ကလေးအား ” လုံခြုံတဲ့”ထိတွေ့မှုနှင့် “မလုံခြုံတဲ့” ထိတွေ့မှုအကြောင်း သင်ကြားဖို့ နည်းလမ်း (၆)ခု

0
428
- Advertisement -

ကလေးတွေကို “သူစိမ်းအန္တရာယ်”အကြောင်းကိုသာ သင်ကြားပေးခြင်းက မသမာသူတွေဆီကနေ အန္တရာယ်ကင်းဝေးစေဖို့၊ ဝေးကွာသွားစေဖို့ လုံလောက်မှာ မဟုတ်ပါဘူး။ အသက် ၄နှစ်အရွယ်လောက်ဆိုရင် ကလေးအများစုဟာ အန္တရာယ်ကင်းတဲ့ ထိတွေ့မှုလား/အန္တရာယ်မကင်းတဲ့ ထိတွေ့မှုလားဆိုတဲ့ အယူအဆကို နားလည်နေကြပြီဆိုပေမယ့် သင်ကြားပေးတဲ့အခါ နည်းမှန်လမ်းမှန် သင်ကြားပေးဖို့လိုပါတယ်။ တကယ်လို့ ဒါကို ဂရုတစိုက် မကိုင်တွယ်ဘူးဆိုရင် ကလေးကို ရှုပ်ထွေးစေပြီးအဖြေတွေထက် မေးခွန်းတွေ ပိုများလာနိုင်ပါတယ်။

၁။ အာရုံပျံ့လွင်စရာတွေနဲ့ ဝေးကွာတဲ့နေရာမှာ ကလေးနဲ့ စကားပြောပါ

ဒီစကားပြောဆိုမှု အောင်မြင်ဖို့ ပထမအဆင့်က မဖြစ်မနေလိုအပ်ပါတယ်။ ပြီးတော့ လုံခြုံတဲ့ ထိတွေ့မှုနဲ့ မလုံခြုံတဲ့ ထိတွေ့မှုအကြောင်းပြောဖို့ ကိုယ့်ကိုယ်ကိုအဆင်သင့်ဖြစ်နေပြီလို့ ခံစားရဖို့လည်း အရေးကြီးပါတဘ်။ ကလေးကိုအနှောက်အယှက်မရှိဘဲ စကားပြောနိုင်မယ့် တိတ်ဆိတ်သောနေရာတစ်ခုကို ရွေးချယ်ခြင်းဖြင့် စတင်ပါ။ ကလေးရဲ့ လက်တွေကို ကိုင်ထားတာမျိုး၊ ကြမ်းပြင်၊ ထိုင်ခုံပေါ်မှာ အတူတူထိုင်နေတာမျိုးဖြင့် သက်တောင့်သက်သာဖြစ်နေပါစေ။

- Advertisement -

သင့်ကလေးကို ဒါတွေက အဆင်မပြေကြောင်း ရှင်းပြပါ-

  • တစ်ယောက်ယောက်က သား/သမီးရဲ့ private parts တွေကို ထိကိုင်မယ်ဆိုရင်
  • သား/သမီးရဲ့ရှေ့မှာ တစ်စုံတစ်ယောက်က သူတို့ရဲ့ private parts တွေကို ထိပြနေမယ်ဆိုရင်
  • တစ်စုံတစ်ယောက်က သူတို့ရဲ့ private parts ကိုထိကိုင်ဖို့ သား/သမီးကို တောင်းဆိုမယ်ဆိုရင်
  • တစ်စုံတစ်ယောက်က သား/သမီးရဲ့အဝတ်အစားတွေကို ချွတ်ဖို့ ပြောမယ် ၊အဝတ်ဗလာရှိနေချိန်မှာ ဓါတ်ပုံ (သို့) ဗီဒီယိုရိုက်မယ်ဆိုရင်
  • တစ်စုံတစ်ယောက်က အဝတ်ဗလာပုံတွေ (သို့) ဗီဒီယိုတွေပြသလာမယ်ဆိုရင်

၂။ အန္တရာယ်ကင်းတဲ့ ထိတွေ့မှုနဲ့ အန္တရာယ်မကင်းတဲ့ ထိတွေ့မှုကို နှိုင်းယှဉ်တတ်ပါစေ

ပထမဆုံးအကြိမ် သင်ပြောပြီးနောက်မှာ အန္တရာယ်ကင်းတဲ့ ထိတွေ့မှုနဲ့ အန္တရာယ်မကင်းတဲ့ ထိတွေ့မှုက ဘာကိုဆိုလိုကြောင်း ကလေးအားရှင်းပြဖို့ အချိန်ရောက်ပါပြီ။ ဒီနည်းအားဖြင့် သင့်ရဲ့နောက်ဆုံးစကားပြောဆိုမှုကနေ ကလေးဘယ်လောက်နားလည်ပြီး သင်ယူသလဲဆိုတာ သတိထားမိပါလိမ့်မယ်။ ထိတွေ့မှု အမျိုးအစားနှစ်ခုကို ဥပမာဖြင့် ရှင်းပြပါ။

