ကလေးရှေ့မှာ မိဘတွေ ရန်ဖြစ်ခြင်းရဲ့ အကျိုးဆက်များ

0
83
- Advertisement -

ကလေးတွေရှေ့မှာ ရန်ဖြစ်ခြင်းဟာ မိဘတွေပြုလုပ်မိနိုင်တဲ့ အဆိုးဆုံးအရာတစ်ခုဖြစ်ပါတယ်။ ဒါက ကလေးတွေအတွက် မလုံခြုံတဲ့ စိတ်ခံစားမှုတွေကို ရရှိစေတာကြောင့် မိဘတွေဟာ သတိပြုမိဖို့ လိုအပ်ပါတယ်။

အငြင်းပွားတာတွေက relationships တွေရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး တခါတရံမှာ ပြသနာဖြေရှင်းဖို့အတွက် လိုအပ်တဲ့အစိတ်အပိုင်းတစ်ခုလည်းဖြစ်ပါတယ်။ ဒါပေမယ့် ရှောင်ဖို့လိုအပ်တဲ့အရာက ရန်ဖြစ်တဲ့ဘက်ကို ပြောင်းလဲသွားတဲ့ အငြင်းပွားမှုဖြစ်ပါတယ်။ အရေးကြီးဆုံးကတော့ မိဘတွေဟာ ကလေးတွေရှေ့မှာ ရန်ဖြစ်ခြင်းကို ရပ်တန့်ဖို့ လိုပါတယ်။

၁။ ကလေးတွေရဲ့ မသိစိတ်ထဲမှာ

ရိုက်နက်ပြီး ဆဲဆိုရန်ဖြစ်တာကို မြင်တွေ့ရတဲ့ကလေးတွေဟာ နောက်ပိုင်းမှာ ဒေါသ၊ ဝမ်းနည်းမှုနှင့် ကြောက်ရွံမှုကို ပြောင်းလဲသွားတဲ့ စိုးရိမ်ကြောင့်ကျမှုကို ခံစားကြရပါတယ်။ ကလေးတွေအတွက် စိတ်ပိုင်းဆိုင်ရာအကျိုးဆက်က ပိုဆိုးရွားစေပါတယ်။
မွေးကင်းစကလေးတွေဟာ အသံ၊ အမှုအရာအပါအဝင် သူတို့နားကလူတွေရဲ့ စိတ်တွေကို သူတို့ဦးနှောက်ထဲမှာ မှတ်ပုံတင်နိုင်စွမ်းရှိပါတယ်။ သူတို့အနားက သူတွေရဲ့ ချစ်မြင်းမေတ္တာကို ခံစားရိပ်မိသလိုဘဲ သင့်လေသံက ဒေါသထွက်နေတဲ့အခါ ၊ သင့်မျက်နှာက ရန်လိုနေတဲ့အခါ ၊ အခြေအနေက တင်းမာနေတဲ့အခါ သူတို့လည်း ခံစားရနိုင်ပါတယ်။

၂။ သူတို့ရဲ့စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှု

ရန်ဖြစ်ခြင်းက ဘယ်လောက်ပဲ အသေးအဖွဲဖြစ်ပါစေ။ တင်းမာမှုရှိတဲ့ မိသားစုပတ်ဝန်းကျင်မှာ ကြီးပြင်းရခြင်းက စိုးရိမ်ကြောင့်ကျမှု ၊ self-esteem(မိမိကိုယ်မိမိ တန်ဖိုးထားမှု) နိမ့်ကျခြင်းကဲ့သို့သော နက်ရှိုင်းတဲ့စိတ်ခံစားမှု ဒဏ်ရာတွေကို ဖြစ်ပေါ်စေနိုင်ပါတယ်။ ငြိမ်းချမ်းမှုရှိတဲ့ ပတ်ဝန်းကျင်တစ်ခုက ကလေးတွေကို ဖွံ့ဖြိုးမှုကောင်းစေဖို့ ကူညီပေးပါလိမ့်မယ်။

