ကလေးမွေးဖွားခြင်းက အဖေအသစ်စက်စက်ရဲ့ ခန္ဓာကိုယ်နဲ့ဦးနှောက်ကို ဘယ်လို ပြောင်းလဲသွားစေနိုင်လဲ

0
360
- Advertisement -

အမျိုးသမီးတွေကိုယ်၀န်ဆောင်ချိန်နဲ့ကလေးမွေးဖွားချိန်တွေမှာ စိတ်လှုပ်ရှားမှုနဲ့ဟော်မုန်းအပြောင်းအလဲတွေ၊ စိတ်ဖိစီးမှုနဲ့မမျှော်လင့်တဲ့ခန္ဓာကိုယ်အပြောင်းအလဲပေါင်းများစွာကို ကြုံတွေ့ခံစားကြရပါတယ်။ ဒါပေမယ့် ကလေးအဖေတွေကတော့ ဒါမျိုးတွေဘာအပြောင်းအလဲမှဖြစ်မသွားဘူးလို့ လူတွေကယုံကြည်တတ်ကြပါတယ်။

ဘာလို့လဲဆိုတော့ သူတို့က ကလေးမမွေးဖွားကြဘူး၊ ကိုယ်၀န်ဆောင်စရာမလိုကြတော့ ဘာပြောင်းလဲမှုမှ ရှိမှာမဟုတ်ဘူးလို့ ယူဆကြလို့ပါပဲ။ ဒါပေမယ့် မကြာသေးမီက လေ့လာမှုတွေအရ အမျိုးသားတွေက သူတို့ရဲ့ သူတို့ဘ၀ထဲ၀င်လာမယ့် သူတို့ရဲ့မွေးကင်းစကလေးငယ်တွေကို ကြိုဆိုကြတဲ့အခါ ဟော်မုန်း၊ အာရုံကြောနဲ့ အမူအကျင့်တွေပြောင်းလဲသွားတာကိုတွေ့ကြုံရတယ်လို့ဆိုပါတယ်။

အခုကျွန်တော်ပြောပြပေးချင်တာက ကလေးအဖေတွေဖြစ်တဲ့ ကျွန်တော်တို့ယောကျ်ားတွေရဲ့ ခန္ဓာကိုယ်နဲ့စိတ်တွေပြောင်းလဲသွားတဲ့အကြောင်းကိုပြောပြပေးမှာပါ..ကဲရင်သွေးငယ်လေးက သူ့ကိုဘာတွေပြောင်းလဲစေမှာလဲကြည့်လိုက်ကြရအောင်.

Testosteroneဟော်မုန်းလျော့ကျသွားတယ်

Testosterone ဟော်မုန်းဆိုတာ ယောကျ်ားဟော်မုန်းဖြစ်ပီးတော့ ဒီဟော်မုန်းတွေက မျိုးပွားဖို့နဲ့လိင်ပိုင်းဆိုင်ရာကိစ္စတွေကိုစေ့ဆော်ပေးတာပါ။ လေ့လာမှုတွေအရ testosterone ဟော်မုန်းမြင့်မားတဲ့ အမျိုးသားတွေက အမျိုးသမီးတွေအတွက်ပိုမိုဆွဲဆောင်မှုရှိနိုင်တယ်လို့ဆိုပါတယ်။

ဒါပေမယ့် ဖခင်အသစ်တွေမှာရှိတဲ့ testosterone ဟော်မုန်းပမာဏကတော့ဿမန်ထက် ၃၄% အထိကျဆင်းသွားနိုင်ပါတယ်။ သိပ္ပံပညာရှင်တွေယုံကြည်တာက ကလေးတွေကိုကြိုဆိုခဲ့ကြတဲ့ အမျိုးသားတွေဟာ သူတို့ရဲ့မိသားစုအပေါ် အာရုံစူးစိုက်မှုကိုပြောင်းလဲစေပြီး အခြားမိန်းမတစ်ယောက်ကိုရှာဖွေလိုတဲ့ဆန္ဒကို ခုခံတွန်းလှန်ခြင်းကြောင့် ဒီဟော်မုန်းတွေလျော့ကျသွားတာလို့ယုံကြည်ကြပါတယ်။

