ကလေးရဲ့ လက်ချောင်းကြွက်သားလှုပ်ရှားမှုကို အားကောင်းစေဖို့ ကစားနည်းများနဲ့ သိကောင်းစရာများ

0
203
- Advertisement -

ကလေးရဲ့ fine motor skill (လက်ချောင်းကြွက်သားငယ်လေးတွေ လှုပ်ရှားမှု)က အသက် ၁၈လကနေ ၃နှစ်အထိ သိသာသာသာ စတင်ဖွံ့ဖြိုးပါတယ်။ သူတို့ရဲ့လက်တွေနဲ့ အရာဝတ္တုသေးသေးလေးတွေကို ဆုပ်ကိုင်ပြီး ကျွမ်းကျင်စွာ ကိုင်တွယ်နိုင်စွမ်းက အချိန်ကြာလာတာနဲ့အမျှ ဖွံ့ဖြိုးလာပါတယ်။ စာရေးဖို့အဆင်သင့်ဖြစ်တဲ့အချိန်ကတော့ fine motor skills လို့ခေါ်တဲ့ ကြွက်သားငယ်လေးတွေ လှုပ်ရှားမှု သန်မာလာတဲ့အချိန်ပါ။

သီအိုရီအရ အသက် ၃နှစ်ကျော်လာရင် ကလေးအများစုဟာ အခက်အခဲမရှိဘဲ သူတို့ရဲ့လက်တွေနဲ့ သေးငယ်တဲ့ အရာဝတ္တုတွေကို ကျွမ်းကျင်စွာ ကိုင်တွယ်နိုင်စွမ်း ရှိနေသင့်ပါတယ်။ သို့သော်လည်း ဒီအချိန်မှာ သင့်လျော်တဲ့ fine motor skills မဖွံ့ဖြိုးသေးတဲ့ ကလေးဟာ ရာခိုင်နှုန်းအနည်းငယ်ရှိနေတတ်ပါတယ်။

ဒီလိုဖြစ်ရတာက သူတို့အသက်အရွယ်နှင့်အညီ သူတို့ရဲ့လက်ချောင်းကြွက်သားလှုပ်ရှားမှုဟာ သင့်လျော်တဲ့ ဖွံ့ဖြိုးတိုးတတ်မှုကို မရောက်ရှိတာကြောင့် ဖြစ်ပါတယ်။ ဒါ့ကြောင့် သူတို့နှင့်အတူ ဒီကျွမ်းကျင်မှုတွေကို လေ့ကျင့်ပေးဖို့ အရေးကြီးပါတယ်။
ဒီနည်းလမ်းက အချိန်ကြာလာတာနဲ့အမျှ လက်ရဲ့ကျွမ်းကျင်မှုနှင့်အတူ သူတို့လက်ချောင်းလေးတွေကို ဖွံ့ဖြိုးတိုးတတ်လာစေပါတယ်။

- Advertisement -

ကလေးရဲ့ fine motor skillsကို တိုးတတ်စေတဲ့ ဂိမ်းတွေနဲ့ တခြားလှုပ်ရှားမှုများ

သင့်ကလေးရဲ့ လက်ချောင်းကြွက်သားတွေ လှုပ်ရှားမှုကို တိုးတတ်စေဖို့ ကူညီနိုင်တဲ့ ဂိမ်းအမျိုးမျိုးကို စတိုးဆိုင်တွေမှာ အလွယ်တကူ ဝယ်ယူလို့ရပါတယ်။

ဒီဆောင်းပါးမှာ သင့်ကလေးဟာ သူတို့ရဲ့ပတ်ဝန်းကျင်နှင့်အတူ အပြန်အလှန်ထိတွေ့ဆက်ဆံနိုင်မယ့် activities အနည်းငယ်ကို တွေ့ရပါလိမ့်မယ်။ သို့သော် fine motor skill ဖွံ့ဖြိုးတိုးတတ်မှုက သင့်ကလေးရဲ့ ဖွံ့ဖြိုးမှု၊ ရင့်ကျက်မှုနှင့်အညီ ဖြစ်ပေါ်တယ်ဆိုတာကို မမေ့ပါနဲ့နော်။

