ကလေးရဲ့မိမိကိုယ်ကို တန်ဖိုးထားမှုအတွက် အကောင်းဘက်မြင်သော ခံယူချက်များ

0
79
- Advertisement -

လူတွေဟာ သူတို့ရဲ့တွေးခေါ်ပုံတွေပါ်အခြေခံပြီး အမှန်တရားကို အဓိပ္ပာယ်ဖွင့်ဆိုကြပါတယ်။ ဒါတွေက ကျွန်တော်တို့ ငယ်စဉ်ကတည်းက ကိုယ့်ကိုယ်ကို ပြောဆိုပုံပေါ် အခြေခံပြီး ဖြစ်ပေါ်လာတာပါ။ ဒါ့ကြောင့် ဒီဆောင်းပါးမှာ ကလေးတွေရဲ့ မိမိကိုယ်ကို လေးစားမှုအပေါ် အပြုသဘောဆောင်တဲ့ ခံယူချက်တွေ ရရှိနိုင်တဲ့ အကျိုးကျေးဇူးတွေကို မျှဝေပေးသွားပါမယ်။

စိတ်မှာဖြစ်တဲ့ ဒိုင်ယာလော့

လူသားတွေဟာ အဖြစ်မှန်ကို ကျွန်တော်တို့ မြင်သလို မမြင်ကြဘူးလို့ လေ့လာမှုတွေက သက်သေပြခဲ့ပါတယ်။ ကျွန်တော်တို့ အတွေးတွေက အမှန်တကယ်ဖြစ်ပျက်နေတဲ့အရာနှင့် ကျွန်တော်တို့ ခံစားရတဲ့အရာကြားမှာ filter တစ်ခုဖြစ်ပါတယ်။ ဒါ့ကြောင့် သူငယ်ချင်းတစ်ယောက်က ဖုန်းမကိုင်ဘဲ အလုပ်ရှုပ်နေတယ်လို့ သင်ယူဆရင် သင်စိတ်ချမ်းသာပါတယ်။ ဒါပေမယ့် သူတို့က သင်ဖုန်းခေါ်ထားတာကို မြင်ပေမယ့် သင့်ကိုမကြိုက်လို့ မကိုင်ဘူး ထင်ရင် သင်ဝမ်းနည်းပြီး သစ္စာဖောက်ခံရသလို ခံစားရပါလိမ့်မယ်။ ရည်ရွယ်ချက်အမှန်က အတူတူပဲ ဖြစ်သော်လည်း အဓိပ္ပာယ်ဖွင့်ဆိုချက်နဲ့ နောက်ဆက်တွဲခံစားချက်တွေက မတူပါဘူး။ ကျွန်တော်တို့ စိတ်ထဲမှာ ဖြစ်ပေါ်နေတဲ့ internal dialogue တွေက ကျွန်တော်တို့ကို လက်တွေ့ကျကျ အဓိပ္ပာယ်ဖွင့်ဆိုဖို့နဲ့ ဆုံးဖြတ်ချက်တွေချဖို့ ကူညီပေးပါတယ်။

- Advertisement -

ဒါက ဘယ်လိုဖွံ့ဖြိုးသလဲ?

ကျွန်တော်တို့ရဲ့ တွေးခေါ်မှုပုံစံက အခြားသူတွေမှာ ကျွန်တော်တို့မြင်နေရတဲ့အရာနဲ့ ကျွန်တော်တို့ တွေ့ကြုံရတဲ့အရာတွေအပေါ် အခြေခံပြီး ကျွန်တော်တို့ ငယ်စဉ်အချိန်မှစတင်ကာ ဖန်တီးခဲ့ခြင်းဖြစ်ပါတယ်။ အခြေခိုင်သွားပြီဆိုတာနဲ့၎င်းက ကျွန်တော်တို့ဘဝတစ်လျှောက်လုံးမှာ ကျွန်တော်တို့နှင့်အတူ လိုက်ပါသွားပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့ဟာ ကျွန်တော်တို့ ကလေးတွေကို ကျန်းမာပြီး အကျိုးရှိသော internal dialogue တွေ ဖွံ့ဖြိုးတိုးတက်လာစေဖို့ ကူညီပံ့ပိုးပေးရန် အရေးကြီးပါတယ်။ ဒီလိုပြုလုပ်ဖို့အတွက် ကဏ္ဍသုံးရပ် လိုအပ်ပါတယ်။

