တစ်ချို့ကလေးတွေဟာ အရောင်ခြယ်ခြင်း၊ စာဖတ်ခြင်း နှင့် တစ်ခြားတိတ်တဆိတ်ကစားစရာတွေကစားခြင်းအပါအဝင် ငြိမ်သက်စွာကစားနေကြချိန်မှာ တစ်ချို့ကလေးတွေကတော့ မငြိမ်မသက်ခုန်ပေါက်ပြေးလွှားနေကြပြီး နံရံတွေကို ကုပ်ခြစ်တွယ်တက်သည်အထိ ဆော့ကစားကြပါတယ်။ စွမ်းအားပြည့်ဝသော ကလေးတစ်ယောက်က ADHDရှိတယ်လို့ မြန်မြန်ဆန်ဆန်ပြောကောင်းပြောပါလိမ့်မယ်။ သို့ပေမယ့် ဒါဟာ မျောက်ရှုံးအောင် ဆော့ရခြင်းရဲ့ အကြောင်းပြချက်ကောင်းမဟုတ်ပါဘူး။ ဒီနေရာမှာ အကြောင်းအရာတစ်ချို့ကို မျှဝေပေးထားပါတယ်။

၁။ ဖိအားတွေရှိနေခြင်း
၎င်းက အမြဲတမ်းပရမ်းပတာဖြစ်နေခြင်း၊ စိတ်အပြောင်းအလဲမြန်နေသည်ဖြစ်စေ ကလေးတွေဟာ စိတ်ဖိစီးမှုများသော ဘဝဖြစ်ရပ်တစ်ခုကို ကြုံတွေ့ရတဲ့အခါ hyperactiveဖြစ်လာပါတယ်။ ကလေးငယ်အသစ်မွေးဖွားခြင်း (သို့) ပိုမိုကောင်းမွန်သော ရပ်ကွက်တစ်ခုသို့ ပြောင်းရွှေ့ခြင်းကဲ့သို့သော အပြုသဘောဆောင်တဲ့ ပြောင်းလဲမှုတွေမှာတောင် ကလေးတစ်ဦးအတွက် စိတ်ဖိစီးမှုများစွာ ဖြစ်စေနိုင်ပါတယ်။ ငွေရေးကြေးရေးပြဿနာတွေ (သို့) ဆက်နွယ်မှုဆိုင်ရာပြဿနာတွေကြောင့် သင့်ကလေးကို ထိခိုက်မှုမဖြစ်နိုင်ကြောင်း သင်ဆုံးဖြတ်ချက်မချမီကလေးတွေဟာ သူတို့ရဲ့မိဘတွေရဲ့ စိတ်ဖိစီးမှုကို ခံနေရတယ်ဆိုတာ သတိရပါ။ သင်စိတ်ဖိစီးမှုခံစားနေရတယ်ဆိုရင် သင့်ကလေးလည်း စိတ်ဖိစီးမှုများလာနိုင်ပါတယ်။
သင့်ကလေးက တစ်သမတ်တည်းရှိပြီး ကြိုတင်ခန့်မှန်းနိုင်တဲ့ လုပ်ရိုးလုပ်စဥ်တစ်ခုသေချာအောင် လုပ်ပါ။ သင့်စိတ်ဖိစီးမှုများသော ဘဝဖြစ်ရပ်တွေကို တွေ့ကြုံခံစားရတယ်ဆိုရင် သင့်ကလေးကို အာမခံမှုနှင့် ထောက်ခံမှုပေးပါ။

၂။ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး ပြဿနာများ
စိတ်ခံစားမှုဆိုင်ရာ ပြဿနာတွေက ကလေးတွေဟာ အမူအကျင့်ဆိုင်ရာပြဿနာတွေဖြစ်လေ့ရှိပါတယ်။ စိုးရိမ်ပူပန်တတ်တဲ့ ရောဂါရှိတဲ့ကလေးတစ်ဦးက ငြိမ်ငြိမ်လေးထိုင်နေဖို့ခက်ခဲနိုင်ပါတယ်။ ဒါမှမဟုတ် ကြောက်စရာအဖြစ်အပျက်တစ်ခုကြောင့် စိတ်ထိခိုက်နေသူတစ်ယောက်ဟာ အာရုံစိုက်နိုင်မှာ မဟုတ်ပါဘူး။ တကယ်လို့ သင်က သင့်ကလေးရဲ့ hyperactivityက စိတ်ခံစားမှုဆိုင်ရာ ပြဿနာတစ်ခုကြောင့် ဖြစ်မယ်လို့ သံသယရှိတယ်ဆိုရင် ကျွမ်းကျင်သူတွေရဲ့ အကူအညီရယူပါ။ ကုသမှုက hyperactivity အပါအဝင်ရောဂါလက္ခဏာများစွာကို လျှော့ချနိုင်ပါတယ်။

