ကလေးမွေးဖွားစဉ်မှာ အမျိုးသားတွေရှိနေခြင်းရဲ့ အကောင်းအဆိုးများ

0
809
- Advertisement -

အချို့ယောကျ်ားတွေဟာ ကလေးကို ဝမ်းသာအားရကြိုဆိုကြပြီး မွေးဖွားစဉ်ကာလအတွင်းမှာ သူတို့ရဲ့ဇနီးသည်ကို ကူညီပေးနိုင်သော်လည်း ကလေးမွေးဖွားချိန် ရောက်ရှိလိုခြင်းမရှိသူအချို့ ရှိပါတယ်။ ဒါက သူတို့ရှိနေခြင်းရဲ့ အားသာချက်တွေ၊ အားနည်းချက်တွေနှင့် ပတ်သတ်ပြီး မေးခွန်းများစွာ ဖြစ်ပေါ်စေပါတယ်။ ယနေ့မှတော့ ဇနီးသည်တွေ မွေးခါနီးဖွားခါနီးအချိန်မှာ အမျိုးသားရှိနေခြင်းရဲ့ အကောင်းအဆိုးတချို့ကို ဖော်ပြပေးချင်ပါတယ်။

Con 1- နာကျင်မှုက ပိုပြင်းထန်စေနိုင်ပါတယ်

ချစ်ခြင်းမေတ္တာဟော်မုန်းလို့ သိကြတဲ့ Oxytocinဟာ မွေးရလွယ်ပြီး နာကျင်မှုနည်းစေဖို့အတွက် လိုအပ်ပါတယ်။ ထို့ကြောင့် အဆင်သင့်မဖြစ်သေးသူတွေ၊ ဗဟုသုတနည်းသူတွေ (သို့) မွေးဖွားခြင်းလုပ်ငန်းစဉ်တစ်ခုလုံးကို ကြောက်ရွံ့ခြင်းရှိသော အမျိုးသားတွေအနေနဲ့ ဝေးဝေးနေရင် ပိုကောင်းပါတယ်။

သူတို့ရဲ့ စိုးရိမ်ပူပန်မှုက ပတ်ဝန်းကျင်တစ်ခုလုံးကို တင်းမာစေနိုင်ပြီး မိခင်ရဲ့ adrenaline အဆင့်ကိုတိုးပြီး ချစ်ခြင်းမေတ္တာဟော်မုန်းကို လျော့နည်းသွားစေတဲ့အခြေအနေသို့ပင် ဦးတည်သွားစေနိုင်ပါတယ်။

Con 2 – စိတ်ဓါတ်ကျနိုင်ပါတယ်

ကလေးမွေးဖွားခြင်းကို မျက်မြင်တွေ့ခဲ့ရပြီးနောက် အင်အားမဲ့သလို၊ မျှော်လင့်ချက်မဲ့သလို ခံစားရတဲ့ ယောကျ်ားတွေ ရှိပါတယ်။ ထိုခံစားချက်တွေကို များသောအားဖြင့် ထုတ်ဖော်ပြောဆိုကြတာမဟုတ်ပါဘူး။ သူတို့ရဲ့မသိစိတ်တစ်ပိုင်းမှာ နက်ရှိုင်းစွာ ကိန်းအောင်းနေနိုင်ပါတယ်။ စိတ်ကျရောဂါရဲ့ လက္ခဏာတွေမှာ ကိုယ်အလေးချိန်တိုးခြင်း/ကျခြင်း၊ ခေါင်းကိုက်ခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း(သို့) သူငယ်ချင်းတွေနဲ့ မိသားစုကနေ သီးခြားခွဲထွက်နေခြင်းပင် ပါဝင်နိုင်ပါတယ်။

Con 3 – အချစ်ဘဝကို ရှုပ်ထွေးစေနိုင်ပါတယ်

ယောကျ်ားအများစုက သူတို့ရဲ့ကလေးမွေးဖွားခြင်းကို မြင်တွေ့ရပြီးနောက် အဆင်ပြေတဲ့သူရှိပေမယ့် ကြိုတင်ပြင်ဆင်မထားတဲ့သူအချို့ရှိပါတယ်။ ထို့ကြောင့် အချို့စုံတွေရဲ့ ချစ်ခြင်းမေတ္တာဘဝက ဆင်းရဲဒုက္ခ ခံရပါလိမ့်မယ်။ ကလေးမွေးဖွားခြင်းကို မျက်မြင်တွေ့ကြုံရခြင်းက ဇနီးမောင်နှံအချင်းချင်းအပေါ် ထားရှိသော ခံစားချက်တွေကို အနိမ့်ဆုံးဖြစ်စေပြီး သူတို့ရဲ့relationship ကိုသူငယ်ချင်းကောင်းတွေအဖြစ်သာ ပြောင်းလဲစေနိုင်ပါတယ်။

