ကိုယ့်ရဲ့သားသမီးနဲ့အတူ စကားပြောချင်တဲ့အခါ အသုံးပြုနိုင်တဲ့ မေးခွန်းလေးတွေ

0
1414
- Advertisement -

မိဘတစ်ယောက်အနေနဲ့ ကိုယ့်သားသမီးအကြောင်းနဲ့ပတ်သက်လာရင် အစစအရာရာ နောကြေနေအောင် သိထားတယ်လို့ ထင်မှတ်ကောင်းထင်မှတ်နိုင်ပါတယ်။ သူတို့ဘာမကြိုက်ဘူးလဲ၊ ဘာစားလေ့ရှိလဲ၊ ဝမ်းနည်းတဲ့အခါ လုပ်တတ်တဲ့မျက်နှာထား၊ အံ့အားသင့်တဲ့အခါ လုပ်တတ်တဲ့အသံ စသဖြင့် အားလုံးသိပါတယ်။ သို့သော်လည်း ကလေးတွေအပါအဝင် လူတွေအားလုံးဟာ အချိန်တိုင်း ပြောင်းလဲနေကြပြီး အကြိုက်တွေ၊ အကြောက်တရား၊ ခံစားချက်တွေက အမြဲတမ်းဆိုသလို မတူညီကြပါဘူး။ ဒါကြောင့် ကိုယ့်ကလေးနဲ့ပတ်သက်လို့ အကောင်းဆုံးသိနားလည်ဖို့က မေးခွန်းလေးတွေမေးဖို့ပါပဲ။

ကလေးနဲ့ပတ်သက်လို့ ပိုသိနိုင်မယ့် မေးခွန်းလေးတွေ
• အချစ်ဆုံး/အခင်ဆုံးသူငယ်ချင်းက ဘယ်သူလဲ၊ ဘာလို့သူ့ကိုခင်တာလဲ/ချစ်တာလဲ
• သူ့မှာဘယ်လိုအရည်အချင်းတွေရှိတဲ့အခါ သူငယ်ချင်းအဖြစ်ပေါင်းတာလဲ
• လူတစ်ယောက်မှာရှိသင့်တဲ့ အရေးကြီးဆုံးအရည်အချင်းက ဘာဖြစ်သင့်တယ်လို့ထင်လဲ
• အခုတလော ကျောင်းက ကလေးတွေရဲ့ ဝတ်ပုံစားပုံတွေကို ဘယ်လိုမြင်သလဲ
• သမီး/သားရဲ့ အရှက်ရဆုံးအချိန်က ဘယ်တုန်းကလဲ

မိသားစုကြား ဆက်ဆံရေးကို ပိုမိုကောင်းစေမယ့် မေးခွန်းလေးတွေ
• မေမေ/ဖေဖေတို့ မိသားစုနဲ့ပတ်သက်လို့ ဘယ်အရာကို အကြိုက်ဆုံးလဲ
• မေမေ/ဖေဖေတို့ သင်ကြားပေးခဲ့သမျှတွေထဲမှာ ဘယ်အချက်တွေက အရေးကြီးဆုံးလဲ
• မိသားစုစည်းမျဥ်းသုံးခုကို ဖန်တီးခွင့်ရမယ်ဆိုရင် ဘယ်အချက်တွေထည့်သွင်းမလဲ
• မိဘကောင်းတစ်ယောက်ဖြစ်ဖို့အတွက် အရေးကြီးဆုံးအရည်အချင်းတွေက ဘာတွေလို့ထင်လဲ
• မိသားစုတစ်ခုအနေနဲ့ ဘာတွေအများကြီး လုပ်ဆောင်သင့်သလဲ

