ကလေးမွေးဖွားပြီးခါစ မိခင်တစ်ချို့ ခံစားရသော စိတ်ကျရောဂါလက္ခဏာ (၁၀)မျိုး

0
226
- Advertisement -

ကလေးငယ်တွေကို လနှင်ချီ လွယ်ထားပြီးတဲ့နောက်မှာ မိခင်တွေက သူတို့ရဲ့ ကလေးငယ်တွေနှင့် တွေ့ဆုံဖို့ စိတ်လှုပ်ရှားမှုတွေအပြည့်နဲ့ စောင့်ဆိုင်းနေတတ်ကြတယ်။ သို့ပေမယ့် ၁၅ % ခန့် အမျိုးသမီးတွေဟာ မွေးဖွားပြီးတဲ့နောက်မှာ စိတ်ဓာတ်ကျခြင်းနဲ့အတူ ဝမ်းမြောက်မှုတွေရရှိဖို့အတွက် ရုန်းကန်ရပြန်ပါတယ်။ ၎င်းက မွေးဖွားပြီးနောက်မှာ ဟော်မုန်းတွေအလျင်အမြန်ကျဆင်းခြင်းနဲ့လည်း ဆက်စပ်နေပါတယ်။ ဒီကနေ့မှာတော့ မိခင်အသစ်တွေအတွက် သိပ်နောက်မကျသေးခင်မှာ မွေးဖွားပြီးနောက်စိတ်ဓာတ်ကျခြင်း လက္ခဏာတွေ ပြသခြင်းရှိမရှိဆို စစ်ဆေးဖို့ ဖြစ်ပါတယ်။

၁။ သူတို့ဟာ မိခင်ကောင်းတစ်ယောက်ဖြစ်နိုင်ပါ့မလားဆိုတာ အမြဲပူပန်နေကြတယ်

မိခင်တိုင်းက အကောင်းဆုံးဆုံးမိခင်တွေဖြစ်ချင်ကြပါတယ်။ မိခင်ကောင်းတိုင်းက သူတို့ကလေးတွေအတွက် သူတို့တတ်နိုင်သမျှ အကောင်းဆုံးမလုပ်ပေးနိုင်မှာ စိုးရိမ်ကြပါတယ်။ သိုပေမယ့် တကယ်လို့ သင့်ပတ်ဝန်းကျင်မှာ မိခင်ကောင်းတစ်ဦးဖြစ်ဖို့ အမြဲစိုးရိမ်ပူပန်နေတဲ့ လူတွေရှိတယ်ဆိုရင် သူမဟာ စိတ်ကျရောဂါခံစားနေရပါတယ်။ သူမက သူမဟာအမြဲကျရှုံးနေတယ်လို့ ယူဆနေတယ်။ ပြီးတော့ ကမ္ဘာပေါ်မှာ သူမရှိနေဖို့ မလိုအပ်ဘူးလို့ ခံစားရကောင်း ခံစားရနေနိုင်ပါတယ်။

- Advertisement -

၂။ မိသားစု၊ မိတ်ဆွေတွေနှင့် အဆက်အသွယ်မလုပ်ခြင်း

ကိုယ်ဝန်ဆောင်နေစဥ် စိတ်ကျရောဂါဝေဒနာခံစားနေရသူတွေဟာ သူတို့ချစ်ခင်ရသူတွေနဲ့ အဆက်အသွယ်ဖြတ်တောက်သွားနိုင်ပါတယ်။ သူတို့က သူတို့ရဲ့ခံစားချက်တွေကို ဘယ်သူ့ကိုမှ ရင်ဖွင့်လို့မရနိုင်ဘူးလို့ သူတို့ထင်ကောင်းထင်ပါလိမ့်မယ်။ အကြောင်းရင်းကတော့သူတို့က မကောင်းတဲ့ မိခင်လို့ တံဆိပ်ကပ်ခံရမှာ စိုးရိမ်ခြင်းကြောင့် သူတို့ကလေးကို ခေါ်ဆောင်သွားနိုင်ပါတယ်။ သူတို့ရဲ့ ခံစားချက်တွေကို လက်ခံဖို့ သူတို့ကိုယ်တိုင်တောင်မှ ခက်ခဲနေတတ်ပါတယ်။ ဒါ့ကြောင့်လည်း အခြားသူတွေအနေနဲ့ ၎င်းတိုကို နားလည်နိုင်မှာမဟုတ်ဘူးလို့ ထင်တတ်ကြတာဖြစ်ပါတယ်။

