ကလေးများအတွက် Malabsorption Syndrome ရောဂါသည် ကြီးလေးတဲ့ ပြဿနာတွေရဲ့ အရင်းအမြစ်တခုဘဲဖြစ်ပါတယ်။ ပိုမိုဆိုးဝါးလာခြင်းကို ကာကွယ်ဖို့နဲ့ အမြန်ဆုံးကုသဖို့အရေးကြီးပါတယ်။ ဒီတော့ Malabsorption Syndrome ရောဂါဆိုတာ ဘယ်လိုမျိုးဆိုတာနဲ့ ဘယ်လိုဆိုးကျိုးသက်ရောက်မှုတွေရှိလာနိုင်တယ်ဆိုတာကို ဖော်ပြပေးချင်ပါတယ်။

အစာခြေနေစဉ် အူနံရံတွေဟာ အဟာရများကို မစုပ်ယူနိုင်တဲ့အခါ ဆရာဝန်တွေဟာ အစာစုပ်ယူမှုလက္ခဏာတွေကို သံသယဝင်တတ်ကြပါတယ်။ ကလေးငယ်များတွင် Malabsorption Syndrome ရောဂါဖြစ်ပွားနေပါက နာတာရှည်ဝမ်းသွားခြင်း၊ သွေးအားနည်းရောဂါ၊ အာဟာရချို့တဲ့မှု စတာတွေဖြစ်ပွားလာတတ်ကြပါတယ်။

အစာခြေခြင်းလုပ်ငန်းသည် စားသုံးလိုက်တဲ့ အစားအစာများကို ချေဖျက်ပြီး အဟာရအဖြစ်ပြောင်းလဲကာ အူနံရံများမှတဆင့် သွေးကြောများထဲသို့ ဝင်ရောက်စေပါတယ်။ ထိုမှတဆင့် ခန္ဓာကိုယ်ထဲမှာရှိတဲ့ ဆဲလ်တွေဟာ သူတို့လိုအပ်တဲ့အဟာရဓါတ်တွေကို ရရှိကြပါတယ်။ Malabsorption Syndrome ရောဂါရှိတဲ့ ကလေးငယ်တွေကတော့ အဟာရများသည် မစင်များနဲ့အတူရောပါသွားကြပါတယ်။

ကလေးများအတွက် Malabsorption Syndrome ရောဂါလက္ခဏာဖြစ်ပွားတယ်လို့ သံသယရှိပါက သိသာထင်ရှားတဲ့ လက္ခဏာနှစ်ရပ်ရှိပါတယ်။ အဲဒါကတော့ ဝမ်းဗိုက်ပိုင်းနာကျင်မှုနဲ့ ဝမ်းသွားတဲ့အခါ မစင်များသည် ပျော့ပျောင်းနေပြီး အနံ့အလွန်ဆိုးဝါးပါတယ်။ ဒါကို ကောင်းမွန်စွာ မကုသပါက ကလေးငယ်သည် ရောဂါကူးစက်လွယ်ကူခြင်း၊ အရိုးကျိုးလွယ်ခြင်းနဲ့ အသားအရည်ပိုင်းဆိုင်ရာ အားနည်းခြင်းတွေဖြစ်လာနိုင်ပါတယ်။ ဒီလိုမျိုးဖြစ်စဉ်တွေဟာ ရေတို၊ ရေရှည်ဖြစ်လာတတ်ပြီး
ခန္ဓာကိုယ်ဟာ ကောင်းမွန်တဲ့ ခုခံကာကွယ်မှုတွေမပြုလုပ်နိုင်တော့တာကြောင့် ပိုပြီးဆိုးဝါးတဲ့ အခြေအနေမျိုးတွေကိုကြုံတွေ့လာရနိုင်ပါတယ်။

Malabsorption Syndrome ရောဂါလက္ခဏာသည် ၂ရက်၊ ၃ရက်လောက်နဲ့ မဖော်ပြတတ်ဘဲ ၇ရက် သို့မဟုတ် ၁၀ ရက်ခန့်မှ စတင်တတ်ပါတယ်။ တကယ်လို့ ကလေးငယ်ဟာ ၇ရက်(သို့) ၁၀ရက်လောက်အထိ ဝမ်းဗိုက်နာကျင်ခြင်း၊ ဝမ်းပျော့ခြင်းများဖြစ်ပွားနေပါက ကြီးမားတဲ့ပြဿနာတွေဖြစ်ပွားလာတတ်ပါတယ်။ Malabsorption Syndrome ရောဂါဖြစ်ပွားခြင်းရှိ/မရှိကို စစ်ဆေးဖို့အတွက်က ခက်ခဲတတ်တဲ့အတွက် ကလေးအထူးကုဆရာဝန်နဲ့ သေချာစွာပြသပေးဖို့လိုအပ်ပါတယ်။

Malabsorption Syndrome ရောဂါကို ဖြစ်ပွားခြင်းကို မသိရှိလိုက်ပါက ပြင်းထန်ဆိုးဝါးတဲ့ နောက်ဆက်တွဲအကျိုးဆက်တွေဖြစ်ပွားလာတတ်တာကြောင့် အချိန်မှီကုသပေးဖို့လိုအပ်ပါတယ်။ ရောဂါဖြစ်ပွားခြင်း ဟုတ်/မဟုတ် တိကျတဲ့အဖြေမသိရှိရသေးဘူးဆိုရင်လည်း အဟာရစုပ်ယူလွယ်တဲ့ အစားအစာတွေကို ကျွေးမွေးတာက ကလေးငယ်တွေအတွက်အကောင်းဆုံးနည်းလမ်းဖြစ်ပါတယ်ဆိုတဲ့အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်။
#Chit_May_May
#Dmo_aung
#Ref-youaremon