
မိခင်နို့တိုက်ကျွေးခြင်းက ကလေးငယ်နဲ့အတူ မျှဝေနိုင်သော အရင်းနှီးဆုံးအချိန်တွေထဲက တစ်ခုဖြစ်ပါတယ်။ ကျန်းမာသော ကိုယ်အလေးချိန်မြှင့်တင်ပေးနိုင်ပြီး ကလေးငယ်ရဲ့ ခုခံအားစနစ်ကိုလည်း အားကောင်းစေပါတယ်။ သို့ပေမယ့် ခုမှမိခင်စဖြစ်သူတွေအတွက် ဒီအရာက စိန်ခေါ်မှုတစ်ခုဖြစ်နိုင်ပါတယ်။ ဒီတော့ နည်းလမ်းမှန်မှန်နို့တိုက်ခြင်းအကြောင်းနှင့် သင့်နို့ရည်တွေ ပေါ်များစေဖို့ ဘယ်လိုလုပ်မလဲဆိုတာနဲ့ပတ်သက်ပြီး မျှဝေမှာဖြစ်ပါတယ်။
၁။ သင့်ရဲ့ နို့ရည်ပေါများအောင် ဘယ်လိုလုပ်ရမလဲ

သင့်အနေနဲ့ နို့ရည်မထွက်တာမျိုးပဲဖြစ်ဖြစ်၊ နည်းနေတာပဲဖြစ်ဖြစ် နို့ရည်ပိုထွက်စေဖို့က တတ်နိုင်သမျှ မကြာခဏနို့တိုက်ပါ။ ဒါ့အပြင် သင့်ရဲ့ နို့ထွက်နှုန်းအတွက် အစားစာတွေဆီကနေလည်း ရယူနိုင်ပါတယ်။ ဒါပေမယ့် ကလေးကို ရင်သားနှစ်ဖက်လုံးကနေ နို့တိုက်ကျွေးကြောင်း သေချာပါစေ။
သင်စားတဲ့အရာတွေက သင့်ကလေးအတွက် လိုအပ်သော အာဟာရကို ပေးစွမ်းနိုင်ရုံသာမက ကြက်သွန်ဖြူ၊ ဂျင်း၊ စမုန်နက် ကဲ့သို့သော နို့ရည်ထုတ်ကုန်ပစ္စည်းတွေက နို့တိုက်ရာမှာ ကူညီပေးနိုင်ပါတယ်။ နို့ရည်ထွက်စေသော ကွက်ကီးတွေလည်းရှိကြပါတယ်။
၂။ Kangaroo Care နည်းကို ဆရာကျအောင် ဘယ်လိုလေ့ကျင့်မလဲ

Kangaroo Care ဆိုတာ မိခင်နှင့် ကလေးအရေပြားအချင်းချင်း ထိတွေ့ပြီး ကလေးငယ်ကို ထိန်းထားနိုင်သော နည်းလမ်းတစ်ခုဖြစ်ပါတယ်။ ပုံမှန်အားဖြင့် အနှီးမှ လွဲ၍ အဝတ်မပါသော ကလေးကို အမေရဲ့ ရင်ဘတ်ဗလာဖြင့် ခန္ဓာကိုယ်ကိုယ် မတ်မတ်ထားပြီး ပြုစုစောင့်ရှောက်နည်းဖြစ်ပါတယ်။ ဒီနည်းလမ်းကို ဆေးရုံမှာရှိနေစဉ် လမစေ့ဘဲ မွေးကင်းစကလေးတွေနှင့် မကြာခဏအသုံးပြုလေ့ရှိပါတယ်။
၃။ သင့်မှာ ရင်သားအကြီးကြီးတွေရှိနေမယ်ဆိုရင် ဘယ်လိုနို့တိုက်မလဲ

