နည်းပညာနဲ့ သတင်းအချက်တွေက လူသားတွေအတွက် မရှိမဖြစ်လိုအပ်တဲ့ အရာတွေပါ။ ကမ္ဘာပေါ်မှာ နေ့စဉ်နဲ့အမျှ ဖန်တီးမှုအသစ်တွေ၊ ပြဿနာပေါင်းသောင်းခြောက်ထောင်တို့ ဖြစ်ပွားနေလျှက်ရှိပြီး ဒီလိုဖန်းတီးမှုတွေက ကျွန်တော်တို့ကလေးတွေအတွက် ဗဟုသုတရစေနိုင်ပေမယ့် သူတို့ရဲ့ဖန်တီးနိုင်စွမ်းတွေကိုတော့ ပျောက်ဆုံးသွားစေနိုင်ပါတယ်။ ဒါဟာ မိဘအုပ်ထိန်းမှုအတွက် စိန်ခေါ်မှုတစ်ခုဖြစ်လာပြီး မိဘအတော်များများ ဒီလိုအမှားမျိုးတွေကို ပြုလုပ်တတ်ကြပါတယ်။ ကျွန်တော်တို့အများစုက မသိပဲပြုလုပ်မိနေတဲ့ အချို့အမှားတွေဟာ ကလေးတွေရဲ့ လမ်းကိုပိတ်ထားသလိုဖြစ်စေတဲ့အတွက် သိရှိရှောင်ရှားနိုင်အောင် မျှဝေပေးလိုက်ပါတယ်။
(၁) တီဗွီကြည့်ချိန်ကို ကန့်သတ်မထားခြင်း
ကလေးငယ်တွေဟာ တီဗွီကြည့်ရခြင်းကို နှစ်သက်ကြပါတယ်။ လူကြီးတွေတောင်မှ တီဗွီကြည့်နေရခြင်းကို နှစ်သက်သူတွေ အများအပြားပါပဲ။ လေ့လာမှုတွေအရ စမတ်ဖုန်း၊ တက်ပလက်အပါအဝင် တီဗွီကို အချိန်ကြာမြင့်စွာ ကြည့်ရှုတတ်ခြင်းဟာ ကလေးရဲ့ဖန်တီးနိုင်စွမ်းနဲ့ သဘာဝအတိုင်း ကြီးထွားဖွံ့ဖြိုးမှုနဲ့ ဉာဏ်ရည်ကို ထိခိုက်စေနိုင်ပါတယ်။ မိဘအုပ်ထိန်းမှု ကျွမ်းကျင်သူတွေက ကလေးတွေကို တစ်ရက်မှာ တီဗွီကြည့်ချိန် တနာရီလောက်သာ ကန့်သတ်ထားသင့်ကြောင်း အကြံပြုကြပါတယ်။ သင့်ကလေးကို ယခုကိစ္စနဲ့ပတ်သတ်ပြီး စခရင်ကို အချိန်ကြာမြင့်စွာကြည့်နေခြင်းဟာ ဦးနှောက်ဆဲလ်တွေကို ပျင်းရိသွားစေပြီး အခြားအရာတွေကို လုပ်ဆောင်မှုမှာ စနစ်တကျအလုပ်မလုပ်နိုင်တော့ကြောင်း ဖန်တီးမှုတွေကို မတွေးတောနိုင်တော့ကြောင်း ရှင်းပြနိုင်ပါတယ်။

နောက်ထပ်အကြံပြုချက်တစ်ခုအဖြစ် အိမ်မှာပဲ အချို့သောလှုပ်ရှားမှုတွေမှာ ကလေးတွေကို ပါဝင်ခွင့်ပေးပြီး တီဗွီကြည့်ခြင်းအစား ဦးနှောက်ကိုအလုပ်ပေးရတဲ့ ကိစ္စတွေကို ပိုမိုလုပ်ဆောင်ပေးပါ။ ဒါမှသာ တီဗွီရှေ့မှာ အချိန်ဖြုန်းမှုလျော့နည်းသွားစေပြီး စဉ်းစားတွေးခေါ်မှုတွေ တိုးတက်လာမှာ ဖြစ်ပါတယ်။