၃။ မူကြိုကျောင်းသားအရွယ်

ဒီအသက်အရွယ်မှာ ကလေးတွေဟာ စကားလုံးမပါတဲ့ ဆက်သွယ်မှုကတဆင့် သူတို့ကိုယ်သူတို့ ဖော်ပြဖို့နဲ့ ဘာသာစကားကို အာရုံစူးစိုက်ခြင်းမှာ လုံးဝမဖွံ့ဖြိုးသေးပါဘူး။ ဒါ့ကြောင့် မိဘတွေ ရန်ဖြစ်ပြီးနောက်မှာ သူတို့ဟာ ငိုတာတို့၊ ဝုန်းဒိုင်းကြဲဒေါသထွက်ပြီး ပစ်ထုတ်တာတို့ ပြုလုပ်ပါလိမ့်မယ်။
မူကြိုအရွယ်ကလေးတွေဟာ ပဋိပက္ခရဲ့အကြောင်းတရားတွေကို နားမလည်သေးပါဘူး။ သူတို့ရဲ့ egocentric အတွေးများက သူတို့မိဘတွေ ရန်ဖြစ်နေခြင်းအတွက် အပြစ်ရှိတဲ့ ခံစားမှုမျိုးကို ခံစားရစေပါတယ်။
အဆိုပါတုံ့ပြန်မှုက ကလေးတစ်ယောက်စီတိုင်းမှာ ခြားနားပါတယ်။ တချို့လုပ်ရပ်တွေက ပြဿနာမရှိပေမယ့် တချို့က လုံခြုံမှုကို ခံစားရသည့်တိုင်အောင် ကမ္ဘာကနေ သူတို့ကိုယ်သူတို့ သီးခြားဖယ်ထုတ်ထားသလို၊ ကြောက်စရာကောင်းတဲ့အရာတစ်ခုခု ဖြစ်ပျက်နေသလို သူတို့ကို ကြောက်လန့်စေပါတယ်။
သူတို့ဟာ သူတို့ရဲ့ခံစားမှုကို အိမ်စက်ခြင်း ၊ စားခြင်းပုံစံ ပြောင်းလဲမှုကတဆင့် အမြဲတမ်း ဖော်ပြပါတယ်။ အိပ်ရာထဲမှာ ဆီးသွားတာတွေ ဖြစ်လာနိုင်ပါတယ်။ မူကြိုအရွယ်ကလေးတွေဟာ ရန်လိုတာ၊ ဒေါသထွက်တာတွေ ဖြစ်လာပါလိမ့်မယ်။

၄။ မူလတန်းကျောင်းသားအရွယ်

ဒီအသက်အရွယ်မှာ ကလေးတွေဟာ သူတို့ပတ်ဝန်းကျင်မှာ ဘာဖြစ်နေလဲဆိုတာကို စတင်ပြီး နားလည်သဘောပေါက်လာပါတယ်။ သူတို့မိဘတွေ ရန်ဖြစ်တာကို မြင်တဲ့အခါ အံအားသင့်မှု သို့မဟုတ် စိုးရိမ်ပူပန်မှုကို ခံစားရပါလိမ့်မယ်။ သူတို့ဟာ အပြစ်ရှိတဲ့ ခံစားမှုကို ခံစားရတာကြောင့် သူတို့ တစ်ဖက်မှာနေဖို့ လိုအပ်တယ်လို့ ထင်ပါလိမ့်မယ်။ သမီးတွေက မိခင်တွေ ဘက်မှာနေလေ့ရှိပြီး သားတွေက သူတို့ဖခင်တွေဘက်မှာ နေလေ့ရှိပါတယ်။
အသေးအမွှားရန်ပွဲပေမယ့် မကြာခဏ ရန်ဖြစ်ခြင်းက ကလေးတွေကို ဘယ်လိုသက်ရောက်မှုရှိပါသလဲ?
ယေဘုယျအားဖြင့် ဒီရန်ပွဲအမျိုးအစားက တည်ငြိမ်မှုမရှိတဲ့ မိသားစုပတ်ဝန်းကျင်ပေါ်မှာ အခြေခံပါတယ်။ ဒီလိုပတ်ဝန်းကျင်တစ်ခုမှာ ကလေးဟာ သေးငယ်တဲ့အရာတစ်ခုက ကြီးမားတဲ့ပြဿနာတစ်ခု ဖြစ်သွားနိုင်တယ်လို့ နားလည်ပါတယ်။
ဒါက သူတို့အခြေအနေကို ထိန်းချုပ်ဖို့ လိုအပ်တယ်လို့ ကလေးကို ခံစားရစေနိုင်ပါတယ်။ ဒါ့အပြင် သူတို့တွေဟာ ပြဿနာတစ်ခု ဖြစ်ပေါ်ခြင်းကို ရှောင်ရှားနိုင်ဖို့အတွက် သူတို့ရဲ့ စစ်မှန်တဲ့ လိုအပ်ချက်များကို မဖော်ပြခြင်းဖြင့် တုံ့ပြန်နိုင်ပါတယ်။