ဒါ့အပြင် အဖေအသစ်စက်စက်တွေရဲ့ testosterone ဟော်မုန်းပမာဏနိမ့်လေလေကလေးကို ပိုမိုလိုလိုလားလားဂရုစိုက်ပြီးကလေးနဲ့ သက်ဆိုင်တဲ့ အိမ်မှုကိစ္စတွေကိုလုပ်ဆောင်လေလေဖြစ်တယ်လို့ဆိုပါတယ်။

မလျော့ကျတဲ့လူတွေကတော့ ကလေးကိုမချစ်တတ် မကြင်နာတတ်တဲ့စိတ်ရှိတဲ့ ယောကျ်ားမျိုးတွေဖြစ်နိုင်ပါတယ်။ ဒါဆိုရင်တော့ သူတို့ဟာဖောက်ပြန်မှုတွေအများကြီးလည်း လုပ်နိုင်မှာပေါ့။

Oxytocin နှုန်းမြင့်တက်လာမယ်

သိပ္ပံပညာရှင်တွေက ကလေးမွေးမြူရေးလှုပ်ရှားမှုတွေမှာ ဖခင်အသစ်ရဲ့ ပါဝင်မှုနဲ့သူတို့ရဲ့ ဟော်မုန်းပမာဏနဲ့ ဆက်စပ်မှုကိုလေ့လာခဲ့ပြီးစိတ်ဝင်စားစရာကောင်းတဲ့ကောက်ချက်တွေကိုချခဲ့ကြပါတယ်။

သူတို့ရဲ့ ကလေးတွေနဲ့ တက်ကြွစွာကစားခဲ့သူတွေနဲ့ကလေးနဲ့အိမ်မှုကိစ္စမှာ ပါဝင်မှုနည်းတဲ့ အဖေတွေနဲ့ နှိုင်းယှဉ်ရင် သွေးထဲမှာ oxytocin ပိုမိုမြင့်မားလာခဲ့ကြတယ်လို့ဆိုပါတယ်။ Oxytocin ဆိုတာက အပန်းဖြေခြင်း၊ ချစ်ခြင်း၊ အပြုသဘောဆောင်တဲ့ခံ စားချက်တွေနဲ့ လူတွေအကြားခိုင်မာတဲ့နှောင်ကြိုးတို့အတွက်တာ ၀န်ရှိတဲ့ဟော်မုန်းတစ်ခုဖြစ်ပါတယ်။

ဦးနှောက်ဖွဲ့စည်းမှုအတွင်းမှာပြောင်းလဲမှုတွေဖြစ်သွားမယ်

လေ့လာမှုတွေအရ မိခင်အသစ်တွေလိုပဲ ကလေးအတွက် ချစ်ခြင်းအတွက် ဦးနှောက်အပြောင်းအလဲတွေဖြစ်တယ်လို့ဆိုပါတ ယ်။ သူတို့ရဲ့ဦးနှောက်က ချစ်ခင်တွယ်တာမှု၊ စာနာမှု၊ ကလေးနဲ့ဆက်သွယ်နိုင်ဖို့စွမ်းရည်အတွက် ပြောင်းလဲမှုတွေဖြစ်သွားတာပါ။

သိပ္ပံပညာရှင်တွေယုံကြည်တာက ဦးနှောက်တည်ဆောက်ပုံပြောင်းလဲတာက သူတို့ရဲ့ မိန်းမကိုယ်၀န်ဆောင်နေချိန်အတွင်း က လေးအတွက်လိုအပ်တဲ့ မိဘအုပ်ထိန်းမှုစွမ်းရည်တွေတိုးတက်ဖို့အတွက် ကြိုးစားမှုတွေ စိတ်ခံစားမှုတွေကြောင့်ဖြစ်တယ်လို့ဆိုပါတယ်။

