ဟုတ်ပါတယ်၊ မိဘတိုင်းကတော့ ကိုယ့်သားသမီးတွေကို အတတ်နိုင်ဆုံး ကြိုးစားကာကွယ်ကြချင်တာချည်းပါပဲ။ သို့သော်လည်း သင့်ကလေးရဲ့စွမ်းရည်အပြည့်အစုံကို တားဆီးနှောင့်ယှက်မိနေတဲ့ Overprotective မိဘတစ်ယောက်အဖြစ် ပြောင်းလဲနေပြီလား။ ဒီလိုမိဘတစ်ယောက်အဖြစ် ဆက်ပြီးမသွားချင်ဘူးဆိုရင်တော့ အောက်ပါအချက်တွေကို ပြောင်းလဲဖြစ်ဖို့သင့်နေပါပြီ။
၁။ ကလေးအတွက် အရာအားလုံးကို လိုက်စီမံပေးခြင်း

ကလေးနဲ့ပတ်သက်တဲ့ အရာရာတိုင်းကို မိဘကလိုက်ပြီးစီမံ အုပ်ချုပ်နေမယ်ဆိုရင် ကလေးလုပ်ချင်တဲ့ စိတ်ဝင်စားမှုတွေကို ရှာမတွေ့အောင် ဟန့်တားသလိုဖြစ်သွားပါလိမ့်မယ်။ သူဘာလုပ်ချင်လဲ၊ ဘာကိုစိတ်ဝင်စားသလဲဆိုတာ သိရအောင်လို့ ကလေးကိုလွတ်လပ်မှုပေးပါ။
၂။ အမှားမလုပ်မိအောင် ကလေးကိုတားဆီးခြင်း

ဘယ်သူမှ အမှားမလုပ်ချင်ကြပါဘူး။ မိဘရဲ့ အမှားလုပ်မှာကိုကြောက်တဲ့စိတ်က သားသမီးကိုလည်း လုံးဝအမှားမလုပ်မိစေရဘူးဆိုပြီး ကြိုးစားချင်စိတ်ကြောင့် တစ်ခါတစ်လေမှာ လိုတာထက်ပိုပြီး အထိန်းအကွပ်လွန်သွားကြပါတယ်။
၃။ တာဝန်ယူမှု၊ တာဝန်ယူစိတ်နဲ့ပတ်သက်လို့ မသင်ကြားပေးခြင်း

သူ့အတွက်အိပ်ရာခင်းပေးတယ်၊ အခန်းသန့်ရှင်းရေးလုပ်ပေးတယ်၊ အဝတ်အစားတွေ အကုန်လိုက်သိမ်းပေးတယ်။ ကလေးတွေကို လုပ်ဖို့ပြောနေတာထက် ကိုယ့်ဘာသာထလုပ်လိုက်တာက ပိုမြန်တဲ့အတွက်ကြောင့် မိဘတွေအနေနဲ့ အစစအရာရာ လိုက်လုပ်ပေးတာဆိုပြီး ပြောလို့လည်းရပါတယ်။ သိုသော်လည်း တာဝန်ယူမှုနဲ့ပတ်သက်လို့ ကလေးကိုသင်ကြားပေးခြင်းက သူ့အတွက်တော့ အရေးကြီးတဲ့သင်ခန်းစာပါပဲ။
၄။ ကလေးကိုအရမ်းအလိုလိုက်ခြင်း

ကိုယ့်ကလေးစိတ်မကောင်းဖြစ်၊ ဝမ်းနည်းတာကို မြင်တဲ့အချိန်တိုင်း စိတ်ထဲမှာနေလို့မကောင်း၊ ဝမ်းနည်းရတာ မိဘတိုင်းပါ။ ဒါကြောင့် ကလေးကပူဆာတိုင်း၊ မုန့်ဆိုမုန့်၊ အရုပ်သစ်ဆိုအရုပ်သစ် စသဖြင့် အကုန်လုံးကို လိုက်ပြီးဝယ်ပေးနေတတ်သူတွေဖြစ်ပါတယ်။
#Chit_May_May
#Thinzar
Ref-verywellfamily