၅။ ကလေးများနှင့် ကဲ့ရဲ့ပြစ်တင်မှုများ
အထူးသဖြင့် သင်တို့ ကွဲမယ်၊ ကွာမယ်ဖြစ်ခဲ့ရင် အဖေ (သို့) အမေကို ဆန့်ကျင်ဖို့ ၊(သို့မဟုတ်) အပြစ်တင်ဖို့ သင့်ကလေးကို ဘယ်တော့မှ အသုံးမချသင့်ပါဘူး။ ကလေးအတွက် အိပ်စက်ခြင်းက အရေးကြီးတာကြောင့် ကလေးအိပ်စက်တဲ့အချိန် ညဖက်မှာ တမင်ရန်မဖြစ်ဘဲနေဖို့ အရေးကြီးပါတယ်။ မိသားစုအားလုံးမှာ ရန်ဖြစ်ပေမယ့် လူတိုင်းက ကွဲပြားခြားနားကြောင်းကို သင့်ကလေးကို ပြသပါ။ သင်ဟာ သင့်ကလေးကို ပျော်ရွင်တဲ့ အိမ်မှာ ကြီးပြင်းစေချင်မှာပါ။

၆။ သင့်ကလေးတွေရဲ့အနားမှာ ရန်မဖြစ်ပါနဲ့

ရန်ပွဲက ကလေးတွေမရှိတဲ့နေရာမှာ ဖြစ်သင့်ပါတယ်။ သူတို့မိဘတွေ ရန်ဖြစ်နေတယ်ဆိုတာ သိပေမယ့် အနည်းဆုံးတော့ သူတို့ကိုယ်သူတို့ ရန်ပွဲရဲ့တစ်စိတ်တပိုင်းလို့ ခံစားရလိမ့်မှာ မဟုတ်ပါဘူး။ အထူးသဖြင့် ငယ်ရွယ်တဲ့ကလေးတွေဟာ စကားလုံးတွေရဲ့ အပေါ်ယံတန်ဖိုးကို ကျော်လွန်ပြီး ပြန်ဆိုနိုင်စွမ်း မရှိပါဘူး။သူတို့ကြားတာကိုပဲ ယုံကြည်ကြပါတယ်။
“တော်ပြီ! နင့်ကိုစိတ်ကုန်တယ်။ နင့်ကို ငါနောက်တခါ မမြင်ချင်ဘူး။” ကဲ့သို့သော သူတို့မိဘတွေ ပြောတဲ့စကားတွေကို သူတို့ကြားလျှင် ကလေးတွေအတွက် စိတ်ထိခိုက်မှု ခံစား ရစေယုံသာ မဟုတ်ပါဘူး။ မိဘတွေ ကွဲကွာနိုင်တာကြောင့် မလုံခြုံမှုကိုလည်း ခံစားရစေပါလိမ့်မယ်။

