ကလေးအစားအစာကို အိမ်မှာကိုယ်တိုင်ပြုလုပ်ပြီး ကျွေးခြင်းက အကျိုးကျေးဇူးတွေ အများကြီးရရှိပါတယ်။ ဈေးသက်သာတဲ့အပြင် ၁၀၀%သဘာဝအတိုင်း ဖြစ်ပါတယ်။ အာဟာရအကျိုးကျေးဇူးများကတော့ သင့်ကလေးရဲ့အစားအစာကို ပြုလုပ်ဖို့ အသုံးပြုတဲ့ ဟင်းသီးဟင်းရွက်နှင့် သစ်သီးအမျိုးအစားပေါ်မှာ မှုတည်ပြီး ကွဲပြားပါလိမ်မ့ယ်။
ကလေးအစားအစာအများစုဟာ ဗီတာမင် A,C,E တို့ပါဝင်တဲ့ ပန်းသီး၊ သစ်တော်သီး တို့ဖြစ်ပါတယ်။ ကလေးအစားအစာရဲ့ အရေးပါဆုံး ဂုဏ်သတ္တိတစ်ချို့က အစာခြေစနစ်ကို မြှင့်တင်ဖို့နဲ့ ဝမ်းချုပ်ခြင်းကို တားဆီးဖို့ ဖြစ်ပါတယ်။

ကလေးအစားအစာဆိုတာ ဘာလဲ?
ကလေးအစားအစာဆိုတာ သကြားအများကြီးလျော့နည်းပေမယ့် သစ်သီးယိုလိုပါပဲ။ မေမေတို့အများစုကျွေးတာကတော့ သစ်တော်သီး၊ ငှက်ပျောသီး၊ ပန်းသီး၊ စတော်ဘယ်ရီသီးနှင့် နာနတ်သီး တို့ဖြစ်ပါတယ်။ ကလေးအစားအစာက အစာကြေဖို့ လွယ်ကူပြီး စွမ်းအင်အများကြီး ထောက်ပံ့ပေးတဲ့ အစားအစာ ဖြစ်ပါတယ်။ ဒါက ကလေးတွေအတွက်ပဲ ကောင်းတာမဟုတ်ပါဘူး။ အောက်ပါအခြေအနေတွေကို ခံစားနေရသူတွေလည်း ဒီအစားအစာကို စားသုံးပေးရင် အလွန်အကျိုးကျေးဇူးရှိပါတယ်။ အစာမကြေတဲ့သူတွေ၊ ပါးစပ်အနာစိမ်းပေါက်နေတဲ့သူ၊ Acid reflux( အက်စစ်ပြန်စီးခြင်း)ဝေဒနာခံစားရသူ၊ အစားအစာမျိုချဖို့ အခက်အခဲရှိတဲ့သူ၊ ဆီးချိုရောဂါရှိသူ။
ပန်းသီးနှင့် သစ်တော်သီးက အများအားဖြင့် ကလေးတွေကို ပထမဆုံးကျွေးကြတဲ့ အသီးတွေ ဖြစ်ပါတယ်။ သရက်သီး၊ ဖရဲသီးကဲ့သို့ တခြားအသီးတွေထက် အစာကြေဖို့ ပိုပြီးလွယ်ပါတယ်။ အိမ်လုပ် applesauce မှာ သင့်ကလေးကို ရေဓါတ် ထိန်းသိမ်းပေးဖို့အတွက် အရေးပါတဲ့ ရေနှင့် အမျှင်ဓါတ် ပမာဏ အများကြီး ပါဝင်ပါတယ်။ ပန်းသီးတွေမှာ သဘာဝသကြားဓါတ်တွေလည်း ပါဝင်ပြီး ကလေးတွေ ဖွံ့ဖြိုး ကြီးထွားဖို့အတွက် မရှိမဖြစ်လိုအပ်တဲ့ ဗီတာမင်စီနှင့် တခြားအာဟာရဓါတ်များလည်း ပါဝင်ပါတယ်။ ဒီအသီးက သင့်ကလေးရဲ့ သဘာဝကိုယ်ခံစွမ်းအားကာကွယ်မှုကိုလည်း မြှင့်တက်လာစေပါတယ်။