အဖေသစ်တွေက သူတို့ကိုယ်တိုင် ကလေးမမွေးဖွားနိုင် ကိုယ်၀န်မဆောင်နိုင်ပေမယ့် သူတို့ကလေးနဲ့နှောင်ကြိုးဖွဲ့နိုင်အောင်သေချာကြိုးစားကြတာကြောင့်လို့လည်းတချို့ဆရာ၀န်ကြီးတွေက မှတ်ချက်ချထားကြပါတယ်။

postpartum depressionကိုတောင်ကြုံတွေ့နိုင်တယ်

postpartum depressionကိုယ်ဝန်ဆောင်စဉ်စိတ်ဓာတ်ကျခြင်း(postpartum depression)ဟာ ကိုယ်ဝန်ဆောင်ခြင်းနှင့်ကလေးမွေးဖွားခြင်းတို့ကြောင့်ဖြစ်ရတဲ့စိတ်ဝေဒနာတစ်ခုဖြစ်ပြီးများသောအားဖြင့် ၀မ်းနည်းခြင်း၊ မျှော်လင့်ခြင်းကင်းမဲ့ခြင်း၊ စိုးရိမ်ပူပန်ခြင်းနှင့်စိတ်တိုလွယ်ခြင်းတို့ပါဝင်ပါတယ်။

သုတေသီတွေကမွေးဖွားပြီးစိတ်ကျရောဂါက မိခင်အသစ်တွေအပေါ်သက်ရောက်မှုရှိတဲ့ အမျိုးသမီးပြဿနာတစ်ခုမျှမဟုတ်လို့ ယုံကြည်ကြပါတယ်။ လေ့လာမှုတွေအရအမျိုးသား ၁၀ ရာခိုင်နှုန်းခန့်ကpostpartum depressionကိုတောင်ခံစားရတယ်လို့ဆိုပါတယ်။

အထက်မှာ ဖော်ပြခဲ့တဲ့ ဖခင်အသစ်တွေမှာ testosterone ဟော်မုန်းနည်းနေခြင်းကြောင့်ဖြစ်နိုင်ပါတယ်။ ကယ်လီဖိုးနီးယားတောင်ပိုင်းတက္ကသိုလ်က စိတ်ပညာပါမောက္ခ Darby Saxbe က“ Testosterone နိမ့်ကျမှုဟာ စိတ်ကျဝေဒနာကိုခံစားရပြီး သာယာပျော်ရွှင်ဖွယ်ကောင်းသောလုပ်ဆောင်မှုများကိုစိတ်ပျက်အားငယ်စေပြီးစိတ်မပါ ၀င်မှုဖြစ်စေနိုင်သည်” လို့ရေးသားခဲ့ပါတယ်။

ကဲ ဒီလောက်ဆိုရင်တော့ အမေသစ်တွေပဲ ပြောင်းလဲမှုတွေကြုံရတာမဟုတ်ပဲ ဖခင်အသစ်တွေလည်း ပြောင်းလဲမှုတွေကြုံရတယ်ဆိုတာသိလောက်ပါပြီနော်။ အဖေအသစ်တွေရဲ့ စိတ်ဓါတ်နဲ့အမူအကျင့်ပြောင်းလဲမှုတွေကို သင်သတိထားမိပါသလား?

သင်ကိုယ်တိုင်ဖခင်တစ်ဦးဖြစ်ရင် ကလေးမွေးဖွားခြင်းကသင့်ခံစားချက်နဲ့ပြုမူပုံကို ဘယ်လိုပြောင်းလဲစေနိုင်ကြောင်းကျွန်တော်တို့ကိုပြောပြပေးနိုင်မလား?

#Chit_May_May

#Mg_Htet

REF_Brightside

LEAVE A REPLY

Please enter your comment!
Please enter your name here