“တကယ်လို့ သမီးကို ဒီလိုလုပ်ခဲ့ရင် ဘာလုပ်မလဲ” (ဒါမှမဟုတ်) “သမီး ဘယ်သူ့ကိုပြောမလဲ? စသဖြင့် ကလေးကို မေးနိုင်ပါတယ်။ လက်ဆွဲနှုတ်ဆက်ခြင်း၊ ယုံကြည်စိတ်ချရသူတစ်ယောက်က ပွေ့ဖက်ခြင်း၊ နောက်ကျောပုတ်ခြင်းနှင့် ပခုံးဖက်ခြင်းက လုံခြုံမှုရှိတယ်ဆိုတာကို ကလေး နားလည်သင့်ပါတယ်။ သို့သော် လုံခြုံမှုမရှိတဲ့ ထိတွေ့မှုက –

  • တစ်ယောက်ယောက်က ” မင်းဒီအကြောင်းပြောရင် မင်းကိုနာကျင်အောင် လုပ်မယ်”လို့ ခြိမ်းခြောက်တဲ့အခါ
  • တစ်စုံတစ်ယောက်က ” မင်းဘယ်သူ့ကိုမှ မပြောရဘူး” လို့ပြောတဲ့အခါ
  • တစ်စုံတစ်ယောက်က သူ့ကို ထိတွေ့ဖို့ အတင်းအကျပ်ပြောတဲ့အခါ
  • ထိတွေ့မှုက စိတ်အနှောက်အယှက်ဖြစ်စရာကောင်းတဲ့အခါ
  • လူတစ်ယောက်က ကိုယ့်ခန္ဓာကိုယ်ပေါ်က မထိစေလိုတဲ့ နေရာတွေကို လာထိတွေ့တဲ့အခါ

၃။ လုံခြုံတဲ့ ထိတွေ့မှုက တစ်ခါတစ်ရံမှာ နာကျင်နိုင်တယ်ဆိုတာ ရှင်းပြပါ

ကလေးငယ်တွေဟာ အများအားဖြင့် ရောထွေးတဲ့ ခံစားချက်တွေ ရှိတတ်ပြီး လုံခြုံစိတ်ချရတဲ့ ထိတွေ့မှုကို မလုံခြုံဘူးလို့ ဖော်ပြနိုင်ပါတယ်။ ဒါကတော့ ဆေးခန်းသွားပြတဲ့အခါ သူတို့အတွက် သူစိမ်းတစ်ယောက်ဖြစ်တဲ့ ဆရာဝန်တစ်ယောက်က ထိကိုင်တဲ့အခါ ဖြစ်လေ့ရှိပါတယ်။ ဒါ့ကြောင့် ဆရာဝန်က သူတို့ရဲ့ သီးသန့်အစိတ်အပိုင်းတွေကို တခါတရံ ထိဖို့လိုလိမ့်မယ်ဟု ကလေးအား ရှင်းပြပေးထားရပါမယ်။

၄။ private parts တွေကိုရှင်းပြဖို့ ဘီကီနီကိုသုံးပါ

မိဘအများစုဟာ ကလေးက အရမ်းငယ်လွန်းတယ်လို့ ထင်တာကြောင့် လိင်အကြောင်းနှင့် ခန္ဓာကိုယ် အစိတ်အပိုင်းများ ခေါင်းစဉ်ကို ရှောင်ကြဉ်လေ့ရှိကြပါတယ်။ ဒါ့ကြောင့်လည်း ပြစ်မှုကျူးလွန်သူတွေက ဒီအားသာချက်ကို ရနေတာပါ၊ ကလေးကို ပွင့်ပွင့်လင်းလင်း ပြောပြသင့်ပြီး အသက်အရွယ်နဲ့အညီ သင့်လျော်တဲ့ ရင်းနှီးသော လုပ်ရပ်တွေအကြောင်း ပြောဆိုသင့်ပါတယ်။ private parts တွေအကြောင်းကို လေးစားမှုနဲ့ ဆွေးနွေးပါ။

intimate body parts တွေရဲ့နာမည်တွေနဲ့ ပတ်သတ်ပြီး ပြောဖို့အဆင်မပြေသလို ခံစားရပါက ဥပမာတစ်ခုအဖြစ် ရေကူးဝတ်စုံကိုသုံးပါ။ ဘီကီနီ ဖုံးထားတဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို ထိတွေ့ခြင်းက အန္တရာယ်မကင်းတဲ့ ထိတွေ့မှုဟု သတ်မှတ်ကြောင်း ရှင်းပြပါ။