၃။ သူတို့ကြိုက်တဲ့အရာတွေအပေါ်မှာ စိတ်ဝင်စားမှုတွေ ပျောက်ကွယ်သွာခြင်း

သင်က မီးမဖွားခင်မှာ ရုပ်ရှင်တွေကို နှစ်သက်တယ်၊ အစားအသောက်တွေကို နှစ်သက်တယ်။ ဒါပေမယ့် ကလေးမွေးဖွားပြီးနောက်မှာ ဒါတွေကို စိတ်မဝင်စားတော့ဘူးဆိုရင် ဒါဟာ စိတ်ဓာတ်ကျခြင်း လက္ခဏာဖြစ်နိုင်ပါတယ်။ မွေးဖွားပြီးနောက်မှာ သူတို့ချစ်တဲ့အမူအကျင့်တွေကို ပြန်လုပ်ဖို့ မပျော်တော့တဲ့အခါ စိုးရိမ်စရာအကြောင်းတစ်ခုဖြစ်နိုင်ပါတယ်။

၄။ အစာစားချင်စိတ် ဆုံးရှုံးခြင်း (သို့) အလွန်အကျွံစားခြင်း

ကလေးမွေးဖွားပြီးနောက်မှာ အမျိုးသမီးတစ်ဦးက အစာစားချင်စိတ်နဲ့ ပတ်သက်ပြီးတော့ သိသိသာသာပြောင်းလဲမှုတစ်ခုကြုံတွေ့ရတယ်ဆိုရင် ဒါက စိုးရိမ်ဖို့ တစ်ခုခုဖြစ်နိုင်ပါတယ်။ သူမက အစာစားချင်စိတ်မရှိခြင်း (သို့) အလွန်အကျွံစားခြင်းတွေ ဖြစ်နိုင်ပါတယ်။ ရလဒ်အနေနဲ့ ကိုယ်အလေးချိန်အကျလွန်ခြင်း (သို့) အဝလွန်ခြင်းတွေဖြစ်လာနိုင်ပါတယ်။ ၎င်းက သူမကို ရုပ်ပိုင်းဆိုင်ရာကျန်းမာရေးရော၊ စိတ်ပိုင်းဆိုင်ရာပါ ထိခိုက်စေနိုင်ပါတယ်။

၅။ သူတို့ကိုယ်တိုင် (သို့) တစ်ခြားလူတွေကို အန္တရာယ်ပြုနိုင်တဲ့ အပြုအမူများ

ဒီအချက်ကတော့ စိတ်ကျရောဂါခံစားနေရတွေအားလုံးကို စုပုံပြသဖို့ အကောင်းဆုံးအချက်ပါပဲ။ ပစ္စည်းတစ်ခုခုကို ပေါက်ကွဲလွှင့်ပစ်ခြင်း ၊ မိမိကိုယ်ကိုယ်ထိခိုက်နာကျင်အောင် လုပ်ခြင်း၊ မိမိကိုယ်ကိုယ်သတ်သေခြင်း (သို့) တစ်စုံတစ်ဦးကို ထိခိုက်စေခြင်းအကြောင်း ဖော်ပြခြင်း၊ အရိပ်အမြွက်ပြောကြားခြင်း စတဲ့အကြောင်းအရာတွေဖြစ်ပါတယ်။ ဒါက သိသာထင်ရှားလွန်းပါတယ်။

၆။ အလွန်အကျွံငိုကြွေးခြင်း

ဘဝအသစ်တစ်ခုကို လူ့လောကကို ယူဆောင်လာခြင်းက စိတ်လှုပ်ရှားစရာကောင်းပါတယ်။ သို့ပေမယ့် အမျိုးသမီးတစ်ဦးက အလွန်အကျွံငိုကြွေးမယ်ဆိုရင် သူမရဲ့ငိုကြွေးနေတဲ့မျက်နှာအောက်မှာ အခြားအရာတစ်ခုရှိနေနိုင်ပါသေးတယ်။ တစ်စုံတစ်ယောက်ကဘာကြောင့်ငိုနေတာလဲလို့ မေးတဲ့အခါ ဒီလောက်လေးတောင် ဘာကြောင့်မသိရတာလဲဆိုပြီးတော့ သူမပြောပြမှာမဟုတ်ပါဘူး။

