ကိုယ္ဝန္ေဆာင္ေနစဥ္ ေရးကူတာဟာ ေမေမေလာင္းတို႔အတြက္ အဆင္ေျပရဲ႕လား

0
24

ကိုယ္ဝန္ေဆာင္ေနတဲ့ ေမေမေလာင္းတို႔ စိတ္ပူတတ္တဲ့အရာတစ္ခုကေတာ့ ကိုယ္ဝန္ေဆာင္ေနစဥ္မွာ ေရကူးလို႔ရမရဆိုတာကိုပါ။ တကယ္ေတာ့ ကိုယ္ဝန္ေဆာင္ေနစဥ္အတြင္း ေရကူးတာဟာ ေမေမတို႔အတြက္ အႏၱရာယ္ကင္းတဲ့ လႈပ္ရွားမႈလို႔ ေျပာလို႔ရပါတယ္။ ဒါေပမယ့္ ေရကူးစမရွိရင္ေတာ့ ဆရာဝန္သို႔မဟုတ္ သားဖြားဆရာမနဲ႔ အရင္ဆံုးတိုင္ပင္ဖို႔ လိုအပ္ပါတယ္။ အျခားေလ့က်င့္ခန္းေတြ မလုပ္ရင္ေတာင္မွ ေရကူးတာဟာ ေမေမတို႔ရဲ႕ ခႏၶာကိုယ္ကို fit ျဖစ္ေစဖို႔နဲ႔ ကိုယ္ဝန္ကိုလိုက္ေလ်ာညီေထြ ျဖစ္ေစဖို႔အတြက္ ပိုမိုလြယ္ကူေစပါတယ္။ ကိုယ္ဝန္ေဆာင္ေနစဥ္ ေရကူးတာေၾကာင့္ ခႏၶာကိုယ္ရဲ႕ေျပာင္းလဲမႈေတြကို ပိုမိုေကာင္းမြန္စြာ ခံစားမိေစပါတယ္။

တကယ္ေတာ့ ေရကူးတာဟာ ကိုယ္ဝန္ေဆာင္ေမေမတို႔အတြက္ ေကာင္းတဲ့ေလ့က်င့္ခန္းတစ္မ်ိဳးျဖစ္ၿပီး ေမေမတို႔ရဲ႕ ကိုယ္ဝန္အေလးခ်ိန္အတြက္ကိုပါ ေရကေထာက္ပံ့ေပးတာေၾကာင့္ ပိုမိုေပါ့ပါးစြာလုပ္ႏိုင္တဲ့ ေလ့က်င့္ခန္းလည္း ျဖစ္ပါတယ္။ ေရကူးျခင္းေၾကာင့္ ကိုယ္ဝန္ရဲ႕တတိယသံုးလပတ္ကာလ( Third trimester) ဟာပိုၿပီးသက္ေတာင့္သက္သာျဖစ္ေစပါတယ္။ အျခားေအ႐ိုးဗစ္ေလ့က်င့္ခန္းေတြလိုမဟုတ္ပဲ ေမေမတို႔ကိုေအးျမတဲ့ ခံစားမႈေတြလည္း ရရွိႏိုင္ပါေသးတယ္။

ေမေမတို႔ေရကူးေတာ့မယ္ဆိုရင္ ေရကူးကန္ဟာ ၃၂ ဒီဂရီထက္ပိုၿပီး မပူေနသင့္ပါဘူးေနာ္။ ဒါေပမယ့္ ဒီအတြက္စိတ္မပူပါနဲ႔ ေရကူးကန္အားလံုးဟာ ဒီထက္ပိုၿပီးေအးၾကပါတယ္။ ျပည္ပကေရကူးကန္ေတြမွာကူးရင္ေတာ့ အရင္ဆံုးေရကန္ရဲ႕ အပူခ်ိန္ကိုေမးၿပီးမွ ကူးသင့္ပါတယ္။
မိခင္ေလာင္းေတြ ေရကူးျခင္းေၾကာင့္ ရရွိႏိုင္တဲ့ အက်ိဳးေက်းဇူးေတြကေတာ့
(၁) ခႏၶာကိုယ္ျဖစ္စဥ္ေတြ လည္ပတ္မႈကို ေကာင္းေစတယ္
(၂) ႏွလံုးနဲ႔အဆုတ္ရဲ႕ လုပ္ငန္းစဥ္ေတြကို တိုးတက္ေကာင္းမြန္ေစတယ္
(၃) ၾကြက္သားနဲ႔ ခြန္အားကိုတိုးပြားေစတယ္
(၄) ခံႏိုင္ရည္ကို တည္ေဆာက္ေပးႏိုင္တယ္
(၅) ေရာင္ရမ္းမႈကိုေလ်ာ့ခ်ေပးႏိုင္ၿပီး အရည္ထိမ္းသိမ္းေပးတယ္
(၆) ကယ္လိုရီေတြ ေလာင္ကၽြမ္းၿပီး ကိုယ္အေလးခ်ိန္ကိုထိန္းညွိႏိုင္တယ္
(၇) ေကာင္းမြန္စြာအိပ္ေပ်ာ္ေစတယ္
(၈) ပင္ပန္းႏြမ္းနယ္မႈကိုေျပေပ်ာက္ေစတယ္
(၉) ကိုက္ခဲမႈနဲ႔ ေဝဒနာကိုေျဖေလွ်ာ့ေစပါတယ္။