သင့်ကလေးရဲ့ လက်ချောင်းကြွက်သားလှုပ်ရှားမှုကို အားကောင်းလာစေဖို့ ကူညီပေးနိုင်တဲ့ လေ့ကျင့်ခန်းများကတော့

  • လက်တစ်ဖက်ကို ဆုပ်ခိုင်းပြီး အခြားလက်တစ်ဖက်ကို ဖြန့်ခိုင်းပါ။ ပထမတော့ နှေးကွေးဦးမှာဖြစ်ပြီး နောက်ပိုင်းမှာ မြန်လာနိုင်ပါတယ်။
  • လက်ချောင်းလေးတွေကို ချိုမိုင်မိုင်လုပ်ခိုင်းပါ။ အစမှာ တဖြည်းဖြည်းချင်းလုပ်ပေးနိုင်ပြီး နောက်ပိုင်းမှာ မြန်လာမှာ ဖြစ်ပါတယ်။
  • လက်ချောင်းလေးတွေချင်းထိခိုင်းပါ။ ဥပမာ- လက်မနဲ့ လက်ညိုးချင်းထိတာ၊ လက်မနဲ့ လက်ခလယ်ချင်းထိတာ ပြုလုပ်ခိုင်းပါ။ မြန်နှုန်းကို တဖြည်းဖြည်းချင်း တိုးပေးပါ။
  • အဖြုတ်၊ အတပ်လုပ်ခိုင်းပါ။ သူတို့ရဲ့ မော်တာကျွမ်းကျင်မှုကို မြှင့်တင်ဖို့အတွက် ခလုတ်လေးတွေ အဖွင့်အပိတ်လုပ်တာ၊ ကြိုးလေးတွေကို ချည်လိုက်ဖြည်လိုက်လုပ်တာ၊ ဘူးအဖုံးတွေကို လှည့်ဖွင့်၊ လှည့်ပိတ်လုပ်တာ ပြုလုပ်ခိုင်းပါ။
  • အနုပညာ? ဂီတလား?- ကလေးတွေကို ဒရမ်(သို့) စန္ဒရား တူရိယာတွေနဲ့ ကစားခိုင်းပါ။
  • အပစ်အခက်ကျွမ်းကျင်မှု လေ့ကျင့်တာထက် ပိုပျော်စရာကောင်းတဲ့အရာ မရှိပါဘူး။ သင့်ကလေးအား target တစ်ခုထားပြီး အရာဝတ္တုတွေကို ပစ်ခိုင်းပါ။
  • အစက်လေးတွေကို ဆက်ခိုင်းပါ။ ကလေးအား အစက်လေးတွေ ချထားတဲ့ စာရွက်တစ်ရွက်ကို ပေးပါ။ အစက်ကလေးတွေကို ဆက်စပ်ပြီး လှပသော ပုံဆွဲဖို့ ဖြစ်ပါတယ်။
  • ပန်းချီဆွဲတာ၊ ရောင်စုံခြယ်တာတွေက ကလေးရဲ့ မော်တာကျွမ်းကျင်မှုကို တိုးမြှင့်ရာမှာ အလွန်အထောက်အကူပြုနိုင်ပါတယ်။

ကလေးကို အသက် ၁၈လအရွယ်မှစပြီး လုပ်ဆောင်ပေးနိုင်တဲ့ activities များစွာရှိပါတယ်။ အခြေခံကျတဲ့ activities တွေရှိသလို တချို့ activities တွေက ကျွမ်းကျင်မှုတွေ လိုအပ်ပါတယ်။ အထက်မှာ ဖော်ပြထားတဲ့ ရွေးချယ်မှုတွေက ကလေးတွေအတွက် ဂိမ်းတွေနဲ့ ဖျော်ဖြေရေးတွေ ဖြစ်ပါတယ်၊ သူတို့က ကလေးတွေရဲ့ လက်ချောင်းကြွက်သားလှုပ်ရှားမှုကို အားကောင်းစေသော အကျိုးကျေးဇူးများ ပေးပါတယ်။

Chit_MayMay

LM_Nandar

Source-youaremom

LEAVE A REPLY

Please enter your comment!
Please enter your name here