
ကလေးတစ်ယောက်ဘဝရဲ့ ပထမတစ်နှစ်တာကာလအတွင်းမှာ သူတို့ရဲ့ သိမြင်မှုဆိုင်ရာ ဖွံ့ဖြိုးမှုက အရမ်းမြန်မြန် တိုးတတ်လာပါတယ်။ ပတ်ဝန်းကျင်နဲ့ အပြင်အလှန်ဆက်သွယ်ခြင်းအားဖြင့် သူတို့မှာ နားလည်ဖို့နှင့် ဖွံ့ဖြိုးဖို့ စွမ်းရည်ကို ရရှိပါတယ်။ ဒီဖြစ်စဉ်က သဘာဝကျကျနဲ့ ဖြည်းဖြည်းချင်း ဖြစ်ပေါ်ပါတယ်။ သို့သော် လူကြီးတွေက ကလေးရဲ့ဉာဏ်ရည်ကို လှုံ့ဆော်ဖို့ ပြုလုပ်နိုင်တဲ့အရာများစွာရှိပါတယ်။

ကလေးတွေဟာ လှုံ့ဆော်မှုရှိသော ပတ်ဝန်းကျင်မှာ ကြီးပြင်းလာခြင်းမရှိဘူးဆိုရင် သူတို့ရဲ့စွမ်းရည်က အပြည့်အဝ မဖွံ့ဖြိုးနိုင်ပါဘူး။ ဥပမာ – မွေးကင်းစကလေးငယ်တွေဟာ မူကြိုမတတ်ခင်အထိ ၃နှစ်-၄နှစ်လောက်အထိက အိမ်ထဲမှာပဲနေရတယ်။ ပတ်ဝန်းကျင်နဲ့ ဝင်ဆံ့စေမှု မပေးထားဘူးဆိုရင် ဒါက သူတို့ရဲ့စွမ်းရည်အများအပြားကို ထိခိုက်စေပါတယ်။ ယေဘုယျအားဖြင့် ကျွန်မတို့ဟာ ဉာဏ်ရည်ကို ဘာသာဗေဒ (ဒါမှမဟုတ်) သင်္ချာစွမ်းရည် ပြီးတော့ ကျောင်းမှာ ကလေးရတဲ့အဆင့်နဲ့လည်း ဆက်စပ်လေ့ရှိကြပါတယ်။

သို့သော် ဉာဏ်ရည်က ဒီထက်ပိုကျယ်ပြန့်ပါတယ်။ ဉာဏ်ရည်မျိုးစုံသီအိုရီမှာ ဖော်ပြထားသလို ဂီတ၊ ခန္ဓာကိုယ်လှုပ်ရှားမှုနှင့် လူမှုဆက်ဆံရေးကဲ့သို့သော ရှု့ထောင့်တွေကို အညီအမျှ မြှင့်တင်ဖို့ လိုအပ်ပါတယ်။ ဒါ့ကြောင့် ဒီအချက်ကို သင်အောင်မြင်အောင် လုပ်နိုင်တဲ့ သော့ချက်တစ်ချို့ကို မျှဝေချင်ပါတယ်။
” ကလေးတွေရဲ့ဉာဏ်ရည်ကို ဘယ်လိုနှိုးဆွပေးနိုင်သလဲ”
၁။ ကျန်းမာသော ဘဝအလေ့အထများ
သူတို့ရဲ့ အလေ့အထတွေကို ဂရုစိုက်ပြီး ကျန်းမာတဲ့လူနေမှုပုံစံကို ထိန်းသိမ်းဖို့ အရေးကြီးပါတယ်။ အထူးသဖြင့် ကျွန်မတို့ဟာ နယ်ပယ်သုံးခုကို အာရုံစိုက်သင့်ပါတယ်။
- ကလေးတွေဟာ တစ်နေ့တာအတွင်း အသုံးပြုတဲ့ စွမ်းအင်ကို ပြန်ပြီး restore လုပ်ဖို့ နှင့် သင်ယူခြင်းကို ပြန်စုစည်းနိုင်ဖို့ အရည်အသွေးကောင်းမွန်သော အနားယူခြင်းက မဖြစ်မနေလိုအပ်ပါတယ်။ သူတို့ရဲ့ အိပ်စက်မှုက ရှားပါးတာမျိုး ၊ မကြာခဏ အိပ်ရေးပျက်တာမျိုးဆိုရင် အရေးကြီးတဲ့ ဦးနှောက်လုပ်ဆောင်မှုတွေကို ဖြစ်ပျက်ခြင်းကနေ တားဆီးပါလိမ့်မယ်။ ထို့အပြင် နောက်နေ့မှာ ကလေးဟာ ကျောင်း (သို့) အခြားလှုပ်ရှားမှုတွေမှာ ကောင်းကောင်းလည်ပတ်နိုင်တော့မှာ မဟုတ်ပါဘူး။
- အသိဉာဏ်ဖွံ့ဖြိုးတိုးတတ်မှုမှာ အစားအသောက်က အရမ်းအရေးကြီးပါတယ်။ ကလေးတွေလိုအပ်တဲ့ အာဟာရက ကလေးရဲ့ဦးနှောက်ကို ထောက်ပံပေးတဲ့အရာလည်းဖြစ်ပါတယ်။ ဒါကြောင့် ကလေးတွေကို အသီးအနှံ၊ ဟင်းသီးဟင်းရွက်တွေ ပါဝင်တဲ့ မျှတညီညွတ်သော အစားအသောက်တွေကို ကျွေးဖို့လိုပါတယ်။ ဒါ့အပြင် သကြားနဲ့ ပြုပြင်စီမံထားတဲ့ အစားအစာတွေကို တတ်နိုင်သမျှ ရှောင်ကြဉ်သင့်ပါတယ်။
- ကလေးတွေရဲ့ နေ့စဉ်ဘဝမှာ ကိုယ်ကာယလေ့ကျင့်ခန်း ပုံမှန်လုပ်ဖို့ လိုအပ်ပါတယ်။ အားကစားလုပ်ခြင်းက ကိုယ်ခန္ဓာကို အောက်ဆီဂျင်ဓါတ်တိုးစေဖို့ ကူညီပါတယ်။ ရုပ်ပိုင်းဆိုင်ရာ ဉာဏ်ရည်၊ လူမှုရေးဆိုင်ရာဉာဏ်ရည်( အထူးသဖြင့် အသင်းအဖွဲ့အားကစားတွေမှာ)နှင့် ဂီတဆိုင်ရာဉာဏ်ရည်( ကခုန်ခြင်းကဲ့သို့သော လှုပ်ရှားမှုတွေမှာ) တွေကိုလည်း မြှင့်တင်ပေးပါတယ်။

