ကလေးတွေမွေးဖွားပြီးတဲ့ အခါမှာ ဆရာ၀န်တွေနှင့် ဆွေမျိုးသားချင်းတွေဟာ ကလေးအပေါ်မှာပဲ အာရုံစူးစိုက်မှုတွေရှိနေတတ်ပါတယ်။ လူနည်းစုလောက်ကသာ ကလေးအမေ ဘာတွေဖြစ်နေတယ်ဆိုတာ သတိထားမိတာပါ။ တစ်ချို့သော ပြောင်းလဲခြင်းတွေက ကောင်းသောပြောင်းလဲခြင်းတွေ ဖြစ်ပေမယ့်လည်းပဲ တစ်ချို့အရာတွေကတော့ သတိထားရမယ့်အရာတွေပါ။ ဒီကနေ့မှာ ကျွန်မတို့အနေနဲ့ ကိုယ်၀န်ဆောင်စဥ်နှင့် မွေးဖွားပြီးနောက်ပိုင်း မေမေတို့ရဲ့ ခန္ဓာကိုယ်ပြောင်းလဲတဲ့ တစ်ချို့အရာတွေကို ကြိုးစားရှာဖွေပြီး မျှ၀ေပေးပါ့မယ်။
ဖိနပ်ဆိုဒ်ကြီးလာခြင်း
သုတေသီတွေဟာဆိုရင် ကိုယ်၀န်ဆောင်နေစဥ်အတွင်းနှင့် မွေးဖွားပြီးခြောက်လအကြာမှာ အမျိုးသမီး၄၉ယောက်ရဲ့ ခြေထောက်တွေကို တိုင်းတာခဲ့ကြပါတယ်။ ဒီကာလအတွင်းမှာ ခြေထောက်ရဲ့ အရှည်ဟာ ၂-၁၀မီလီမီတာအထိ မြင့်တက်ခဲ့ပါတယ်။ စစ်တမ်းတွေအရ အမျိုးသမီး ၇၀ရာခိုင်နှုန်းက ဒီအခြေအနေကို ခံစားခဲ့ရတာ ဖြစ်ပါတယ်။ စိတ်၀င်စားဖို့ကောင်းတာက ဒီအဖြစ်အပျက်ဟာ သားဦးကလေးမှာ ပိုပြီး ဖြစ်နိုင်ခြေပိုများပါတယ်။ ခြေထောက်အရွယ်အစားပြောင်းလဲမှုကို relaxinဟော်မုန်းကြောင့် ဖြစ်တယ်လို့ ယုံကြည်ကြတယ်။ ဒါဟာ အဆစ်နှင့် ကြွက်သားတွေကို ပြောင်းလွယ်ပြင်လွယ်စေနိုင်ပြီးတော့ ခြေထောက်တွေကို အကျိုးသက်ရောက်စေနိုင်ခြင်းရဲ့ အစဖြစ်ပါတယ်။

တင်ပါးပိုမို ကျယ်ပြန့်လာခြင်း
relaxinဟော်မုန်းတွေဟာ တင်ပါးဆုံရိုးအရိုးများနှင့် ဆက်နွယ်နေသော ကြွက်သားကို ဖြေလျော့ပေးပြီး တင်ပါးက ပိုမိုကျယ်ပြန့်လာနိုင်ပါတယ်။ တစ်ချို့အမျိုးသမီးတွေဟာ မီးဖွားပြီး မကြာခင်မှာပဲ သူတို့ရဲ့ မူလပုံစံကို ပြန်သွားကြပေမယ့် တစ်ချို့ကတော့ ပိုပြီးကျယ်ပြန့်သော တင်ပါးဆုံတွင်းနှင့် အဆုံးသတ်ကြပါတယ်။
ဆံပင်နှင့် မျက်လုံးအရောင်များ ပြောင်းလဲခြင်း
ကယ်လီဖိုးနီးယားက ကိုယ်၀န်ပိုင်းဆိုင်ရာ ကျွမ်းကျင်သူတစ်ဦးက ကိုယ်၀န်ဟာ ဆံပင်နှင့် မျက်လုံးအရောင်ကို ပြောင်းစေတယ်လို့ ဆိုပါတယ်။ သူမအနေနဲ့ ကတော့ ဟော်မုန်းမညီမျှမှုကြောင့် Melaninမရှိခြင်းကို ဖြစ်စေတယ်လို့ ထင်ပါတယ်။ တစ်ချို့အတွက်မှာ ရုပ်ဆင်းအဂ်ါပြောင်းလဲခြင်းက ယာယီဖြစ်ပေမယ့် တစ်ချို့အတွက်မှာ အမြဲတမ်းအတွက် ဖြစ်ပါတယ်။ အမျိုးသမီးတော်တော်များများဟာ ကလေးမွေးဖွားပြီးနောက်ပိုင်း ဆံပင်အရောင် ပြောင်းလဲသွားကြပါတယ်။