ကျေးဇူးတင်စိတ်မွေးတတ်အောင် ကူညီပေးမယ့် မေးခွန်းလေးတွေ
• ဒီနေ့အတွက် ကျေးဇူးတင်တဲ့အရာတွေက ဘာတွေလဲ
• ကိုယ်မလိုအပ်တဲ့အရာတွေက ဘာတွေလဲ ပြီးတော့ သမီး/သား မှာရှိတဲ့ ဘယ်အရာတွေကြောင့် အမှန်တကယ်ပျော်ရွှင်တယ်လို့ ခံစားရလဲ
• အမြဲတမ်းအပြစ်တင်ပြောဆိုနေပေမယ့်လည်း သူတို့ရှိနေလို့ ကံကောင်းတယ်လို့ခံစားရတဲ့အရာတွေက ဘာတွေလဲ? ဥပမာ မိုးရွာတာက ရွံဗွက်တွေဖြစ်ပေမယ့် မိုးရေတွေကြောင့် အပင်တွေဖြစ်ထွန်းပြီး တိရိစ္ဆာန်တွေသောက်သုံးဖို့ ရေရရှိတာမျိုးပါ
• တခြားသူတွေမလုပ်နိုင်တာ (သို့) လုပ်ခွင့်မရှိပေမယ့် ကိုယ်လုပ်လို့ရတာတွေက ဘာတွေလဲ

စိတ်ကူးစိတ်သန်းဖွံ့ဖြိုးစေမယ့် မေးခွန်းလေးတွေ
• စူပါစွမ်းအင်တွေရမယ်ဆိုရင် ဘယ်တစ်ခုကို ဘာကြောင့်လိုချင်သလဲ
• စာအုပ်ရေးမယ်ဆိုရင် ဘာအကြောင်းအရာကို ရေးမလဲ
• တိရိစ္ဆာန်တွေသာ စကားပြောနိုင်မယ်ဆိုရင် ဘာတွေပြောလောက်ကြမလဲ
• ဘယ်အရောင်က အပျော်ဆုံးလို့ထင်ရတဲ့အရောင်လဲ? ဘာလို့အဲ့လိုထင်တာလဲ
• လက်ထဲမှာသာ ပိုက်ဆံအများကြီးရှိမယ်ဆိုရင် ဘာတွေလုပ်မလဲ

သနားဂရုဏာစိတ်ထားတတ်အောင် ကူညီပေးမယ့် မေးခွန်းလေးတွေ
• ဒီနေ့ဘယ်သူ့ကို ကူညီဖြစ်ခဲ့သလဲ
• တခြားသူတွေအပေါ် ကြင်ကြင်နာနာဆက်ဆံတဲ့အခါ သူတို့ဘယ်လိုခံစားမိမယ်လို့ ထင်သလဲ
• ကျောင်းမှာဆိုရင် ဘယ်သူကအမြဲတမ်းအစခံရသလဲ၊ ဘာကြောင့်အစခံရတာလဲ
• တခြားကလေးတွေကို အမြဲတမ်းစနောက်နေတဲ့ ကလေးတွေရော သူတို့ကိုယ်သူတို့ဘယ်လိုခံစားရတယ်လို့ ထင်သလဲ
• အစခံရတဲ့ ကလေးတွေရော ဘယ်လိုနေမယ်လို့ထင်သလဲ
• အစခံနေရတဲ့ကလေးအတွက် ရှေ့ကနေ ကာကွယ်ပေးတဲ့သူရှိသလား
• ကမ္ဘာကြီးနဲ့ပတ်သက်လို့ တစ်ခုလောက် ပြောင်းလဲခွင့်ရမယ်ဆိုရင် ဘာကိုပြောင်းလဲချင်လဲ

ကလေးရဲ့ယုံကြည်မှုကို မြှင့်တင်ပေးမယ့် မေးခွန်းများ
• ကိုယ့်ကိုယ်ကို ဂုဏ်အယူဆုံးအချိန်က ဘယ်တော့လဲ
• ကိုယ်က ဘယ်နေရာမှာ အတော်ဆုံးလို့ထင်လဲ
• ကမ္ဘာကြီးအတွက် ပြောင်းလဲမှုပြုလုပ်နိုင်မယ်ဆိုရင် ဘယ်အရာတွေကစပြီး ပြောင်းလဲပစ်မလဲ

အခုပြောပြပေးခဲ့တဲ့ မေးခွန်းလေးတွေကို မိဘတွေဖက်က စတင်မေးကြည့်ပြီး ကလေးတွေနဲ့ အမေးအဖြေ စကားလက်ဆုံပြောကြခြင်းက မိဘနဲ့သားသမီးကြား အဖိုးတန်အချိန်လေးတွေကို ဖန်တီးနိုင်မှာဖြစ်ပါတယ်။

#Chit_May_May

#Thinzar

Ref -verywellfamily

LEAVE A REPLY

Please enter your comment!
Please enter your name here