၅။ မလုံခြုံတဲ့ ထိတွေ့မှုက လျှို့ဝှက်ရမယ့်အရာ မဟုတ်ကြောင်း ရှင်းပြပါ

ကလေးကို အနိုင်ကျင့်မယ့်သူအများစုက အခြေအနေကို လျှို့ဝှက်ထားဖို့ ကလေးအား ပြောပါလိမ့်မယ်။ များသောအားဖြင့် ကလေးတွေဟာ သူတို့အမှားထို့ထင်နေတာကြောင့် (သို့) အကြမ်းဖက်သူကို ကြောက်နေတာကြောင့် နားထောင်တတ်ကြပါတယ်။ တစ်စုံတစ်ယောက်က မလုံခြုံတဲ့ တိတွေ့မှုကို လျှို့ဝှက်ချက်ထိန်းဖို့ ပြောလာမယ်ဆိုရင် မိဘကို ချက်ချင်းပြောပြဖို့ ရှင်းပြရပါမယ်။

၆။ သူတို့မှာ ငြင်းပိုင်ခွင့်ရှိကြောင်း ပြောပြပါ

Abuse ဖြစ်ပွားမှု ၇၀ရာခိုင်နှုန်းခန့်မှာ အကြမ်းဖက်သူတွေက ကလေးတွေ သိပြီး ယုံကြည်စိတ်ချရတဲ့ ရင်းနှီးသူတွေပဲဖြစ်ပါတယ်။ ဒါ့ကြောင့် သူငယ်ချင်းတစ်ယောက် (သို့) ယုံကြည်ရတဲ့ ဆွေမျိုးတစ်ယောက်က မသင့်လျော်တဲ့ ထိတွေ့မှုလုပ်ခဲ့ရင်တောင် ကလေးတစ်ယောက်အတွက် ရှုပ်ထွေးစေနိုင်ပါတယ်။ အမှန်က ထိုသူတွေကို ယုံကြည်ဖို့ သင်ကြားပေးခဲ့ပြီး ရုတ်တရက်ပြောင်းလဲမှုကြောင့် သူတို့ကို စိတ်ရှုပ်ထွေးစေရုံသာမက ကြောက်စိတ်နှင့် ပဋိပက္ခကိုပါဖြစ်စေနိုင်ပါတယ်။
ဒါ့ကြောင့်မို့လို့ သင့်ကလေးကို ဆွေမျိုးသားချင်းပဲဖြစ်ဖြစ်၊ ဘယ်သူပဲဖြစ်ဖြစ် မလုံခြုံတဲ့ ထိတွေ့မှုနဲ့ ထိတွေ့ခဲ့မယ်ဆိုရင် ငြင်းပိုင်ခွင့်အပြည့်ရှိကြောင်း ပြောပြထားသင့်ပါတယ်။ ကိုယ့်ခန္ဓာကိုယ်ကို ကာကွယ်ဖို့ ဘယ်အရာမဆို လုပ်နိုင်တယ်လို့ ပြောပြပါ။

ကလေးမှာ အောက်ပါအခွင့်အရေးတွေ ရှိပါတယ်-

  • “သား/သမီးကို ထိတာ မကြိုက်ဘူး၊ မလုပ်နဲ့”ဆိုတာကို ပြောဖို့ သင်ပေးထားပါ။
  • ချက်ချင်းထွက်ပြေးခိုင်းပါ။
  • အဲဒီလူနဲ့ တစ်ယောက်ထဲ နောက်တစ်ခါ ဘယ်တော့မှ မနေနဲ့လို့ ပြောပြပါ။
  • အော်တာ(သို့) အကူအညီတောင်းခိုင်းပါ။
  • ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိဖို့နဲ့ “အဲ့ဒါက သား/သမီးရဲ့ အမှားမဟုတ်ကြောင်း၊ ဘာအမှားမှ လုပ်ခဲ့တာ မဟုတ်ကြောင်း” ပြောပြပါ။

Chit_MayMay

LM_Nandar

Source-brightside

Chit MayMayမှ ရေးသားဖော်ပြနေတဲ့ ဆောင်းပါးများကို အခြားသော Media ၊ Website များနဲ့ Facebook Page များမှာ ခွင့်ပြုချက်မရှိဘဲ ပြန်လည်ကူးယူဖော်ပြခြင်း မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here