  • စံနမူနာပြခြင်း ၊ “မိမိကိုယ်ကို ချစ်ခြင်းမေတ္တာဖြင့် ဘယ်လို ဆက်ဆံသလဲ?”, “လိုက်လျာညီထွေရှိပြီး အကောင်းမြင်တဲ့သဘောထားကို ကျွန်တော်တို့ ဘယ်လိုထိန်းသိမ်းလဲ?” ဆိုတာကို ကလေးတွေအား စောင့်ကြည့်လေ့လာခွင့်ပေးပါ။
  • သူတို့အား ချစ်ခြင်းမေတ္တာ, အားပေးမှုနှင့် ယုံကြည်မှု စကားလုံးတွေဖြင့် ပံ့ပိုးပေးပါ။
  • သူတို့ရဲ့ အတွေးတွေကို ပုံဖော်ဖို့ လိုအပ်တဲ့ကိရိယာတွေ ပေးပါ။ ကျွန်တော်တို့အားလုံးက တစ်ချိန်ချိန်မှာ လွှမ်းခြုံမှုကို ခံစားကြရပေမယ့် ကျွန်တော်တို့မှာ “ဘယ်အတွေးတွေက ငါတို့ကို ခွန်အားပေးလဲ? ငါတို့က ဘယ်အရာတွေကို ချန်ထားခဲ့မလဲ?” ဆိုတာကို ဆုံးဖြတ်နိုင်တဲ့ စွမ်းအားရှိပါတယ်။ ဒီနေရာမှာ အပြုသဘောဆောင်တဲ့ ခံယူချက်တွေက ကောင်းမွန်သော အရင်းအမြစ်တစ်ခု ဖြစ်ပါတယ်။

ကလေးတွေရဲ့ မိမိကိုယ်ကို လေးစားတန်ဖိုးထားမှုအတွက် အပြုသဘောဆောင်သော ခံယူချက်များ

ခံယူချက်တွေဆိုတာ အဖြစ်မှန်ရဲ့ ရှု့ထောင့်တစ်ခုနှင့် ပတ်သတ်လို့ ကျွန်တော်တို့ ပြုလုပ်တဲ့ စကားရပ်တွေ (သို့) ဖော်ပြချက်တွေဖြစ်ပါတယ်။ သူတို့က (“လူတွေက အရမ်းတစ်ကိုယ်ကောင်းဆန်တယ်”, “အရာရာက ငါ့အတွက်တော့ မှားနေတယ်”) ကဲ့သို့သော negative ဖြစ်နိုင်သလို (“ငါသတ္တိရှိတယ်၊ စွမ်းဆောင်နိုင်တယ်”, ” ငါ့ကိုချစ်တဲ့သူတွေ ဝိုင်းနေတယ်”) ကဲ့သို့သော postive လည်းဖြစ်နိုင်ပါတယ်။

ဒီခံယူချက်တွေက ကျွန်တော်တို့ရဲ့ ဝေါဟာရမှာ မကြာခဏ ရှိနေတဲ့အခါ ကျွန်တော်တို့ရဲ့ ကိုယ့်ကိုကိုယ်မြင်ပုံနဲ့ ဘဝကို လွှမ်းမိုးပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့ဟာ သူတို့ရဲ့ အရေးပါမှုနဲ့ ကျွန်တော်တို့ အကျိုးအတွက် သူတို့ကို ပြောင်းလဲပေးနိုင်တဲ့ စွမ်းအားကို သတိပြုမိဖို့ လိုအပ်ပါတယ်။

ကလေးတွေဟာ သူတို့ရဲ့ တွေးခေါ်မှုပုံစံတွေ အပြည့်အဝ ဖွဲ့စည်းတည်ဆောက်ထားတဲ့ အရေးကြီးတဲ့အဆင့်မှာ ရှိနေပါတယ်။ ယခုအချိန်မှာ သူတို့အား အကောင်းဘက်မြင်သော ခံယူချက်တွေကို အသုံးပြုခြင်းဖြင့် သူတို့ရဲ့ self-esteem အပေါ် အကျိုးရှိစေနိုင်ပါတယ်။ ဒါဆို သင်ဘယ်လိုလုပ်နိုင်မလဲ?

ကလေးတွေရဲ့ မိမိကိုယ်ကို တန်ဖိုးထားလေးစားမှုအတွက် အကောင်းဘက်မြင်သော ခံယူချက်တွေကို သတ်မှတ်ပါ

ကလေးတွေရဲ့ မိမိကိုယ်ကို တန်ဖိုးထားမှုအပေါ် လုပ်ဆောင်ဖို့ အပြုသဘောဆောင်တဲ့ ခံယူချက်တွေကို အောက်ပါအတိုင်းအသုံးပြုနိုင်ပါတယ်။

” ငါက ဉာဏ်ကောင်းတယ်၊ အကြံဉာဏ်ကောင်းတွေရှိတယ်”

” ငါပျော်တယ်”

” ငါ့မှာ သူငယ်ချင်းကောင်းတွေရှိတယ်”

သတိပေးချက်တွေ သတ်မှတ်ပါ

ကလေးတွေဟာ သူတို့ရဲ့နေ့စဉ်ဘဝမှာ ဒီအသုံးအနှုန်းတွေကို တွေးခေါ်တတ်ဖို့ အရေးကြီးပါတယ်။ ဒါ့ကြောင့် သူတို့စိတ်မကောင်းဖြစ်တဲ့အခါမှာ သူတို့အား ကြင်နာမှုနဲ့ အားပေးစကားပြောပေးခြင်းရဲ့ အရေးကြီးပုံကို သိရှိစေပါ။ အဆိုးမြင်အတွေးတွေကို သူတို့စိတ်ထဲမှာ စွဲနေခွင့်မပြုပါနဲ့။ သင့်ရဲ့ခံယူချက်တွေနဲ့ သူတို့ကို တိုက်ဖျက်နို်ငပါတယ်။

Chit_MayMay

Nandar

Source_youaremom

LEAVE A REPLY

Please enter your comment!
Please enter your name here