ကလေးရဲ့ဉာဏ်ရည်ကို မြှင့်တင်ပေးနိုင်မယ့် ကစားနည်း (၇)မျိုး

0
151
- Advertisement -

ကစားခြင်းက ကလေးတွေအပေါ် ဘယ်လောက် အကျိုးသက်ရောက်ကြောင်းနှင့် သူတို့ရဲ့ဖွံ့ဖြိုးတိုးတက်မှုအတွက် ဘယ်လောက်အထောက်အကူပြုကြောင်း သင်သိရင် အံ့အားသင့်သွားမှာပါ။ ဥပမာ- သင့်ကလေးက ဆရာဝန်တိုင်းကစားရတာကို နှစ်သက်ရင် အခြားကလေးတွေအပေါ် စာနာမှုပြနိုင်ပါတယ်။ (သို့) မိတ်ကပ်နဲ့ ကစားရတာကို ကြိုက်ရင် သူတို့ရဲ့ ဆယ်ကျော်သက်အရွယ် ရောက်တဲ့အခါ သူတို့ရဲ့ Self-esteem ကို မြှင့်တင်နိုင်ပါတယ်။ ကျွန်မတို့ကလေးတွေဟ အနာဂတ်ဖြစ်တယ်ဆိုတာ ယုံကြည်ပါတယ်။ သူတို့ဟာ တတ်နိုင်သလောက် အပြုသဘောဆောင်တဲ့အရာတွေနဲ့ ထိတွေ့သင့်ပါတယ်။ ဒါ့ကြောင့် သင့်ကလေးတွေအတွက် အကျိုးရှိလိမ့်မယ့် ဂိမ်းအချို့ကို အကြံပြုချင်ပါတယ်။

၁။ ဆရာဝန်ဟန်ဆောင်ကစားခြင်းက သင့်ကလေးကို ပိုပြီး စာနာတတ်စေပါတယ်

စားဖိုမှူးလုပ်တိုင်းကစားတာတို့၊ ဆရာဝန်လုပ်တိုင်း ကစားတာတို့ စတဲ့ ဟန်ဆောင်ကစားခြင်းတွေက ဦးနှောက်ဖွံ့ဖြိုးမှုအပြင် လူမှုရေးနှင့် သိမြင်မှုဆိုင်ရာ ဖွံ့ဖြိုးတိုးတတ်မှုအတွက် အလွန်ကောင်းသော ကိရိယာတစ်ခု ဖြစ်နိုင်ပါတယ်။ ကလေးရဲ့ လူမှုရေးနှင့် ဘာသာစကားဆိုင်ရာ စွမ်းရည်တွေကို ကူညီပေးပြီး သူတို့ရဲ့ စိတ်ကူးစိတ်သန်းတွေကို တိုးတတ်စေပါတယ်။ ဆရာဝန်ဟန်ဆောင်ကစားခြင်းက ကျွန်မတို့ကလေးတွေ ပျော်ရွှင်စွာ ကစားနိုင်တဲ့ ကစားနည်းများစွာအနက်မှ တစ်ခုဖြစ်ပြီး ဟန်ဆောင်ကစားခြင်းရဲ့ အခြားအကျိုးကျေးဇူးတွေကတော့-

- Advertisement -
  • တီထွင်ဖန်တိးမှုနဲ့ စိတ်ကူးစိတ်သန်း
  • မိမိကိုယ်ကို လေးစားမှု ပိုကောင်းခြင်း
  • စာနာမှု
  • စဉ်းစားတွေးခေါ်မှုစွမ်းရည်
  • လူမှုရေးကျွမ်းကျင်မှု
  • စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကောင်းမွန်ခြင်း
  • ဘာသာစကားနဲ့ ပြောဆိုဆက်ဆံရေးစွမ်းရည်

၂။ “Guess Who” ကစားနည်းက ကလေးတွေအား ယုတ္တိရှိရှိ စဉ်းစားတွေးခေါ်တတ်လာအောင် ကူညီပေးပါတယ်

Guess Who ဟာ ကစားသမားနှစ်ယောက် ကစားရတဲ့ ကစားနည်းဖြစ်ပြီး ကစားသမားတွေဟာ လျှို့ဝှက်ဇာတ်ကောင်ကို သီးခြားခွဲထုတ်ဖို့အတွက် မတူညီသော yes or no မေးခွန်းတွေကို အသုံးပြုရပါတယ်။ “Guess Who”(ဘယ်သူလဲဆိုတာ ခန့်မှန်း) ကစားနည်းက ကျွန်မတို့ကလေးတွေအတွက် အရေးကြီးသော ပညာရေးဆိုင်ရာ အကျိုးကျေးဇူးများစွာကို ပိုင်ဆိုင်စေပါတယ်။ ဒီဂိမ်းကနေ စည်းမျဉ်းတွေကို လိုက်နာခြင်း၊ အလှည့်ကျကစားခြင်း၊ အားကစားစိတ်ဓါတ်ရှိခြင်း စတဲ့ အခြေခံအကျိုးကျေးဇူးတွေ ရရှိတဲ့အပြင်

  • ကလေးတွေကို အရောင်ခွဲခြားတတ်အောင် သင်ပေးပါတယ်
  • ဆန့်ကျင်ဘက်တွေကို ခွဲခြားသိမြင်နိုင်ဖို့ သင်ပေးပါတယ်။
  • မျက်နှာအင်္ဂါရပ်တွေနဲ့ ဆံပင်တွေကို ပုံဖော်ပြခြင်း ကဲ့သို့သော သရုပ်ဖော်စွမ်းရည်တွေကို သင်ပေးပါတယ်
  • ရှင်းရှင်းလင်းလင်း ထုတ်ဖော်နိုင်စွမ်းကို တိုးတတ်စေပါတယ်
  • ကျိုးကြောင်းဆီလျော်သောအတွေးအခေါ်ကို ဖွံ့ဖြိုးတိုးတတ်စေပါတယ်