(၂) ငါခိုင်းတဲ့အတိုင်းပဲ လုပ်ပါ
ကျွန်တော်တို့ကိုယ်တိုင် မိဘမဖြစ်ခင်အချိန်တုန်းက ကိုယ်မိဘဖြစ်လာရင်တော့ ကိုယ့်ရဲ့ကလေးကို ယခုလိုမျိုး တသွေးတသံတမိန့်နဲ့ မအုပ်ချုပ်ဘူး လို့ကိုယ့်ကိုကိုယ် ကတိပေးကြပါလိမ့်မယ်။ ဒါပေမယ့် အံ့သြစရာကတော့ မိဘဖြစ်လာတဲ့အခါ အကုန်လုံးနီးပါး “‘ဒါမျိုးမလုပ်နဲ့” ” ငါပြောထားတဲ့အတိုင်းပဲလုပ်” စတဲ့ စကားမျိုးတွေ သုံးလာကြတာပါပဲ။ ကလေးတွေအားလုံးဟာ အကြောက်တရားသို့မဟုတ် ကန့်သတ်မှုတွေနဲ့ မွေးဖွားလာကြတာမဟုတ်ပါဘူး။

သူတို့ကြီးပြင်းလာတဲ့အတိုင်းပဲ သူတို့သင်ယူတတ်ကြပါတယ်။ အလွန်အမင်းကာကွယ်တတ်တဲ့မိဘတွေရဲ့ ကလေးတွေဟာ မိဘဆီကနေ လုပ်ပိုင့်ခွင်အချို့ကို ရရှိတဲ့ကလေးတွေထက် စူးစမ်းမှုနဲ့ ဖန်တီးမှုတွေမှာ ပိုပြီးအားနည်းသွားတတ်ပါတယ်။ မိဘကကလေးကို ယခုလိုဘောင်ကန့်သတ်ထားခြင်းကြောင့် ကလေးမှာ လူမှုရေးအသိအမြင်နဲ့ ပေါင်းသင်းဆက်ဆံရေးမှာပါ အားနည်းသွားစေပါတယ်။ ဒါကြောင့် သူတို့လုပ်ချင်တဲ့ကိစ္စလေးတွေကို အနည်းငယ်မှားနေရင်တောင်မှ လုပ်ခွင့်ပေးပြီး ရလာဒ်ထွက်ခါနီး အချိန်ထိစောင့်ကြည့်ပေးပါ။ သူတို့ဆုံးရှုံးမှု သို့မဟုတ် ကြောက်လန့်မှုဖြစ်လာတဲ့အခါတိုင်း အားပေးဖို့မမေ့ပါနဲ့။
(၃) မေးခွန်းမေးခြင်းအစားအမိန့်တွေပဲပေးခြင်း
ကျွန်တော်တို့ကိုယ်တိုင်တောင်မှ အခြားသူတွေက အမိန့်တွေပေးခြင်းကို မနှစ်သက်ကြပါဘူး။ ကလေးတွေလည်း ထို့အတူပါပဲ။ အဝတ်လဲစမ်း၊ လက်သွားဆေးလေ၊ အရုပ်ကိုချလိုက်၊ အိမ်စာတွေပြီးအောင်လုပ်၊ သွားတိုက်ပြီးသွားအိပ်တော့ စတဲ့စတဲ့ မဆုံးနိုင်တဲ့ အမိန့်တွေကို နေ့စဉ်နဲ့အမျှ ကျွန်တော်တို့ကလေးတွေကို ပေးမိနေတတ်ပါတယ်။