၇။ အလွန်အကျွံအိပ်ခြင်း (သို့) လုံးဝမအိပ်ခြင်း

ကလေးမွေးဖွားပြီးခါစ မိခင်တစ်ဦးက အိပ်စက်ခြင်းပုံစံတွေလည်း ပြောင်းလဲသွားနိုင်ပါတယ်။ မိခင်က စိတ်လက်မောပန်းနေပြီးတော့ ကလေးအိပ်ပျော်နေနိုင်မှာလည်း မအိပ်နိုင်ခြင်း (သို့) သူမအချိန်တိုင်း အိပ်နေတာမျိုးဖြစ်တတ်ပါတယ်။ အနားယူခြင်းမရှိဘူးဆိုရင် သူမက အကူအညီလိုအပ်ကြောင်း သတိပေးချက်ဖြစ်ပါလိမ့်မယ်။

၈။ အာရုံမစိုက်နိုင်ခြင်း (သို့) ဆုံးဖြတ်ချက်မချနိုင်ခြင်း

မိခင်တွေမှ မဟုတ်ပါဘူး။ အမျိုးသမီးတစ်ယောက်အနေနဲ့ အကြောင်းအရာတစ်ခုခုကို ကောင်းကောင်းအာရုံမစိုက်ခြင်း (သို့) အကြောင်းအရာတွေကို မမှတ်မိခြင်းတွေက စိတ်ဓာတ်ကျခြင်းလက္ခဏာတွေဖြစ်နိုင်ပါတယ်။ နေ့စဥ်ဆုံးဖြတ်ချက်တွေချဖို့ ခက်ခဲလွန်းနေရင်လည်း သင့်စိတ်ကျန်းမာရေးကို စစ်ဆေးသင့်ပါတယ်။

၉။ ဒေါသထွက်လွယ်ခြင်း

ပထမဆုံးမိခင်ဖြစ်ရတာက စိတ်ဖိစီးမှုတွေကို ဖြစ်စေနိုင်ပေမယ့်လည်း တစ်စုံတစ်ယောက်အပေါ်မှာ တစ်ချိန်လုံးဒေါသထွက်ခြင်းက လုံးဝမဖြစ်သင့်ပါဘူး။ တကယ်လို့ ဘယ်လိုပြဿနာအကြောင်းရင်းမှမရှိဘဲ စိတ်ဆိုးဒေါသထွက်နေမယ်ဆိုရင် စိတ်ကျဝေဒနာကို တွန်းလှန်နေရတဲ့ မိခင်တစ်ယောက်ဖြစ်နိုင်ပါတယ်။

၁၀။ သူတို့နားမလည်နိုင်တဲ့ ရုပ်ပိုင်းဆိုင်ရာနာကျင်မှုဝေဒနာကို ခံစားနေရခြင်း

လူသားတစ်ဦးကို ဒီကမ္ဘာကြီးထဲခေါ်ဆောင်လာတဲ့ အမျိုးသမီးတစ်ဦးက ရုပ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုတွေကတော့ မလွဲမသွေကြုံတွေ့ရနိုင်ပါတယ်။ မကြာခဏခေါင်းကိုက်ခြင်း၊ အစာအိမ်ပြဿနာတွေ၊ ကြွက်သားနာကျင်မှုတွေလို ကာယပိုင်းနာကျင်မှုတွေနှင့် နာကျင်ခြင်းဝေဒနာတွေကို ခံစားရခြင်းက ပုံမှန်ကိုယ်ခန္ဓာနာကျင်ကိုက်ခြင်းထက် ပိုနိုင်ပါတယ်။ သူမရဲ့ စိတ်ပိုင်းဆိုင်ရာအဆင်မပြေမှုကြောင့် သူမအတွက် သူမခန္ဓာကိုယ်ရဲ့ ငိုကြွေးသံလည်း ဖြစ်နိုင်ပါတယ်။

Chit_May_May

Nyein_Thu

Ref-brightsideme

LEAVE A REPLY

Please enter your comment!
Please enter your name here