ကလေးတွေဆိုတာဟာ ကျန်းမာရေးနဲ့ပတ်သက်ပြီး ဘာမှသေချာသိနားမလည်သေးတဲ့အတွက်ကြောင့် သူတို့မြင်သမျှ ကြားသမျှ အစားအသောက်တွေစားချင်မယ် ဖျော်ရည်တွေသောက်ချင်တာဟာ သဘာဝပါ။ ဒါပေမယ့် အရာရာကို သိနားလည်နေပြီဖြစ်တဲ့ မိဘတွေကတော့ ကိုယ့်သားသမီးအတွက် ဘယ်လိုအစားအသောက်တွေက အကောင်းဆုံးနဲ့ အသင့်တော်ဆုံးဖြစ်မလဲဆိုတာကို သေချာကွဲကွဲပြားပြား သိထားသင့်တာပေါ့။ ကလေးတွေတောင်းတိုင်း၊ ပူဆာတိုင်း သောက်ချင်သမျှ ဖျော်ရည်တွေကို တိုက်လို့မရပါဘူး။ သူတို့လေးတွေအတွက် အကောင်းဆုံးနဲ့အသင့်တော်ဆုံးကတော့ ရေနဲ့နို့ပါပဲ။
ရေ

ကလေးတွေဟာ သူတို့ရဲ့ အဆုတ်တွေ၊ အသားအရေ၊ ဆီးနဲ့ မျက်နှာတွေကနေတဆင့် တချိန်လုံး ရေဓာတ်ဆုံးရှုံးကြပါတယ်။ ဒါကြောင့် ရေဓာတ်ခမ်းခြောက်ပြီး နောက်ဆက်တွဲကျန်းမာရေးပြဿနာတွေ ဝင်မလာရစေအောင် ရေများများသောက်သုံးပေးသင့်ပါတယ်။
နို့

ကလေးတွေဟာ ငယ်စဥ်ကတည်းက နို့နဲ့အစပြုလာကြတာပါ။ မိခင်နို့ကတော့ အကောင်းတကာ့ အကောင်းဆုံးဆိုပေမယ့်လည်း ကိုယ်ကမိခင်နို့တိုက်ဖို့ အဆင်မပြေတော့ဘူးဆိုရင်တော့ ဖော်မြူလာတွေကိုလည်း ထည့်ကျွေးသင့်ပါတယ်။ ကလေး ၆ လလောက်ရောက်ပြီဆိုရင် အစာမာလေးတွေနဲ့ ဖြည်းဖြည်းချင်း မိတ်ဆက်ပေးလို့ရပါပြီ။ ၁၂ လလောက်ရောက်ပြီဆိုရင်တော့ နွားနို့နဲ့ထိတွေ့ပေးပါ။ အသက် ၂ နှစ်ပြည့်တဲ့အထိ Full-fat နွားနို့ကတော့ Low-fat နွားနို့ထက်စာရင် ပိုကောင်းပါတယ်။
သို့သော်လည်း နို့တွေကပဲ ကလေးကိုအားမဖြည့်ပေးနိုင်တာကြောင့် အသား၊ ငါး၊ ကြက်ဥ၊ ဒိန်ချဥ်၊ ချိစ် တို့ကိုလည်း ကျွေးပေးခြင်းဖြင့် ပရိုတင်းနှင့် ဗီတာမင် B12 တို့ကို ဖြည့်တင်းပေးပါ။
ဆိတ်နို့၊ သိုးနို့၊ အုန်းနို့နှင့် အယ်လ်မွန်နို့တို့ကို ကလေး အသက် ၂ နှစ်မပြည့်သေးခင်အထိ မတိုက်ကျွေးသင့်ပါဘူး။ ဆရာဝန်ရဲ့ခွင့်ပြုချက်မရှိဘဲနဲ့ ၂ နှစ်မပြည့်သေးသရွေ့ ပဲနို့မတိုက်ပါနဲ့။
မတိုက်ကျွေးသင့်တဲ့ ဖျော်ရည်များ
သစ်သီးဖျော်ရည်

ရင်ခွင်ပိုက်အရွယ်ကလေးတွေကို သစ်သီးဖျော်ရည်မတိုက်သင့်ပါဘူး။ ထိုဖျော်ရည်တွေ တိုက်ကျွေးခြင်းက မိခင်နို့နှင့် ဖော်မြူလာတို့ကို သောက်သုံးချင်စိတ် လျော့ကျသွားစေနိုင်ပါတယ်။
တော့တီးတော့တ လမ်းလျှောက်တတ်ခါစ ကလေးငယ်တွေနဲ့လည်း သစ်သီးဖျော်ရည်တွေက မသင့်တော်ပါဘူး။ သွားပိုးစားခြင်းကို ဖြစ်လာနိုင်စေပါတယ်။
အရွယ်နည်းနည်းကြီးပြီဖြစ်တဲ့ ကလေးတွေအတွက်တော့ ဘာသကြားမှထည့်သွင်းထားခြင်းမရှိတဲ့ သစ်သီးဖျော်ရည်တွေကို ရံဖန်ရံခါ ထည့်သွင်းတိုက်ကျွေးနိုင်ပါတယ်။
ဆေးသကြားတွေပါဝင်တဲ့ ဖျော်ရည်များ

အချိုဓာတ်တွေလွန်ကဲအောင်လို့ သကြားတွေထပ်မံထည့်သွင်းထားတဲ့ ဖျော်ရည်တွေကို လုံးဝအားမပေးပါဘူး။ Soft drinks, အချိုရည်၊ သစ်သီးဖျော်ရည်၊ ဗီတာမင်ရေများ၊ အင်အားဖြည့်အချိုရည်များနှင့် Sports drinks တွေက အပါအဝင်ပါပဲ။ ဒီဖျော်ရည်တွေ တိုက်ကျွေးခြင်းက ကလေးကို အဝလွန်စေနိုင်ပါတယ်။
ကဖိန်းဓာတ်ပါဝင်တဲ့ ဖျော်ရည်များ

လက်ဖက်ရည်၊ ကော်ဖီနှင့် အင်အားဖြည့်အချိုရည်တွေဟာ ကဖိန်းဓာတ်ပါဝင်လို့ ကလေးတွေအတွက် မသင့်တော်ပါဘူး။ ဒီဖျော်ရည်တွေမှာ ထည့်သွင်းထားတဲ့ ကဖိန်းပါဝင်မှုက လူကြီးတွေနဲ့ယှဥ်ရင် ကလေးတွေအတွက်တော့ မြင့်မားနိုင်ပြီး ကလေးရဲ့အိပ်စက်မှုကို အနှောင့်အယှက်ဖြစ်စေနိုင်ပါတယ်။
#Chit_May_May
#Thinzar
Ref- pregnancybirthbaby