ဒါဆိုရင် ကလေးတွေကိုယခုလိုမခိုင်းရင် သူတို့ရဲ့အလုပ်တွေပျက်ကွက်ကုန်မှာပေါ့လို့ သင်ကမေးခွန်းထုတ်ပါလိမ့်မယ်။ ဒီအတွက် အမိန့်တွေအစား မေးခွန်းတွေမေးနိုင်ပါတယ်။ အစာမစားခင် သို့မဟုတ် အိပ်ခါနီးမှာ အမေတို့ဘာလုပ်သင့်လဲ၊ သားရဲ့ညီလေးနဲ့အတူ ဒီပြဿကိုဘယ်လိုဖြေရှင်းဖို့ စိတ်ကူးထားလဲ၊ သားရဲ့အိမ်စာတွေလုပ်ဖို့ဘယ်အချိန်လောက်စလုပ်မလဲ၊ ဒီလိုမေးခွန်းတွေမေးခြင်းက သူတို့အတွက် အနာဂတ်မှာ ပြဿနာတွေကို ဖြေရှင်းနိုင်စွမ်းတွေ၊ ဆုံးဖြတ်ချက်ချနိုင်သူတွေ ဖြစ်လာစေပါတယ်။ သင်မေးတဲ့မေးခွန်းတွေအတွက်လည်း ကလေးကစဉ်းစားရတာကြောင့် ဖန်တီးနိုင်စွမ်း၊ တွေးခေါ်နိုင်စွမ်းတွေလည်း တက်လာစေပါတယ်။
(၄) ချီးကျူးခြင်းအစား အားပေးအားမြှောက်ပြုခြင်း
ကလေးတွေကို ချစ်တာကြောင့် ကျွန်တော်တို့မှာ သူတို့ဘယ်လောက်ချစ်စရာကောင်းကြောင်း၊ တစ်ခုခုကိုလုပ်တဲ့အခါ အရမ်းကိုတော်ကြောင်း စတဲ့ချီးကျူးမှုတွေ ပြသတတ်ကြပါတယ်။ ဒီလိုချီးကျူးခြင်းဟာ ကလေးအတွက် လိုအပ်ပေမယ့် အလွန်အကျူးမဖြစ်အောင်တော့ ဂရုစိုက်ရပါမယ်။ ချီးကျူးခြင်းဟာ ကလေးကို ရှေ့ဆက်လုပ်နိုင်ဖို့ အားပေးခြင်းဖြစ်ပေမယ့် အလွန်အကျူးဖြစ်တဲ့အခါ သူတို့ကို ဘဝင်ရူးကဲ့သို့ ကြီးပြင်းသွားစေပါတယ်။

မိဘအုပ်ထိန်းမှု(Parenting) နဲ့ပတ်သတ်ပြီး မလေ့လာသူ လူအတော်များများကတော့ အုပ်ထိန်းမှုဆိုတာ ဒီလောက်မခက်ဖူးလို့ ပြောတတ်ကြပါတယ်။ ဒီလိုအထင်မျိုးဟာ ဆိုးဆိုးဝါးဝါးမှားနေတယ်လို့ ပြောပါရစေ။ ဒါပေမယ့် မှန်ကန်တဲ့နည်းလမ်းတွေကို ကျွန်တော်တို့ကိုယ်တိုင်လေ့လာနေပြီး ကလေးတွေကို သင်ကြားပေးနေရင်တော့ သင့်ကလေးဟာ အခြားကလေးထက် ဖန်တီးနိုင်စွမ်းရှိသူ၊ စဉ်းစားတွေးခေါ်တတ်သူတစ်ယောက် ဖြစ်လာမှာမလွဲပါပဲ။
Chit_May_May
LM_Naung_Naung
Zawgyi Font
