ကလေးရဲ့ ဒိုက်ပါ(Diaper) တစ်ကိုယ်ရေသန့်ရှင်းရေးကို ဘယ်လိုဂရုစိုက်ပေးမလဲ?

0
296
- Advertisement -

မေမေတို့အနေနဲ့ ကလေးတစ်ယောက်ရလာရင် အပြောင်းအလဲတွေ အများကြီးဖြစ်လာပါတယ်။ အတွေ့အကြုံတွေ အများကြီးရလာပါတယ်။ ဘဝက ပိုကောင်းမွန်တဲ့ အခြေအနေကို ပြောင်းလဲသွားသလို ပိုပြီးလည်း ရှုပ်ထွေးသွားနိုင်ပါတယ်။ မေမေတို့က အလုပ်လုပ်နေရတဲ့ မိဘတစ်ယောက်ဖြစ်ရင် နေ့ရက်တွေက မျက်စိတမှိတ်အတွင်းမှာ ကုန်ဆုံးသွားပါလိမ့်မယ်။ မေမေတို့ ကလေးလေးရဲ့ သွားမပေါက်သေးတဲ့ အပြုံးလေး၊ နှုတ်ဆက် ကလေးချော့တေးကြားမှာ ပျော်ရွင်မှုအနည်းငယ် ရှိပါတယ်။ ကလေးတစ်ယောက်ကို ပြုစုစောင့်ရှောက်ခြင်းက တာဝန်တစ်ခုလို ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ဂရုတစိုက် ပလမ်ချထားရင် ကလေးတစ်ယောက်ရဲ့တာဝန်က ပိုလွယ်ကူစေနိုင်ပါတယ်။

ဒီနေ့မှာတော့ မေမေတို့ကလေးတွေကို ဒိုက်ဘာလဲပေးခြင်းအကြောင်း၊ တစ်ကိုယ်ရေသန့်ရှင်းမှုအကြောင်းကို မျှဝေချင်ပါတယ်။

၁။ ဒိုက်ပါ ရွေးချယ်ခြင်း

စျေးဆိုင်မှာ ကလေးဒိုက်ပါအမျိုးမျိုး ရှိပါတယ်။ မျက်စိထဲတွေ့တဲ့အရာကို မဝယ်မိပါစေနဲ့။ ကလေးနဲ့ ကောင်းစွာ ကိုက်ညီတဲ့ ဒိုက်ပါကို ရွေးချယ်ပါ။ နောက်ထပ်အရေးကြီးတဲ့ အချက်တစ်ချက်က သက်သောင့်သက်သာရှိမှု ဖြစ်ပါတယ်။ ကလေးအတွက် အဆင်မပြေဖြစ်စေတဲ့ ဒိုက်ပါတွေကို မသုံးပါနဲ့။ ဘာနဲ့ ပြုလုပ်ထားတဲ့ ဒိုက်ပါလဲ? ဘယ်လောက်ကြာကာာ သုံးနိုင်မလဲ? ဝတ်ပေးရ လွယ်လား/မလွယ်လားဆိုတာကို စစ်ဆေးပါ။ ယိုစိမ့်မှု မဖြစ်စေတာ သေချာပါစေ၊ ဒါ့အပြင် ကိုယ့်ရဲ့ဘတ်ဂျက်နဲ့ ချိန်ပြီး ဝယ်ပါ။ ဘာလို့လဲဆိုတော့ ကလေး အရွယ်မရောက်ခင်အထိ ဒိုက်ပါတွေအများကြီး လိုအပ်နို်ငလို့ပါ။

၂။ ဒိုက်ပါလဲခြင်း

၃-၄နာရီတိုင်းမှာ ဒိုက်ပါတွေကို လဲပေးရပါမယ်။ မိဘတိုင်း လိုက်နာရမယ့် စည်းမျဉ်းတစ်ခုက အင်အင်းပါထားတယ်ဆိုရင် ချက်ချင်းလဲပေးဖို့ ဖြစ်ပါတယ်။ ဒါ့အပြင် ကလေးငယ်ကို ဒိုက်ပါ မပါဘဲ တစ်နေ့လျှင် အနည်းဆုံး တစ်နာရီလောက် ထားပေးဖို့ အကြံပြုလိုပါတယ်။ တကယ်လို့ ဒိုက်ပါဝတ်ထားတဲ့ နေရာမှာ အဖုအပိန့်တွေ၊ နီမြန်းတာတွေ သတိထားမိရင် ဒိုက်ပါကို အသုံးမပြုပါနဲ့။

