ကလေး ၁၇ယောက်မှာ ၁၅ယောက်လောက်က သူတို့မသိတဲ့ သူစိမ်းတစ်ယောက်နောက်ကို လိုက်တတ်တာ ဘာ့ကြောင့်လဲ?
0
3024
၂၀၁၉ နွေရာသီက “Lisa Alert” လို့အမည်ပေးထားတဲ့ ရှာဖွေရေးအဖွဲ့တစ်ဖွဲ့ဟာ ရုရှားနိုင်ငံ ဆာရာတိုဗီမြို့မှာ လူမှုရေးစမ်းသပ်မှုတစ်ခု ပြုလုပ်ခဲ့ပါတယ်။ အသက် ၃နှစ်နဲ့ ၁၂နှစ်အကြား ကလေးတွေကို (မိဘတွေဆီက ကြိုတင်ခွင့်ပြုချက်ယူပြီး) သူစိမ်းတွေနှင့်အတူ ကစားကွင်းမှာ ထားခဲ့ဖို့ ကြိုးစားကြည့်ခဲ့ကြပါတယ်။ စမ်းသပ်မှုမှာ ကလေး ၁၇ယောက်ထဲက ၁၅ယောက်လောက် သူစိမ်းကို ယုံကြည်ခဲ့ပြီး အသက် ၂နှစ်နဲ့ ၆နှစ်ကလေးသာလျှင် ကစားကွင်းမှ ထွက်ခွာဖို့၊ လိုက်ဖို့ ငြင်းဆန်ခဲ့ကြပါတယ်။
ဗြိတိန်နိုင်ငံမှာ ကလေး ၀.၅သန်းလောက်ဟာ နှစ်စဉ်နှစ်တိုင်း ပျောက်ဆုံးကြတယ်လို သိရပါတယ်။ ဒီလိုဘာ့ကြောင့် ဖြစ်ရသလဲဆိုတဲ့ အကြောင်းရင်းတွေကို လေ့လာသူများက ယခုလိုဖော်ပြပေးထားပါတယ်။
လူထူထပ်တဲ့ ကစားကွင်းကနေ ကလေးတွေကို ဘယ်လိုခိုးယူကြသလဲ?
ကလေးတွေကို သူစိမ်းတွေနှင့်အတူ လိုက်ဖို့ စည်းရုံးသိမ်းသွင်းတဲ့ စမ်းသပ်ချက်တိုင်းနီးပါးမှာ လေ့လာတွေ့ရှိချက်တစ်ခုကတော့ ပတ်ဝန်းကျင်က လူတွေဟာ လုံးဝလျစ်လျူရှုခဲ့ကြတာကြောင့် ဖြစ်ပါတယ်။ “Lisa Alert,”အဖွဲ့ရဲ့ စေတနာ့ဝန်ထမ်းများအဆိုအရ သူတို့ဟာ ပတ်ဝန်းကျင်မှာ လူတွေအများကြီးရှိတဲ့နေရာ ကစားကွင်းကနေ ကလေးတွေကို ခိုးယူကြပါတယ်။ ဘာတွေဖြစ်ပျက်နေသလဲဆိုတာ အဲ့ဒီနားက လူကြီးတစ်ယောက်မှ သတိမထားမိကြပါဘူးလို့ဆိုပါတယ်။
ကလေးပြန်ပေးဆွဲသမားတွေဟာ ဒီလိုစကားလုံးတွေကို အများဆုံးသုံးပြီး ကလေးတွေကို မြူဆွယ်ကြပါတယ်တဲ့။
ငါတို့သကြားလုံးသွားဝယ်ကြရအောင်?
ခိုလေးတွေကို အစာသွားကျွေးကြမယ်?
ဒီအနီးအနားမှာ ပြေးနေတဲ့ ငါးရှဉ့်လေးတွေရှိတယ်၊ သွားကြည့်ကြမလား?
