ကလေးရဲ့ စိတ်လိုက်မာန်ပါလုပ်တတ်သော အပြုအမှုကို နားလည်ခြင်း

0
232
- Advertisement -

ကလေးအများစုက သူတို့လုပ်ရပ်တွေရဲ့ အကျိုးဆက်တွေကို မစဉ်းစားဘဲ ပြုလုပ်တတ်ကြပါတယ်။ လူကြီးတွေက ဒီလိုစိတ်မြန်တဲ့ ကလေးတွေကို ဂရုမစိုက်တဲ့ ကလေး၊ ရိုင်းစိုင်းတဲ့ ကလေးလို့ မကြာခဏ လွဲမှားစွာ မြင်မိကြပါတယ်။ ဒါ့ကြောင့် ဒီနေ့ဆောင်းပါးမှာ ကလေးတွေရဲ့ စိတ်လိုက်မာန်ပါလုပ်တတ်တဲ့ အမူအကျင့်တွေအကြောင်းကို မျှဝေပေးသွားပါမယ်။

ကလေးတွေဟာ တစ်ခါတစ်ရံမှာ သူတို့ရဲ့စိတ်ကို ရပ်တန့်ဖို့ အရမ်းခက်ခဲပါတယ်။ ကိုယ်က တစ်စုံတစ်ယောက်နဲ့ စကားပြောနေချိန်မှာ သူတို့ ဝင်ပြီးအနှောက်အယှက်ပေးတာမျိုး၊ ခွင့်မတောင်းဘဲ ပစ္စည်းတွေကို ယူဆောင်သွားတာမျိုးပါ။ ဥပမာ- ဘောလုံးကို လိုက်ဖမ်းဖို့ ရှေ့နောက်မကြည့်ဘဲ လမ်းဖြတ်ကူးတာမျိုးက သူတို့ကို အန္တရာယ်တောင် ကျရောက်စေနိုင်ပါတယ်။

ကလေးက ရံဖန်ရံခါ စိတ်လိုက်မာန်ပါလုပ်တဲ့အခါ ဒါက ကလေးတွေမှာ ဖြစ်တတ်တဲ့အရာတစ်ခုလို့ ကျွန်တော်တို့ တွေးနိုင်ပါတယ်။ သို့သော် ကျွန်တော်တို့အနေနဲ့ စိတ်လိုက်မာန်ပါ အပြုအမှုတွေကို မကြာခဏ သတိပြုမိရင် အမြင်ပြောင်းလဲရပါမယ်။ အကြောင်းကတော့ သူတို့ဟာ ကိုယ့်ကိုယ်ကို ထိန်းချုပ်ရခက်နေနိုင်လို့ပါပဲ။

- Advertisement -

ကလေးတိုင်းမှာ impulsive အပြုအမှုတွေ တူညီကြတာမဟုတ်ပါဘူး။ ဒီအပြုအမှုတွေက ကလေးတစ်ဦးစီမှာ ကွာခြားပြီး အသက်ကြီးလာတာနှင့်အမျှ ပြောင်းလဲသွားနိုင်ပါတယ်။ ကျွန်တော်တို့ သတိပြုမိနိုင်တဲ့ အပြုအမှုအချို့မှာ –

  • အခြားသူတွေဆီကနေ ပစ္စည်းတွေ ယူသွားခြင်း
  • စကားဝိုင်း (သို့) ဂိမ်းတွေမှာ သူတို့ရဲ့ အလှည့်ကို မစောင့်နိုင်ခြင်း၊
  • အာရုံစိုက်မှုရရှိဖို့ မသင့်လျော်တဲ့ အရာတွေကို ပြုလုပ်ခြင်း
  • စည်းမျဉ်းစည်းကမ်းတွေကို အမြဲလိုက်နာဖို့ ခက်ခဲခြင်း
  • အခြားကလေးတွေနဲ့ ရန်လိုခြင်း – ကိုက်ခြင်း, ကန်ခြင်း (သို့) ရိုက်နှက်ခြင်း
  • အမြဲတမ်း ပထမဖြစ်ချင်ခြင်း
  • သူတို့ရဲ့ အပြောအဆိုနဲ့ အပြုအမှုတွေက အခြားသူတွေကို ထိခိုက်နိုင်တယ်ဆိုတာ နားမလည်ခြင်း
  • အမှားတွေ၊ ဝေဖန်မှုတွေနဲ့ စိတ်ပျက်မှုတွေကို လွန်ကဲစွာ တုံ့ပြန်ခြင်း
  • သူတို့ရဲ့လုပ်ရပ်တွေက အကျိုးဆက်တွေရှိတယ်ဆိုတာ နားမလည်ခြင်း ၁၀နှစ်အရွယ် ကလေးမှာ ၆နှစ်သားနှင့်ဆင်တူတဲ့ အမူအကျင့်တွေကို တွေ့မြင်နိုင်တာမျိုးက သူတို့ရဲ့ self-control က မရင့်ကျက်သေးတာကြောင့်ဖြစ်ပါတယ်။