ကေလးရဲ႕ ဖန္တီးႏိုင္စြမ္းကို မိဘေတြကိုယ္တိုင္ ဖ်က္ဆီးမိေစတဲ့ အခ်က္ေလးခ်က္
နည္းပညာနဲ႔ သတင္းအခ်က္ေတြက လူသားေတြအတြက္ မရွိမျဖစ္လိုအပ္တဲ့ အရာေတြပါ။ ကမာၻေပၚမွာ ေန႔စဥ္နဲ႔အမွ် ဖန္တီးမႈအသစ္ေတြ၊ ျပႆနာေပါင္းေသာင္းေျခာက္ေထာင္တို႔ ျဖစ္ပြားေနလွ်က္ရွိၿပီး ဒီလိုဖန္းတီးမႈေတြက ကၽြန္ေတာ္တို႔ကေလးေတြအတြက္ ဗဟုသုတရေစႏိုင္ေပမယ့္ သူတို႔ရဲ႕ဖန္တီးႏိုင္စြမ္းေတြကိုေတာ့ ေပ်ာက္ဆံုးသြားေစႏိုင္ပါတယ္။ ဒါဟာ မိဘအုပ္ထိန္းမႈအတြက္ စိန္ေခၚမႈတစ္ခုျဖစ္လာၿပီး မိဘအေတာ္မ်ားမ်ား ဒီလိုအမွားမ်ိဳးေတြကို ျပဳလုပ္တတ္ၾကပါတယ္။ ကၽြန္ေတာ္တို႔အမ်ားစုက မသိပဲျပဳလုပ္မိေနတဲ့ အခ်ိဳ႕အမွားေတြဟာ ကေလးေတြရဲ႕ လမ္းကိုပိတ္ထားသလိုျဖစ္ေစတဲ့အတြက္ သိရွိေရွာင္ရွားႏိုင္ေအာင္ မွ်ေဝေပးလိုက္ပါတယ္။
(၁) တီဗီြၾကည့္ခ်ိန္ကို ကန္႔သတ္မထားျခင္း
ကေလးငယ္ေတြဟာ တီဗီြၾကည့္ရျခင္းကို ႏွစ္သက္ၾကပါတယ္။ လူႀကီးေတြေတာင္မွ တီဗြီၾကည့္ေနရျခင္းကို ႏွစ္သက္သူေတြ အမ်ားအျပားပါပဲ။ ေလ့လာမႈေတြအရ စမတ္ဖုန္း၊ တက္ပလက္အပါအဝင္ တီဗီြကို အခ်ိန္ၾကာျမင့္စြာ ၾကည့္႐ႈတတ္ျခင္းဟာ ကေလးရဲ႕ဖန္တီးႏိုင္စြမ္းနဲ႔ သဘာဝအတိုင္း ႀကီးထြားဖြံ႕ၿဖိဳးမႈနဲ႔ ဥာဏ္ရည္ကို ထိခိုက္ေစႏိုင္ပါတယ္။ မိဘအုပ္ထိန္းမႈ ကၽြမ္းက်င္သူေတြက ကေလးေတြကို တစ္ရက္မွာ တီဗီြၾကည့္ခ်ိန္ တနာရီေလာက္သာ ကန္႔သတ္ထားသင့္ေၾကာင္း အၾကံျပဳၾကပါတယ္။ သင့္ကေလးကို ယခုကိစၥနဲ႔ပတ္သတ္ၿပီး စခရင္ကို အခ်ိန္ၾကာျမင့္စြာၾကည့္ေနျခင္းဟာ ဦးေႏွာက္ဆဲလ္ေတြကို ပ်င္းရိသြားေစၿပီး အျခားအရာေတြကို လုပ္ေဆာင္မႈမွာ စနစ္တက်အလုပ္မလုပ္ႏိုင္ေတာ့ေၾကာင္း ဖန္တီးမႈေတြကို မေတြးေတာႏိုင္ေတာ့ေၾကာင္း ရွင္းျပႏိုင္ပါတယ္။