၇။ သင့်ကလေးတွေ နှင့်အတူ စကားပြောပါ
တခါတရံ ကလေးတွေရှေ့မှာ ရန်ဖြစ်တာကို ရှောင်ရှားဖို့ မဖြစ်နိုင်ပါဘူး။ ဒီအခါမှာ တစ်ယောက်နဲ့ တစ်ယောက်ချစ်တဲ့သူတွေတောင်မှ ရန်ဖြစ်တတ်ကြတယ်ဆိုတာ သူတို့ကို ရှင်းပြပေးဖို့ အရေးကြီးပါတယ်။ အငြင်းပွားတာက အချင်းချင်း ဂရုမစိုက်ဘူးဆိုတဲ့ အဓိပ္ပာယ်မဟုတ်ကြောင်း ရှင်းပြဖို့ ဒီအခွင့်အရေးကို အသုံးပြုပါ။
ပဋိပက္ခကို ဖြေရှင်းပြီးရင် မိသားစုလိုက် အတူတူ လုပ်ဆောင်မှုလေးတွေနဲ့အတူ ပျော်ရွင်မှုကို ဖန်တီးပေးပါ။

၈။ မိဘတွေက စံပြဖြစ်ရပါမယ်

မိဘတွေဟာ သူတို့ကလေးတွေအတွက် စံနမူနာထားရလောက်တဲ့ အဓိကဇာတ်ကောင်တွေ ဖြစ်ရပါမယ်။ မိဘတစ်ယောက်ရဲ့ နှုတ်ပိုင်းဆိုင်ရာသော်လည်းကောင်း၊ ရုပ်ပိုင်းဆိုင်ရာသော်လည်းကောင်း ဆက်ဆံရေးညံ့ဖျင်းတာကို မြင်ခြင်းက ကလေးတွေရဲ့ကိုယ်ရည်ကိုယ်သွေးမှာ ကြောက်မက်ဖွယ်ရာအကျိုးဆက် ရှိနိုင်ပြီး သူတို့အရွယ်ရောက်တဲ့အခါမှာလည်း မိဘတွေလို ဖြစ်လာနိုင်ပါတယ်။ ဒါက သူတို့ရဲ့သူငယ်ချင်းတွေ၊ အတန်းဖော်တွေနဲ့ သူတို့ဆက်ဆံရေးကိုလည်း သက်ရောက်စေပါတယ်။
လူတွေမှာ မတူညီတဲ့ အမြင်တွေ၊ အယူအဆတွေရှိတယ်ဆိုတာ သူတို့ကိုသင်ပေးပါ။ ကြင်နာတဲ့ စကားလုံးလေးတွေကို အမြဲတမ်းသုံးပေးပါ။ ရုန့်ရင်းကြမ်းတမ်းတဲ့ စကားတွေ ၊ဒေါသနဲ့ အော်ဟစ်ပြီး ပြောစရာမလိုတဲ့ သည်းခံမှုနှင့် လေးစားမှုရှိသော ပတ်ဝန်းကျင်တစ်ခု ဖန်တီးပါ။

Lifestyle_Myanmar

LM_Nandar

Zawgyi Font

ကေလးေရွ႕မွာ မိဘေတြ ရန္ျဖစ္ျခင္းရဲ႕ အက်ိဳးဆက္မ်ား

ကေလးေတြေရွ႕မွာ ရန္ျဖစ္ျခင္းဟာ မိဘေတြျပဳလုပ္မိႏိုင္တဲ့ အဆိုးဆံုးအရာတစ္ခုျဖစ္ပါတယ္။ ဒါက ကေလးေတြအတြက္ မလံုၿခံဳတဲ့ စိတ္ခံစားမႈေတြကို ရရိွေစတာေၾကာင့္ မိဘေတြဟာ သတိျပဳမိဖို႔ လိုအပ္ပါတယ္။

