရေးကြီးသော အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။ ဒါ့အပြင် တက်ကြွစွာနားထောင်တတ်ဖို့ အားပေးရန် လိုအပ်ပါတယ်။ ဆက်သွယ်ရေးမှာ လူတစ်ဦးရဲ့ ထင်မြင်ချက်ကို ဖော်ပြဖို့ အာရုံစိုက်ရုံသာမကအခြားသူတွေရဲ့ ထင်မြင်ချက်တွေကိုလည်း ထည့်သွင်းစဥ်းစားသင့်ပါတယ်။ ဒါဟာ လူအမျိုးမျိုးနှင့် ပေါင်းသင်းခြင်းအတွက်နားလည်ပြီး လုံး၀မရှိမဖြစ်လိုအပ်ပါတယ်။

ကစားခြင်းနှင့် လူမှုဆက်ဆံရေး

ကလေးများဟာ လူမှုရေးမှာ ကစားခြင်းနှင့် အကျွမ်းတ၀င်ရှိရမယ်။ တနည်းအားဖြင့် မိဘများက ကလေးတွေကို အခြားကလေးများနှင့် ဆက်သွယ်တဲ့အခါ ပျော်ရွှင်စရာရရှိနိုင်သော အခြေအနေများကို စီစဥ်ပေးဖို့ လိုအပ်ပါတယ်။ ဒီလိုနည်းနဲ့ပဲ ကလေးများဟာ ရွယ်တူချင်း ဘယ်လိုဆက်ဆံရမယ်ဆိုတာ စောစောစီးစီးလေ့လာနိုင်ခြင်း၊ ပူးပေါင်းဆောင်ရွက်ခြင်း၊ ချစ်ကြည်ရေးနှင့် ရက်ရောခြင်းစတဲ့ လူမှုရေးတန်ဖိုးများကို လက်ခံကျင့်သုံးလာမှာ ဖြစ်ပါတယ်။ ကစားခြင်းနှင့် လူမှုရေးဆက်ဆံရေးကို ဖွံ့ဖြိုးတိုးတက်စေခြင်းက ကလေးဘ၀မှာ လူမှုရေးကို အားပေးသော အကောင်းဆုံးနည်းလမ်းဖြစ်ပါတယ်။

Chit_May_May

Nyein_Thu

sources-Youaremom

LEAVE A REPLY

Please enter your comment!
Please enter your name here