ကိုယ့်ကလေးက အနိုင်ကျင့်ခံနေရလားဆိုတာကို ဘယ်လိုအချက်တွေနဲ့ သိနိုင်မလဲ

0
303
- Advertisement -

သင့်ကလေး အနိုင်ကျင့်ခံနေရတယ်ဆိုရင် သင့်အနေနဲ့ စိတ်ထိခိုက်မိမှာအမှန်ပါပဲ။ လေ့လာတွေ့ရှိချက်အရ အဲဒီလို အနိုင်ကျင့်ခံနေရတဲ့ ကလေးငယ်တွေအများစုဟာ မိဘတွေ (သို့) လူကြီးတွေကို ပြန်မပြောကြပါဘူးတဲ့။ သင့်ကလေးတစ်ယောက် အနိုင်ကျင့်ခံနေရသလားဆိုတာ သိရဖို့ မိဘတွေအတွက် သိပ်ကိုအရေးကြီးပါတယ်။ ဒါ့ကြောင့် သိနိုင်မယ့်အချက်လေးတွေကိုမျှဝေပေးချင်ပါတယ်။

၁။ အမူအယာတွေပြောင်းသွားတယ်

ရုတ်တရက် သူ့ရဲ့ အမူအယာတွေ ပြောင်းလဲသွားတယ်ဆိုရင် သူဟာ အနိုင်ကျင့်ခံနေရတယ်လို့ မှတ်ယူနိုင်ပါတယ်။

၂။ တစ်ခုခု ထိခိုက်လာမိရင်လည်း မရှင်းပြတော့ဘူး

သင့်ကလေးက တစ်ခုခု အနာတရဖြစ်လာလို့ သင်ကမေးလိုက်ရင်လည်း မရှင်းပြရဲဘူးဖြစ်နေတယ်။ တစ်နေရာရာမှာ ဖု ယောင်တာတွေ ဖြစ်နေရင် သင့်ကလေးဟာ အနိုင်ကျင့်ခံနေရတယ်လို့ မှတ်ယူလို့ရပါတယ်။

၃။ ကျောင်းမသွားချင်ဘူး

ဖြစ်တတ်ပါတယ်။ အဲဒီလိုကလေးက ကျောင်းမသွားချင်ဘူးပြောတဲ့အခါ မိဘတွေက ဖိအားပေးပြီး ဘာလို့မသွားရမှာလဲ။ သွားရမယ်ဆိုပြီး ဖိအားပေးကြပါတယ်။ တချို့ ခေါင်းမာတဲ့ ကလေးတွေက ဘာလို့ကျောင်းမသွားချင်တာလဲဆိုတာကို သင့်ကို ပြောမှာမဟုတ်ပါဘူး။ ဒါ့ကြောင့် သင့်အနေနဲ့ သူ့အတန်းပိုင်ဆရာ၊ ကျောင်းအုပ်ကြီးနဲ့တွေ့ဆုံပြီး တိုင်ပင်ဆွေးနွေးပါ။

၄။ အစားစားတဲ့ အလေ့အထတွေပြောင်းသွားတယ်

အများအားဖြင့် ကိုယ်အလေးချိန်နဲ့ ပတ်သက်လို့ အနိုင်ကျင့်ခံရတဲ့ လှောင်ပြောင်ခံရတဲ့ ကလေးတွေမှာ ဖြစ်တတ်ပါတယ်။ အဲဒီလိုကလေးတွေက အစားစားတာမျိုးမရှိတော့သလို ဝိတ်ချဖို့ ကြိုးစားလာတာကြောင့် အစားပုံမှန်မစားတော့ပါဘူး။

၅။ ကျောင်းမှာ အမှတ်တွေကျတယ်

ကျောင်းမှာ အမှတ်တွေကျတယ် အဆင့်တွေကျနေရင် သင့်ကလေးကိုပဲအပြစ်ပြောမနေပါနဲ့။ သင့်ကလေးဟာ အရင်ကတော်သားနဲ့ ဘာလို့ အခုမှအမှတ်ကျရသလဲဆိုတာကို သေချာသိအောင်လုပ်ပါ။

၆။ သူ့ကိုယ်သူ ဖျက်လိုဖျက်ဆီးလုပ်ချင်တယ်

သင့်ကလေးဟာ အပေါင်းသင်းမှားတယ်။ သူ့ကိုယ်သူ ထိခိုက်အောင်လုပ်ချင်တယ်။ ဥပမာ ကျန်းမာရေးထိခိုက်အောင် အစားမစားတာမျိုး ဖြစ်နေရင် သင့်အနေနဲ့ သင့်ကလေးနဲ့ သေချာစကားပြောသင့်ပါတယ်။

၇။ သင့်စိတ်က အလိုလိုသိနေရင်

သင့်စိတ်က သင့်ကလေး အနိုင်ကျင့်ခံနေရတယ်လို့ ခံစားနေရတယ်။ သင့်စိတ်ထဲက အလိုလိုသိနေရင် မှားနိုင်ဖို့ ခက်ခဲပါတယ်။ သင့်ကလေးက အနိုင်ကျင့်တာပဲဖြစ်ဖြစ် အနိုင်ကျင့်ခံရတာပဲဖြစ်ဖြစ် သင့်အနေနဲ့ မပေါ့သင့်ပါဘူး။

#Chit_May_May

#Thinzar

Ref – brainstorm

LEAVE A REPLY

Please enter your comment!
Please enter your name here