ကလေးလေးတွေကို အိပ်ရာဝင်ပုံပြင်လေးတွေ ပြောပြခြင်းကြောင့်ရရှိလာတဲ့ အကျိုးကျေးဇူးများ

0
393
- Advertisement -

ပုံပြင်ပြောပြခြင်းဟာ သင့်ရဲ့ ဘေဘီသေးသေးလေးနဲ့ သင်တို့နှစ်ယောက်အကြား နှောင်ကြိုးလေးတွေကို ပိုခိုင်မြဲစေနိုင်ပါတယ်။ စာဖတ်ခြင်းဟာ ကလေးလေးကို အိပ်ပျော်စေရုံသာမက ငယ်ငယ်လေးကတည်းက ကလေးလေးရဲ့ ဖန်တီးမှုစွမ်းရည်ကိုလည်း ဖွံ့ဖြိုးစေနိုင်ပါတယ်။ ကလေးတွေဟာ ကျွန်မတို့ထင်ထားတာထက် ကျွန်မတို့ရဲ့ အပြုအမူတွေ၊ စကားလုံးတွေကို ပိုပြီး သင်ယူနိုင်သလို၊ တွေးခေါ်နိုင်ပါတယ်။

ညဘက်အချိန် စာဖတ်ခြင်းဟာ ကလေးလေးရဲ့ ကိုယ်ကျင့်တရားတန်ဖိုးတွေကို တိုးတက်စေနိုင်တယ်ဆိုတာ ကောင်းကောင်းသက်သေပြနိုင်ခဲ့ပြီးဖြစ်ပါတယ်။ ဒါတွေတင်မကဘဲ ကလေးအသက်အရွယ်တစ်ခုရောက်လာတဲ့အထိ (သို့) နှစ်တွေအများကြီးကြာသည်အထိ ပုံပြင်ထဲက အကြောင်းအရာတွေဟာ ကလေးလေးကို တက်ကြွစေနိုင်တဲ့ လှုံ့ဆော်မှုတွေအဖြစ် ဆက်လက်တည်ရှိနေဦးမှာပါပဲ။

ဘေဘီလေးတွေကို ဘယ်အချိန်မှာ ပုံံပြင်တွေ စပြီးပြောပြ၊ ဖတ်ပြမလဲ?

- Advertisement -

ကမ္ဘာတစ်လွှားက ပုံပြင်တွေကို ဘေဘီလေးတို့ကို မိတ်ဆက်ပေးဖို့ စောလွန်းတယ်ဆိုတာ ဘယ်တော့မှ မရှိပါဘူး။ ဆရာဝန်တွေကတော့ ငယ်ငယ်လေးကတည်းက ဘေဘီလေးတို့ကို ပုံပြင်တွေစဖတ်ပြမယ်ဆိုရင် ဘေဘီးလေးရဲ့ စိတ်ကူးစိတ်သန်းတွေကို မြှင့်တင်ပေးနိုင်တယ်လို့ ဆိုပါတယ်။ အမှန်တကယ်တော့ မေမေတို့အနေနဲ့ ကိုယ်ဝန်ဆောင်ဘဝမှာကတည်းက အသံကျယ်ကျယ်စာဖတ်တဲ့အကျင့်ကို ပြုလုပ်ထားသင့်ပါတယ်။ ဒီလိုမှသာ သူတို့မိခင်ရဲ့ အသံကို ဝမ်းဗိုက်ထဲမှာကတည်းက နားလည်မှတ်မိနေမှာဖြစ်ပါတယ်။

နေ့စဉ်နေ့တိုင်း ဘေဘီလေးတို့ကို ပုံပြင်တွေကို ဖတ်ပြတာဟာ ကောင်းမွန်တဲ့အလေ့အထတစ်ခုဖြစ်ပါတယ်။ ညဘက်အိပ်ချိန်နှင့် နေ့ဘက်တစ်ရေးအိပ်ချိန်တွေကတော့ အကောင်းဆုံးအချိန်တွေဖြစ်ပါတယ်။ ဒီလိုနေ့စဉ်လုပ်ပေးခြင်းကြောင့် သင့်ကလေးလေးဟာ အေးဆေးငြိမ်သက်စေနိုင်ပြီး အိပ်ချိန်ရောက်လာပြီဆိုတာ နားလည်နိုင်ပါတယ်။ ဒီကနေ့မှာတော့ ”Chit MayMay”ကနေ ညဘက်အိပ်ချိန်တွေမှာ ဘေဘီလေးတို့ကို ပုံပြင်ဖတ်ပြခြင်းရဲ့ အကျိုးကျေးဇူးတွေကို မျှဝေပေးမှာဖြစ်ပါတယ်။

