ကိုယ့်ကလေးငယ် အိပ်ရေးဝရဲ့လား၊ ကောင်းကောင်းအိပ်ပျော်ရဲ့လားဆိုတာ သိနိုင်မယ့်အချက်များ

0
353
- Advertisement -

တစ်နေရာတည်းမှာ ငြိမ်ငြိမ်မနေတတ်ကြတဲ့ ကျောင်းနေအရွယ်ကလေးငယ်အများစုအတွက် အလုပ်ရှုပ်လွန်းလှတဲ့ လူကြီးတွေနည်းတူ အိပ်ပျော်ဖို့ခက်ခဲလွန်းလှပါတယ်။ ကျောင်းမှာဆော့ကစားခဲ့တာတွေ၊ ပြန်ရောက်တော့ အိမ်စာလုပ်ရတာတွေ၊ မိသားစု၊ သူငယ်ချင်းတွေနဲ့ကစားတာတွေ စသဖြင့် အေးဆေးနေရတယ်ကိုမရှိပါဘူး။ ဒါ့အပြင် တီဗီ၊ ကွန်ပျူတာ၊ ဗီဒီယိုဂိမ်းတွေလိုမျိုး လျှပ်စစ်ပစ္စည်းတွေအပြင် သူငယ်ချင်းတွေနဲ့စာအပြန်အလှန်းပေးပို့နေကြတာက ကလေးတွေအိပ်မပျော်အောင် ပိုပြီးအနှောင့်အယှက်ဖြစ်စေပါတယ်။

ကျောင်းနေအရွယ်ကလေးတွေဟာ ၉ နာရီကနေ ၁၂ နာရီကြား အိပ်ချိန်လိုအပ်တာကြောင့် မိဘများအနေနဲ့ အိပ်ချိန်သတ်မှတ်ခြင်း၊ တိုက်တွန်းခြင်း၊ လက္ခဏာတွေ စောင့်ကြည့်ခြင်း စသဖြင့်ကို အင်တိုက်အားတိုက် လုပ်ဆောင်ပေးသင့်ပါတယ်။

• မွေးကင်းစကလေးငယ်များ (၄ လမှ ၁၂ လ) – ၁၂ မှ ၁၆ နာရီ (တစ်ရေးအိပ်ချိန်အပါအဝင်)
• ၁ နှစ်မှ ၂ နှစ် ကလေးများ – ၁၁ နာရီမှ ၁၄ နာရီ (တစ်ရေးအိပ်ချိန်အပါအဝင်)
• ၃ နှစ်မှ ၅ နှစ် ကလေးငယ်များ – ၁၀ နာရီမှ ၁၃ နာရီ (တစ်ရေးအိပ်ချိန်အပါအဝင်)
• ၆ နှစ်မှ ၁၂ နှစ် ကလေးငယ်များ – ၉ နာရီမှ ၁၂ နာရီ
• ၁၂ နှစ်မှ ၁၈ နှစ် ကလေးများ – ၈ နာရီမှ ၁၀ နာရီ

- Advertisement -

ရောဂါတွေဝင်ရောက်ခြင်းကို တိုက်ထုတ်ဖို့ရန်အတွက် ကိုယ်ခံအားကောင်းနေဖို့ လိုအပ်သော်ငြားလည်း ကလေးတွေအနေနဲ့ အိပ်ရေးလုံလုံလောက်လောက် မရရှိဘူးဆိုရင် ရောဂါတွေ အလွယ်တကူဝင်ရောက်လာနိုင်ပါတယ်။ ဒါကြောင့် ကိုယ့်ရဲ့သားသမီးက အိပ်ဖို့ငြင်းဆန်နေရင် သို့မဟုတ် အိပ်ပျော်ဖို့အခက်အခဲဖြစ်နေတယ်ဆိုရင် သူတို့လိုအပ်တဲ့ အနားယူမှုကောင်းကောင်းရဖို့ လုပ်ဆောင်ရမယ့်အချက်တွေကို ပြောပြပေးချင်ပါတယ်။

ကလေးငယ်တွေ အိပ်ရေးမဝတဲ့ လက္ခဏာများ

• မနက်ကျရင် အိပ်ယာထဖို့ ခက်ခဲခြင်း
• စိတ်တိုစိတ်ဆိုးတဲ့ အပြုအမူတွေပြသခြင်း
• ပုံမှန်ထက် စိတ်ခံစားခြင်းပြင်းထန်သည့် ပုံစံဖြစ်နေခြင်း
• အရမ်းအရမ်းကို တက်ကြွနေခြင်း
• ကျောင်းမှာ အာရုံစူးစိုက်ဖို့ခက်ခဲခြင်း
• နေ့ခင်းနေ့လည်အချိန်တွေမှာ နိုးကြားနေဖို့ အခက်အခဲရှိခြင်း တို့ဖြစ်ပါတယ်။

#Chit_May_May

#Thinzar

Ref- verywellfamily

LEAVE A REPLY

Please enter your comment!
Please enter your name here