အရသာအကြိုက်များ ပြောင်းလဲသွားခြင်း
ကိုယ်၀န်ဆောင်ပြီးနောက် အရသာအကြိုက်များ ပြောင်းလဲသွားတတ်ပါတယ်။ အချိုကြိုက်သူတွေက အစပ်ကြိုက်သူများ ဖြစ်သွားတတ်ကြပါတယ်။ ဒါဟာလည်း ဟော်မုန်းမညီမျှမှုကြောင့် ဖြစ်ပြီး မိခင်အပြုအမူကို မည်သို့အကျိုးသက်ရောက်မည်ကို မည်သူမျှ မသိရှိနိုင်ပါဘူး။
ချွေးပိုထွက်လာခြင်း
အမျိုးသမီးအများစုဟာ ကလေးမွေးပြီးနောက် ပို၍ ချွေးထွက်လာတတ်ကြပါတယ်။ များသောအားဖြင့် ညဘက်မှာ ဖြစ်တတ်ပါတယ်။ ဒါဟာ သွေးထဲမှာ estrogen ပမာဏကျဆင်းခြင်းကြောင့် ဖြစ်လေ့ရှိပါတယ်။ သဘာ၀ဖြစ်စဥ်တစ်ခု ဖြစ်ပါတယ်။ ဒါပေမယ့် တစ်ချို့ ကိစ္စတွေမှာ thyroid ပြဿနာများကြောင့် ဖြစ်ပါတယ်။
ဓါတ်မတည့်မှုများ ဖြစ်ပေါ်ခြင်း
ကံမကောင်းစွာနှင့်ဘဲ မိခင်များ ဖွံ့ဖြိုးတိုးတက်လာတဲ့ ဓါတ်မတည်မှုနှင့် ပတ်သက်ပြီးတော့ လေ့လာမှု အနည်းငယ်သာရှိပါတယ်။ ဒါကြောင့် ဆရာ၀န်တွေဟာ အကြောင်းပြချက်တွေနှင့် ပြောပြဖို့ ခက်ခဲပါတယ်။ ကိုယ်၀န်ဆောင်နေစဥ် ကိုယ်ခံအားစနစ်က အမျိုးသမီးတွေအတွက် ပိုမိုလွယ်ကူစေဖို့ တုန့်ပြန်မှု အားလုံးကို စိတ်အနှောင့်အယှက် ဖြစ်စတယ်လို့ ယုံကြည်ရပါတယ်။ ဒါ့အပြင် ကိုယ်၀န်ဆောင်ပြီးနောက် ဒီယန္တရားက အလုပ်ကို ရပ်ဆိုင်းပြီး ခန္ဓာကိုယ်က တုန့်ပြန်ရန် အရာများ အစားအစာ အမွေး စသည်တို့ကို ရှာဖွေပါတယ်။
တက်တူးများ ပျက်စီးသွားနိုင်ခြင်း
အထူးသဖြင့် ၀မ်းဗိုက်ပေါ်မှာ ရှိတဲ့ တက်တူးတွေအတွက် သက်ရောက်ပါတယ်။ ကိုယ်၀န်ဆောင်ခြင်းက ခန္ဓာကိုယ်ရဲ့ အခြားအစိတ်အပိုင်းများသော တင်ပါး၊ ရင်ဘတ် ၊ ရင်သား၊ လက်ဖျံ၊ နောက်ကျောနှင့် အခြားနေရာတွေမှာ ရှိတဲ့ တက်တူးများကိုပါ အကျိုးသက်ရောက်နိုင်ပါတယ်။

Chit_May_May
Nyein_Thu
sources-brightside