ကလေးတွေရဲ့ စိတ်လိုက်မာန်ပါအပြုအမှုက ဘာကိုဖြစ်စေနိုင်လဲ?

ကလေးက စိတ်လိုက်မာန်ပါလုပ်လာရတဲ့ အကြောင်းရင်းများစွာ ရှိပါတယ်။ ထိုသို့သော စိတ်လိုက်မာန်ပါအပြုအမှုအတွက် တာဝန်ရှိနိုင်တဲ့ အကြောင်းရင်းတစ်ချို့ကို ကြည့်ရအောင်

၁။ မရင့်ကျက်မှု

ကလေးတွေဟာ သက်တူရွယ်တူ အခြားကလေးတွေထက် နောက်ကျမှ ရင့်ကျက်လာတာကြောင့် ဒီလိုပြုမှုတတ်ကြပါတယ်။ ရလဒ်အနေနဲ့ ဒါက သူတို့ရဲ့ မလုပ်ဆောင်ခင် စဉ်းစားနိုင်စွမ်း ဖွံ့ဖြိုးမှုကို နှောင့်နှေးစေပါတယ်။

၂။ စိတ်ဖိစီးမှု၊ စိတ်အလိုမကျမှုနဲ့ အိပ်ရေးပျက်ခြင်း

ကလေးတွေဟာ ကျောင်းမှာ (သို့) မိသားစုမှာ ပြဿနာတွေရှိနေရင် စိတ်လိုက်မာန်ပါပြုမှုခြင်းက ထိုတင်းမာကို လွတ်မြောက်စေတဲ့ နည်းလမ်းတစ်ခု ဖြစ်လို့ပါ။ ကလေးတွေဟာ လူကြီးတွေလိုပဲ သူတို့ရဲ့ စိတ်ခံစားချက်တွေကို ဘယ်လိုဖော်ပြရမလဲဆိုတာ မသိကြသေးပါဘူး။ ဒါ့ကြောင့် သူတို့ဟာ စိတ်လိုက်မာန်ပါအပြုအမူတွေနဲ့ ထိုတင်းမာမှုကို လျှော့ကြပါတယ်။

၃။ ADHD ရှိသော ကလေးတွေက စိတ်လိုက်မာန်ပါအပြုအမှုဖြစ်စေတဲ့ အကြောင်းရင်းတစ်ခု ဖြစ်ပါတယ်

အာရုံမစိုက်နိုင်ဘဲ တတ်ကြွလွန်းတဲ့ရောဂါ ( ADHD)ရှိတဲ့ ကလေးတွေဟာ အထူးသဖြင့် ဒေါသကဲ့သို့သော ပြင်းထန်တဲ့ ခံစားချက်အချို့ကို ထိန်းချုပ်ရာမှာ အခက်အခဲတွေရှိပါတယ်။ သူတို့ရဲ့စိတ်ခံစားချက်တွေကို ထိန်းညှိဖို့ မစွမ်းဆောင်နိုင်ခြင်းကြောင့် ကလေးဟာ သူတို့ရဲ့ အပြုအမှုတွေကို ထိန်းချုပ်ဖို့ ခက်ခဲသွားနိုင်ပါတယ်။

၄။ အကြောက်လွန်ရောဂါနဲ့ စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းမှုများ

အချို့သော စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းမှုတွေက ကလေးတွေမှာ စိတ်လိုက်မာန်ပါအပြုအမှုတွေရဲ့ နောက်ကွယ်မှ အကြောင်းရင်းတစ်ခုလည်း ဖြစ်နိုင်ပါတယ်။ ကလေးတွေမှာ ဒီလိုအပြုအမှုရှိစေကာမူ သူတို့အား ပံ့ပိုးကူညီပေးဖို့နဲ့ self-confidence ပိုရရှိအောင် ကူညီပေးဖို့ အရေးကြီးပါတယ်။

Chit_MayMay

Nandar

Source-youaremom

LEAVE A REPLY

Please enter your comment!
Please enter your name here