ကိုယ့်ကလေးနဲ့ပတ်သက်တဲ့ ဘယ်လိုပုံတွေကို အွန်လိုင်းပေါ်မှာ လုံးဝ မတင်သင့်ဘူးလဲ

0
270
- Advertisement -

Social Media သုံးရင်းနဲ့ ကိုယ်ကြိုက်တာတွေ့လို့ Like ခလုပ်ကိုနှိပ်လိုက်တယ်၊ Shared လိုက်တယ်ဆိုတာက ပုံမှန်လုပ်နေကျ ကိစ္စတစ်ခုလို့ ထင်ကောင်းထင်ရနိုင်ပါတယ်။ ဒါပေမယ့် ကိုယ့်သားငယ်သမီးငယ်ရဲ့ အရေးကိစ္စနဲ့ပတ်သက်လာရင်တော့ ပေါ့သေးသေးယူဆလို့မရတော့ပါဘူး။ အင်မတန်ကျယ်ပြန့်နက်နဲလှတဲ့ အင်တာနက်က အသုံးပြုသူတွေအတွက် ကောင်းကျိုးတွေပေးစွမ်းနိုင်တာမှန်ပေမယ့် ဆိုးကျိုးတွေရှိသေးတယ်ဆိုတာကိုလည်း မေ့ပစ်လိုက်လို့မရပါဘူး။ ကိုယ်မသိလိုက်တဲ့ တခိုက်တန့်မှာ ကိုယ့်သားငယ်သမီးငယ်တို့အတွက် ပြင်ပအန္တရာယ်တွေ၊ လွှမ်းမိုးမှုတွေ ဖြစ်လာစေနိုင်အောင်လုပ်မိနေတာကို သတိထားမိပါရဲ့လား။ ဒါဆိုရင် ဘယ်လိုအခြေအနေတွေကို ရှောင်ကြဥ်ရမလဲ။

အဝတ်အစားမပါတဲ့ပုံများ

ဖေ့စ်ဘွတ်ပေါ်မှာ ရေချိုးနေတုန်း အဝတ်အစားမပါတဲ့ ကလေးရဲ့ပုံတွေကို မိဘတွေတင်ထားတာကို မြင်ဖူးကြမှာပါ။ မိဘတွေကတော့ ချစ်လို့ရိုက်ပြီးတင်ထားတာဖြစ်ပေမယ့် အခုလိုတင်လိုက်ခြင်းအားဖြင့် တဏှာရူးတွေက မကောင်းတဲ့နေရာမှာ အသုံးချလိုက်နိုင်ပါတယ်။

- Advertisement -

နေမကောင်းဖြစ် သို့မဟုတ် ထိခိုက်ဒဏ်ရာရထားတဲ့ပုံများ

ကလေးတွေနေမကောင်းလို့ အိပ်ယာထဲလှဲနေရတဲ့ပုံက မြင်ရသူတွေအဖို့ သနားစိတ်ဝင်ကောင်းဝင်နိုင်ပါတယ်။ ဒါပေမယ့် တင်သင့်တင်ထိုက်တဲ့ ပုံမဟုတ်ဘူးဆိုတာကိုတော့ အမြဲသတိရပါ။

အရှက်ရစရာအခြေအနေများ

ကလေးတွေက သူတို့ငယ်စဥ်အချိန်မှာ ကိုယ့်ကိုယ်ကိုယုံကြည်မှု၊ တန်ဖိုးထားမှုကို တည်ဆောက်နေဆဲဆိုတာကို ဘယ်တော့မှမေ့မထားပါနဲ့။ ကလေးကငယ်ပါသေးတယ် နားလည်ဦးမှာမဟုတ်ဘူးလို့ စဥ်းစားပြီး ဝတယ်၊ အသားမည်းတယ်လို့ ခေါ်ခြင်းက နောက်ပိုင်းကျရင် ပြဿနာတွေခံစားရစေနိုင်ပါတယ်။

အိမ်သာအသုံးပြုနေပုံ

လူကြီးတွေတောင် ကိုယ်ရေးကိုယ်တာကိစ္စတွေ အွန်လိုင်းပေါ်ရောက်တာမကြိုက်ဘူးဆိုရင် ကလေးတွေလည်းကြိုက်ပါ့မလားဆိုတာ စဥ်းစားဖူးပါသလား။ ကလေးတွေအိမ်သာခွက်အသုံးပြုတတ်တာက မိဘတွေအနေနဲ့ ဂုဏ်ယူစရာကိစ္စဆိုပေမယ့်လည်း ဒီလိုပုံတွေကို Social Media ပေါ် မတင်သင့်ပါဘူး။

#Chit_May_May

#Thinzar

Ref- timesofindia

LEAVE A REPLY

Please enter your comment!
Please enter your name here