သားဖေဖေက သားကို သူ့ဆီခေါ်လာဖို့ ဦးကိုခိုင်းလိုက်တယ်။ သွားကြရအောင်။
အထိရောက်ဆုံးနည်းလမ်းတစ်ချို့က ခွေးပေါက်စလေးတွေ၊ ကြောင်သေးသေးလေးတွေကို ကူညီဖို့ တောင်းဆိုတာပဲဖြစ်ပါတယ်။ တစ်ချို့ရာဇဝတ်သမားက ဆရာဝန်၊ ဒါမှမဟုတ် မီးသတ်သမားယောင်ဆောင်ကြတယ်လို့ ဆိုပါတယ်။
ပြန်ပေးဆွဲသမားရဲ့ လှုံ့ဆော်မှုက ကွဲပြားခြားနားနိုင်ပါတယ်။ များသောအားဖြင့် သူတို့က ကလေးကို ထိခိုက်စေချင်တာ သို့မဟုတ် အချိန်ကြာမြင့်စွာ ထိန်းသိမ်းဖို့အတွက် ခိုးယူချင်တာ ရှိပါတယ်။ ဘယ်လိုပဲဖြစ်ပါစေ၊ ဒီအမှုက ဆိုးရွားစွာ အဆုံးသတ်နိုင်ပါတယ်။ ပြန်ပေးဆွဲခံရပြီး ၁၀နှစ်အကြာ ကလေးတွေ ကြီးပြင်းမှ ထွက်ပြေးလို့ အိမ်ပြန်ရောက်တဲ့ပုံပြင်က အနည်းငယ်သာရှိပါတယ်။
အရှားပါးဆုံး အကြောင်းပြချက်တစ်ခုက ကလေးကို မွေးစားဖို့ ခိုးယူကြတာဖြစ်ပါတယ်။ မိဘအသစ်တွေက ကလေးဘယ်က လာတယ်ဆိုတဲ့ အယူအဆတွေ မရှိပါဘူး။ မမွေးခင်မှာ ပြန်ပေးဆွဲတဲ့ စီးပွားရေးလုပ်ငန်းတွေတောင် ရှိပါတယ်။ တချို့လူတွေက အထူးစင်တာမှာ ထားတဲ့ သန္ဓေသားလောင်းကိုတောင် ခိုးယူကြပါတယ်။ ဥပဒေမှာတော့ ဒီခိုးယူမှုက သက်ရှိ ကလေးခိုးယူမှုနှင့် ညီမျှပါတယ်။
သိနားလည်နေတဲ့ ကလေးကြီးတွေတာင် သူစိမ်းတွေနဲ့ လိုက်တတ်ကြပါတယ်
လူတိုင်းလိုလိုက ကလေးခိုးသူ ရာဇဝတ်ကောင်ဆိုတာ ထိန့်လန့်စရာ ရုပ်ရှင်တွေထဲကလို ရုပ်ကြမ်းကြမ်းနဲ့ ယောက်ကျာ်းတစ်ယောက်အဖြစ် စိတ်ကူးပုံဖော်တတ်ကြပါတယ်။ ရာဇဝတ်ကောင်က အမျိုးသမီးတစ်ယောက် ဖြစ်နိုင်သလို မိန်းကလေးငယ် တစ်ယောက်လည်း ဖြစ်နိုင်တယ်ဆိုတာ ကလေးတွေကို ရှင်းပြသင့်ပါတယ်။
“Lisa Alert”အဖွဲ့ကပြုလုပ်ခဲ့တဲ့ စမ်းသပ်မှုမှာ သူစိမ်းနောက်လိုက်သွားခဲ့တဲ့ ကလေးတွေကို “ဘာ့ကြောင့်လိုက်သွားတာလဲလို့ ‘မေးကြည့်တဲ့အခါ အဖြေတွေက မတူညီခဲ့ပါဘူး။
“ဒီအန်တီက သူ့နောက်လိုက်ဖို့ သမီးကိုပြောလို့။”
“စမ်းသပ်မှုတစ်ခုဖြစ်တယ်ဆိုတာ သိလို့”
“သမီးအမေက အဲ့ဒီနေရာမှာ စောင့်နေမှာပဲလို့ ထင်မိလို့”၊ ဖြေခဲ့ကြပါတယ်။
ကလေးတွေကို သူစိမ်းတွေက ဘာ့ကြောင့် အန္တရာယ်ရှိသလဲဆိုတာ ရှင်းပြဖို့ လိုအပ်ပါတယ်။ စတိုးဆိုင်တွေက ငွေရှင်းသူတွေ၊ အိမ်နီးချင်းနှင့် ကစားကွင်းက တခြားမိခင်တွေဟာလည်း သူစိမ်းတွေဖြစ်ပါတယ်။ ဒါ့ကြောင့် ‘သူစိမ်းတွေကို ဘယ်တော့မှ စကားမပြောနဲ့ ‘ဆိုတာက လိုက်နာဖို့ မဖြစ်နိုင်ပါဘူး။
ပြဿနာကို ဖြေရှင်းဖို့ နည်းလမ်းတစ်ခုကတော့ လူကြီးတွေက ကလေးတွေကို အလှည့်ကျစောင့်ကြည့်ဖို့ ဖြစ်ပါတယ်။
