ကလေးရဲ့ ဉာဏ်ရည်ကို မြင့်တင်ပေးဖို့ Offline ဖန်တီးလှုပ်ရှားမှုများ

0
1555
- Advertisement -

နည်းပညာတွေက တစ်ခါတလေမှာ တီထွင်ဖန်တီးနိုင်စွမ်းကို ကျဆင်းစေပြီး လက်တွေ့ဘဝထဲမှာ အချိန်ဖြုန်းနေတဲ့ မျိုးဆက်တစ်ခုကို လုယူခံလိုက်ရသလိုပါပဲ။ ဒါ့ကြောင့် မိဘတစ်ဦးအနေနဲ့ အင်တာနက်နဲ့ မချိတ်ဆက်ဘဲ သူတို့ရဲ့ ကစားချိန်တွေကိုလည်း မြှင့်တင်ပေးသင့်ပါတယ်။ အီလက်ထရွန်းနစ်ပစ္စည်းတွေကို ခဏပစ်ထားခဲ့ပြီး သူတို့ကို အော့ဖ်လိုင်းဖန်တီးမှုတွေ ပြပေးပါ။ အတူတူလုပ်ပါ။ ဘယ်လိုမျိုး အော့ဖလိုင်းဖန်တီးမှုတွေလုပ်နိုင်မလဲဆိုတာကိုတော့ မျှဝေပေးပါမယ်။

၁။ Offline Puzzle

Puzzles က အရွယ်အစားအမျိုးမျိုးရှိပြီး သူတို့က ရိုးရှင်းသော ကစားနည်းတစ်ခုဖြစ်ပေမယ့် စိန်ခေါ်မှုတွေရှိသော ကစားနည်းလည်းဖြစ်ပါတယ်။ ပဟေဠိတွေက သင့်ဦးနှောက်ရဲ့ တစ်ခြမ်းလုံးမှာ အလုပ်လုပ်တာကြောင့် သင့်ရဲ့ မှတ်ဉာဏ်နှင့် ပြန်လည်မှတ်မိသော အင်္ဂါရပ်တွေကို ကူညီပေးပါတယ်။ National Library of Medicine ရဲ့ လေ့လာမှုတစ်ခုအရ ဉာဏ်စမ်းပဟေဠိတွေက ဦးနှောက်ဉာဏ်ရည်ကို ထက်မြက်စေပြီး စိတ်ကျရောဂါကို ကင်းဝေးစေနိုင်ကြောင်း တွေ့ရှိခဲ့ပါတယ်။

၂။ စောင်တွေနဲ့ camp လုပ်ခြင်း

မိုးရွာတဲ့နေ့မှာ စောင်တွေနဲ့ ခံတပ်တွေဆောက်ရတာလောက် ပိုကောင်းတာမရှိတော့ပါဘူး။ ကြီးပြင်းလာချိန်အထိ စောင်တွေနဲ့ camp ဘယ်နှစ်လုံးဆောက်ဖူးပြီလဲ? ကိရိယာအစုံအလင် မလိုအပ်ဘဲ ကလေးငယ်စိတ်ထဲရှိသလို ဖန်တီးနိုင်ပါတယ်။ စောင်အနည်းငယ်နဲ့ နေ့ခင်းဘက်မှာ ဘယ်လောက်အထိ တီထွင်ဖန်တီးနိုင်မလဲဆိုတာ ကြည့်ရတာ ပျော်စရာကောင်းပါတယ်။ ဒီအရာက တစ်သက်တာအမှတ်တရတွေကို ဖန်တီးရာရောက်ပါတယ်။

၃။ မုန့်ဖုတ်ခြင်း

မုန့်ဖုတ်ခြင်းက အရသာရှိသော အရာတစ်ခုခုကို လုပ်ဆောင်ခြင်းမျိုးဖြစ်ပြီး ပါဝင်ပစ္စည်းတွေကို အချိုးအစားအကျအနပေေါင်းထည့်ခြင်းမျိုးဖြစ်ပြီး သင်္ချာပညာရပ်နဲ့ ဆက်စပ်နေပါတယ်။ ချောကလက်ချစ်ပ်မုန့်ကွက်ကီးတွေမှာ သင်္ချာပညာရပ်တွေ၊ သိပ္ပံပညာတွေနဲ့ တီထွင်ဖန်တီးထားတယ်ဆိုတာကိုတော့ အားလုံးမေ့နေကြပါတယ်။ အတူတူအချိန်ဖြုန်းခြင်းရဲ့ အကျိုးကျေးဇူးတွေက အဖိုးမဖြတ်နိုင်သော အကျိုးကျေးဇူးတွေဖြစ်သလို သူတို့ကို တစ်သက်တာအသုံးချနိုင်သော စွမ်းရည်တွေကိုလည်း သင်ကြားပေးပြီးသားဖြစ်ပါလိမ့်မယ်။

၄။ ကခြင်း

ကခုန်ခြင်းနှင့် သီချင်းနားထောင်ခြင်းက သင့်ကလေးတွေရဲ့ လှုပ်ရှားမှုတွေကို ညှိနှိုင်းဖို့ ကူညီပေးပါတယ်။ စီးဆင်းမှုနဲ့အတူ လိုက်ဖို့ ဦးနှောက်ကို အလုပ်ပေးဖို့ လိုအပ်ပြီး သင့်ခန္ဓာကိုယ်က အရှိန်အဟုန်ကို ခံစားရစေပါတယ်။ ကခုန်ရတာ အရမ်းပျော်စရာကောင်းပြီး လေ့ကျင့်ခန်းလုပ်ရာလည်း ရောက်ပါလိမ့်မယ်။ ဒီလိုမျိုးနေ့စဉ်လုပ်ဆောင်မှုဖြင့် သူတို့ရဲ့ စိတ်နှင့် ကြွက်သားတွေကို အားကောင်းအောင် တည်ဆောက်ပေးပါလိမ့်မယ်။