ရင်သားကြီးသော မိခင်တွေဟာ သူတို့ကို အပြည့်အဝပံ့ပိုးမပေးနိုင်ခြင်းနှင့် ကလေးငယ်တွေကို နှာခေါင်းပိတ်ခြင်းအတွက် စိတ်ပူစရာဖြစ်ပါတယ်။ ဒီလိုစိုးရိမ်မှုတွေကို ဖယ်ရှားဖို့ သက်တောင့်သက်သာနဲ့ ကလေးလည်း နို့ဝစေပြီး နှာခေါင်းပိတ်တာမျိုးမဖြစ်စေမယ့် နည်းလမ်းကို ရှာဖွေရပါမယ်။
ဆိုဖာပေါ်မှာ ဘေးတိုက်လှဲလျောင်းတဲ့နေအထားကို အသုံးပြုပြီး နို့တိုက်ပါ။ ကလေးရော၊ မိခင်ရော မျက်နှာချင်းဆိုင်အနေအထားနေပါ။ နောက်ကျာမှာ ခေါင်းအုံးထားပါ။ ကလေးရဲ့ နောက်ကျောမှာလည်း ခေါင်းအုံးထားပေးပါ။
၄။ ဗိုက်ခွဲပြီးရင် မှန်မှန်ကန်ကန် နို့ဘယ်လိုတိုက်မလဲ
Baby – led attachment ဆိုတာ ကလေးကို မိခင်ရဲ့ အဝတ်ဗလာ ရင်သားအပေါ် တင်ပြီး နို့သီးခေါင်းနှင့် ပါးစပ်ကို မျက်နှာမူပြီး တိုက်ကျွေးခြင်းဖြစ်ပါတယ်။ မိခင်က ကျောကို ဆန့်ထားသင့်ပြီး သင့်ကလေးက သင့်ရင်သားဆီကို အလိုလိုရွေ့လျားလာမှာဖြစ်ပါတယ်။
၅။ အမွှာလေးကို ဘယ်လိုနို့တိုက်မလဲ

အမွှာရှိရခြင်းက သင့်ရဲ့ လက်တွေအတွက် အဓိပ္ပာယ်ပြည့်ဝေစေပါတယ်။ ပထမဆုံးတစ်ပြိုင်နက်တည်း နို့တိုက်တာထက် တစ်ယောက်တစ်လှည့်စီ နို့တိုက်ကြည့်ပါ။ အလုံအလောက်ကြီးမားသော စောင်ထူထူကို သင့်ကိုယ်ပေါ်တင်ပြီး ကလေးတစ်ဦးချင်းစီရဲ့ ခန္ဓာကိုယ်ကို တံတောင်ဆစ်ကနေ စထိန်းပြီး ခေါင်းကို ကိုင်ပြီး နို့တိုက်ပါ။ နောက်တစ်နည်းက နှစ်ယောက်စလုံးကို သင့်ရဲ့ တံတောင်ဆစ်ကွေးပေါ်တင်ပြီး ပွေ့ဖက်နို့တိုက်ခြင်းပဲဖြစ်ပါတယ်။
၆။ နို့ရည်သီးခြင်း၊ အန်ခြင်းကို ဘယ်လိုရပ်တန့်အောင် လုပ်ရမလဲ
နို့စို့ပြီးတိုင်းမှာ ဘေဘီလေးတွေက နို့သီးခြင်း၊ အန်ခြင်းတွေ ဖြစ်တတ်ကြပါတယ်။ ဒီလိုအခြေအနေမျိုးမှာ မြေဆွဲအားက အစာခြေခြင်းကို အထောက်အကူပြုတာကြောင့် မတ်တပ်ရပ်ပြီး နို့တိုက်တာမျိုး (သို့) တစ်ဝက်လောက်ရပ်လိုက်တာမျိုး လုပ်သင့်ပါတယ်။ သင့်ကလေးကို နို့တိုက်နေစဉ် လမ်းလျှောက်ကြည့်ပါက နူးညံ့သိမ်မွေ့သော လှုပ်ရှားမှုက စိတ်ကို သက်သာစေနိုင်ပါတယ်။ သင့်ကလေးကို နို့တိုက်ပြီးနောက် မိနစ် ၂၀ အကြာအထိ မတ်မတ်နေပေးပါ ။ နို့အန်ခြင်း ပိုဆိုးမလာစေဖို့ပဲဖြစ်ပါတယ်။
Chit_May_May
Nyein_Thu
ref-brightsideme