ေနာက္ထပ္အၾကံျပဳခ်က္တစ္ခုအျဖစ္ အိမ္မွာပဲ အခ်ိဳ႕ေသာလႈပ္ရွားမႈေတြမွာ ကေလးေတြကို ပါဝင္ခြင့္ေပးၿပီး တီဗီြၾကည့္ျခင္းအစား ဦးေႏွာက္ကိုအလုပ္ေပးရတဲ့ ကိစၥေတြကို ပိုမိုလုပ္ေဆာင္ေပးပါ။ ဒါမွသာ တီဗီြေရွ႕မွာ အခ်ိန္ျဖဳန္းမႈေလ်ာ့နည္းသြားေစၿပီး စဥ္းစားေတြးေခၚမႈေတြ တိုးတက္လာမွာ ျဖစ္ပါတယ္။
(၂) ငါခိုင္းတဲ့အတိုင္းပဲ လုပ္ပါ
ကၽြန္ေတာ္တို႔ကိုယ္တိုင္ မိဘမျဖစ္ခင္အခ်ိန္တုန္းက ကိုယ္မိဘျဖစ္လာရင္ေတာ့ ကိုယ့္ရဲ႕ကေလးကို ယခုလိုမ်ိဳး တေသြးတသံတမိန္႔နဲ႔ မအုပ္ခ်ဳပ္ဘူး လို႔ကိုယ့္ကိုကိုယ္ ကတိေပးၾကပါလိမ့္မယ္။ ဒါေပမယ့္ အံ့ၾသစရာကေတာ့ မိဘျဖစ္လာတဲ့အခါ အကုန္လံုးနီးပါး “‘ဒါမ်ိဳးမလုပ္နဲ႔” ” ငါေျပာထားတဲ့အတိုင္းပဲလုပ္” စတဲ့ စကားမ်ိဳးေတြ သံုးလာၾကတာပါပဲ။ ကေလးေတြအားလံုးဟာ အေၾကာက္တရားသို႔မဟုတ္ ကန္႔သတ္မႈေတြနဲ႔ ေမြးဖြားလာၾကတာမဟုတ္ပါဘူး။
သူတို႔ႀကီးျပင္းလာတဲ့အတိုင္းပဲ သူတို႔သင္ယူတတ္ၾကပါတယ္။ အလြန္အမင္းကာကြယ္တတ္တဲ့မိဘေတြရဲ႕ ကေလးေတြဟာ မိဘဆီကေန လုပ္ပိုင့္ခြင္အခ်ိဳ႕ကို ရရွိတဲ့ကေလးေတြထက္ စူးစမ္းမႈနဲ႔ ဖန္တီးမႈေတြမွာ ပိုၿပီးအားနည္းသြားတတ္ပါတယ္။ မိဘကကေလးကို ယခုလိုေဘာင္ကန္႔သတ္ထားျခင္းေၾကာင့္ ကေလးမွာ လူမႈေရးအသိအျမင္နဲ႔ ေပါင္းသင္းဆက္ဆံေရးမွာပါ အားနည္းသြားေစပါတယ္။ ဒါေၾကာင့္ သူတို႔လုပ္ခ်င္တဲ့ကိစၥေလးေတြကို အနည္းငယ္မွားေနရင္ေတာင္မွ လုပ္ခြင့္ေပးၿပီး ရလာဒ္ထြက္ခါနီး အခ်ိန္ထိေစာင့္ၾကည့္ေပးပါ။ သူတို႔ဆံုး႐ႈံးမႈ သို႔မဟုတ္ ေၾကာက္လန္႔မႈျဖစ္လာတဲ့အခါတိုင္း အားေပးဖို႔မေမ့ပါနဲ႔။
(၃) ေမးခြန္းေမးျခင္းအစားအမိန္႔ေတြပဲေပးျခင္း
ကၽြန္ေတာ္တို႔ကိုယ္တိုင္ေတာင္မွ အျခားသူေတြက အမိန္႔ေတြေပးျခင္းကို မႏွစ္သက္ၾကပါဘူး။ ကေလးေတြလည္း ထို႔အတူပါပဲ။ အဝတ္လဲစမ္း၊ လက္သြားေဆးေလ၊ အ႐ုပ္ကိုခ်လိုက္၊ အိမ္စာေတြၿပီးေအာင္လုပ္၊ သြားတိုက္ၿပီးသြားအိပ္ေတာ့ စတဲ့စတဲ့ မဆံုးႏိုင္တဲ့ အမိန္႔ေတြကို ေန႔စဥ္နဲ႔အမွ် ကၽြန္ေတာ္တို႔ကေလးေတြကို ေပးမိေနတတ္ပါတယ္။
