ကလေးသူငယ်များအပေါ် ယနေ့ခေတ် အင်တာနက်ရဲ့ လွှမ်းမိုးမှုများ

0
245
- Advertisement -

ဒီနေ့ခေတ်မှာ မွေးဖွားကြီးပြင်းလာကြတဲ့ ကလေးသူငယ်တွေဟာ နည်းလမ်းမျိုးစုံကိုသုံးပြီးတော့ ကမ္ဘာကြီးနဲ့ချိတ်ဆက်နေကြပါတယ်။ ကွန်ပျူတာ၊ တက်ဘလက်တွေနဲ့ မိုဘိုင်းလ်ဖုန်းတွေကို အသုံးပြုကြပြီး ဂိမ်းတွေကစားတယ်၊ အင်တာနက်ပေါ်မှာရှာဖွေတယ်၊ Social Media Sites တွေကို ဝင်ရောက်ကြပါတယ်။ အခုလိုအသုံးပြုတဲ့အခါမှာ မိဘတွေအတွက် စိန်ခေါ်မှုတစ်ရပ်ကတော့ ဘာဘေးအန္တရာယ်၊ ဆိုးကျိုးတစုံတရာမရှိဘဲနဲ့ အင်တာနက်ရဲ့အကျိုးကျေးဇူးတွေကို ကောင်းကောင်းအသုံးချတတ်ဖို့ပါပဲ။

အင်တာနက်ရဲ့ကောင်းကျိုးတွေနဲ့ ဆိုးကျိုးများ

အင်တာနက်ဆိုတာဟာ သင်ယူသင်ကြားမှုပြုလုပ်ဖို့အတွက် အင်မတန်ကို ကြီးမားတဲ့ပစ္စည်းတစ်ခုဖြစ်ပါတယ်။ အွန်လိုင်းအသုံးပြုခြင်းက တွေးတောစဥ်းစားရခြင်းနှင့် ပြဿနာဖြေရှင်းရခြင်းတွေ ပါဝင်တာကြောင့် ငယ်ရွယ်သေးတဲ့ကလေးကို ယုံကြည်မှုနှင့် အောင်မြင်မှုတို့ရဲ့အသိကို ခံစားရရှိစေပါတယ်။

အရွယ်ကြီးပြီဖြစ်တဲ့ ကလေးတွေအတွက်ကျတော့ အီးမေးလ်ရေးခြင်းနှင့် အင်တာနက်ပေါ်မှာ စာဖတ်ခြင်းတို့က စာပေသင်ကြားခြင်းစွမ်းရည်ကို တည်ဆောက်ပေးပြီး မိသားစုဝင်တွေ၊ သူငယ်ချင်းတွေနဲ့ အဆက်အသွယ်ရှိစေပါတယ်။ သို့သော်လည်း ငယ်ရွယ်သေးတဲ့ကလေးတွေကတော့ အင်တာနက်ပေါ်မှာရှာတွေ့တဲ့ သတင်းအချက်အလက်တွေက အမြဲမမှန်ကန်သလို အမြဲတမ်းအထောက်အကူမဖြစ်စေဘူးဆိုတာကို နားမလည်ကြပါဘူး။

အင်တာနက်ပေါ်က တချို့နေရာတွေဟာ လူကြီးတွေအတွက်သာ သီးသန့်ရည်ရွယ်ထားတဲ့ နေရာဖြစ်တယ်ဆိုတာရယ်၊ သူတို့ရဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေကို သူစိမ်းတွေကို မပေးသင့်ဘူးဆိုတာရယ်ကို မသိကြပါဘူး။ ဒါကြောင့် မိဘဖြစ်တဲ့သင်က ကိုယ့်ကလေးအသုံးပြုနေချိန်မှာ သေချာမျက်စိဒေါက်ထောက်ကြည့်ပြီး ကြုံတွေ့လာရမယ့် အန္တရာယ်တွေက ဘာတွေဖြစ်နိုင်လဲဆိုတာကို သင်ကြားပေးရမှာဖြစ်ပါတယ်။

မိဘတွေအတွက် အကြံပေးချက်များ

အင်တာနက်ကို အသုံးပြုတဲ့အခါမှာ ဘယ်လိုလုံခြုံမှုရအောင်ယူရမလဲဆိုတာကို ကလေးကိုပြောပြပါ။ ကလေးတွေ အွန်လိုင်းကို ဘယ်လောက်မကြာခဏ အသုံးပြုလဲဆိုတာရယ်ကို အမြဲစောင့်ကြည့်ပြီးတော့ စခရင်မ်ကိုအသုံးပြုပေးခွင့်ကို ဘယ်လောက်ကနေ ဘယ်လောက်ဆိုပြီး သတ်မှတ်ချက်ထုတ်ရပါမယ်။

မိုဘိုင်းလ်ဖုန်း သို့မဟုတ် တခြားစက်ပစ္စည်းတွေကို မိဘတွေမမြင်နိုင်တဲ့ မျက်မြင်ကွယ်ရာမှာ အသုံးပြုဖို့အတွက် လွှတ်မထားသင့်ပါဘူး။ အကယ်လို့ သူစိမ်းတစ်ယောက်က ဆက်သွယ်လာခဲ့မယ်ဆိုရင် သို့မဟုတ် အနိုင်ကျင့်ခံ၊ ခြိမ်းခြောက်ခံရခဲ့မယ်ဆိုရင် မိဘကိုချက်ချင်းအသိပေးဖို့ ပြောထားပါ။

ကျန်းမာရေးဌာနက အကြံပြုချက်အရ အသက် ၂ နှစ်အောက် ငယ်ရွယ်တဲ့ ကလေးတွေဟာ တီဗွီ သို့မဟုတ် တခြားလျှပ်စစ်ပစ္စည်းတွေကို လုံးဝအသုံးမပြုသင့်ပါဘူး။ ၂ နှစ်မှ ၅ နှစ်အထိ ကလေးတွေကတော့ စခရင်မ်ကြည့်ခြင်းကို တစ်ရက်လျှင် တစ်နာရီသာလျှင် အသုံးပြုသင့်ပါတယ်။ ၅ နှစ်မှ ၁၇ နှစ်အတွင်း ကလေးတွေရဲ့ စခရင်မ်အသုံးပြုရမယ့်အချိန်က တစ်ရက်လျှင် ၂ နာရီထက် ပိုမသုံးသင့်ပါဘူး။

#Chit_May_May

#Thinzar

Ref- pregnancybirthbaby

LEAVE A REPLY

Please enter your comment!
Please enter your name here