ကလေးမွေးဖွားပြီးနောက်ပိုင်း ရုပ်ပိုင်းဆိုင်ရာ ပြန်လည်ကျန်းမာလာအောင် ဘယ်လိုလုပ်မလဲ?

0
215
- Advertisement -

မေမေတို့အနေနဲ့ ကိုယ်ဝန်ဆောင်ချိန်အတွင်းမှာ ခန္ဓာကိုယ်အပြောင်းအလဲတွေ အများကြီး ကြုံတွေခဲ့ရမှာပါနော်။ ကလေးမွေးပြီးတဲ့အခါ အရင်တုန်းကအခြေအနေကို ပြန်လည်ရရှိဖို့နှင့် ခန္ဓာကိုယ် ပြန်လည်ကျန်းမာလာစေဖို့ ကိုယ့်ကိုယ်ကို ဂရုစိုက်ပြီး အချိန်အနည်းငယ်ပေးရမှာပါ။ ကလေးမွေးဖွားပြီးနောက် သားအိမ်ဟာ သာမန်အနေအထားကို ပြန်လည်ရောက်ရှိလာဖို့ ခန့်မှန်းချေအားဖြင့် ၆ပတ်မှ ၈ပတ်လောက် အချိန်ယူရပါတယ်။

အစားအသောက်ကို ပြောင်းရမှာလား?

အထူးသဖြင့် ကလေးကို နို့တိုက်နေရင် သင့်ခန္ဓာကိုယ်ရဲ့ စွမ်းအင်လိုအပ်ချက်ကို တိုးစေပြီး အစားအစာထဲမှာ ကီလိုကယ်လိုရီ ထောက်ပံ့မှုကို တိုးမြှင့်ပေးဖို့ လိုအပ်ပါတယ်။ ဒီအပြောင်းအလဲတွေက ကိုယ်ဝန်မဆောင်မီ သင့်ကိုယ်အလေးချိန်နှင့် ကိုယ်ခန္ဓာအခြေအနေပေါ် မူတည်ပါတယ်။ အကောင်းဆုံးကတော့ အကြံဉာဏ်ကောင်းပေးနိုင်မယ့် ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ ပညာရှင်နှင့် တိုင်ပင်သင့်ပါတယ်။ သင့်ရဲ့ အာဟာရနှင့် ကျန်းမာရေး အခြေအနေကို ထည့်သွင်းစဉ်းစားပါ။ ကလေးမွေးဖွားစဉ်ကာလအတွင်း ကျန်းမာပြီး မျှတတဲ့ အစားအသောက်စားသုံးခြင်းနှင့် ပတ်သတ်သော အကြံပြုချက်များအချို့ကတော့

- Advertisement -

ကိုယ်ဝန်ဆောင်စဉ်အတွင်းမှာ စားသုံးလို့မသင့်တော်တဲ့ အစားတွေဖြစ်တဲ့( မကျက်တကျက်အသားတွေ၊ ခရမ်၊ ဒိန်ခဲတွေ…)ကိုစားသုံးနိုင်ပြီဆိုပေမယ့် သူတို့ရဲ့ အာဟာရတန်ဖိုးကို ထည့်စဉ်းစားရပါမယ်။ ဒီအစားအစာတွေက အဆီပါဝင်မှု မြင့်မားပြီး စားသုံးလို့ မသင့်တော်ပါဘူး။ ချက်ပြုတ်တဲ့အခါမှာ အစားအစာထဲကို ဆီမထည့်ဘဲ ကင်စားတာပဲဖြစ်ဖြစ်၊ ပြုတ်စားတာပဲဖြစ်ဖြစ် စားသုံးလို့ရတဲ့ နည်းလမ်းတွေရှိပါတယ်။ ဆီကြော်အစားအစာတွေ ရှောင်ပါ။

ဟင်းလျာတွေကို အရသာပိုကောင်းစေဖို့ ဆော့စ်ထည့်မယ့်အစား ဟင်းခတ်အမွှေးအကြိုင် ထည့်ချက်ပါ။

ဆားစားသုံးမှုကို ကန့်သတ်ပြီး အို်ငအိုဒင်းဆားကို အသုံးပြုပါ။

တစ်နေ့လျှင် သစ်သီး၅မျိုးနှင့် ဟင်းသီးဟင်းရွက် ၂မျိုးစားပါ။

အစားအစာချက်ပြုတ်တဲ့အခါ ထောပတ် (သို့) အခြားအဆီတွေအစား သံလွင်ဆီသုံးပါ။

ဆား၊ သကြားနှင့် အဆီမြင့်မားတဲ့ ရယ်ရီမိတ်အစားအစာတွေ မစားပါနဲ့။

ကယ်လ်ဆီယမ် ကြွယ်ဝတဲ့ အစားအစာတွေ စားပါ။ (နို့၊ ဒိန်ခဲ၊ ဒိန်ချဉ်…) ကဲ့သို့သော နို့ထွက်ပစ္စည်းများ နှင့် ဟင်းနုနွယ်လို အစိမ်းရောင်အရွက်များသော ဟင်းသီးဟင်းရွက်များကို စားပါ။

ဝမ်းချုပ်ခြင်းကို ရှောင်ရှားဖို့ အမျှင်ဓါတ်မြင့်မားစွာ ပါရှိသော အစားအစာများကို စားပါ။

