Home Parenting Parent Guide ကလေးမွေးခြင်းက အိမ်ထောင်ရေးပြဿနာတွေအတွက် အဖြေမဟုတ်ရတဲ့ အကြောင်းရင်း (၆)ချက်

ကလေးမွေးခြင်းက အိမ်ထောင်ရေးပြဿနာတွေအတွက် အဖြေမဟုတ်ရတဲ့ အကြောင်းရင်း (၆)ချက်

0
ကလေးမွေးခြင်းက အိမ်ထောင်ရေးပြဿနာတွေအတွက် အဖြေမဟုတ်ရတဲ့ အကြောင်းရင်း (၆)ချက်

အချို့သော စုံတွဲတွေက ကလေးယူလိုက်ရင် ပြဿနာတွေကို ဖြေရှင်းနိုင်မယ်လို့ ကောက်ချက်ချတတ်ကြပါတယ်။ အများစုမှာ ဒီအကြံဉာဏ်က သူငယ်ချင်းတွေနဲ့ မိသားစုတွေဆီကနေ လာတတ်ပါတယ်။ ဟုတ်ပါတယ်။ ကလေးကို ဒီကမ္ဘာထဲသို့ ကြိုဆိုလိုက်တာက လက်တွဲဖော်တွေကို အရင်က မလုပ်ဖူးတဲ့ ပုံစံနဲ့ သံယောဇဉ်ချည်နှောင်ပေးလိမ့်မယ်ဆိုတာ မှန်ပါတယ်။ သို့သော် သူတို့ရဲ့ ဆက်ဆံရေးမှာ ပြဿနာတွေ နက်နက်ရှိုင်းရှိုင်းရှိနေရင် ဒါက ပြဿနာကို အမှန်တကယ် မဖြေရှင်းနိုင်ဘဲ ခေတ္တမျှသာ နှောင်နှေးသွားနိုင်ခြေ ရှိပါတယ်။ ပိုဆိုးတာက သင့်ကလေးဟာ လက်တွဲဖော်တွေကြားက ပြဿနာတွေရဲ့ အကျိုးဆက်ကို ခေါင်းခံရမှာ ဖြစ်ပါတယ်။ ဒါတွေကတော့ ကလေးတစ်ယောက်ကို ဒီလောကထဲသို့ ခေါ်ဆောင်ခြင်းက သင့်အိမ်ထောင်ရေးပြဿနာတွေကို မဖြေရှင်းနို်ငဘဲ ပိုဆိုးသွားစေမယ့် အကြောင်းရင်း (၆)ချက် ဖြစ်ပါတယ်။

၁။ သင့်ရဲ့ ဦးစားပေးတွေ ပြောင်းလဲသွားပါတယ်

ကလေးတစ်ယောက်ဟာ သင့်ဘဝကို သိသိသာသာ ပြောင်းလဲစေပါတယ်။ သင့်ရဲ့ ဦးစားပေးတွေက ပြောင်းလဲလာပြီး စိတ်ဖိစီးမှုအဆင့်တွေ တိုးလာပါမယ်။ ကလေးမမွေးခင်တုန်းက ကိုယ့်ရဲ့ အချစ်ရေးပေါ်မှာ အလုပ်ဖြစ်ဖို့ အချိန်နဲ့ စိတ်ရှည်သည်းခံမှုတွေ မရှိခဲ့ရင် ကလေးတစ်ယောက် ရလာတာနဲ့ သင့်အိမ်ထောင်ရေးပေါ်မှာ အလုပ်ဖြစ်ဖို့ နေရာပေးနိုင်လိမ့်မှာ မဟုတ်ပါဘူး။ ဒီအထဲမှာ သင့်ရဲ့ ပါစင်နယ်နဲ့ ပရော်ဖက်ရှင်နယ် ရည်မှန်းချက်တွေ ထပ်ပေါင်းပါ။ ကလေးတစ်ဦးကို ပြုစုပျိုးထောင်ခြင်းက အချိန်ပြည့်အလုပ်ဖြစ်ပါတယ်။ ကလေးပြုစုခြင်းနှင့်အတူ သင့်အလုပ်ဘဝကို ဟန်ချက်ညီအောင် ထိန်းနေရတယ်ဆိုရင် အခွင့်အလမ်းတွေကို သင်သေချာပေါက် အပေးအယူ လုပ်ရပါလိမ့်မယ်။ ထိုသို့သော စိတ်ဖိစီးမှုတွေနဲ့ ဆုံးဖြတ်ချက်ချခြင်းက သင့်လက်တွဲဖော်နှင့်အတူ ကြုံတွေ့နေရတဲ့ အရင်းခံပြဿနာတွေကို ပိုဆိုးရွားစေမှာ ဖြစ်ပါတယ်။