၃။ အစားအသောက်ဆိုင်ရာ ကိစ္စများ
သုတေသနပြုချက်တွေအရ သကြားဓာတ်က hyperactivity ကို မဖြစ်စေနိုင်ပါဘူး။ အနည်းငယ်လေ့လာမှုတွေက ကြာရှည်ခြင်းနှင့် အတုအရောင်တွေက ကလေးတွေအတွက် hyperactivityကို တိုးစေကြောင်း တွေ့ရှိခဲ့ပါတယ်။ တကယ်လို့ သင့်ကလေးရဲ့အစားအစာက သူ့ရဲ့လှုပ်ရှားမှုအဆင့်မှာ အရေးကြီးတဲ့ အခန်းကဏ္ဍက ပါဝင်နိုင်တယ်ဆိုရင် သင့်ကလေးနဲ့ ပြောဆိုပါ။ သင့်ကလေးရဲ့ အပြုအမူကို ပိုမိုဆိုးရွားစေနိုင်တဲ့ အစားအစာသည်းမခံနိုင်မှုတွေနှင့် ထိခိုက်လွယ်မှုတွေကို ရှာဖွေတွေ့ရှိဖို့ ကူညီနိုင်တဲ့ အစားအစာအချို့ရှိပါတယ်။

၄။ ရုပ်ပိုင်းဆိုင်ရာ ပြဿနာများ
Hyperactivityဖြစ်စေတဲ့ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးပြဿာနာတွေရှိပါတယ်။ ဥပမာ အလွန်အကျွံ thyroidဖြစ်ခြင်းက စိုးရိမ်ပူပန်မှုမှသည် hyperactivityအထိ ရောဂါအမျိုးမျိုးကို ဖြစ်ပေါ်စေနိုင်ပါတယ်။ အခြားသောမျိုးရိုးဗီဇဆိုင်ရာ ပြဿနာတွေက ပိုမိုများပြားလာနိုင်ပါတယ်။ သင့်ကလေးရဲ့ ရောဂါလက္ခဏာများအကြောင်း သင့်ကလေးရဲ့အထူးကုကို ပြောဆိုပါ။ သင့်စိုးရိမ်ပူပန်မှုတွေက အသေးစိတ်စာရင်းပြုစုထာခြင်းက ဆရာဝန်ကို ပြဿနာအရင်းမြစ်ဖြစ်နိုင်တဲ့ ကျန်းမာရေးပြဿနာတွေကို ခွဲခြားသိမြင်စေနိုင်ပါတယ်။

၅။ လေ့ကျင့်ခန်းလှုပ်ရှားမှုကင်းမဲ့ခြင်း
ကလေးတွေကို တက်ကြွမှုနှင့် စွန့်စားအားထုတ်မှုတွေရဲ့ ထောက်ပံ့မှုခံရတဲ့သူလေးတွေပါ။ ပတ်ပတ်လည်ကစားဖို့ အခွင့်အလမ်းတွေမရှိခြင်းက hyperactivity ပိုဆိုးစေပါတယ်။ သင့်ကလေးကို နေ့စဥ်လေ့ကျင့်ခန်းအကြိမ်ကြိမ်ပြုလုပ်ဖို့ တိုက်တွန်းပါ။ ကစားကွင်းပေါ်မှာ ကစားခြင်း၊ စက်ဘီးစီးခြင်းနှင့် ပြေးခြင်းတို့ဟာသင့်စွမ်းအင်ကို အကျိုးဖြစ်ထွန်းစေသော လှုပ်ရှားမှုတွေအဖြစ်ကို သင့်ကလေးကိုလမ်းပြဖို့ အခွင့်အရေးပေးပါလိမ့်မယ်။

၆။ အိပ်စက်မှုကင်းမဲ့ခြင်း
လူကြီးတွေဟာ ပင်ပန်းနေချိန်မှာ နှေးကွေးလေးလံလာလေ့ရှိသော်လည်း ကလေးတွေကများသောအားဖြင့် hyperactive ဖြစ်လာတတ်ပါတယ်။ ၎င်းကလွဲချောနေသော အိပ်မောကျခြင်း (သို့) အိပ်ချိန်နေောက်ကျခြင်းတွေကြောင့် ဖြစ်ပါတယ်။ ကလေးတစ်ဦးက လုံလောက်စွာ အနားမရသောအခါ သူ့ခန္ဓာကိုယ်က cortisol နှင့် adrenaline ကို ပိုမိုပြုလုပ်ပေးခြင်းဖြင့် သူကနိုးနေနိုင်ပါတယ်။ ရလဒ်အနေနဲ့ သူက စွမ်းအင်ပိုမိုရရှိပါလိမ့်မယ်။
သင့်ကလေးက အိပ်မောကျနေကြောင်း သေချာအောင် လုပ်ပါ။ လုံလောက်စွာ အနားယူဖို့ သင့်အခက်အခဲရှိတယ်ဆိုရင် သင့်ကလေးအထူးကုကို ကူညီနိုင်မယ့် နည်းဗျူဟာအကြောင်း ပြောဆိုပါ။
Chit_May_May
Nyein_Thu
ref-verywell