အျငင္းပြားတာေတြက relationships ေတြရဲ႕ အစိတ္အပိုင္းတစ္ခုျဖစ္ၿပီး တခါတရံမွာ ျပသနာေျဖရွင္းဖို႔အတြက္ လိုအပ္တဲ့အစိတ္အပိုင္းတစ္ခုလည္းျဖစ္ပါတယ္။ ဒါေပမယ့္ ေရွာင္ဖို႔လိုအပ္တဲ့အရာက ရန္ျဖစ္တဲ့ဘက္ကို ေျပာင္းလဲသြားတဲ့ အျငင္းပြားမႈျဖစ္ပါတယ္။ အေရးႀကီးဆံုးကေတာ့ မိဘေတြဟာ ကေလးေတြေရွ႕မွာ ရန္ျဖစ္ျခင္းကို ရပ္တန္႔ဖို႔ လိုပါတယ္။

၁။ ကေလးေတြရဲ႕ မသိစိတ္ထဲမွာ

ရိုက္နက္ၿပီး ဆဲဆိုရန္ျဖစ္တာကို ျမင္ေတြ႕ရတဲ့ကေလးေတြဟာ ေနာက္ပိုင္းမွာ ေဒါသ၊ ဝမ္းနည္းမႈႏွင့္ ေၾကာက္ရြံမႈကို ေျပာင္းလဲသြားတဲ့ စိုးရိမ္ေၾကာင့္က်မႈကို ခံစားၾကရပါတယ္။ ကေလးေတြအတြက္ စိတ္ပိုင္းဆိုင္ရာအက်ိဳးဆက္က ပိုဆိုးရြားေစပါတယ္။
ေမြးကင္းစကေလးေတြဟာ အသံ၊ အမႈအရာအပါအဝင္ သူတို႔နားကလူေတြရဲ႕ စိတ္ေတြကို သူတို႔ဦးေႏွာက္ထဲမွာ မွတ္ပံုတင္ႏိုင္စြမ္းရွိပါတယ္။ သူတို႔အနားက သူေတြရဲ႕ ခ်စ္ျမင္းေမတၱာကို ခံစားရိပ္မိသလိုဘဲ သင့္ေလသံက ေဒါသထြက္ေနတဲ့အခါ ၊ သင့္မ်က္ႏွာက ရန္လိုေနတဲ့အခါ ၊ အေျခအေနက တင္းမာေနတဲ့အခါ သူတို႔လည္း ခံစားရႏိုင္ပါတယ္။

၂။ သူတို႔ရဲ႕စိတ္ပိုင္းဆိုင္ရာ ဖြံ႕ၿဖိဳးမႈ

ရန္ျဖစ္ျခင္းက ဘယ္ေလာက္ပဲ အေသးအဖြဲျဖစ္ပါေစ။ တင္းမာမႈရွိတဲ့ မိသားစုပတ္ဝန္းက်င္မွာ ႀကီးျပင္းရျခင္းက စိုးရိမ္ေၾကာင့္က်မႈ ၊ self-esteem(မိမိကိုယ္မိမိ တန္ဖိုးထားမႈ) နိမ့္က်ျခင္းကဲ့သုိ႔ေသာ နက္ရိႈင္းတဲ့စိတ္ခံစားမႈ ဒဏ္ရာေတြကို ျဖစ္ေပၚေစႏိုင္ပါတယ္။ ၿငိမ္းခ်မ္းမႈရွိတဲ့ ပတ္ဝန္းက်င္တစ္ခုက ကေလးေတြကို ဖြံ႕ၿဖိဳးမႈေကာင္းေစဖို႔ ကူညီေပးပါလိမ့္မယ္။