သင့်ကလေးကို ဗီတာမင်စီပိုပြီး စားသုံးစေချင်ရင် ကီဝီ ဒါမှမဟုတ် citrus fruit တွေကိုသုံးပြီး တခြားကလေးအစားအစာများ ပြုလုပ်ပေးနိုင်ပါတယ်။ ဒီနေ့မှာတော့ ကလေးတွေအတွက် အလွယ်တကူပြုလုပ်ပေးလို့ရမယ့် (applesauce) ပန်းသီးအနှစ်ပြုလုပ်နည်းလေးကို မျှဝေပေးလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ
ပန်းသီး ၁လုံး
ရေ tablespoons အသေး ၂ဇွန်း
ပထမဆုံးပန်းသီးကို ရေကောင်းစွာဆေးပြီး အခွံခွာ၊ အတုံးလေးတွေတုံးပါ။ သစ်သီးဖျော်စက်ထဲကို သစ်သီးတုံးလေးတွေထည့်ပါ။ ရေ ၂ဇွန်းထည့်ပြီး ပျစ်နှစ်သွားတဲ့အထိ Blend လုပ်ပေးပါ။ ပန်းသီးအနှစ်က သင့်ကလေးစားဖို့အတွက် အရမ်းပျစ်လွန်းလျှင် ရေနည်းနည်းပိုထည့်ပြီး ကောင်းကောင်းမွှေပေးပါ။
Homemade baby foods မှာ polyunsaturated ဖက်တီးအက်ဆစ် ၊ အမျှင်ဓါတ်နှင့် အမိုင်နိုအက်ဆစ်ဓါတ် ပါဝင်မှု မြင့်မားပါတယ်။ တစ်ရှူးတွေ ဖွံ့ဖြိုးတိုးတတ်ဖို့အတွက် အကောင်းဆုံးဖြစ်ပါတယ်။ ကလေးအစားအစာများက ၎င်းမှာပါဝင်တဲ့ ဗီတာမင်တွေရဲ့ ကြီးမားတဲ့ပမာဏကြောင့် ကလေးရဲ့ အစားစားခြင်စိတ်ကို ပြန်လည်ထိန်းသိမ်းပေးပါတယ်။
Homemade baby food မှာ သင့်ကလေးရဲ့ အစာခြေစနစ်ကို ပိုကောင်းအောင်ကူညီပေးတဲ့ anti-inflammatory ဂုဏ်သတ္တိတွေ ရှိပါတယ်။ ဒီအစားအစာများက သင့်ကလေးကို မိခင်နို့ဖြတ်တဲ့အချိန် ဒါမှမဟုတ် မိခင်နို့နှင့်အတူ ဖြည့်စွက်စာကျွေးတဲ့အခါ ပထမဆုံးကျွေးရမယ့် အစားအစာများဖြစ်ပါတယ်။
Chit_MayMay
Lifestyle_Myanmar
LM_Nandar
Zawgyi Font
ကေလးအစားအစာကို အိမ္မွာကိုယ္တိုင္ျပဳလုပ္ၿပီး ေကၽြးျခင္းရဲ႕ အက်ိဳးေက်းဇူးမ်ား

ကေလးအစားအစာကို အိမ္မွာကိုယ္တိုင္ျပဳလုပ္ၿပီး ေကၽြးျခင္းက အက်ိဳးေက်းဇူးေတြ အမ်ားႀကီးရရွိပါတယ္။ ေစ်းသက္သာတဲ့အျပင္ ၁၀၀%သဘာဝအတိုင္း ျဖစ္ပါတယ္။ အာဟာရအက်ိဳးေက်းဇူးမ်ားကေတာ့ သင့္ကေလးရဲ႕အစားအစာကို ျပဳလုပ္ဖို႔ အသံုးျပဳတဲ့ ဟင္းသီးဟင္း၇ြက္ႏွင့္ သစ္သီးအမ်ိဳးအစားေပၚမွာ မႈတည္ၿပီး ကြဲျပားပါလိမ္မ့ယ္။
ကေလးအစားအစာအမ်ားစုဟာ ဗီတာမင္ A,C,E တို႔ပါဝင္တဲ့ ပန္းသီး၊ သစ္ေတာ္သီး တို႔ျဖစ္ပါတယ္။ ကေလးအစားအစာရဲ႕ အေရးပါဆံုး ဂုဏ္သတိၱတစ္ခ်ိဳ႕က အစာေျခစနစ္ကို ျမွင့္တင္ဖို႔နဲ႔ ဝမ္းခ်ဳပ္ျခင္းကို တားဆီးဖို႔ ျဖစ္ပါတယ္။