၁။ ဆက်သွယ်ရေးနည်းလမ်းများ ဖွံ့ဖြိုးတိုးတက်လာခြင်း

ပုံတွေဖတ်ပြခြင်းဟာ သင့်ဘေဘီလေးရဲ့ စကားပြောစွမ်းရည်၊ နားထောင်နိုင်စွမ်းရည်၊ မှတ်ဉာဏ်စွမ်းရည်နှင့် ဘာသာစကားမှတ်မိနိုင်တဲ့ စွမ်းရည်တွေကို ဖွံ့ဖြိုးစေနိုင်ပါတယ်။ ဘေဘီလေးရဲ့ ဝေါဟာရစွမ်းရည် ခိုင်ခံ့စေနိုင်ခြင်း၊ မတူညီသော စာကြောင်းဖွဲ့စည်းပုံတွေကို အရွယ်မတိုင်ခင် ငယ်ငယ်ကလေးတည်းက နားလည်စေနိုင်ပြီး တိုးတက်စေနိုင်ပါတယ်။ အသက်လိမ်လည်ပြီး ကျောင်းအပ်တာထက် ဒီနည်းလမ်းလေးဟာ ကလေးအတွက်လည်း အဆိပ်အတောက်တွေမဖြစ်စေတဲ့ နည်းလမ်းဖြစ်ပါတယ်။

အချိန်နဲ့ အသက်အရွယ်အရ သင့်ဘေဘီလေးကို ခန္ဓာကိုယ်ဘာသာစကား၊ စကားလုံးတွေနဲ့ဆက်သွယ်သော နည်းလမ်းများ၊ နားထောင်ခြင်းနှင့် စာရေးခြင်းကနေ တစ်ဆင့် သင့်လိုပဲ ဆက်သွယ်ဖို့ သင်ယူပါလိမ့်မယ်။ ဘေဘီလေးတို့ဟာ မိခင်ဘာသာစကားကို ပြောဆိုဖို့ များများနားထောင်ဖို့ လိုအပ်ပါတယ်။ သင်များများဖတ်လေလေ သင့်ဘေဘီလေးက စကားလုံးတွေများများသိလေလေဖြစ်ပါတယ်။

၂။ လူမှုဆက်ဆံရေးနှင့် စိတ်ခံစားမှုဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု

ရုပ်ပြပုံတွေနဲ့ ပုံပြင်တွေဟာ လက်ချင်းချိတ်နေကြပါတယ်။ သင့်ဘေဘီလေးဟာ မတူကွဲပြားသော အရုပ်များ၊ တိရစ္ဆာန်များ၊ ငှက်များ…စသည် အကြောင်းအရာတွေနဲ့ ပတ်သက်ပြီး စိတ်ကူးသစ်တွေ အများကြီးဖွံ့ဖြိုးလာနိုင်ပါတယ်။ သူမရဲ့ အတွေးတွေ၊ စိတ်ခံစားမှုတွေနဲ့ ခံစားချက်တွေကို ဖော်ပြဖို့ စကားလုံးအသစ်တွေကို သုံးတတ်လာတာကို သင်တွေ့ပါလိမ့်မယ်။

၃။ သိမြင်မှုစွမ်းရည်

ဘေဘီလေးစပြီးတော့ စကားမပြောသေးခင်မှာ သင်ဖတ်ပြတဲ့ ပုံပြင်တွေကို နားထောင်ခြင်းကြောင့် ဘာသာစကားနဲ့ပတ်သက်တဲ့အချက်အလက်တွေကို စုဆောင်းနေပါလိမ့်မယ်။ ဒီအချက်ဟာ သင့်ဘေဘီလေးရဲ့ ပညာရေးမှာ မြောက်များစွာ အထောက်အကူပြုပါလိမ့်မယ်။