၃။ သန့်ရှင်းရေး

ဒိုက်ပါကို ဖယ်ရှားပြီးနောက်မှာ ကလေးရဲ့အောက်ပိုင်းကို သေသေချာချာသုတ်ပေးပါ ။ Wet Tissue ကိုသုံးနိုင်ပါတယ်။ Wet Tissue အားလုံးက မတူပါဘူး။ တစ်ချို့က အန္တရာယ်ဖြစ်စေနိုင်တဲ့ ဓါတုပစ္စည်းများပါဝင်ပြီး အရေပြားကို ယားယံစေနိုင်ပါတယ်။ ကလေးသုံး Wet Tissue ကို ရွေးပါ။ တကယ်လို့ အဖုအပိန့်တွေ၊ အသားအရေနီမြန်းတာတွေရှိရင် Wet Tissue ကို မသုံးဘဲ ရေဖြင့်သာ သန့်ရှင်းပေးပါ။

၄။ စနစ်တကျ စွန့်ပစ်ခြင်း

သတိမမူဘဲ ဒိုက်ပါစွန့်ပစ်တာကို ရှောင်ပါ။ အခြားအိမ်သုံးစွန့်ပစ်ပစ္စည်းတွေနဲ့ရောပြီး မစွန့်ပစ်ပါနဲ့။ အမှိုက်ခွဲခြားတဲ့ စည်းမျဉ်းကို လိုက်နာပါ။ မစွန့်ပစ်ခင်မှာ အသုံးပြုထားပြီးတဲ့ ဒိုက်ပါကို စနစ်တကျပတ်ပါ။ ကျွတ်ကျွတ်အိတ်နဲ့ ထည့်ပြီးမှ စွန့်ပစ်ပါ။ လမ်းဘေးမှာ ပစ်စလက်ခတ်ပစ်ထားတဲ့ ဒိုက်ပါတွေက ကြည့်ရဆိုးပြီး ပတ်ဝန်းကျင်သန့်ရှင်းရေးအတွက်လည်း ဆိုးရွားပါတယ်။ ဘယ်နေရာရောက်ရောက် ကလေးဒိုက်ပါလဲပေးတဲ့အခါတိုင်း ဒါကို စိတ်ထဲမှာ မှတ်ထားပေးပါ။

ဒိုက်ပါပွန်းတာကို ဘယ်လိုကာကွယ်မလဲ?

ဒိုက်ပါပွန်းတာက တစ်ခါတစ်လေမှ ဒိုက်ပါလဲတဲ့၊ ဒိုက်ပါစိုစွတ်နေတတ်တဲ့ ကလေးတွေအကြားမှာ အဖြစ်များလေ့ရှိပါတယ်။ ကလေးမှာ sensitive skin ရှိရင် (သို့) ပွန်းရှတတ်ရင်လည်း ဖြစ်နိုင်ပါတယ်။ ကလေးရဲ့အောက်ပိုင်းကို သန့်ရှင်း ခြောက်သွေ့အောင်ထားပါ။ ကလေးရဲ့ ရောင်ရမ်းတဲ့အသားအရေကို သက်သာစေဖို့ လိုးရှင်းဖြစ်ဖြစ် ကလေးအသားအရေနဲ့တည့်မယ့် လိမ်းဆေးတစ်ခုခုဖြစ်စေ လိမ်းပေးနိုင်ပါတယ်။

တစ်ကိုယ်သန့်ရှင်းရေးလုပ်ရာမှာ မှန်ကန်တဲ့အဆင့်တွေကို လိုက်နာခြင်းက အရမ်းအရေးကြီးပါတယ်။ ဒါက ကျန်းမာတဲ့ကလေးတစ်ယောက်အဖြစ် ပျိုးထောင်ခြင်းမှာ ပထမခြေလှမ်းဖြစ်ပါတယ်။ ကလေးနဲ့ ကောင်းကောင်း fitting ဖြစ်မယ့် ဒိုက်ပါအမျိုးအစားကို သုံးဖို့ သတိထားပါ။ ဒိုက်ပါကို အချိန်မီ လဲပေးပါ။ နူးညံ့တဲ့ Baby Wipes တွေနဲ့ သန့်ရှင်းပေးပါ။ အသုံးပြုပြီးတဲ့ ဒိုက်ပါတွေကို စနစ်တကျ စွန့်ပစ်ပေးပါ။

Chit_MayMay

LM_Nandar

Source-momjunction.

LEAVE A REPLY

Please enter your comment!
Please enter your name here