၅။ ဥယျာဥ်စိုက်ခြင်း

သင့်ကလေးတွေရဲ့ လက်လေးတွေကို မြေကြီးထဲနှစ်ပြီး စိုက်ပျိုးနိုင်သော အပင်တွေနှင့် အသီးအရွက်များစွာရှိပါတယ်။ ပျိုးစေ့ကနေ အပင်အဖြစ်ပြောင်းလဲလာသော တစ်စုံတစ်ခုကြီးထွားလာတာကို မြင်ရတဲ့အခါ အံ့ဩဖွယ်ရာအတွေ့အကြုံတစ်ခုဖြစ်ပါတယ်။ သူတို့စားသောက်နေတဲ့ အသီးအရွက်တွေဟာ ဘယ်လောက်အထိ ပင်ပင်ပန်းပန်းပြုစုပေးရတယ်၊ ဘယ်လောက်အထိ စိတ်ရှည်ရတယ်ဆိုတာကို သူတို့လေ့လာခွင့်ရပါလိမ့်မယ်။ ဒီအရာက အော့ဖ်လိုင်းလုပ်ဆောင်ချက်တွေထဲက တစ်ခုဖြစ်ပါတယ်။

၆။ လက်မှုပညာနှင့် ဖန်တီးမှုပညာ

လက်မှုပညာများစွာက သင့်ကလေးတွေနဲ့ အတူအချိန်ဖြုန်းနိုင်ပြီး အီလက်ထရွန်းနစ်ပစ္စည်းတွေအသုံးပြုမှုကို လျှော့ချဖို့ ကူညီပေးနိုင်ပါတယ်။ ပန်းချီဆွဲခြင်း၊ ပန်းပု၊ ရွှံ့စေးကို အသုံးပြုခြင်းစသဖြင့် အမျိုးမျိုးပြုလုပ်နိုင်ပါတယ်။ သူတို့စိတ်ဝင်စားတဲ့အရာကိုရှာပြီး ရအောင်လုပ်ပါ။

လှုပ်ရှားမှုတစ်ခုစီတိုင်းက အသေးစိတ်အလုပ်တွေနဲ့ သူတို့ရဲ့ ဦးနှောက်ကို စိန်ခေါ်မှာဖြစ်ပါတယ်။ သူတို့က သူတို့ရဲ့ မော်တာကျွမ်းကျင်မှုကို မြှင့်တင်ပေးရုံသာမက ကျိုးကြောင်းစဆီလျော်မှုနှင့် သင့်လျော်မှုတို့ကို ဖွံ့ဖြိုးစေမှာဖြစ်ပါတယ်။

၇။ Legos (သို့) Lincoln Logs

Lego တွေကို ထိုင်ပြီး တည်ဆောက်နိုင်တဲ့ကလေးတွေက အရမ်းဉာဏ်ကောင်းတဲ့ကလေးတွေဖြစ်လာကြပါတယ်။ သေးငယ်ပြီး အနုစိတ်သော အနုပညာဖန်တီးမှုတွေနဲ့ ဒီအရာကို တည်ဆောက်နေချိန်တိုင်းက သူတို့ရဲ့ ဦးနှောက်ကို လေ့ကျင့်ခန်းလုပ်ပေးပြီးသားဖြစ်နေပါလိမ့်မယ်။ သူတို့ရဲ့ စိတ်ကူးစိတ်သန်းတွေကို အကောင်အထည်ဖော်ခွင့်ရသော ဖန်တီးကစားနည်းဖြစ်ပါတယ်။

၈။ အရုပ်စက္ကူခေါက်ခြင်း

ဒီလှုပ်ရှားမှုကလည်း offline လှုပ်ရှားမှုတွေထဲက တစ်ခုဖြစ်ပြီး ကျွမ်းကျင်မှုတစ်ချို့တော့ လိုအပ်ပါတယ်။ ကြိုးကြာရုပ်လေးတွေ၊ ကြာဖူးလေးတွေအပြင် တစ်ခြားဘယ်လိုအရုပ်မျိုး၊ တစ်ခုခုပဲဖြစ်ဖြစ် လုပ်နိုင်ပါတယ်။ Brain Athlet ရဲ့ အဆိုအရ အရုပ်စက္ကူခေါက်ခြင်းက ကလေးငယ်ကို အစီအစဉ်တကျလုပ်တတ်ခြင်းစွမ်းရည်၊ မျက်လုံးနဲ့ လက်ရဲ့ ညှိနှိုင်းမှုကို တိုးတက်ကောင်းမွန်စေခြင်း၊ စကားလုံးတွေမလိုဘဲ နားလည်နိုင်စွမ်းကို မြှင့်တင်ပေးနိုင်သလို အာရုံစူးစိုက်မှုစွမ်းရည်ကိုလည်း တိုးတက်ကောင်းမွန်စေပါတယ်။ အနုပညာဟာ စွဲမက်ဖို့ကောင်းသောအရာလည်းဖြစ်ပါတယ်။

Chit_May_May

Nyein_Thu

ref-powerofpositivity

LEAVE A REPLY

Please enter your comment!
Please enter your name here