ကလေးရဲ့ဖွံ့ဖြိုးတိုးတတ်မှုအတွက် စာမျက်နှာအရောင်ခြယ်ခြင်း၏ အံ့သြဖွယ်ကောင်းကျိုး (၁၂)ချက်

0
254
- Advertisement -

ဒီရိုးရှင်းတဲ့ လုပ်ဆောင်မှုက သင့်ကလေးအား တစ်သက်တာ အကျိုးကျေးဇူးဖြစ်စေနိုင်တယ်ဆိုတာ သင်သိပါသလား? ဟုတ်ပါတယ်။ ဒီရိုးရှင်းပြီး ပျော်စရာကောင်းတဲ့ activity က သင့်ကလေးတွေရဲ့ ဖွံ့ဖြိုးတိုးတတ်မှုအတွက် များစွာ အထောက်အကူပြုနိုင်ပါတယ်။

ရောင်စုံစာအုပ်တွေ၊ စာရွက်တွေဟာ မူကြိုကျောင်းသားတွေကို ကျောင်းအတွက် ပြင်ဆင်ပေးရမယ့် အရေးကြီးသော သင်ထောက်ကူတစ်ခုဖြစ်ပါတယ်။ ကလေးတွေ အကြိုက်ဆုံး အပန်းဖြေလှုပ်ရှားမှုတစ်ခုလည်း ဖြစ်ပါတယ်။ အရောင်ခြယ်ခြင်းက သူတို့ရဲ့ စိတ်ကူးစိတ်သန်းတွေကို ထုတ်ဖော်ပြသနိုင်ပြီး သူတို့ကိုယ်သူတို့ ဖော်ပြဖို့ အခွင့်အရေးပေးပါတယ်။ ကလေးတွေကို သူတို့ကြိုက်နှစ်သက်တဲ့ ကာတွန်းလေးတွေ၊ တိရိစ္ဆာန်လေးတွေ ဆွဲပေးပါ။ သူတို့လေးတွေ နာရီပေါင်းများစွာ အရောင်ခြယ်နေပါလိမ့်မယ်။

၁။ လက်ရေးကောင်းမွန်စေပါတယ်

ကလေးတွေဟာ စက္ကူပေါ်ရှိ ခဲတံကို ကိုင်တွယ်ဖို့ လက်အားနှင့် ကျွမ်းကျင်မှု လိုအပ်ပါတယ်။ ခွန်အားကို အသုံးပြုခြင်းက ခဲတံကို မမှန်မကန် ဆုပ်ကိုင်မှု ဖြစ်နိုင်ခြေမှ ဖယ်ရှားနိုင်ပါတယ်။ စာမျက်နှာ အရောင်ခြယ်ခြင်းကဲ့သို့သော လှုပ်ရှားမှုက စာရေးကိရိယာတွေကို နည်းလမ်းမှန်နဲ့ ကိုင်နိုင်အောင် ကူညီပေးပါလိမ့်မယ်။ ဒါက ကလေးရဲ့လက်ရေးကိုလည်း တိုးတတ်စေပါတယ်။

၂။ လက်နှင့် မျက်လုံးညှိနှိုင်းမှု

ရောင်စုံခဲတံတွေကို ကိုင်တွယ်ခြင်း၊ ရောင်စုံခဲတံတွေကို ချွန်ခြင်းနှင့် ဘယ်အရောင်သုံးရမယ်ဆိုတာကို အသိအမှတ်ပြုခြင်းကဲ့သို့သော အခြေခံညှိနှိုင်းမှုစွမ်းရည်က ကလေးတွေကို များစွာ အထောက်အကူပြုနိုင်ပါတယ်။ ကလေးတွေအတွက် သတ်မှတ်ထားတဲ့ ဧရိယာအတွင်း အရောင်ထည့်ဖို့ Coloring diagrams လိုအပ်ပါတယ်။ ဒါက ကလေးတွေအတွက် လက်နှင့် မျက်စိညှိနှိုင်းမှုကို တိုးတတ်စေဖို့ ကူညီပေးပါတယ်။ နည်းနည်းခက်ခဲတဲ့ ပုံဆွဲစာရွက်တွေကို ရွေးချယ်ပေးပါက ကလေးရဲ့ သိမြင်မှုဆုံးရှုံးတာကို တိုက်ထုတ်ပေးနိုင်ပါတယ်။

၃။ အပျင်းပြေခြင်းနှင့် စိတ်ရှည်ခြင်း

အရောင်ခြယ်ခြင်းက သင့်ကလေးတွေကို သည်းခံစွမ်းရည်သင်ယူဖို့ ကူညီပေးနိုင်ပါတယ်။ အနုပညာအပိုင်းအစတစ်ခုကို ဖန်တီးစဉ် ကလေးတွေဟာ သက်တောင့်သက်သာရှိပြီး အပန်းပြေစေပါတယ်။
ကလေးတွေဟာ သူတို့ကြိုက်နှစ်သက်တဲ့ ပုံစံနှင့် ပုံတွေကို အရောင်ခြယ်နိုင်ပါတယ်။ စာမျက်နှာတစ်ခုအရောင်ခြယ်ပြီးရင် ပြီးမြောက်အောင်မြင်မှုကို ခံစားရစေပါတယ်။

