ကိုယ်ဝန်ဆောင်ကာလမှာ ရင်ပူခြင်းနဲ့ အစာမကြေခြင်းတို့ကို ဖြေရှင်းခြင်း

0
30
- Advertisement -

ကိုယ်ဝန်ဆောင်ကာလမှာ ရင်ပူခြင်းနဲ့ အစာမကြေခြင်းတို့က အထူးသဖြင့် တတိယသုံးလပတ်မှာ အဖြစ်များပါတယ်။ အစားအသောက်ကို လိုက်လျောညီထွေဖြစ်အောင် စားသုံးခြင်းက မအီမသာဖြစ်မှုကို ကာကွယ်နိုင်ပြီး သက်သာစေနိုင်ပါတယ်။

ကိုယ်ဝန် တိုးလာတာနှင့်အမျှ ကျယ်ပြန့်သော လက္ခဏာတွေကို သတိပြုမိပါလိမ့်မယ်။ ဒါတွေက သင့်သားအိမ်ထဲမှာရှိတဲ့ သန္ဓေသားရဲ့ ဖွံ့ဖြိုးတိုးတက်မှုအပြင် သင့်ခန္ဓာကိုယ်မှာရှိတဲ့ ရုပ်ပို်ငးဆိုင်ရာနဲ့ ဇီဝဖြစ်စဉ်ဆိုင်ရာ ပြောင်းလဲမှုတွေကြောင့် ဖြစ်လာတာပါ။

ဒီပြောင်းလဲမှုတွေက ကိုယ်ဝန်ဆောင်အမျိုးသမီးတိုင်းမှာ သက်ရောက်မှု မတူပါဘူး။ ကိုယ်ဝန်ဆောင်တိုင်းမှာ မတူညီတဲ့ လက္ခဏာတွေ ရှိပါတယ်။ သို့သော် ကိုယ်ဝန်ဆောင်အမျိုးသမီးအားလုံးနီးပါးဟာ ရင်ပူခြင်းနဲ့ အစာမကြေခြင်းတို့ကို ခံစားရလေ့ရှိပါတယ်။ ဒီမသက်မသာ အခြေအနေက အစာစားပြီးနောက် လေးလံသော (သို့) ပူလောင်သော ခံစားမှု သွင်ပြင်လက္ခဏာ ဖြစ်ပါတယ်။

ရင်ပူခြင်းနဲ့ အစာမကြေခြင်းက ဒုတိယနဲ့ တတိယသုံးလပတ်တွေမှာ အဖြစ်အများဆုံးဖြစ်သော်လည်း ကိုယ်ဝန်ရဲ့ ဘယ်အဆင့်မှာမဆို ပေါ်လာနိုင်တဲ့ အဖြစ်များသော လက္ခဏာတွေ ဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင်စဉ် အစာမကြေခြင်းက အစားအသောက်နဲ့ သားအိမ်ကြီးထွားမှုအပါအဝင် အကြောင်းရင်းများစွာ ရှိပါတယ်။

ကိုယ်ဝန်ရှိစဉ်မှာ ဖြစ်ပေါ်တဲ့ ဟော်မုန်းအပြောင်းအလဲက နောက်ထပ်အချက်တစ်ခုပါ။ အထူးသဖြင့် ပရိုဂျက်စတီရုန်းက ကိုယ်ဝန်ဆောင်ချိန်မှာ ရင်ပူခြင်းနဲ့ အစာမကြေခြင်းတို့ကို ဖြစ်စေပါတယ်။ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေမှာ အချင်းက သားအိမ်အတွင်းရှိ ချောမွေ့သော ကြွက်သားတွေကို ပြေလျော့စေတဲ့ ပရိုဂျက်စတီရုန်းကို ထုတ်လုပ်ပါတယ်။ ဒီဟော်မုန်းက အစာအိမ်ကို အစာပြွန်ကနေ ခွဲခြားထားတဲ့ အဆို့ရှင်အပေါ် တူညီတဲ့ သက်ရောက်မှုရှိပါတယ်။

ဆိုလိုတာက အစာအိမ်အက်ဆစ်က အစာပြွန်ထဲသို့ တက်လာနိုင်ပြီး ရင်ပူခြင်း (သို့) အက်ဆစ်ပြန်တက်ခြင်းလို့ လူသိများတဲ့ ပူလောင်သော ခံစားမှုကို ဖြစ်ပေါ်စေပါတယ်။ ဒီဟော်မုန်းက အစာခြေစနစ်ကို နှေးကွေးစေပြီး digestive process ကိုကျဆင်းစေပါတယ်။

ဒီရောဂါလက္ခဏာကို လုံးဝရှောင်ရှားဖို့ ခက်ခဲပေမယ့် သူ့ရဲ့အသွင်အပြင်ကို လျှော့ချဖို့ နည်းလမ်းအချို့ရှိပါတယ်။ ဒီနည်းလမ်းတွေက ကိုယ်ဝန်ဆောင်စဉ် ရင်ပူခြင်းနဲ့ အစာမကြေခြင်းရဲ့ သက်သာမှုတွေကို သက်သာစေပြီး မအီမသာဖြစ်ခြင်းကို လျှော့ချပေးတာကြောင့် အသုံးဝင်ပါတယ်။