ကလေးတွေကို အကူအညီဖြစ်စေမယ့် ပုံမှန်မေးခွန်းလေးတွေ မေးဖို့လိုပါတယ်။ တချို့အခြေအနေတွေကြုံလာရင် သူတို့ ဘာလုပ်မလဲဆိုတဲ့ မေးခွန်းမျိုးပါ။ ၂၀၁၉ နွေရာသီတုန်းက အသက် ၈ နှစ်နဲ့ ၁၀နှစ် အမေရိကန်ကလေး ၂ယောက်ဟာ အဖြစ်အပျက်တစ်ခုကို ကြုံခဲ့ရပါတယ်။ အစ်မဖြစ်သူနှင့် မောင်လေးဟာ အဖွားကိုစောင့်ရင်း ကားထဲမှာ ထိုင်နေခဲ့ပါတယ်၊ အဲ့ဒီအချိန်မှာ လူငယ်တစ်ယောက်က ကားမောင်းသူရဲ့ ထိုင်ခုံမှာ ဝင်ထိုင်ပါတယ်၊ ၈နှစ်အရွယ် ကောင်လေးက ချက်ချင်း တုံ့ပြန်လိုက်ပါတယ်။ သူဟာ တံခါးကို ဖွင့်ပြီး အပြင်ထွက်လိုက်ပါတယ်၊ သူ့အစ်မရဲ့လက်ကို ဖမ်းကိုင်ပြီး အပြင်ဘက်ကို ခေါ်ထုတ်ခဲ့ပါတယ်။ အဆိုပါရာဇဝတ်ကောင်ကို တော်တော်လေးကြာမှ ဖမ်းမိခဲ့ပါတယ်။
ဒါကတော့ ပြန်ပေးဆွဲသမားတွေဆီကနေရတဲ့ စိုးရိမ်စရာအချက်အလက် တစ်ချို့ဖြစ်ပါတယ်။ ဘာရှဉ့်မှ မြင်ရမှာ မဟုတ်ကြောင်း နားလည်ရင်တောင် သားကောင်တိုင်းက ပြေးဖို့ မကြိုးစားကြဘူးလို့ ဆိုပါတယ်၊ သူတို့ဟာ အော်ဟစ်တာ ၊ အကူအညီတောင်းတာ၊ ကြောက်ရွံခြင်းမရှိတာကို တွေ့ရတဲ့အခါ မိဘတွေက သူတို့ကလေးတွေကို ဘာ့ကြောင့်လဲလို့ မေးခဲ့ကြပါတယ်။
အန္တရာယ်ရှိရင် အော်ရမယ်ဆိုတဲ့ ညွန်ကြားချက်တွေကို ကလေးတွေ နားမလည်ပုံရပါတယ်။ သူတို့မှာ ဘယ်လိုအော်ရမလဲ? ဘယ်လောက်ကျယ်ကျယ်အော်ရမှာလဲ? ဆိုတဲ့ မေးခွန်းတွေ သူတို့ဆီမှာအများကြီးရှိပါတယ်။ ဒါ့ကြောင့် ကလေးတွေကို (ကူညီပါ၊ ဒီလူကို သားမသိဘူး၊ ငါ့နားကနေ ဝေးဝေးသွားလို့) အသံအကျယ်ကြီးအော်ဖို့ လေ့ကျင့်ပေးရပါမယ်။
အမေရိကန် ကျွမ်းကျင်သူများရဲ့ အကြံပြုချက်တစ်ချို့
ကလေးရဲ့ အဝတ်အစားပေါ်မှာ နာမည်မတပ်ပါနဲ့၊ ကလေးဟာ သူတို့နာမည်ကို ခေါ်တဲ့သူကို ပိုပြီးယုံကြည်နိုင်ချေရှိပါတယ်။
ကလေးတစ်ယောက်ဟာ ကုန်တိုက်ကြီးထဲမှာ လမ်းပျောက်သွားရင် သူတို့ကို ကုန်တိုက်က ဝန်ထမ်းတွေဆီမှာ အကူအညီသွား တောင်းခိုင်းသင့်ပါတယ်၊ ကားပါကင်ဆီကို တစ်ယောက်တည်း မသွားခိုင်းသင့်ပါဘူး။ (ကလေးခိုးယူခံရတဲ့ ဖြစ်ရပ်အများစုက ကားပါကင်နေရာဖြစ်လို့ပါ)
ကလေးတစ်ယောက် အခိုးခံရပြီဆိုရင် သူတို့ဒုက္ခရောက်နေကြောင်း ပတ်ဝန်းကျင်ကလူတွေကို ဘယ်လိုအချက်ပြရမလဲဆိုတာ သိထားသင့်ပါတယ်။ ၂၀၀၇ခုနှစ်က ပြန်ပေးမသားတစ်ယောက်က လေယာဉ်ဖြင့် ဆယ်ကျော်သက်မိန်းကလေးတစ်ဦးကို သယ်ဆောင်ခဲ့ပါတယ်။ သူမက အိမ်သာထဲမှာ အကူအညီတောင်းတဲ့ စာတိုတစ်ခု ထားခဲ့ပါတယ်။ လေယာဉ်ဆိုက်တဲ့အချိန်မှာ ရဲက ပြန်ပေးသမားကို ဖမ်းဖို့စောင့်နေခဲ့ကြပါတယ်။ တကယ်တော့ လူများနဲ့နေရာမှာ အထူးသဖြင့် အိမ်သာက အန္တရာယ်ရှိပါတယ်၊ မိဘတွေက ကလေးအရွယ်ပဲဖြစ်ဖြစ်၊ ဆယ်ကျော်သက်အရွယ်ပဲဖြစ်ဖြစ် အိမ်သာကို တစ်ယောက်တည်း သွားခိုင်းတာ၊ အပြင်ကစောင့်နေတာမျိုး မလုပ်သင့်ပါဘူး။
Chit_MayMay
LM_Nandar
Source-brightside
ZawGyi
Chit_MayMay
LM_Nandar
Source-brightside
LEAVE A REPLY
Please enter your comment!
Please enter your name here