(၁၀) လဝန်းကျင်ကလေးတစ်ယောက်ဟာ စကားလုံးအသစ်တွေကို နားထောင်ဖို့နဲ့ စာမျက်နှာတွေကို တစ်ဖက်ကို လှန်ဖို့ ကြိုးစားနေပါပြီ။ သင့်ဘေဘီသေးသေးလေးကြီးပြင်းလာတဲ့အခါ စာဖတ်ခြင်းအတတ်ပညာတွေကို ကောင်းကောင်းသင်ပါလိမ့်မယ်။ ဘေဘီလေးတို့ တစ်နှစ်လောက်ရောက်လာတဲ့အခါမှာတော့ အိပ်ရာဝင်ပုံပြင်တွေကြောင့် သူတို့ရဲ့ပြဿနာဖြေရှင်းနိုင်စွမ်းတွေကလည်း တိုးတက်နေပါပြီ။

၄။ အာရုံစူးစိုက်မှုတွေ ဖွံ့ဖြိုးတိုးတက်လာခြင်း

သင့်ဘေဘီလေးကို အိပ်ရာဝင်ပုံပြင်လေးတွေနဲ့ ဆွဲဆောင်ခြင်းဟာ စာဖတ်ခြင်းအလေ့အထနဲ့အတူ သက်တောင့်သက်သာဖြစ်စေနိုင်သော အလွန်ကောင်းမွန်တဲ့နည်းလမ်ဖြစ်ပါတယ်။ ဒီအရာဟာ တကယ့်ကို အလွန်အသုံးဝင်ပြီး ကျန်းမာစေသောနည်းလမ်းဖြစ်ပါတယ်။ ဒါ့ကြောင့် ဘေဘီလေးကို ညတိုင်းစာဖတ်ပြပေးခြင်းဖြင့် ကလေးလေးရဲ့ အာရုံစူးစိုက်မှု skill ကို မြှင့်တင်ပါ။

၅။ စိတ်ပူပန်ဆင်းရဲမှုဝေဒနာကို သက်သာစေပါတယ်

ဒီနည်းလမ်းဟာ အိပ်ရာမဝင်ခင် ဘေဘီလေးရဲ့ စိတ်နဲ့ ခန္ဓာကိုယ်ကို အနားယူစေနိုင်မယ့် နည်းလမ်းကောင်းလည်းဖြစ်ပါတယ်။ ကလေးဟာ အလွန်အမင်းပင်ပန်းနေခဲ့မယ်ဆိုရင်တောင် ပုံပြင်ဖတ်ပြလိုက်တဲ့အခါ ကလေးလေးကို အကောင်းဆုံးလွှမ်းမိုးနိုင်ပါတယ်။ နောက်ပြီး သူ့ဘဝအတွက် အကောင်းဆုံးသင်ခန်းစာတွေကိုလည်း သင်ပေးနိုင်ပါတယ်။ ဒီအချက်ကလည်း ကလေးလေးရဲ့ ကိုယ်ရည်ကိုယ်သွေးနဲ့ အသိပညာဗဟုသုတကို တိုးတက်စေနိုင်ပါတယ်။

၆။ အလေ့အကျင့်တစ်ခု ဖြစ်လာခြင်း

သင်ဟာ သင့်ကလေးသေးသေးလေးကို နေ့စဉ်နေ့တိုင်း ပုံပြင်တွေဖတ်ပြတဲ့အခါ ၎င်းဟာ အလေ့အထတစ်ခုဖြစ်လာပြီး ကလေးလေးဘဝရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်လာပါပြီ။ ဖြည်းဖြည်းချင်းနဲ့ စာဖတ်ခြင်းဆိုတာဟာ သာယာပျော်ရွှင်ဖို့ကောင်းလာပြီး ကလေးလေးကြီးပြင်းလာတဲ့အထိ မဖတ်ရင် မနေနိုင်လောက်တဲ့အထိ အမူအကျင့်တစ်ခုဖြစ်လာပါလိမ့်မယ်။ ဘဝရဲ့ နောက်ဆက်တွဲအကျိုးကျေးဇူးကတော့ စာဖတ်ခြင်းကနေ နောက်ဆုံးတံခါးပွင့်လာပြီး စာရေးခြင်းတွေဆီကို ဦးတည်ကောင်း ဦးတည်သွားပါလိမ့်မယ်။

Chit_May_May

Nyein_Thu

Ref-momjunction

LEAVE A REPLY

Please enter your comment!
Please enter your name here