၃။ မူႀကိဳေက်ာင္းသားအရြယ္

ဒီအသက္အရြယ္မွာ ကေလးေတြဟာ စကားလံုးမပါတဲ့ ဆက္သြယ္မႈကတဆင့္ သူတို႔ကိုယ္သူတို႔ ေဖာ္ျပဖို႔နဲ႔ ဘာသာစကားကို အာရံုစူးစိုက္ျခင္းမွာ လံုးဝမဖြံ႕ၿဖိဳးေသးပါဘူး။ ဒါ့ေၾကာင့္ မိဘေတြ ရန္ျဖစ္ၿပီးေနာက္မွာ သူတို႔ဟာ ငိုတာတို႔၊ ဝုန္းဒိုင္းႀကဲေဒါသထြက္ၿပီး ပစ္ထုတ္တာတို႔ ျပဳလုပ္ပါလိမ့္မယ္။
မူႀကိဳအရြယ္ကေလးေတြဟာ ပဋိပကၡရဲ႕အေၾကာင္းတရားေတြကို နားမလည္ေသးပါဘူး။ သူတို႔ရဲ႕ egocentric အေတြးမ်ားက သူတို႔မိဘေတြ ရန္ျဖစ္ေနျခင္းအတြက္ အျပစ္ရွိတဲ့ ခံစားမႈမ်ိဳးကို ခံစားရေစပါတယ္။
အဆိုပါတံု႔ျပန္မႈက ကေလးတစ္ေယာက္စီတိုင္းမွာ ျခားနားပါတယ္။ တခ်ိဳ႕လုပ္ရပ္ေတြက ျပႆနာမရွိေပမယ့္ တခ်ိဳ႕က လံုၿခံဳမႈကို ခံစားရသည့္တိုင္ေအာင္ ကမာၻကေန သူတို႔ကိုယ္သူတို႔ သီးျခားဖယ္ထုတ္ထားသလို၊ ေၾကာက္စရာေကာင္းတဲ့အရာတစ္ခုခု ျဖစ္ပ်က္ေနသလို သူတို႔ကို ေၾကာက္လန္႔ေစပါတယ္။
သူတို႔ဟာ သူတို႔ရဲ႕ခံစားမႈကို အိမ္စက္ျခင္း ၊ စားျခင္းပံုစံ ေျပာင္းလဲမႈကတဆင့္ အၿမဲတမ္း ေဖာ္ျပပါတယ္။ အိပ္ရာထဲမွာ ဆီးသြားတာေတြ ျဖစ္လာႏိုင္ပါတယ္။ မူႀကိဳအရြယ္ကေလးေတြဟာ ရန္လိုတာ၊ ေဒါသထြက္တာေတြ ျဖစ္လာပါလိမ့္မယ္။

