ကိုယ်ဝန်ဆောင်နေစဉ်မှာ ရှောင်ရှားသင့်တဲ့ အစားအစာများ

0
96
- Advertisement -

ကိုယ်ဝန်ဆောင်နေပြီဆိုရင် အစားအသောက်ကအစ ဂရုစိုက်ဖို့လိုအပ်ပါတယ်။ မိခင်ဖြစ်သူ စားတဲ့အစားအသောက်တွေရဲ့ အာဟာရတွေဟာ ဗိုက်ထဲကကလေးလေးက ရရှိလျှက်ရှိပြီး အာဟာရတွေသာမက ဘက်တီးရီးယား၊ ဟော်မုန်းနဲ့ အရသာတွေကအစ ကလေးဆီသို့ ရောက်ရှိသွားစေပါတယ်။ ဒါကြောင့် သင့်ကလေးနဲ့သင့်ရဲ့ ကျန်းမာရေးကိုမထိခိုက်စေဖို့အတွက် မစားသင့်တဲ့အစားအစာတွေကို ဖော်ပြပေးလိုက်ပါတယ်။

၁။ မာကျူရီမြင့်မားတဲ့ ငါးများ
မာကျူရီဟာ ကိုယ်ဝန်ဆောင်နေစဉ်အတွင်း မစားသုံးသင့်တဲ့ ဓါတ်တမျိုးဖြစ်ပါတယ်။ မာကျူရီဓါတ်ဟာ သင့်ကလေးရဲ့အာရုံကြောစနစ်၊ ကိုယ်ခံအားစနစ်၊ ကျောက်ကပ်နဲ့ ဖွံ့ဖြိုးမှု၊ မွေးဖွားမှုတွေကို ထိခိုက်စေနိုင်ပါတယ်။ မာကျူရီမြင့်မားတဲ့ငါးတွေဟာ ပင်လယ်ငါးတွေဖြစ်ပြီး ငါးမန်း၊ ဓားရှည်နှုတ်သီးငါး၊ မက်ကရယ်ငါး၊ တူနာငါးတွေဖြစ်ပါတယ်။

၂။ ဆူရှီ သို့မဟုတ် ငါးအစိမ်းများ
အစိမ်းစားရတဲ့ငါးတွေနဲ့ ဆူရှီဟာ သင့်ကလေးကို ရောဂါကူးစက်ခံရခြင်း၊ ဘက်တီးရီးယား၊ သံကောင်တုတ်ကောင်၊ စတာတွေ ဖြစ်စေနိုင်ပါတယ်. ရောဂါပိုးကူးစက်မှုကြောင့် အချိန်မတိုင်မှီမွေးခြင်း၊ ပျက်ကျခြင်း နဲ့ အသေမွေးခြင်းတို့ ဖြစ်စေတတ်တာကြောင့် သားငါးတွေကို မချက်ပြုတ်ပဲစားတာကို ရှောင်ကျဉ်ပါ။

၃။ ကျက်အောင်မချက်ထားတဲ့ အသားများ
အကင်တွေနဲ့ ကျက်အောင်မချက်ထားတဲ့ အသားငါးတွေဟာ ကိုယ်ဝန်ဆောင်မိခင်တွေအတွက် ဘက်တီးရီယားနဲ့ ကပ်ပါးရောဂါးပိုးတို့ကို ဖြစ်စေနိုင်ပါတယ်။ သင့်ရဲ့ကလေးကိုလည်း ယခုလိုရောဂါပိုးတွေ ကူးစက်စေနိုင်ပြီး ဥာဏ်ရည်ဖွံ့ဖြိုးမှု၊ အသေမွေးခြင်း၊ မျက်စိကန်းခြင်း နဲ့ ဝက်ရူးပြန်ရောဂါတွေကို ဖြစ်စေနိုင်တာကြောင့် ရှောင်ကျဉ်ပါ။

၎။ ကာဖင်း
သင်ဟာကော်ဖီကြိုက်သူဖြစ်ရင် ကိုယ်ဝန်ဆောင်နေစဉ်မှာတော့ ဖြတ်ထားသင့်ပါတယ်။ ကာဖင်းဟာအချင်းကို မြန်ဆန်လွယ်ကူစွာ ဖြတ်သန်းဝင်ရောက်နိုင်ပြီး သင့်ရဲ့မမွေးသေးတဲ့ ကလေးဟာ ကာဖင်းဓါတ်ကို ချေဖျက်နိုင်စွမ်း မရှိပါဘူး။ ဒါကြောင့် မွေးလာတဲ့အခါ ကိုယ်အလေးချိန်မပြည့်ဝမှုတွေ ဖြစ်စေနိုင်ပါတယ်။ ကာဖင်းဓါတ်ကို ကော်ဖီ၊ လ္ဘက်ရည်၊ အချိုရည်များနဲ့ ကာပူချီနိုတို့မှာ တွေ့ရှိရပါတယ်။