၂။ သင့်မှာ အချိန်ရှိမှာ မဟုတ်ပါဘူး

သင်တို့နှစ်ယောက်ရဲ့ကွဲလွဲမှုတွေကို ပြေလည်အောင် မညှိနှိုင်းနိုင်ခဲ့ရတဲ့ အဓိကအကြောင်းရင်းက အချိန်မပေးနိုင်လို့ဆိုရင် ကလေးမွေးပြီးနောက်မှာရော ဒီလိုပြဿနာမျိုးမရှိတော့ဘူးလို့ ထင်သလား? ပြောဆိုဆက်ဆံမှုက ဘယ်ဆက်ဆံရေးမှာမဆို အရေးကြီးပြီး ကလေးမွေးပြီးတာနဲ့ communicate လုပ်ဖို့ အချိန်မရှိပါဘူး။ အိပ်ချိန်ကလွဲပြီး ကျန်တဲ့အချိန်တွေမှာ အိမ်အလုပ်နှင့်အတူ ကလေးပြုစုစောင့်ရှောက်နေရပြီး ကိုယ့်အတွက်ကိုယ် အချိန်မပေးနိုင်တော့ပါဘူး။ ဒါက ပဋိပက္ခတွေကို ဖြေရှင်းဖို့ ခက်ခဲစေပါတယ်။ ရှိပြီးသား ပြဿနာတွေကို ပိုပြင်းထန်လာစေမှာ ဖြစ်ပါတယ်။

၃။ သဘောထားကွဲလွဲမှုတွေ ရှိလာနိုင်ပါတယ်

ဒီတော့ သင်နဲ့ သင့်လက်တွဲဖော်ဟာ သဘောထားကွဲလွဲမှုများစွာကို ရင်ဆိုင်နေရပြီလား? ကလေးကို ကြိုဆိုပြီးရင် နှစ်ယောက်စလုံးက team တစ်ခုအနေနဲ့ ကိစ္စတွေကို စတင်ဆုံးဖြတ်မယ်လို့ ထင်လား? အဲဒီအစား သဘောတူညီချက်တစ်ခုရဖို့ အခက်အခဲပိုရှိလာမှာ လုံးဝဖြစ်နိုင်ပါတယ်။ ကလေးတစ််ယောက်ကို ပြုစုပျိုးထောင်ရာမှာ နေ့စဉ်နေ့တိုင်း သင်ဆုံးဖြတ်ရမယ့် ရွေးချယ်စရာများစွာ ရှိပါတယ်။ ကလေးပြုစုပျိုးထောင်ခြင်းနဲ့ ပတ်သတ်လို့ သဘောထားကွဲလွဲတာ သဘာဝပါပဲ။

မိဘနှစ်ပါးစလုံးက သူတို့ရဲ့ တန်ဖိုးတွေ၊ ပြုစုပျိုးထောင်မှုပုံစံတွေကို လွှမ်းမိုးနိုင်တဲ့ ယဉ်ကျေးမှုဆိုင်ရာ မတူညီတဲ့ နောက်ခံတွေကနေ ဆင်းသက်လာနိုင်ပါတယ်။ ကျန်းမာတဲ့ ဆက်ဆံရေးတွေမှာတောင် စုံတွဲတွေဟာ သဘောထားကွဲလွဲကြပါလိမ့်မယ်။ မိဘအုပ်ထိန်းမှုပုံစံတွေမှာ သဘောထားကွဲလွဲမှုတွေနဲ့ မတူညီမှုတွေက ဆက်ဆံရေးမှာ တင်းမာမှုကို ပိုတိုးလာစေပါတယ်။

၄။ အားပြန်ယူဖို့ အချိန်ရှိမှာ မဟုတ်ပါဘူး

ကွဲလွဲမှုတွေနဲ့ ပြဿနာတွေကို ဖြေရှင်းရာမှာ များသောအားဖြင့် သင့်ကိစ္စကို မှန်ကန်စွာ တင်ပြနိုင်ဖို့ လိုအပ်ပါတယ်။ လက်တွဲဖော်ကို ကောင်းစွာ communicating လုပ်နိုင်မှသာ ပြဿနာတွေကို ဖြေရှင်းနိုင်မှာ ဖြစ်ပါတယ်။ သို့သော် မွေးကင်းစကလေးငယ်ဟာ သင့်ရဲ့နေ့စဉ်အချိန်ဇယားမှာ ကြီးမားတဲ့ စိတ်ဖိစီးမှုကို ဖြစ်စေပါတယ်။ သင့်မှာ အနားယူဖို့ (သို့) အပန်းဖြေဖို့ အချိန်မရှိတော့ဘဲ သင်နဲ့ သင့်လက်တွဲဖော်ကို ပင်ပန်းစေမှာ ဖြစ်ပါတယ်။ အချစ်ရေးမှာ အရင်းခံပြဿနာတွေ ရှိနေရင် အားပြန်သွင်းဖို့ အချိန်မရှိတာက တစ်ယောက်အပေါ် တစ်ယောက်ထားတဲ့ စိတ်တိုဒေါသထွက်မှုတွေကို တိုးလာစေမှာပါ။

