Home Parenting Child Care ကလေးရဲ့ အနာဂတ်အပေါ် လွှမ်းမိုးမှုရှိနိုင်တဲ့ Mental Abuse အမျိုးအစား(၇)မျိုး

ကလေးရဲ့ အနာဂတ်အပေါ် လွှမ်းမိုးမှုရှိနိုင်တဲ့ Mental Abuse အမျိုးအစား(၇)မျိုး

0
2833

ကလေးသူငယ်ညှင်းပန်းနှိပ်စက်မှုက လူကြီးဘဝအပေါ် သက်ရောက်မှုရှိပြီး နုနယ်တဲ့ ဦးနှောက်အပေါ် မကောင်းတဲ့ လွှမ်းမိုးမှုရှိကြောင်း Belmont ရှိ McLean ဆေးရုံက သုတေသနရလဒ်တွေမှာ ဖော်ပြထားပါတယ်။ အဆိုးဆုံးအကျိုးဆက်တွေက စိတ်ဓါတ်ကျခြင်း၊ အစွဲအလမ်းဖြစ်ခြင်း၊ ထိခိုက်မှုဖြစ်ပြီးနောက် ခံစားရတဲ့ စိတ်ဖိစီးမှုဝေဒနာ၊ စိတ်လိုက်မာန်ပါပြုတတ်ခြင်းနှင့် စိုးရိမ်ပူပန်မှုတွေပဲ ဖြစ်ပါတယ်။

၁။ အထီးကျန်ခြင်း

ပံ့ပိုးမှုနှင့် ချစ်ခင်တွယ်တာမှုက ကြီးပြင်းလာရခြင်းမှာ အလွန်အရေးပါ ပါတယ်။ သုတေသနအရ အထီးကျန်မှုကို ခံစားရသော ၊ စွန့်ပစ်ခံရသော ကလေးတွေဟာ မလုံခြုံမှုကို ခံစားရပြီး လူကြီးဘဝမှာ စိတ်ခံစားမှုဆိုင်ရာ မှီခိုသူတွေ ဖြစ်လာပါတယ်။

၂။ စိတ်သိမ်ငယ်ခြင်း

ဝေဖန်မှုနှင့် မကောင်းတဲ့ မှတ်ချက်တွေကို ချဲ့ကားပြောတာ မလုပ်ဖို့ အရေးကြီးပါတယ်။ (အယူအဆ နှစ်ခုစလုံးက တူညီတဲ့ ဦးနှောက်ဆားကစ်တွေကို မျှဝေတာကြောင့်) အရှက်ကွဲခြင်းက ရုပ်ပိုင်းဆိုင်ရာ နာကျင်မှုနှင့် ဆင်တူနိုင်ပါတယ်။

၃။ ဖိအားများခြင်း

ကလေးတစ်ယောက်ရဲ့ ပခုံးပေါ်မှာ တာဝန်အများကြီး မထားသင့်ပါဘူး။ ဒါက (frustration) စိတ်ပျက်ခြင်းနှင့် (underestimation) လျှော့တွက်ခြင်းကို ဖြစ်စေနိုင်ပါတယ်။

၄။ သစ္စာဖောက်ခံရခြင်း

ကလေးဘဝမှာ စိတ်ပျက်စရာတွေကို ကိုင်တွယ်ဖြေရှင်းနိုင်ဖို့ စိတ်ပိုင်းဆိုင်ရာ ကိရိယာတွေ မလုံလောက်သေးတာကြောင့် ကလေးအတွက် သင့်စကားလုံးတွေကို ထိန်းသိမ်းဖို့လည်း အရေးကြီးပါတယ်။

၅။ မတရားခြင်း

သင်ဟာ လောကကြီးကို ရှာဖွေနေတယ်ဆိုရင် ငယ်ရွယ်စဉ်မှာ တွေ့ကြုံရတဲ့ မတရားမှု ပမာဏကို သင်တုန်လှုပ်သွားပါလိမ့်မယ်။ အကျိုးဆက်တွေက အရမ်းဆိုးရွားနိုင်ပါတယ်။ အရွယ်ရောက်လာတဲ့အခါ ကလေးဟာ အခြားသူတွေရဲ့ ဂရုစိုက်မှုကို ခံထိုက်တယ်လို့ ခံစားရလိမ့်မှာ မဟုတ်ပါဘူး။ လောကကြီးကို မကောင်းမြင်တာလည်း ဖြစ်လာပါလိမ့်မယ်။

၆။ စိတ်ခံစားမှု ကင်းမဲခြင်း

မိဘတွေက ကလေးတွေရဲ့ စိတ်ခံစားမှုတွေကို ငြင်းပယ်ခြင်း (သို့) လျစ်လျူရှုမိတဲ့အခါ ထိုခံစားချက်တွေကို လက်ခံခြင်းမပြုဘဲ ချိုးနှိမ်သင့်ကြောင်း သတင်းစကားကို သယ်ဆောင်လာပါတယ်။ အနာဂတ်မှာ ထိုကဲ့သို့သောသူဟာ စိတ်ခံစားမှုတွေကို အလုံအလောက် ကိုင်တွယ်နိုင်လိမ့်မှာ မဟုတ်ပါဘူး။

၇။ ငြင်းပယ်ခံရခြင်း

ဒါက ကလေးတွေ၊ လူကြီးတွေနဲ့ သက်ဆိုင်ပါတယ်။ သို့သော် ဒီအခြေအနေက ကလေးရဲ့ Self-esteem ပေါ်မှာ မကောင်းတဲ့ အကျိုးဆက်တွေ ဖြစ်ပေါ်စေတာကြောင့် ကလေးဘဝမှာ ဖြစ်ပေါ်ပါက ပိုပြီးကြောက်စရာကောင်းပါတယ်။ လူကြီးဘဝရောက်လာတဲ့အခါ အခြားသူတွေဆီကနေ ခွင့်ပြုချက်တောင်းဖို့ အမြဲတမ်းလိုအပ်နေတတ်ပါတယ်။

ဒါ့ကြောင့် ကလေးတွေရဲ့ စိတ်လှုပ်ရှားမှုအဆင့်ပေါ်မှာ ဆိုးကျိုးသက်ရောက်စေနိုင်တဲ့ အခြေအနေတွေကို ရှောင်ရှားဖို့ အရေးကြီးပါတယ်။ ဒါက ပထမဦးဆုံးအနေနဲ့ အရေးမကြီးဟု ထင်ရသော်လည်း ကလေးရဲ့ အနာဂတ်မှာ စိတ်ပိုင်းဆိုင်ရာ ထိခိုက်ခြင်းကို ဖြစ်စေနိုင်ပါတယ်။ သင့်ကလေးတွေကို ဂရုစိုက်ပါ။ လုံခြုံပြီး ပျော်ရွင်သော ကလေးဘဝကို ခံစားပါစေ။

Chit_MayMay

LM_Nandar

Source-fabiosa

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here