  • အလွန်အကျွံစားခြင်းကို ရှောင်ပါ။ ကိုယ်ဝန်ဆောင်ချိန်မှာ အစားအသောက်ကို ပေါ့ပေါ့ပါးပါး စားသင့်ပါတယ်။ အစာမကြေခြင်းကို ရှောင်ရှားရင်း သင့်ရဲ့အစာစားချင်စိတ်ကို ကျေနပ်စေဖို့ တစ်နေ့တာလုံး နည်းနည်းနဲ့ ခဏခဏ စားပေးတာက ပိုကောင်းပါတယ်။
  • အချို့သော အစားအစာတွေကို သတိထားပါ။ အဆီများသော (သို့) စပ်သော အစားအစာတွေ၊ ကဖင်းပါရှိတဲ့ အဖျော်ယမကာတွေ (သို့) သကြားများ အချိုပွဲတွေကို ရှောင်ပါ။
  • အသီးအနှံနဲ့ ဟင်းသီးဟင်းရွက်တွေ စားသုံးမှုကို မြှင့်တင်ခြင်းက ကိုယ်ဝန်ဆောင်စဉ် အစာမကြေခြင်းကနေ ကာကွယ်ဖို့ အခြားနည်းလမ်းကောင်းတစ်ခု ဖြစ်ပါတယ်။
  • အချိန်ယူပါ။ မမျိုချခင်မှာ ဖြည်းဖြည်းချင်းဝါးပါ။ ဒါက အစာကြေဖို့ ကူညီပေးပါလိမ့်မယ်။ ထမင်းကို အေးအေးဆေးဆေး စားသုံးတာက ရင်ပူတဲ့ ခံစားချက်ကို ကာကွယ်ပေးပါတယ်။
  • အစာစားချိန်ကြားမှာ ရေသောက်ပါ။ ကိုယ်ဝန်ဆောင်ချိန်မှာ ရေလုံလောက်စွာရရှိဖို့ အထူးအရေးကြီးပါတယ်။
  • အစာစားပြီးရင် ပီကေဝါးပါ။ ဒါက သင့်တံတွေးဂလင်းတွေကို လှုံ့ဆော်ပေးပါလိမ့်မယ်။ တံတွေးက အက်ဆစ်ကို ချေဖျက်ပေးပါတယ်။
  • အိပ်ရာမဝင်ခင် အစာစားခြင်းကို ရှောင်ပါ။ အစာခြေမှု ပိုကောင်းစေဖို့ အစာစားပြီး တစ်နာရီ (သို့) နှစ်နာရီလောက်နေမှ အိပ်ရာဝင်ပါ။
  • ပေါ့ပေါ့ပါးပါးနဲ့ သက်တောင့်သက်သာရှိသော အဝတ်အစားတွေကို ဝတ်ဆင်ပါ။ ခါးနဲ့ ဗိုက်တဝိုက်မှာ ကျပ်နေမယ့် အဝတ်တွေကို ရှောင်ပါ။

အစာမကြေရင် ဘာလုပ်မလဲ?

ဒီအကြံပြုချက်အားလုံးကို ကြိုးစားပြီးလို့ အဆင်မပြေသေးဘူးဆိုရင် ရောဂါလက္ခဏာတွေကို သက်သာစေနိုင်တဲ့ သဘာဝအိမ်တွင်းကုထုံးတွေ ရှိပါတယ်။ အရည်များများသောက်ပေးလို့ရပါတယ်။

နောက်ထပ် အိမ်သုံးဆေးတစ်နည်းကတော့ ဗိုက်ထဲမှာ အစာမရှိခင် သံလွင်ဆီ လက်ဖက်ရည်ဇွန်းတစ်ဇွန်းလောက် သောက်ပါ။ ၎င်းက ဖက်တီးအက်စစ်တွေကို စုပ်ယူဖို့ ကာကွယ်ပေးပါလိမ့်မယ်။

နွားနို့နဲ့ ဒိန်ချဉ်ကို မျှတစွာ စားသုံးခြင်းက ရောဂါလက္ခဏာတွေကို ငြိမ်သက်စေဖို့ ကူညီပေးပါတယ်။ သို့သော်လည်း အချို့သော အမျိုးသမီးတွေက နို့ထွက်ပစ္စည်းတွေကို sensitive ဖြစ်နိုင်ပြီး ပိုဆိုးတဲ့ လက္ခဏာတွေ ခံစားရနိုင်ပါတယ်။ ဒီကုထုံးတွေထဲမှ တစ်ခုမျှ အလုပ်မဖြစ်ပါက ဆရာဝန်နဲ့ ဆွေးနွေးပါ။ သင့်ကျန်းမာရေးနဲ့ ကလေးရဲ့ဖွံ့ဖြိုးမှုကို ထိခိုက်စေနို်ငတာကြောင့် ဘယ်ဆေးသောက်သောက် ဆရာဝန်ဆီမှ ညွှန်ကြားချက်အတိုင်းသာ သောက်သင့်ပါတယ်။

Chit_MayMay

Source- youaremom

LEAVE A REPLY

Please enter your comment!
Please enter your name here