၄။ မူလတန္းေက်ာင္းသားအရြယ္

ဒီအသက္အရြယ္မွာ ကေလးေတြဟာ သူတို႔ပတ္ဝန္းက်င္မွာ ဘာျဖစ္ေနလဲဆိုတာကို စတင္ၿပီး နားလည္သေဘာေပါက္လာပါတယ္။ သူတို႔မိဘေတြ ရန္ျဖစ္တာကို ျမင္တဲ့အခါ အံအားသင့္မႈ သို႔မဟုတ္ စိုးရိမ္ပူပန္မႈကို ခံစားရပါလိမ့္မယ္။ သူတို႔ဟာ အျပစ္ရွိတဲ့ ခံစားမႈကို ခံစားရတာေၾကာင့္ သူတို႔ တစ္ဖက္မွာေနဖို႔ လိုအပ္တယ္လုိ႔ ထင္ပါလိမ့္မယ္။ သမီးေတြက မိခင္ေတြ ဘက္မွာေနေလ့ရွိၿပီး သားေတြက သူတို႔ဖခင္ေတြဘက္မွာ ေနေလ့ရွိပါတယ္။
အေသးအမႊားရန္ပြဲေပမယ့္ မၾကာခဏ ရန္ျဖစ္ျခင္္းက ကေလးေတြကို ဘယ္လိုသက္ေရာက္မႈရွိပါသလဲ?
ေယဘုယ်အားျဖင့္ ဒီရန္ပြဲအမ်ိဳးအစားက တည္ၿငိမ္မႈမရွိတဲ့ မိသားစုပတ္ဝန္းက်င္ေပၚမွာ အေျခခံပါတယ္။ ဒီလိုပတ္ဝန္းက်င္တစ္ခုမွာ ကေလးဟာ ေသးငယ္တဲ့အရာတစ္္ခုက ႀကီးမားတဲ့ျပႆနာတစ္ခု ျဖစ္သြားႏိုင္တယ္လုိ႔ နားလည္ပါတယ္။
ဒါက သူတို႔အေျခအေနကို ထိန္းခ်ဳပ္ဖို႔ လိုအပ္တယ္လို႔ ကေလးကို ခံစားရေစႏိုင္ပါတယ္။ ဒါ့အျပင္ သူတို႔ေတြဟာ ျပႆနာတစ္ခု ျဖစ္ေပၚျခင္းကို ေရွာင္ရွားႏိုင္ဖို႔အတြက္ သူတို႔ရဲ႕ စစ္မွန္တဲ့ လုိအပ္ခ်က္မ်ားကို မေဖာ္ျပျခငး္ျဖင့္ တံု႔ျပန္ႏိုင္ပါတယ္။

၅။ ကေလးမ်ားႏွင့္ ကဲ့ရဲ႕ျပစ္တင္မႈမ်ား
အထူးသျဖင့္ သင္တို႔ ကြဲမယ္၊ ကြာမယ္ျဖစ္ခဲ့ရင္ အေဖ (သို႔) အေမကို ဆန္႔က်င္ဖို႔ ၊(သို႔မဟုတ္) အျပစ္တင္ဖို႔ သင့္ကေလးကို ဘယ္ေတာ့မွ အသံုးမခ်သင့္ပါဘူး။ ကေလးအတြက္ အိပ္စက္ျခင္းက အေရးႀကီးတာေၾကာင့္ ကေလးအိပ္စက္တဲ့အခ်ိန္ ညဖက္မွာ တမင္ရန္မျဖစ္ဘဲေနဖို႔ အေရးႀကီးပါတယ္။ မိသားစုအားလံုးမွာ ရန္ျဖစ္ေပမယ့္ လူတိုင္းက ကြဲျပားျခားနားေၾကာင္းကို သင့္ကေလးကို ျပသပါ။ သင္ဟာ သင့္ကေလးကို ေပ်ာ္ရြင္တဲ့ အိမ္မွာ ႀကီးျပင္းေစခ်င္မွာပါ။

၆။ သင့္ကေလးေတြရဲ႕အနားမွာ ရန္မျဖစ္ပါနဲ႔

ရန္ပြဲက ကေလးေတြမရွိတဲ့ေနရာမွာ ျဖစ္သင့္ပါတယ္။ သူတို႔မိဘေတြ ရန္ျဖစ္ေနတယ္ဆိုတာ သိေပမယ့္ အနည္းဆံုးေတာ့ သူတို႔ကိုယ္သူတို႔ ရန္ပြဲရဲ႕တစ္စိတ္တပိုင္းလုိ႔ ခံစားရလိမ့္မွာ မဟုတ္ပါဘူး။ အထူးသျဖင့္ ငယ္ရြယ္တဲ့ကေလးေတြဟာ စကားလံုးေတြရဲ႕ အေပၚယံတန္ဖိုးကို ေက်ာ္လြန္ၿပီး ျပန္ဆုိႏိုင္စြမ္း မရွိပါဘူး။သူတို႔ၾကားတာကိုပဲ ယံုၾကည္ၾကပါတယ္။
“ေတာ္ၿပီ! နင့္ကိုစိတ္ကုန္တယ္။ နင့္ကို ငါေနာက္တခါ မျမင္ခ်င္ဘူး။” ကဲ့သို႔ေသာ သူတို႔မိဘေတြ ေျပာတဲ့စကားေတြကို သူတုိ႔ၾကားလွ်င္ ကေလးေတြအတြက္ စိတ္ထိခိုက္မႈ ခံစား ရေစယံုသာ မဟုတ္ပါဘူး။ မိဘေတြ ကြဲကြာႏိုင္တာေၾကာင့္ မလံုၿခံဳမႈကိုလည္း ခံစားရေစပါလိမ့္မယ္။