၂။ အတွေ့အကြုံသစ်တွေ
သင့်ကလေးကို အတွေ့အကြုံအမျိုးမျိုးပေးဖို့ ကြိုးစားပါ။ ဒါက ဘယ်အရာမဆိုဖြစ်နိုင်ပါတယ်၊ – ပြတိုက်တွေ ပို့ပေးခြင်း၊ သဘာဝရှုခင်းကြည့်ရင်း လမ်းလျှောက်ခြင်း၊ စာအုပ်အမျိုးမျိုးပေးဖတ်ခြင်း၊ တခြားကလေးတွေနဲ့ လှုပ်ရှားမှုတွေမှာ ပါဝင်စေခြင်း။ အတွေ့အကြုံသစ်တွေက ကလေးရဲ့စိတ်ကို အရေးပါသောနည်းလမ်းဖြင့် အာဟာရဖြည့်တင်းပေးပါလိမ့်မယ်။ ဒီအတွေ့အကြုံတွေကနေ ကလေးတွေဟာ ဗဟုသုတအသစ်တွေ ရရှိရုံသာမက သူတို့ရဲ့ သိလိုစိတ်ကို နှိုးဆွပေးပါတယ်။ လူမှုရေးဆိုင်ရာစ ွမ်းရည်တွေကိုလည်း တိုးပွားစေပါလိမ့်မယ်။

၃။ စိန်ခေါ်မှုအမျိုးမျိုး
နောက်ဆုံးအနေနဲ့ ကလေးတစ်ယောက်ရဲ့ ဉာဏ်ရည်ကို လှုံ့ဆော်ဖို့ ကျွန်မတို့ဟာ သူတို့ရဲ့ စိတ်ပိုင်းဆိုင်ရာ တတ်ကြွနေဖို့ ကူညီပေးရပါမယ်။ ဒီလိုပြုလုပ်ဖို့ ကျွန်မတို့ဟာ သူတို့ရဲ့ ကျွမ်းကျင်မှုတွေကို စမ်းသပ်ပြီး တိုးတတ်အောင်လုပ်ဖို့ အားပေးရပါမယ်။ ကျောင်းစာကို အချို့နည်းလမ်းတွေနဲ့ ပြီးပြည့်အောင် လုပ်ခိုင်းလို့ရသလို board games ကစားစေတာမျိုး ၊ crafts လေးတွေလုပ်ခိုင်းတာမျိုးဖြင့် ကလေးရဲ့ ဉာဏ်ရည်ကို လှုံ့ဆော်ပေးရပါမယ်။

Chit_MayMay
LM_Nandar
Source-youaremom