ကိုယ်ဝန်ဆောင်ကာလနဲ့ တရုတ်အစားအစာများအကြောင်း သိကောင်းစရာ

0
96
- Advertisement -

တစ်ခါတလေမှာလည်း အချို့စားစရာတွေကို ချဥ်ခြင်းတက်လေ့ရှိပါတယ်။ ဒါပေမယ့် ချစ်မေမေတို့က တရုတ်အစားအစာတွေကို အထူးသတိထားသင့်ပါတယ်။

ချစ်မေမေတို့ရေ….။ ကိုယ်ဝန်ဆောင်ကာလဆိုတာ အထိုင်အထကအစ အစားအသောက်ပုံစံအဆုံး အထူးဂရုစိုက်ရတဲ့အချိန်ပါ။ ဒီလိုအချိန်မျိုးမှာ ချစ်မေမေတို့က အော့အန်တာ၊ ပင်ပန်းနွမ်းနယ်တာတွေဖြစ်တတ်ပြီး တစ်ခါတလေမှာလည်း အချို့စားစရာတွေကို ချဥ်ခြင်းတက်လေ့ရှိပါတယ်။ ဒါပေမယ့် ချစ်မေမေတို့က တရုတ်အစားအစာတွေကို အထူးသတိထားသင့်ပါတယ်။ ဘာဖြစ်လို့လဲဆိုတာ ဆက်ပြီးရှင်းပြပါမယ်။

တရုတ်အစားအစာတွေမှာပါဝင်တဲ့ Monosodium Glutamate ဆိုတဲ့အရာက အသင့်စားအထုပ်တွေမှာ အမြဲတမ်းပါဝင်လေ့ရှိပြီး စည်သွပ်ဘူးလိုအစားအစာတွေအတွက် အဓိကအသုံးပြုတဲ့အရသာမှုန့်ပါ။ ဒီပါဝင်ပစ္စည်းကလည်း ဘေးကင်းတာကြောင့် အစားအသောက်နဲ့ ဆေးဝါးစီမံခန့်ခွဲမှုအဖွဲ့က ဒီအမှုန့်တွေကို အသုံးပြုခွင့်ပေးထားပါတယ်။ ဒါပေမယ့် ဒီအရာက ကိုယ်ဝန်ဆောင်တွေအတွက် အမှန်တကယ်ဘေးကင်းရဲ့လားဆိုတဲ့ မေးခွန်းတွေရှိလာပါတယ်။ တချို့ကျရှောင်၊ တချို့ကျ မရှောင်နဲ့ပေါ့။ ဒီအမှုန့်တွေကို ရှောင်မယ်ဆိုရင် တရုတ်အစားအစာအများစုက ရှောင်ရမယ်လို့ဆိုပါတယ်။ ဒါဆို ဘယ်အချိန်မှာ ရှောင်သင့်လဲ ပြောပြပေးပါမယ်။

- Advertisement -

၁။ အလက်ဂျစ်ရှိရင်ရှောင်ပါ။

ကိုယ်ဝန်ဆောင်ကာလမှာ ဒီ Monosodium Glutamate (MSG) ကို ရှောင်တာအကောင်းဆုံးပါ။ ချစ်မေမေတို့ဆီမှာ အလက်ဂျစ်ရှိတယ်ဆိုရင်တော့ သေချာပေါက်ရှောင်ပါ။ ဘာကြောင့်လဲဆိုတော့ MSG က အလက်ဂျစ်ဖြစ်စေတယ်လို့ အရမ်းနာမည်ကြီးတာကြောင့်ပါ။ ဘယ်လိုအလက်ဂျစ်တွေလဲဆိုရင် ချွေးထွက်တာ၊ ခေါင်းကိုက်ပြီး ထုံထိုင်းတာ၊ ကြွက်သားတွေတင်းတာအပြင် ပျို့အန်ခြင်းနဲ့ ရင်ဘတ်အောင့်ခြင်း၊ နာကျင်ခြင်းတို့ကို ဖြစ်စေလို့ပါ။

၂။ MSG အရမ်းများရင် ပြဿနာရှိတယ်။

MSG အရမ်းများလာရင် ဦးနှောက်ရဲ့အာရုံခံဆဲလ်တစ်ခုဖြစ်တဲ့ Glutamate ကို အများအပြားထုတ်လွှတ်ပေးပြီး ဒီအရာတွေက ဗိုက်ထဲကသားသားမီးမီးတို့ဆီ အစာရေစာထောက်ပံ့နေတဲ့အချင်းကို ပျက်စီးစေပါတယ်။ ဒီလိုမျိုးပျက်စီးတာက သားသားမီးမီးတို့ဆီ ကောင်းတဲ့သွေးပဲဖြစ်ဖြစ်၊ မကောင်းတဲ့သွေးပဲဖြစ်ဖြစ် သွေးအားလုံးကို အတားအဆီးမရှိရောက်ရှိစေမှာပါ။ ဒါက ဗိုက်ထဲမှာရှိတဲ့သားသားမီးမီးတို့ရဲ့ ကျန်းမာရေးအတွက် မကောင်းပါဘူး။ ဘာလို့လဲဆိုတော့ ဒီလိုမျိုး သွေးသန့်သွေးညစ်တွေ အကုန်လုံး သားသားမီးမီးတို့ဆီရောက်လာရင် သူတို့လေးတွေရဲ့ ကိုယ်ခံအားစနစ်က ပြင်ပကပိုးမွှားတွေ၊ ဓာတ်မတည့်မှုတွေကို မတိုက်ဖျက်နိုင်လို့ပါ။

၃။ ရေဓာတ်များပြားနေရင် ရှောင်ပါ။

ကိုယ်ဝန်ဆောင်ချိန်ကာလမှာ ချစ်မေမေတို့ရဲ့ ခန္ဓာကိုယ်မှာ ရေဓာတ်အလွန်များပြားနေနိုင်ပါတယ်။ ဒီနေရာမှာ ဆားကအဓိကပြဿနာပါ။ တကယ်လို့ ကိုယ်ဝန်ဆောင်ချစ်မေမေတို့ရဲ့ ခန္ဓာကိုယ်မှာ ရေဓာတ်အများအပြားပိုလျှံနေတယ်ဆိုရင်တော့ MSG တင်မကပါဘူး၊ အခြားသောဆားတွေကိုလည်း ရှောင်ကြဥ်သင့်ပါတယ်။

ချစ်မေမေတို့ရေ…။ အခုပြောပြပေးခဲ့တာက တရုတ်အစားအစာတွေထဲမှာပါဝင်တဲ့ လူသိနည်းတဲ့ MSG နဲ့ ကိုယ်ဝန်ဆောင်ချစ်မေမေတို့ရဲ့ ဆက်စပ်မှုတွေအကြောင်းပဲဖြစ်ပါတယ်ရှင်။ တာရှည်ခံအောင် လုပ်ထားတဲ့ ဘယ်အရာကမှ မကောင်းပါဘူးနော်။ အထူးသဖြင့် ကိုယ်ဝန်ဆောင်ကာလမှာပေါ့။ အဲ့ဒါကြောင့် ချစ်မေမေတို့အတွက် အရာရာကို သတိနဲ့ယှဥ်ပြီး နေထိုင်စားသောက်နိုင်ဖို့ အခုလိုမျှဝေပေးခဲ့တာဖြစ်ပါတယ်ရှင်။

#HM

#ChitMayMay

Source: momjunction, tipsformom

LEAVE A REPLY

Please enter your comment!
Please enter your name here