၃။ မိတ်ကပ်နှင့် ကစားခြင်းက ကလေးတွေအတွက် မိမိကိုယ်ကိုလေးစားမှုကို တိုးပွားစေပါတယ်

မေမေတို့ မိတ်ကပ်ဘူးတွေ ကလေးယူဆော့ရင် စိတ်မဆိုးပါနဲ့နော်။ မိတ်ကပ်နှင့် ကစားခြင်းက နောက်ပိုင်းမှာ ကလေးရဲ့ မိမိကိုယ်ကို လေးစားမှု (self-esteem) အတွက် အရမ်းအရေးပါကြောင်း သက်သေပြနိုင်ပါတယ်။ မိတ်ကပ်နဲ့ ကစားခြင်းက သင့်ကလေးကို သင်လုပ်နေတဲ့အရာမှာ ပါဝင်ရတယ်လို့ ခံစားရစေတာကြောင့် confidence တိုးတတ်မှုကို အထောက်အကူဖြစ်စေနိုင်ပါတယ်။

၄။ “Jenga” ကစားနည်းက ကလေးတွေအား သည်းခံခြင်းကို သင်ပေးပြီး ဆုံးဖြတ်ချက်ချခြင်းကို တိုးတတ်စေပါတယ်

Jenga ကစားနည်းက အာရုံစူးစိုက်မှုများစွာ လိုအပ်ပါတယ်။ စိတ်တည်ငြိမ်​စေရုံသာမက ဉာဏ်လည်းကောင်း​စေတဲ့ ကစားနည်းတစ်ခုဖြစ်ပါတယ်။ မျက်စိ-လက် ညှိနှိုင်းခြင်းနှင့် ဆုံးဖြတ်ချက်ချခြင်းတို့ကို တိုးတတ်စေပါတယ်။ ဂိမ်းရဲ့ စိတ်ကူးက ကျွန်မတို့ကလေးတွေကို သည်းခံခြင်းအကြောင်း သင်ပေးဖို့ ဖြစ်ပါတယ်။ လေ့လာမှုတွေအရ Jenga ဟာ ဦးနှောက်လေ့ကျင့်မှုအတွက် ကောင်းပြီး သိမြင်မှုစွမ်းဆောင်ရည်ကို မြှင့်တင်ပေးနိုင်ပါတယ်။

၅။ Jigsaw ပဟေဠိကစားနည်းက သိမှုဆိုင်ရာ အိုမင်းခြင်းကို ကာကွယ်နိုင်ပါတယ်

Jigsaw ပဟေဠိကစားနည်းက ကလေးနဲ့ ကစားဖို့ အကောင်းဆုံးကစားနည်းတွေထဲက တစ်ခုဖြစ်ပါတယ်။ ၎င်းတို့က ပျော်စရာကောင်းရုံသာမက လှုပ်ရှားမှုက သိမြင်မှုစွမ်းရည်တွေကို များစွာ လွှမ်းမိုးနိုင်ပါတယ်။ မှတ်ဉာဏ်ဆုံးရှုံးခြင်း၊ စိတ်ဖောက်ပြန်ခြင်း (သို့) အယ်လ်ဇိုင်းမားရောဂါစတဲ့ စိတ်ရောဂါဖြစ်ပေါ်နိုင်တဲ့ အခွင့်အလမ်းများကိုလည်း လျှော့ချပေးပါတယ်။

၆။ စစ်တုရင် ကစားနည်းက ကလေးတွေအတွက် strategy နဲ့ ပြဿနာဖြေရှင်းနည်းတွေကို သင်ပေးပါလိမ့်မယ်

စစ်တုရင်ကစားနည်းဟာ အရမ်းအကျိုးရှိတဲ့ ကလေးကစားနည်းဖြစ်ပါတယဘ်။ တကယ်တော့ ၎င်းမှာ မဟာဗျူဟာ၊ ပြဿနာဖြေရှင်းနည်းနှင့် ဝေဖန်စဉ်းစားတွေးခေါ်မှုများစွာ လိုအပ်ပါတယ်။ လေ့လာမှုအရ ၎င်းဟာ သတင်းအချက်အလက်တွေကို ပိုမိုမြန်ဆန်စွာ လုပ်ဆောင်ရာမှာ အထောက်အကူပြုနိုင်ပါတယ်။

၇။ “Scrabble” ကစားနည်းက ကလေးတွေရဲ့ ဝေါဟာရကို ကြွယ်ဝစေပြီး မှတ်ဉာဏ်ကို တိုးတတ်စေနိုင်ပါတယ်

Scrabble ကစားနည်းက ကလေးတွေရဲ့ ဝေါဟာရကို ကြွယ်ဝစေပြီး မှတ်ဉာဏ်ကို တိုးတတ်စေပါတယ်။ လေ့လာမှုအရ Scrabble ကိုများများကစားသူတွေဟာ ဒီဂိမ်းမကစားသူတွေထက် lexical(ဘာသာစကားတစ်ခုရဲ့ ဝေါဟာရဆိုင်ရာ) ဆုံးဖြတ်ချက်တွေ ချနေစဉ် သူတို့ဦးနှောက်ရဲ့ အစိတ်အပိုင်းအမျိုးမျိုးကို အသုံးပြုရပါတယ်။

Chit_MayMay

LM_Nandar

Source-brightside

LEAVE A REPLY

Please enter your comment!
Please enter your name here