၄။ အာရုံစိုက်မှု

အာရုံစိုက်မှုက ကလေးတွေ အရောင်ခြယ်ခြင်းမှ သင်ယူနိုင်တဲ့ အရေးကြီးဆုံး သင်ခန်းစာတစ်ခုဖြစ်ပါတယ်။ သူတို့ရဲ့အချိန်တွေကို အရောင်ခြယ်ခြင်းမှာသုံးတဲ့ ကလေးတွေဟာ အာရုံစိုက်နိုင်စွမ်း ကောင်းကြောင်း သက်သေပြနိုင်ခဲ့ပါတယ်။ သင့်ကလေးဟာ ကြီးပြင်းလာတာနှင့်မျှ အရောင်ခြယ်စာရွက်တွေမှာ ဘောင်တွေရဲ့ အရေးပါပုံကို သိလာပါတယ်။ boundaries ထိတွေ့မှုက စာရေးဖို့ သင်ယူစဉ်မှာ အထောက်အကူဖြစ်ပါလိမ့်မယ်။

၅။ ဗဟုသုတ

ပုံတစ်ပုံကို အရောင်ခြယ်ခြင်းဖြင့် ကလေးတွေအား လိုင်း၊ ရှုထောင့်၊ အရောင်၊ ပုံသဏ္ဍာန်နှင့် ပုံစံတွေကို ခွဲခြားသိမြင်လာစေပါတယ်။ ကလေးတွေဟာ ပတ်တန်တွေကို သိဖို့လည်း လေ့လာကြပါတယ်။ နောက်ပုံတွေမှာဆိုရင် ဘယ်အရောင်ကို အသုံးပြုမယ်ဆိုတာ ဆုံးဖြတ်တတ်လာပါလိမ့်မယ်။

၆။ Confidence

ပုံမှန်အရောင်ခြယ်ခြင်းက ငယ်ရွယ်တဲ့ ကလေးတွေမှာ Confidence ကိုတိုးတတ်စေပါတယ်။ အရောင်စာရွက်တစ်ခုကို ဖြည့်စွက်ပြီးတာနဲ့ ကလေးတွေဟာ မိမိကိုယ်ကိုလေးစားမှုနှင့် ယုံကြည်မှုတည်ဆောက်ခြင်းကို ပြီးမြောက်စေသော ခံစားချက်ရရှိစေပါတယ်။

၇။ Motor Skill

အရောင်ခြယ်တဲ့အလုပ်က ကလေးငယ်တွေမှာ လက်ချောင်းကြွက်သားလှုပ်ရှားမှုစွမ်းရည်ကို တိုးတတ်စေပါတယ်။ ရောင်စုံခဲတံနဲ့ ရေးခြစ်ခြင်း၊ ကိရိယာတွေကို ကိုင်တွယ်ခြင်းကဲ့သို့သော လှုပ်ရှားမှုက သူ့ရဲ့လက်ကောက်ဝတ်၊ လက်ချောင်းတွေနဲ့ လက်ရဲ့ သေးငယ်တဲ့ ကြွက်သားများ ဖွံ့ဖြိုးတိုးတတ်ရေးကို အထောက်အကူပြုနိုင်ပါတယ်။ Fine motor skill က စာရေးသားဖို့ ၊ သေးငယ်တဲ့ အရာဝတ္တုများ ကိုင်တွယ်နိုင်ဖို့ ကူညီပေးပါတယ်။ ဒါက နောက်ပိုင်းမှာ စာရိုက်ခြင်းနှင့် ပစ္စည်းတွေကို သယ်မခြင်းတို့မှာ အထောက်အကူပြုပါတယ်။

၈။ တီထွင်ဖန်တီးမှုကို လှုံဆော်ခြင်း

အရောင်ခြယ်ခြင်းက ကလေးတွေအား သူတို့ရဲ့ ဖန်တီးမှုဘက်ကို ဖော်ပြဖို့ အခွင့်အရေးပေးပါတယ်။ စာရွက်ပေါ်မှာ ပုံမဆွဲခင် သူ့စိတ်ထဲမှာ စိတ်ကူးယဉ်ကမ္ဘာတစ်ခုကို ဖန်တီးပေးပါ။ သင့်ကလေးလက်ထဲကို ရောင်စုံခဲတံဘူး ထည့်ပေးလိုက်ပါ၊ သူ့ဘာသာသူ လွတ်လပ်စွာ ဆွဲပါစေ။ သင့်ကလေးဟာ မတူညီတဲ့ အရောင်ပေါင်းစပ်မှုအကြောင်း စဉ်းစားမိနိုင်ပါတယ်။ ကလေးက စနစ်တကျ အရောင်မထည့်တတ်ရင်(သို့) လိုင်းပြင်ပမှာ အရောင်ခြယ်နေရင် စိတ်မပူပါနဲ့။ သူလုပ်တဲ့အပြုအမှုအတွက် ချီးမွမ်းပေးပါ။ ဘယ်နေရာမှာ ဘယ်လိုဖြည့်ရမယ်၊ ဘယ်လို stroke သုံးရမဘ်ဆိုတာ သင်ပေးပါ။ ကလေးတွေဟာ ပုံဆွဲခြင်းနှင့် အရောင်ခြယ်ခြင်းတို့ဖြင့် သူတို့ရဲ့ စရိုက်ကို ဖော်ပြလေ့ရှိပါတယ်။