ကေလးအစားအစာဆိုတာ ဘာလဲ?
ကေလးအစားအစာဆိုတာ သၾကားအမ်ားႀကီးေလ်ာ့နည္းေပမယ့္ သစ္သီးယိုလိုပါပဲ။ ေမေမတို႔အမ်ားစုေကၽြးတာကေတာ့ သစ္ေတာ္သီး၊ ငွက္ေပ်ာသီး၊ ပန္းသီး၊ စေတာ္ဘယ္ရီသီးႏွင့္ နာနတ္သီး တို႔ျဖစ္ပါတယ္။ ကေလးအစားအစာက အစာေၾကဖို႔ လြယ္ကူၿပီး စြမ္းအင္အမ်ားႀကီး ေထာက္ပံ့ေပးတဲ့ အစားအစာ ျဖစ္ပါတယ္။ ဒါက ကေလးေတြအတြက္ပဲ ေကာင္းတာမဟုတ္ပါဘူး။ ေအာက္ပါအေျခအေနေတြကို ခံစားေနရသူေတြလည္း ဒီအစားအစာကို စားသံုးေပးရင္ အလြန္အက်ိဳးေက်းဇူးရွိပါတယ္။ အစာမေၾကတဲ့သူေတြ၊ ပါးစပ္အနာစိမ္းေပါက္ေနတဲ့သူ၊ Acid reflux( အက္စစ္ျပန္စီးျခင္း)ေဝဒနာခံစားရသူ၊ အစားအစာမ်ိဳခ်ဖို႔ အခက္အခဲရွိတဲ့သူ၊ ဆီးခ်ိဳေရာဂါရွိသူ။
ပန္းသီးႏွင့္ သစ္ေတာ္သီးက အမ်ားအားျဖင့္ ကေလးေတြကို ပထမဆံုးေကၽြးၾကတဲ့ အသီးေတြ ျဖစ္ပါတယ္။ သရက္သီး၊ ဖရဲသီးကဲ့သို႔ တျခားအသီးေတြထက္ အစာေၾကဖို႔ ပိုၿပီးလြယ္ပါတယ္။ အိမ္လုပ္ applesauce မွာ သင့္ကေလးကို ေရဓါတ္ ထိန္းသိမ္းေပးဖို႔အတြက္ အေရးပါတဲ့ ေရႏွင့္ အမွ်င္ဓါတ္ ပမာဏ အမ်ားႀကီး ပါဝင္ပါတယ္။ ပန္းသီးေတြမွာ သဘာဝသၾကားဓါတ္ေတြလညး္ ပါဝင္ၿပီး ကေလးေတြ ဖြံ႕ၿဖိဳး ႀကီးထြားဖို႔အတြက္ မရွိမျဖစ္လိုအပ္တဲ့ ဗီတာမင္စီႏွင့္ တျခားအာဟာရဓါတ္မ်ားလည္း ပါဝင္ပါတယ္။ ဒီအသီးက သင့္ကေလးရဲ႕ သဘာဝကိုယ္ခံစြမ္းအားကာကြယ္မႈကိုလည္း ျမွင့္တက္လာေစပါတယ္။

သင့္ကေလးကို ဗီတာမင္စီပိုၿပီး စားသံုးေစခ်င္ရင္ ကီဝီ ဒါမွမဟုတ္ citrus fruit ေတြကိုသံုးၿပီး တျခားကေလးအစားအစာမ်ား ျပဳလုပ္ေပးႏိုင္ပါတယ္။ ဒီေန႔မွာေတာ့ ကေလးေတြအတြက္ အလြယ္တကူျပဳလုပ္ေပးလို႔ရမယ့္ (applesauce) ပန္းသီးအႏွစ္ျပဳလုပ္နည္းေလးကို မွ်ေဝေပးလိုက္ပါတယ္။

ပါဝင္ပစၥည္းမ်ား
ပန္းသီး ၁လံုး
ေရ tablespoons အေသး ၂ဇြန္း
ပထမဆံုးပန္းသီးကို ေရေကာင္းစြာေဆးၿပီး အခြံခြာ၊ အတံုးေလးေတြတံုးပါ။ သစ္သီးေဖ်ာ္စက္ထဲကို သစ္သီးတံုးေလးေတြထည့္ပါ။ ေရ ၂ဇြန္းထည့္ၿပီး ပ်စ္ႏွစ္သြားတဲ့အထိ Blend လုပ္ေပးပါ။ ပန္းသီးအႏွစ္က သင့္ကေလးစားဖို႔အတြက္ အရမ္းပ်စ္လြန္းလွ်င္ ေရနည္းနညး္ပိုထည့္ၿပီး ေကာင္းေကာင္းေမႊေပးပါ။
Homemade baby foods မွာ polyunsaturated ဖက္တီးအက္ဆစ္ ၊ အမွ်င္ဓါတ္ႏွင့္ အမိုင္ႏိုအက္ဆစ္ဓါတ္ ပါဝင္မႈ ျမင့္မားပါတယ္။ တစ္ရွဴးေတြ ဖြံ႕ၿဖိဳးတိုးတတ္ဖို႔အတြက္ အေကာင္းဆံုးျဖစ္ပါတယ္။ ကေလးအစားအစာမ်ားက ၎မွာပါဝင္တဲ့ ဗီတာမင္ေတြရဲ႕ ႀကီးမားတဲ့ပမာဏေၾကာင့္ ကေလးရဲ႕ အစားစားျခင္စိတ္ကို ျပန္လည္ထိန္းသိမ္းေပးပါတယ္။
Homemade baby food မွာ သင့္ကေလးရဲ႕ အစာေျခစနစ္ကို ပိုေကာင္းေအာင္ကူညီေပးတဲ့ anti-inflammatory ဂုဏ္သတိၱေတြ ရွိပါတယ္။ ဒီအစားအစာမ်ားက သင့္ကေလးကို မိခင္ႏို႔ျဖတ္တဲ့အခ်ိန္ ဒါမွမဟုတ္ မိခင္ႏို႔ႏွင့္အတူ ျဖည့္စြက္စာေကၽြးတဲ့အခါ ပထမဆံုးေကၽြးရမယ့္ အစားအစာမ်ားျဖစ္ပါတယ္။
Chit_MayMay
Lifestyle_Myanmar
LM_Nandar