Con 4 – အမျိုးသားတွေလုပ်တတ်ကြတဲ့ ဇနီးဖြစ်သူကို စိတ်အနှောက်အယှက်ဖြစ်စေသောအရာများ

အမျိုးသားတွေဟာ သူတို့ရဲ့လက်တွဲဖော်နဲ့ ကလေးအတွက် ထိုနေရာမှာ ရှိနေဖို့လိုတယ်လို့ ဆုံးဖြတ်ရင်တောင် ဒါကတကယ့်ကို ဆိုးရွားတဲ့အတွေးအခေါ်တစ်ခု ဖြစ်လာနိုင်ပါတယ်။ အထူးသဖြင့် မွေးဖွားမှုက ၁၂နာရီထက်ပိုကြာရင် ဖြစ်ပါတယ်။ အခန်းထဲမှာ အစာစားတာတို့၊ ဖုန်းထဲက ဗွီဒီယိုတွေကို ထိုင်ကြည့်နေတာတို့၊ မွေးဖွားနေစဉ်အတွင်း ထားခဲ့တာတို့က ဇနီးဖြစ်သူကို အနှောက်အယှက်ဖြစ်စေနိုင်ပါတယ်။

Pro 1 – သူက ကလေးဘဝရဲ့ ပထမဆုံးမိနစ်အတောအတွင်းမှာ ရှိနေပါလိမ့်မယ်

အမျိုးသားအချို့က ဇနီးသည်ဗိုက်နာနေချိန်မှာ ဒုတိယအတွေးရှိနေ၊ ကြောက်နေရင်တောင် ခန့်မှန်းရခက်တဲ့ သားဖွားခြင်းက သူတို့ကိုရွေးချယ်ဖို့ အခွင့်အလမ်းပေးလိမ့်မှာ မဟုတ်ပါဘူး။ သူတို့ချစ်ရသူ နာကျင်မှုဝေဒနာခံစားနေရတာကို မြင်တွေ့ခြင်း သူမအနားမှာနေပေးခြင်းက သူတို့စဉ်းစားနိုင်သမျှတွေပဲဖြစ်ပါတယ်။ ဒီမမေ့နိုင်တဲ့အခိုက်အတန့်က လူ့လောကထဲကို ရောက်ရှိလာတဲ့ ကလေးလေးရဲ့ပထမဆုံးမိနစ်ကို တွေ့မြင်တွေ့ဖို့ အခွင့်အလမ်းကို ပေးပါတယ်။

Pro 2 – နို့တိုက်တာကို ကူညီပေးနိုင်ပါတယ်

မွေးကင်းစကလေးလေးတွေကို ပြုစုဖို့၊ နားလည်သဘောပေါက်ဖို့ဆိုတာ ချက်ချင်းမလွယ်ကူပါဘူး။ ဒါ့ကြောင့် ဖခင်ဖြစ်သူက ကူညီပေးနိုင်ပါတယ်။ နို့တိုက်တဲ့အခါ ပေါင်ပေါ်မှာ ခေါင်းအုံးခံပေးတာတို့၊ နည်းနည်းပါးပါး နှိပ်ပေးတာတို့ ပြုလုပ်ပေးလို့ရပါတယ်။

Pro 3 – စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာ အထောက်အပံ့တွေ ပေးနိုင်ပါတယ်

အနာဂတ်ဖခင်တွေဟာ ဇနီးဖြစ်သူရဲ့အနားမှာ ရှိနေပေးသင့်ပါတယ်။ ဘာလို့လဲဆိုတော့ ဇနီးဖြစ်သူကို စိတ်အေးလက်အေး ခံစားရစေပြီး ရယ်မောစေနိုင်လို့ပါ။ ကလေးမျက်နှာမြင်ရဖို့ စိုးရိမ်သောကရောက်နေရင်တောင် ခွန်အားဖြစ်စေတဲ့၊ နှစ်သိမ့်စေတဲ့ စကားလုံးတွေကို ပြောပေးနိုင်ပါတယ်။ မိခင်လောင်းတွေဟာ အိပ်ရေးမဝတာ၊ ပင်ပန်းနွမ်းနယ်တာတွေ၊ ဆေးကုသမှုခံယူရတာတွေလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ သို့သော် သူမအနားမှာ အမျိုးသားရှိနေတယ်၊ ကလေးက ဖခင်ရဲ့လက်ထဲမှာ ရှိနေတယ်ဆိုတာကိုသိခြင်းက သူမကို relax ဖြစ်စေပါလိမ့်မယ်။

Pro 4 – မီးဖွားပြီးနောက် ကလေးနှင့် ပိုပြီးရင်းနှီးပါလိမ့်မယ်

ကိုယ်ဝန်စစ်ဆေးမှုကာလအတွင်း၊ အမ်ထရာဆောင်းရိုက်တဲ့အချိန် နှင့် ကလေးမွေးဖွားချိန်မှာ ဖခင်လောင်းတွေ ရှိနေပေးခြင်းက ကြီးမားသော အကျိုးသက်ရောက်မှုတွေရှိစေနိုင်ပါတယ်။ ဒါက ကလေးရဲ့စိတ်ပိုင်းဆိုင်ရာနှင့် သိမြင်မှုဆိုင်ရာ ဖွံ့ဖြိုးတိုးတတ်မှုကိုလည်း အကျိုးသက်ရောက်ပါတယ်။

Chit_MayMay

LM_Nandar

Source-brightside.

LEAVE A REPLY

Please enter your comment!
Please enter your name here