ဒါဆိုရင္ ကေလးေတြကိုယခုလိုမခိုင္းရင္ သူတို႔ရဲ႕အလုပ္ေတြပ်က္ကြက္ကုန္မွာေပါ့လို႔ သင္ကေမးခြန္းထုတ္ပါလိမ့္မယ္။ ဒီအတြက္ အမိန္႔ေတြအစား ေမးခြန္းေတြေမးႏိုင္ပါတယ္။ အစာမစားခင္ သို႔မဟုတ္ အိပ္ခါနီးမွာ အေမတို႔ဘာလုပ္သင့္လဲ၊ သားရဲ႕ညီေလးနဲ႔အတူ ဒီျပႆကိုဘယ္လိုေျဖရွင္းဖို႔ စိတ္ကူးထားလဲ၊ သားရဲ႕အိမ္စာေတြလုပ္ဖို႔ဘယ္အခ်ိန္ေလာက္စလုပ္မလဲ၊ ဒီလိုေမးခြန္းေတြေမးျခင္းက သူတို႔အတြက္ အနာဂတ္မွာ ျပႆနာေတြကို ေျဖရွင္းႏိုင္စြမ္းေတြ၊ ဆံုးျဖတ္ခ်က္ခ်ႏိုင္သူေတြ ျဖစ္လာေစပါတယ္။ သင္ေမးတဲ့ေမးခြန္းေတြအတြက္လည္း ကေလးကစဥ္းစားရတာေၾကာင့္ ဖန္တီးႏိုင္စြမ္း၊ ေတြးေခၚႏိုင္စြမ္းေတြလည္း တက္လာေစပါတယ္။
(၄) ခ်ီးက်ဴးျခင္းအစား အားေပးအားေျမွာက္ျပဳျခင္း
ကေလးေတြကို ခ်စ္တာေၾကာင့္ ကၽြန္ေတာ္တို႔မွာ သူတို႔ဘယ္ေလာက္ခ်စ္စရာေကာင္းေၾကာင္း၊ တစ္ခုခုကိုလုပ္တဲ့အခါ အရမ္းကိုေတာ္ေၾကာင္း စတဲ့ခ်ီးက်ဴးမႈေတြ ျပသတတ္ၾကပါတယ္။ ဒီလိုခ်ီးက်ဴးျခင္းဟာ ကေလးအတြက္ လိုအပ္ေပမယ့္ အလြန္အက်ဴးမျဖစ္ေအာင္ေတာ့ ဂ႐ုစိုက္ရပါမယ္။ ခ်ီးက်ဴးျခင္းဟာ ကေလးကို ေရွ႕ဆက္လုပ္ႏိုင္ဖို႔ အားေပးျခင္းျဖစ္ေပမယ့္ အလြန္အက်ဴးျဖစ္တဲ့အခါ သူတို႔ကို ဘဝင္႐ူးကဲ့သို႔ ႀကီးျပင္းသြားေစပါတယ္။
မိဘအုပ္ထိန္းမႈ(Parenting) နဲ႔ပတ္သတ္ၿပီး မေလ့လာသူ လူအေတာ္မ်ားမ်ားကေတာ့ အုပ္ထိန္းမႈဆိုတာ ဒီေလာက္မခက္ဖူးလို႔ ေျပာတတ္ၾကပါတယ္။ ဒီလိုအထင္မ်ိဳးဟာ ဆိုးဆိုးဝါးဝါးမွားေနတယ္လို႔ ေျပာပါရေစ။ ဒါေပမယ့္ မွန္ကန္တဲ့နည္းလမ္းေတြကို ကၽြန္ေတာ္တို႔ကိုယ္တိုင္ေလ့လာေနၿပီး ကေလးေတြကို သင္ၾကားေပးေနရင္ေတာ့ သင့္ကေလးဟာ အျခားကေလးထက္ ဖန္တီးႏိုင္စြမ္းရွိသူ၊ စဥ္းစားေတြးေခၚတတ္သူတစ္ေယာက္ ျဖစ္လာမွာမလြဲပါပဲ။
Chit_May_May
LM_Naung_Naung