ရေများများသောက်ပါ(တစ်နေ့လျှင် ၂လီတာလောက်)။ မိခင်နို့တိုက်နေရင် ဆိုဒါနှင့် သကြားဓါတ်ပါဝင်သော အချိုရည်များအပြင် အရက်ကို ရှောင်ပါ။

အနားယူခြင်းရဲ့ အရေးပါမှု

ကလေးမွေးပြီးနောက်မှာ ရုပ်ပိုင်းဆိုင်ရာ ပြန်လည်ထူထောင်ဖို့အတွက် အနားယူဖို့ လိုအပ်ပါတယ်။ မွေးကင်းစကလေးတွေဟာ လိုအပ်ချက်တွေ အရမ်းများပြီး သူတို့ဟာ အချိန်တိုင်း မိခင်နှင့်အတူရှိနေဖို့ လိုအပ်ပါတယ်။ ဒါ့ကြောင့် ကလေးမွေးဖွားချိန်အတွင်းမှာ အနားယူဖို့ ဒီအကြံပြုချက်တွေကို လိုက်နာနိုင်ပါတယ်။
ကလေးအိပ်တဲ့အချိန်မှာ မေမေတို့လည်း အနားယူပြီး အိပ်ပါ။ ကလေးတွေဟာ အရွယ်ရောက်ပြီးသူတွေလို နေ့နဲ့ ညကို နားမလည်ပါဘူး။ သူတို့မှာ ကိုယ်ပိုင်အိပ်ချိန်စည်းချက်ရှိပါတယ်။ ဒါက မေမေတို့ကို ပင်ပန်းစေနိုင်ပါတယ်။ ကလေးအိပ်တဲ့အချိန်မှာ တမှေးအိပ်ပါ။ ညဘက်မှာ ကလေးကို နို့တိုက်ရင်းလည်း အိပ်စက်နိုင်ပါတယ်။

ကလေးမွေးဖွားပြီးနောက် ကိုယ်ခန္ဓာပြန်လည်ကျန်းမာလာစေဖို့ ကိုယ်ကာယလေ့ကျင့်ခန်း

ကလေးမွေးဖွားပြီးနောက်ပိုင်းဟာ ကိုယ်ဝန်ဆောင်စဉ်က သင်ကြုံတွေခဲ့ရတဲ့ အပြောင်းအလဲများကို လိုက်လျောညီထွေဖြစ်စေဖို့နှင့် ကိုယ်ဝန်မဆောင်မီ ကနဦးအခြေအနေကို ပြန်လည်ရောက်ရှိဖို့ သင့်ခန္ဓာကိုယ်ကို ပြန်လည်ထူထောင်ရမယ့် ကာလဖြစ်ပါတယ်။

ကိုယ်ဝန်ဆောင်ကာလပြီးတာနှင့် ကိုယ်ကာယလေ့ကျင့်ခန်းကို ပြန်လည်စတင်ခြင်းက အကောင်းဆုံးဖြစ်ပါတယ်။ အကောင်းဆုံးကတော့ လမ်းလျှောက်ပေးခြင်း ဖြစ်ပါတယ်။

ဝမ်းဗိုက်အတွင်းပိုင်း ဖိအားတိုးခြင်းက သင့်တင်ပါးဆုံးကြွက်သားကို ပျက်စီးစေတာကြောင့် ab crunches လေ့ကျင့်ခန်းကို မပြုလုပ်ပါနဲ့။ ဒီဧရိယာကို လေ့ကျင့်ဖို့ အရည်အချင်း ပြည့်မီတဲ့ ပညာရှင်တစ်ယောက်ရဲ့ အကူအညီနဲ့ hypopressive ဝမ်းဗိုက်ပိုင်း ကိုယ်ကာယလေ့ကျင့်ခန်းကို ပြုလုပ်နိုင်ပါတယ်။ ရေကူးတာကလည်း အပြည့်စုံဆုံး အားကစားတစ်ခုဖြစ်ပါတယ်။ ဇမ်ဘာအက၊ ခုန်ခြင်း၊ ပြေးခြင်းကဲ့သို့သော လေ့ကျင့်ခန်းတွေကို ရှောင်ပါ။ လေ့ကျင့်ခန်းလုပ်တဲ့အခါ ပြင်းထန်မှုကို တဖြည်းဖြည်းချင်းမြှင့်ပါ။ ကိုယ်ဝန်ဆောင်စဉ်အတွင်းမှာသင့်ရဲ့ရုပ်ပိုင်းဆိုင်ရာစွမ်းရည် ပြောင်းလဲသွားကြောင်းကို မမေ့ပါနဲ့။ တင်ပါးဆုံကြွက်သားတွေကို တိုးတတ်စေဖို့နှင့် သန်မာစေဖို့ ၊ ဆီးမထိန်းနိုင်ခြင်းမှ ကာကွယ်ဖို့ Kegel လေ့ကျင့်ခန်းကို ပြုလုပ်ပါ။ ဒီအကြံပြုချက်များက ကလေးမွေးဖွားပြီးနောက် ကိုယ်ခန္ဓာပြန်ကောင်းလာစေဖို့ များစွာအထောက်အကူပြုပါလိမ့်မယ်။

Chit_MayMay

LM_Nandar

Source-youaremom

LEAVE A REPLY

Please enter your comment!
Please enter your name here