တကယ္လို႔ ေမေမတို႔က အရင္တည္းကေရကူးတဲ့ အေလ့အက်င့္ရွိရင္ ပံုမွန္ေရကူးေလ့က်င့္ခန္းကို ကိုယ္ဝန္ေဆာင္ေနစဥ္အတြင္းမွာ ျပဳလုပ္ေပးသင့္ပါတယ္။ အရင္က ေလ့က်င့္ခန္းမလုပ္ဖူးရင္ေတာင္မွ ေရကူးတာဟာ ကိုယ္ဝန္ေဆာင္မိခင္ေတြအတြက္ အႏၱရာယ္ကင္းတဲ့ လႈပ္ရွားမႈျဖစ္ပါတယ္။
ေရကူးကန္မွာ ထည့္ထားတဲ့ ကလိုရင္းဟာလည္း ေမေမတို႔ရဲ႕ ရင္ေသြးေလးအတြက္ ထိခိုက္မႈ မရွိေစႏိုင္ပါဘူး။ တကယ္လို႔လက္ပစ္ကူးတဲ့ အခ်ိန္မွာ ဆီးစပ္က နာက်င္မႈေတြ ျဖစ္ရင္ ဆရာဝန္နဲ႔ျပဖို႔ မေမ့ပါနဲ႔။ ေရကူးတဲ့အခါ သက္ေတာင့္သက္သာျဖစ္ေစမယ့္ နည္းလမ္းေတြနဲ႔ ကူးေပးပါ။

LM_Naung_Naung

Lifestyle_Myanmar

ကိုယ်ဝန်ဆောင်နေစဉ် ရေးကူတာဟာ မေမေလောင်းတို့အတွက် အဆင်ပြေရဲ့လား

ကိုယ်ဝန်ဆောင်နေတဲ့ မေမေလောင်းတို့ စိတ်ပူတတ်တဲ့အရာတစ်ခုကတော့ ကိုယ်ဝန်ဆောင်နေစဉ်မှာ ရေကူးလို့ရမရဆိုတာကိုပါ။ တကယ်တော့ ကိုယ်ဝန်ဆောင်နေစဉ်အတွင်း ရေကူးတာဟာ မေမေတို့အတွက် အန္တရာယ်ကင်းတဲ့ လှုပ်ရှားမှုလို့ ပြောလို့ရပါတယ်။ ဒါပေမယ့် ရေကူးစမရှိရင်တော့ ဆရာဝန်သို့မဟုတ် သားဖွားဆရာမနဲ့ အရင်ဆုံးတိုင်ပင်ဖို့ လိုအပ်ပါတယ်။ အခြားလေ့ကျင့်ခန်းတွေ မလုပ်ရင်တောင်မှ ရေကူးတာဟာ မေမေတို့ရဲ့ ခန္ဓာကိုယ်ကို fit ဖြစ်စေဖို့နဲ့ ကိုယ်ဝန်ကိုလိုက်လျောညီထွေ ဖြစ်စေဖို့အတွက် ပိုမိုလွယ်ကူစေပါတယ်။ ကိုယ်ဝန်ဆောင်နေစဉ် ရေကူးတာကြောင့် ခန္ဓာကိုယ်ရဲ့ပြောင်းလဲမှုတွေကို ပိုမိုကောင်းမွန်စွာ ခံစားမိစေပါတယ်။