၅။ သင့်မိသားစုဝင်တွေက ဆက်ဆံရေးအတွက် ဖိအားတွေ ထည့်လာနိုင်ပါတယ်

ကလေးတစ်ယောက်မွေးပြီးဆိုရင် နှစ်ဖက်မိသားစု ပါဝင်လာပါပြီ။ အဒေါ်တွေ၊ ဦးလေးတွေ၊ မောင်နှမတွေနဲ့ မိဘတွေဆီကနေ လူတိုင်းက သင့်ကလေး ပြုစုပျိုးထောင်ပုံနဲ့ ပတ်သတ်လို့အကြံဉာဏ်တွေ၊ မှတ်ချက်တွေနဲ့ ထင်မြင်ချက်တွေနဲ့ တရစပ်ထိုးနှက်လာကြမှာပါ။ အထူးသဖြင့် အပြန်အလှန်နားလည်မှု အားနည်းနေချိန်မှာ သင့်ရဲ့မိဘအုပ်ထိန်းမှုပုံစံတွေအတွက်နဲ့ သင့်ရဲ့ဆက်ဆံရေးကို ဖိအားတွေ တိုးလာစေနိုင်ပါတယ်။ သင် (သို့) သင့်ပါတနာအား နှိမ့်ချမိနိုင်တဲ့ အနေအထားသို့ ရောက်သွားနိုင်ပါတယ်။

၆။ သင့်လုပ်ဖော်ကိုင်ဖက်ကို ချည်နှောင်ထားသလို ခံစားရနိုင်ပါတယ်

သင့်လက်တွဲဖော်နဲ့ လမ်းခွဲဖို့ စဉ်းစားနေတယ်ဆိုရင် အဲဒီအရှုပ်အထွေးမှာ ကလေးတစ်ယောက်ကို ထည့်တာက ပိုရှုပ်ထွေးစေပါတယ်။ ဘာကြောင့်လဲဆိုတော့ အခုချိန်မှာ သင့်လက်တွဲဖော်နဲ့ လမ်းခွဲရတော့မှာ မဟုတ်ဘဲ မိသားစုနဲ့လည်း လမ်းခွဲရပါဦးမယ်။ ဘာဖြစ်လို့လဲဆိုတော့ ကလေးထိန်းသိမ်းစောင့်ရှောက်ခွင့် တိုက်ပွဲအတွက် တရားရုံးတွေနဲ့ ဆက်ဆံရမယ်၊ နောက်ဆက်တွဲ ပြဿနာများစွာကို ရင်ဆိုင်ရဦးမှာ ဖြစ်တဲ့အတွက် ဒါက အရှုပ်အထွေးတစ်ခုဖြစ်ပါတယ်။

ကလေးမွေးခြင်းက ရုန်းကန်နေရတဲ့ အိမ်ထောင်ရေးကို ကယ်တင်မယ်လို့ သင်ထင်ကောင်းထင်နိုင်သော်လည်း သင်ပြုလုပ်မိနိုင်တဲ့ အဆိုးရွားဆုံး ဆုံးဖြတ်ချက်ဖြစ်ပါတယ်။ ကလေးအတွက် မမျှတရုံသာမက လမ်းခွဲခြင်းကိုပါ ဖြစ်ပေါ်စေနိုင်ပါတယ်။ သင့်ရဲ့အချစ်ကို ထင်ရှားစေချင်တယ်၊ သင့်ရဲ့ဆက်ဆံရေးကို နောက်တစ်ဆင့် တက်ချင်တယ်။ သင့်ရဲ့ ပြဿနာတွေကို ဖြေရှင်းဖို့မဟုတ်ဘဲ မိသားစုတစ်ခုရှိချင်တယ်ဆိုရင် ကိုယ့်ရဲ့ပါတနာနဲ့ ကလေးယူသင့်ပါတယ်။ ဒါ့ကြောင့် နောက်တစ်ဆင့်အတွက် ကြီးကြီးမားမား မဆုံးဖြတ်ခင်မှာ လက်ရှိပြဿနာတွေကို အရင်ဖြေရှင်းဖို့ အကြံပြုချင်ပါတယ်။

Chit_MayMay

LM_Nandar

Source-momjunction

LEAVE A REPLY

Please enter your comment!
Please enter your name here