၇။ သင့္ကေလးေတြ ႏွင့္အတူ စကားေျပာပါ
တခါတရံ ကေလးေတြေရွ႕မွာ ရန္ျဖစ္တာကို ေရွာင္ရွားဖို႔ မျဖစ္ႏိုင္ပါဘူး။ ဒီအခါမွာ တစ္ေယာက္နဲ႔ တစ္ေယာက္ခ်စ္တဲ့သူေတြေတာင္မွ ရန္ျဖစ္တတ္ၾကတယ္ဆိုတာ သူတို႔ကို ရွင္းျပေပးဖို႔ အေရးႀကီးပါတယ္။ အျငင္းပြားတာက အခ်င္းခ်င္း ဂရုမစိုက္ဘူးဆိုတဲ့ အဓိပၸာယ္မဟုတ္ေၾကာင္း ရွင္းျပဖုိ႔ ဒီအခြင့္အေရးကို အသံုးျပဳပါ။
ပဋိပကၡကို ေျဖရွင္းၿပီးရင္ မိသားစုလိုက္ အတူတူ လုပ္ေဆာင္မႈေလးေတြနဲ႔အတူ ေပ်ာ္ရြင္မႈကို ဖန္တီးေပးပါ။

၈။ မိဘေတြက စံျပျဖစ္ရပါမယ္

မိဘေတြဟာ သူတို႔ကေလးေတြအတြက္ စံနမူနာထားရေလာက္တဲ့ အဓိကဇာတ္ေကာင္ေတြ ျဖစ္ရပါမယ္။ မိဘတစ္ေယာက္ရဲ႕ ႏႈတ္ပိုင္းဆုိင္ရာေသာ္လည္းေကာင္း၊ ရုပ္ပိုင္းဆုိင္ရာေသာ္လည္းေကာင္း ဆက္ဆံေရးညံ့ဖ်င္းတာကို ျမင္ျခင္းက ကေလးေတြရဲ႕ကိုယ္ရည္ကိုယ္ေသြးမွာ ေၾကာက္မက္ဖြယ္ရာအက်ိဳးဆက္ ရွိႏိုင္ၿပီး သူတို႔အရြယ္ေရာက္တဲ့အခါမွာလည္း မိဘေတြလို ျဖစ္လာႏိုင္ပါတယ္။ ဒါက သူတို႔ရဲ႕သူငယ္ခ်င္းေတြ၊ အတန္းေဖာ္ေတြနဲ႔ သူတုိ႔ဆက္ဆံေရးကိုလည္း သက္ေရာက္ေစပါတယ္။
လူေတြမွာ မတူညီတဲ့ အျမင္ေတြ၊ အယူအဆေတြရွိတယ္ဆိုတာ သူတုိ႔ကိုသင္ေပးပါ။ ၾကင္နာတဲ့ စကားလံုးေလးေတြကုိ အၿမဲတမ္းသံုးေပးပါ။ ရုန္႔ရင္းၾကမ္းတမ္းတဲ့ စကားေတြ ၊ေဒါသနဲ႔ ေအာ္ဟစ္ၿပီး ေျပာစရာမလိုတဲ့ သည္းခံမႈႏွင့္ ေလးစားမႈရွိေသာ ပတ္ဝန္းက်င္တစ္ခု ဖန္တီးပါ။

Lifestyle_Myanmar

LM_Nandar

LEAVE A REPLY

Please enter your comment!
Please enter your name here