၉။ ကိုယ့်ကိုယ်ကို ဖော်ပြခြင်း

အချို့ကလေးတွေဟာ စကားလုံးတွေနဲ့ ပြောရတာကို နှစ်သက်ကြပြီး အချို့ကတော့ အနုပညာကို အသုံးပြုရတာ နှစ်သက်ပါတယ်။ လူတစ်ယောက်အကြောင်းကို သူသုံးတဲ့ အရောင်တွေ၊ သူဆွဲထားတဲ့ ပုံရိပ်တွေက ပြောပြနိုင်ပါတယ်။ တကဘ်လို့ ကလေးတစ်ယောက်က ဦးခေါင်းခွံကဲ့သို့သော စိတ်အနှောက်အယှက်ဖြစ်စရာ ရုပ်ပုံများ ဆွဲပါက သင့်အကူအညီလိုနေတာ ဖြစ်ပါတယ်။ နေ၊ အသည်းနှလုံး၊ အခြားရွှင်လန်းသော အရာဝတ္တုတွေကို ဆွဲနေရင် သူရဲ့ကျေနပ်ရောင့်ရဲမှုကို ဖော်ပြနေတာဖြစ်ပါတယ်။

၁၀။ အရောင်အသိအမှတ်ပြုမှု

အစိမ်း၊ အဝါရောင်၊ အနီရောင်၊ ပန်းရောင်စသဖြင့် ခြားနားမှုတွေကို သူတို့လေ့လာသင်ယူရန်လိုပါတယ်။ မတူညီသော အရောင်တွေကို အသုံးပြုခြင်းဟာ သင့်ကလေးအား မတူညီသော အရောင်ပေါင်းစပ်မှုကို စူးစမ်းလေ့လာရန် အခွင့်အရေးပေးပါတယ်။ အရောင်ခြယ်ခြင်းက သင့်ကလေးအား လူသိနည်းတဲ့ အရောင်တွေအကြောင်း သင်ပေးပါတယ်။ အရောင်ဘီးအကြောင်းကို အစောပိုင်းလေ့လာသင်ယူတဲ့ ကလေးတွေဟာ အရောင်တွေ ရောစပ်ခြင်းနှင့် မိတ်ကပ်အကြောင်း နားလည်ဖို့ ပိုမိုလွယ်ကူပါတယ်။

၁၁။ ကုထုံး

အရောင်ခြယ်ခြင်းက အထူးသဖြင့် သူတို့ မကြာခဏ ပြုလုပ်လျှင် တစ်ချို့ကလေးတွေအတွက် ကုထုံးဖြစ်ပါတယ်။ သူတို့ရဲ့ ခံစားချက်တွေ၊ မပြေလည်မှုတွေတ၊ တခြားခံစားချက်တွေကို အရောင်ခြယ်ခြင်းမှတဆင့် ထွက်ပေါက်ရှာနိုင်ပါတယ်။ ဒေါသထွက်နေတဲ့ ကလေးတစ်ယောက်ဟာ နေပုံ (သို့) လိုင်းပြင်ပပုံတွေကို ရေးခြစ်ခြင်းဖြင့် သူတို့ရဲ့ စိတ်ပျက်မှုတွေကို ထုတ်ပစ်လိုက်ပါတယ်။

၁၂။ ဘာသာစကား ဖွံ့ဖြိုးမှု

အရောင်ခြယ်ခြင်းနဲ့ အရောင်တွေအကြောင်း ပြောဆိုခြင်းက ကလေးတွေကို စကားလုံးများနှင့် စာကြောင်းအသစ်တွေကို သင်ယူဖို့ အခွင့်အရေးပေးပါတယ်။ ရောင်စုံစာရွက်ပုံစံအမျိုးမျိုးကို တွေ့တဲ့အခါ ကလေးတွေဟာ သူတို့ခံစားချက်တွေကို ပြောဆိုဖို့ သရုပ်ဖော် စကားလုံးတွေ သုံးကြပါတယ်။ စာမျက်နှာတွေကို အရောင်ခြယ်တဲ့ ကလေးဟာ ဝေဖန်စဉ်းစားနိုင်စွမ်းကို ဖွံ့ဖြိုးစေပါတယ်။

Lifestyle_Myanmar

LM_Nandar

Source-momjunction

LEAVE A REPLY

Please enter your comment!
Please enter your name here