၅။ မဆေးကြောရသေးတဲ့ လယ်ယာထွက်အစားအစာတွေ
မဆေးကြောရသေးတဲ့ အသီးအနှံတွေ၊ ဟင်းသီးဟင်းရွက်တွေကို စားသုံးမှုရှောင်ကျဉ်ပါ။ အကောင်းဆုံးက သဘာဝခြံထွက် ဟင်းသီးဟင်းရွက်တွေကိုသာ ဝယ်ယူသင့်ပြီး ပြောင်စင်အောင်ဆေးကြောပြီးမှ စားသုံးသင့်ပါတယ်။ ဓါတ်မြေသြဇာနဲ့ ပိုးသတ်ဆေးတွေက သင့်ကလေးအတွက် များစွာထိခိုက်စေနိုင်တာကြောင့် ဂရုစိုက်သင့်ပါတယ်။

၆။ ပိုးမသတ်ထားတဲ့ နို့ထွက်အစားအစာများ
နို့နဲ့ပတ်သတ်တဲ့ နွားနို့ ဒိန်ခဲ၊ ဖော်ရည်တို့ကို ပိုးသေတဲ့အထိ အပူပေးပြီးမှ သောက်သုံးသင့်ပါတယ်။ ဒါမှသာဘက်တီးရီးယားတွေ ကူးစက်မှုကို ကာကွယ်နိုင်မှာဖြစ်ပါတယ်။

၇။ အရက်သောက်သုံးခြင်း
ကိုယ်ဝန်ဆောင်နေစဉ်အတွင်း အယ်ကိုဟောမှီဝဲခြင်းဟာ အလွန်အန္တရာယ်များပါတယ်။ ဒါကြောင့် လုံးဝရှောင်ကျဉ်ပေးပါ။

၈။ Snack အစားအစာများ
ကိုယ်ဝန်သည်တစ်ယောက်အနေနဲ့ ပရိုတိန်း၊ ဖောလစ်အက်ဆစ်နဲ့ သံဓါတ် ပိုမိုလိုအပ်လာပါတယ်။ တကယ်လို့ သရေစာမုန့်တွေဖြစ်တဲ့ ကွတ်ကီးတွေ၊ အာလူးကြော်တွေလိုအရာတွေကို စားသုံးတာများရင် လိုအပ်တဲ့အာဟာရတွေ ရရှိဖို့အတွက် အနှောက်အယှက်ဖြစ်စေနိုင်ပါတယ်။ snack တွေဟာ ကယ်လိုရီနဲ့ သကြားများတာကြောင့် ကိုယ်အလေးချိန်နဲ့ ဆီးချိုရောဂါလို ပြဿနာတွေကို ကြုံတွေ့ရနိုင်ပါတယ်။

၉။ ဟော့ဒေါ့များ
ဟော့ဒေါ့များကို စားသုံးတဲ့အခါ သေသေချာချာဆေးကြောချက်ပြုတ်ပြီးမှ စားသင့်ပါတယ်။ ဟော့ဒေါ့မှာတွေ့ရှိတတ်တဲ့ listeria လို့ခေါ်တဲ့ အစာအဆိပ်သင့်စေတဲ့ ပိုးတစ်မျိုးက မိခင်နဲ့ ကိုယ်ဝန်ကိုထိခိုက်စေနိုင်တဲ့အတွက် ရှောင်ကျဉ်နိုင်ရင် ပိုကောင်းပါတယ်။

၁၀။ အခွံမာပင်လယ်စာများ
ခရုကမာကဲ့သို့သော အခွံမာရှိတဲ့ အစားအစာတွေဟာ သင့်ကလေးအတွက် ကူးစက်ရောဂါတစ်ချို့ကို ဖြစ်စေတတ်ပါတယ်။ ရေညှိမှာများပြားတဲ့ ဘက်တီးရီးယားတွေ ရှိနေတတ်ပြီး ခရုကမာတွေဟာ ရေညှိတွေကို အဓိကစားသောက်တတ်ပါတယ်။ ဒါကြောင့် သူတို့သေဆုံးတဲ့အခါ ဘက်တီးရီးယားတွေ ပြည့်နှက်နေတတ်ပြီး သင်ချက်ပြုတ်ခြင်းဖြင့် ကာကွယ်နိုင်မယ်လို့ ထင်ရပေမယ့် တချို့ကိုတော့ သတ်နိုင်မှာာ မဟုတ်ပါဘူး။ ဒါကြောင့် ခရုကမာ၊ ခရု၊ ဂုံးတို့ကို စားသုံးခြင်းကို ရှောင်ကျဉ်ပါ။

LM_Naung_Naung

Lifestyle_Myanmar

LEAVE A REPLY

Please enter your comment!
Please enter your name here