တကယ်တော့ ရေကူးတာဟာ ကိုယ်ဝန်ဆောင်မေမေတို့အတွက် ကောင်းတဲ့လေ့ကျင့်ခန်းတစ်မျိုးဖြစ်ပြီး မေမေတို့ရဲ့ ကိုယ်ဝန်အလေးချိန်အတွက်ကိုပါ ရေကထောက်ပံ့ပေးတာကြောင့် ပိုမိုပေါ့ပါးစွာလုပ်နိုင်တဲ့ လေ့ကျင့်ခန်းလည်း ဖြစ်ပါတယ်။ ရေကူးခြင်းကြောင့် ကိုယ်ဝန်ရဲ့တတိယသုံးလပတ်ကာလ( Third trimester) ဟာပိုပြီးသက်တောင့်သက်သာဖြစ်စေပါတယ်။ အခြားအေရိုးဗစ်လေ့ကျင့်ခန်းတွေလိုမဟုတ်ပဲ မေမေတို့ကိုအေးမြတဲ့ ခံစားမှုတွေလည်း ရရှိနိုင်ပါသေးတယ်။ မေမေတို့ရေကူးတော့မယ်ဆိုရင် ရေကူးကန်ဟာ ၃၂ ဒီဂရီထက်ပိုပြီး မပူနေသင့်ပါဘူးနော်။ ဒါပေမယ့် ဒီအတွက်စိတ်မပူပါနဲ့ ရေကူးကန်အားလုံးဟာ ဒီထက်ပိုပြီးအေးကြပါတယ်။ ပြည်ပကရေကူးကန်တွေမှာကူးရင်တော့ အရင်ဆုံးရေကန်ရဲ့ အပူချိန်ကိုမေးပြီးမှ ကူးသင့်ပါတယ်။
မိခင်လောင်းတွေ ရေကူးခြင်းကြောင့် ရရှိနိုင်တဲ့ အကျိုးကျေးဇူးတွေကတော့
(၁) ခန္ဓာကိုယ်ဖြစ်စဉ်တွေ လည်ပတ်မှုကို ကောင်းစေတယ်
(၂) နှလုံးနဲ့အဆုတ်ရဲ့ လုပ်ငန်းစဉ်တွေကို တိုးတက်ကောင်းမွန်စေတယ်
(၃) ကြွက်သားနဲ့ ခွန်အားကိုတိုးပွားစေတယ်
(၄) ခံနိုင်ရည်ကို တည်ဆောက်ပေးနိုင်တယ်
(၅) ရောင်ရမ်းမှုကိုလျော့ချပေးနိုင်ပြီး အရည်ထိမ်းသိမ်းပေးတယ်
(၆) ကယ်လိုရီတွေ လောင်ကျွမ်းပြီး ကိုယ်အလေးချိန်ကိုထိန်းညှိနိုင်တယ်
(၇) ကောင်းမွန်စွာအိပ်ပျော်စေတယ်
(၈) ပင်ပန်းနွမ်းနယ်မှုကိုပြေပျောက်စေတယ်
(၉) ကိုက်ခဲမှုနဲ့ ဝေဒနာကိုဖြေလျှော့စေပါတယ်။

တကယ်လို့ မေမေတို့က အရင်တည်းကရေကူးတဲ့ အလေ့အကျင့်ရှိရင် ပုံမှန်ရေကူးလေ့ကျင့်ခန်းကို ကိုယ်ဝန်ဆောင်နေစဉ်အတွင်းမှာ ပြုလုပ်ပေးသင့်ပါတယ်။ အရင်က လေ့ကျင့်ခန်းမလုပ်ဖူးရင်တောင်မှ ရေကူးတာဟာ ကိုယ်ဝန်ဆောင်မိခင်တွေအတွက် အန္တရာယ်ကင်းတဲ့ လှုပ်ရှားမှုဖြစ်ပါတယ်။
ရေကူးကန်မှာ ထည့်ထားတဲ့ ကလိုရင်းဟာလည်း မေမေတို့ရဲ့ ရင်သွေးလေးအတွက် ထိခိုက်မှု မရှိစေနိုင်ပါဘူး။ တကယ်လို့လက်ပစ်ကူးတဲ့ အချိန်မှာ ဆီးစပ်က နာကျင်မှုတွေ ဖြစ်ရင် ဆရာဝန်နဲ့ပြဖို့ မမေ့ပါနဲ့။ ရေကူးတဲ့အခါ သက်တောင့်သက်သာဖြစ်စေမယ့် နည်းလမ်းတွေနဲ့ ကူးပေးပါ။

LM_Naung_Naung

Lifestyle_Myanmar

LEAVE A REPLY

Please enter your comment!
Please enter your name here